ၾကားသိသမွ်

အောင်-ကြူကြူ ဇာတ်အဖွဲ့၏ ဟဒယ ရွှင်ဆေး အပတ်စဉ် တက်ဆက်မှု

အောင်-ကြူကြူ ဇာတ်အဖွဲ့၏ ဟဒယ ရွှင်ဆေး အပတ်စဉ် တက်ဆက်မှု

မင်း​အောင်လှိုင်ဇာတ်အဖွဲ့ ဟဒယရွှင်​ဆေးတိုက်​​ကျွေး

မင်း‌အောင်လှိုင်၏ ပြဿနာကား ၎င်း၏ ဘေးတွင် သူတော်ကောင်း ပညာရှိ ဟူ၍ မရှိ၊ စစ်တပ်နှင့် သံဃာ ညီညွတ်တာ အင်မတန်မှ အားရဖို့

ကောင်းတယ်ဆိုကာ သံဃာများအား ဂိတ်စောင့် အဖြစ် တွန်းပို့နေသော ဘုရားသားတော်ဆိုးကြီးများ၊ သခင်အားရ ကျွန်ပါးဝ ဆိုသလို

အကြိုက်တွေ့မည့် စကားများဖြင့် မြှောက်ပင့် ပေးနေကြသူများသာ ဝိုင်းရံနေခြင်း ဖြစ်သည်။ သူကိုယ်တိုင်ကလည်း အသိဉာဏ်ပညာ နည်း

သူပီပီ အကြိုက် တွေ့ကာ ပြောချင်ရာများကို ပြောဆိုနေပေသည်။

ယခုလည်း နေပြည်တော်တွင် မြို့ပတ်ရထားလမ်းများ၊ လျှပ်စစ်ဘတ်စ်ကားလမ်းများ၊ မြေအောက် မီးရထား လမ်းများ တည်ဆောက်ရေး

စီမံကြရန် ပြောနေပြန်သည်။ သူ့လို စကားမျိုးက လက်ရှိမြေပြင် အခြေအနေနှင့် နှိုင်းယှဉ်ပြီး စဉ်းစားဉာဏ် ရှိသူတိုင်း မည်သူမျှ ပါးစပ်က

ထွက်ရဲမည့် စကားမျိုး မဟုတ်သည်မှာ သေချာနေ ပေသည်။ အပတ်စဉ် ဟဒယ ရွှင်ဆေးများ တိုက်ကြွေးနေလေရော့သလား ထင်မှတ်ရ

သည်။ နောက်တပတ် ဆိုလျှင် နေပြည်တော်အား ဆီလီကွန်တောင်ကြားကဲ့သို့ နည်းပညာ ဗဟိုချက်မကြီး ဖြစ်အောင် စီစဉ်နေသည်ဟု

ပြောဦးမည် ထင်သည်။

ကြူ စင်တာကိုပင် အဖြစ်ရှိအောင် စွမ်းဆောင်နိုင်စွမ်း မရှိဘဲ ပြောချင်ရာ ပြောနေသည်များကို တယ်ဟုတ် ပါလား၊ အမြော်အမြင် ကြီးပါပေ့

မျက်နှာထားများ နှင့် လိုက်လံ သရုပ်ဆောင် ပေးနေရသည့် ပြည်သူ့ သစ္စာ ဖောက်များကိုသာ ဝဋ်ကြီးလှချည်ရဲ့ဟု သနားနေမိတော့သည်။

ထိုသို့ အရူးအနှမ်း ပမာ ဖြစ်လာနေသော ခေါင်းဆောင်ကြီး ဆိုသူ အောက်တွင် အမှုမထမ်းလိုတော့၍ နေ့စဉ်နှင့် အမျှ တပ်က ထွက်ပြေးသူ

များသထက် များလာပြီး ယခုအခါ တပ်သား ၁,၅၀၀ ခန့်သည် ပြည်သူ တော်လှန်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်းလာကြပြီ ဟူသော အားတက်

ဖွယ် သတင်းများလည်း ထွက်ပေါ်လာနေသည်။

အားလုံးသာ သဘောရှိ လာခွင့်ရမည် ဆိုလျှင် မင်းအောင်လှိုင် နှင့် အလံတိုင်သာ ကျန်တော့မည်ဟု ခိုလှုံလာသော အာဏာသိမ်း တပ်ဖွဲ့ဝင်

များကို လက်ခံပေးနေသည့် အမှတ် ၅၂၈ ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး လင်းထက်အောင် က မှတ်ချက်ချခဲ့ကြောင်း မြန်မာနောင်းတွင် ဖေါ်ပြ

ထားသည်။လက်ရှိ အခြေအနေတွင် သာမန် စစ်သား တဦးကပင် စိတ်မထင်လျှင် စိတ်မထင်သလို ပြည်သူများကို ပစ်သတ် နိုင်သည့်

အခြေအနေသို့ ဆိုက်ရောက် နေသည်ကို မင်းကင်းမြို့နယ်တွင် ကွမ်းဝါးနေစဉ် နှာခေါင်းစည်း ဖြုတ် ထားမှု ဖြင့် ရန်ရှာ ပစ်သတ်ခံခဲ့ရသူ

အသက် ၃၉ နှစ် အရွယ် ကိုဇော်မျိုးမြင့်က မီးမောင်းထိုးပြသွားခဲ့လေသည်။ ထိုကဲ့သို့သော သတင်းမျိုးက တနိုင်ငံလုံးတွင် ဖြစ်ပွားလျှက် ရှိ

ရာ ကုန်စင်အောင် ဖေါ်ပြဖို့ရန် မဖြစ်နိုင်ပေ။ ဗုဒ္ဓဟူးနေ့ နောက်ဆုံး ထုတ်ပြန်သော စာရင်းအရ အာဏာသိမ်း တပ်များ၏ လက်ချက်ကြောင့်

သေဆုံးသူ ၁,၀၀၀ တိတိ ရှိသွားခဲ့ပြီ ဖြစ်သည်။

NUG ယာယီ သမ္မတ သည် ပြည်သူများကို နေ့စဉ်လို သတ်ဖြတ်နေသည့် အာဏာသိမ်း အဖွဲ့ကို အပြီးသတ် ချေမှုန်းရန် အရေးတကြီး

ပြင်ဆင်နေပြီဟု အစိုးရအဖွဲ့ အစည်းအဝေးတွင် ထုတ်ဖေါ်ပြောကြားလိုက်သည်။ စတင် ထိုးစစ်ဆင်မည့်နေ့ကို သတ်မှတ်ပြီး ဝန်ကြီးအဖွဲ့၏

အတည်ပြုချက် ယူဖို့သာ ကျန်တော့သည်ဟု ဆိုသည်။

ယင်းစီမံချက်နှင့်အညီ အရေးကြီး သတင်းများအား ပြည်သူသို့ အချိန်မီ တင်ပြနိုင်ရန် Radio NUG ကို လှိုင်းတို မီတာ ၁၆/ မီဂါဟတ်ဇ်

၁၇.၇၁ ဖြင့် မနက် ၈ နာ ရီ နှင့် ည ၈ နာရီ နှစ်ကြိမ် ထုတ်လွှင့်သွားမည်ဟု CRPH က သတင်းထုတ်ပြန်လာသည်။

တော်လှန်ရေး ကား နှစ်မကူးတော့သည်မှာ ကြိမ်းသေသည်ထက် ကြိမ်းသေလာနေပြီ ဖြစ်သည်။၊

မနေ့က ပြုလုပ်ခဲ့သော ကုလ လုံခြုံရေး ကောင်စီ အစည်းအဝေးတွင် ထိုအ‌ရေးကို အဓိကထား ဆွေးနွေးခဲ့ကြ သည်။ ဗြိတိန်၏

လက်ထောက် သံအမတ်ကြီး ဂျိမ်း ကာရီယူကီ မှ ကိုဗစ် ကာကွယ်ဆေး ထိုးနိုင်ရန်အတွက် လက်ရှိ တိုက်ပွဲများကို ရပ်ဆိုင်းပေးရန် တောင်း

ဆိုလာသည်။ လက်ရှိ တွင် လူဦးရေ၏ ၃% သာ ကာကွယ်ဆေး ထိုးနိုင်ခဲ့မှုသည် မည်သို့မျှ လက်ခံနိုင်ဖွယ် မရှိဟု ဆိုသည်။

မြန်မာ၏ အခြေအနေများသည် ကျန်းမာရေး ကုသစောင့်ရှောက်မှု ပြိုလဲနေမှု နှင့်အတူ ပို၍သာ ဆိုးဝါးလာ နေကြောင်း ကုလ တာဝန်ရှိ

သူများက တင်ပြခဲ့ကြပြန်သည်။ဤသို့ဖြင့် မည်သည့် ဆုံးဖြတ်ချက်မျှ မချနိုင်ဘဲ ယခင်လိုပင် အဆုံးသတ်သွားခဲ့ကြပြန်သည်။

တက်ရောက်လာသည့် ကိုယ်စားလှယ်များက လူသား တို့ ခံစားနေရသော ဒုက္ခများကို မိမိတို့ တတ်နိုင်သလောက် လက်သီး လက်မောင်း

တန်းကာ ပြောဆို ပေးခဲ့ပြီဟူသော အသိစိတ်ဖြင့် ကျေနပ်အားရစွာ တနေ့တာ အဖို့ အနား ယူသွားကြလေသည်။

ဇူလိုင်လ မှ စ၍ ရေတွက်မည်ဆိုလျှင် ကိုဗစ် ပိုး ကူးစက်ခံရ၍ ထင်ရှားသော နိုင်ငံရေး သမားများ၊ အနုပညာ ရှင်များ၊ အတတ်ပညာရှင်များ၊

သတင်းစာဆရာ၊ ဗိသုကာ ပညာရှင် နှင့် သမားတော်ကြီးများ စုစုပေါင်း ၁၃၀ ခန့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း RFA က ထုတ်ဖေါ်

ရေးသားလာခဲ့သည်။နိုင်ငံတကာ၏ အသိအမှတ်ပြုမှု ကို ဆာလောင်ငတ်မွတ်စွာ တောင့်တနေသော မင်းအောင်လှိုင် အဖို့က ကိုဗစ် ကူး

စက်မှု ကို မသိချင်ယောင်ဆောင်နေလေ နိုင်ငံတကာမှ ဝင်ရောက်ကူညီရန် ၎င်းအား အသိအမှတ် ပြုဖို့ နီးစပ်လေလေ ဆိုသည်ကိုလည်း

တွက်ဆထားပြန်သည်။ နိုင်ငံတကာ အနေဖြင့် မည်သို့လုပ် ရမည်ကို အကြပ်ရိုက်နေရသည်။ တဖက်တွင်လည်း ကိုဗစ် တတိယလှိုင်းကြီး

ပြင်းထန်စွာ ရိုက်ခတ် ခံနေရချိန်တွင် လိုအပ်နေသော ဆေးဝါး အကူပစ္စည်းများကို လိုက်လံပိတ်ပင်နေရုံမက ကျန်းမာရေး ဝန်ထမ်း များကို

ပင် ပစ်မှတ်ထား တိုက်ခိုက်လာနေသူများအား အကူအညီ ပေးရမည့် အရေးကိုလည်း လက်တွန့်နေ ကြသည်။

လောလောဆယ်တွင်တော့ မင်းအောင်လှိုင် မျှော်လင့်သလို ဖြစ်မလာသေးသည့်အပြင် ပုလင်းတူ ဘူးဆို့ သမား များထဲမှ တယောက်ဖြစ်

သော ကမ္ဘောဒီယား ဝန်ကြီးချုပ်သည် သစ်ဥသစ်ဖုများမှ ဆေးထုတ်ရန် ကြံနေသော ၎င်းအား သနားသွား၍လော မသိ၊ ဒေါ်လာ နှစ်သိန်း

ကူညီမည်ဟု ပြောလာခဲ့သည်။ ဗီယက်နမ် က ဒေါ်လာ တသိန်း ပေးမည်ဟု ဆိုသည်။

တရုတ်၊ ရုရှား နှင့် အိန္ဒိယ လက်နက်ကိုင် တပ်ဖွဲ့များ က စုစုပေါင်း ကာကွယ်ဆေး လေးသိန်းခန့် လှူဒါန်း လာ သည်ကို တွေ့ရသည်။

အဆိုပါ လေးသိန်း တွင် တရုတ်နှင့် အိန္ဒိယ က နှစ်သိန်းစီ နှင့် ရင်ဘတ်တူ မိတ်ဆွေဟု ဆိုသော ရုရှားက ၉၀၀ လှူဒါန်း ခဲ့သည်။

ထူးခြားလာသည်က တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီမှ အာဆီယံ အထူး သံတမန် အာဝမ် ယူဆွတ် ထံ ဖုန်းဆက်၍ အချက် (၃) ချက် ကို

အကြံဉာဏ်များ ပေးလာခြင်းပင် ဖြစ်သည်။

ပထမ အချက် အဖြစ် မြန်မာနိုင်ငံရှိ သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးနှင့် ကျိုးကြောင်း ဆီလျှော်စွာ လက်တွေ့ကျကျ ထိတွေ့ ဆက်ဆံ

သွားရန်၊ ဒုတိယ အနေဖြင့် ကိုဗစ်-၁၉ အား ဟန့်တား တိုက်ဖျက်ရေး အတွက် ထိပ်တန်း ဦးစားပေး အနေဖြင့် ကူညီပေးနိုင်မည့် နည်း

လမ်းများ ရှာဖွေရန် နှင့် နောက်ဆုံးအဖြစ် မြန်မာပြည်သူ များ၏ အကျိုးသာမက နိုင်ငံတကာ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်

မည့် အစိုးရမျိုး ပြန်လည် ဖြစ်ပေါ်လာရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ သွားနိုင်မည့် လမ်းကြောင်းကို စိတ်ရှည်လက်ရှည်၊ ဇွဲရှိရှိဖြင့် စွဲကိုင်ပြီး

ဒီမိုကရေစီ လမ်းကြောင်း ဖေါ်ဆောင်ရန်တို့ ပင် ဖြစ်သည်ဟု ဆင်ဟွာ သတင်းဌာနတွင် ဖေါ်ပြ ထားခြင်းပင် ဖြစ်သည်။

ဆင်သေကို ဆိတ်သားရေ နှင့် ဖုံးကာ အာဏာသိမ်းလာခဲ့သည်မှာ ရက် (၂၀၀) ပြည့်သွားခဲ့ပြီ ဖြစ်သည်။

အရေးတော်ပုံ အောင်ရမည်!!!

လှစိုး​ဝေ

Zawgyi

ေအာင္-ၾကဴၾကဴ ဇာတ္အဖြဲ႕၏ ဟဒယ ရႊင္ေဆး အပတ္စဥ္ တက္ဆက္မႈ
.မင္း​ေအာင္လွိုင္ဇာတ္အဖြဲ႕ ဟဒယရႊင္​ေဆးတိုက္​​ေကၽြး

မင္း‌ေအာင္လွိုင္၏ ျပႆနာကား ၎၏ ေဘးတြင္ သူေတာ္ေကာင္း ပညာရွိ ဟူ၍ မရွိ၊ စစ္တပ္ႏွင့္ သံဃာ ညီညြတ္တာ အင္မတန္မွ အားရဖို႔ ေကာင္းတယ္ဆိုကာ သံဃာမ်ားအား ဂိတ္ေစာင့္ အျဖစ္ တြန္းပို႔ေနေသာ ဘုရားသားေတာ္ဆိုးႀကီးမ်ား၊ သခင္အားရ ကၽြန္ပါးဝ

ဆိုသလို အႀကိဳက္ေတြ႕မည့္ စကားမ်ားျဖင့္ ေျမႇာက္ပင့္ ေပးေနၾကသူမ်ားသာ ဝိုင္းရံေနျခင္း ျဖစ္သည္။ သူကိုယ္တိုင္ကလည္း အသိဉာဏ္ပညာ နည္းသူပီပီ အႀကိဳက္ ေတြ႕ကာ ေျပာခ်င္ရာမ်ားကို ေျပာဆိုေနေပသည္။

ယခုလည္း ေနျပည္ေတာ္တြင္ ၿမိဳ႕ပတ္ရထားလမ္းမ်ား၊ လၽွပ္စစ္ဘတ္စ္ကားလမ္းမ်ား၊ ေျမေအာက္ မီးရထား လမ္းမ်ား တည္ေဆာက္ေရး စီမံၾကရန္ ေျပာေနျပန္သည္။ သူ႔လို စကားမ်ိဳးက လက္ရွိေျမျပင္ အေျခအေနႏွင့္ ႏွိုင္းယွဥ္ၿပီး စဥ္းစားဉာဏ္ ရွိသူ

တိုင္း မည္သူမၽွ ပါးစပ္က ထြက္ရဲမည့္ စကားမ်ိဳး မဟုတ္သည္မွာ ေသခ်ာေန ေပသည္။ အပတ္စဥ္ ဟဒယ ရႊင္ေဆးမ်ား တိုက္ေႂကြးေနေလေရာ့သလား ထင္မွတ္ရသည္။ ေနာက္တပတ္ ဆိုလၽွင္ ေနျပည္ေတာ္အား ဆီလီကြန္ေတာင္ၾကားကဲ့သို႔ နည္းပညာ ဗဟိုခ်က္မႀ

ကီး ျဖစ္ေအာင္ စီစဥ္ေနသည္ဟု ေျပာဦးမည္ ထင္သည္။
ၾကဴ စင္တာကိုပင္ အျဖစ္ရွိေအာင္ စြမ္းေဆာင္နိုင္စြမ္း မရွိဘဲ ေျပာခ်င္ရာ ေျပာေနသည္မ်ားကို တယ္ဟုတ္ ပါလား၊ အေျမာ္အျမင္ ႀကီး

ပါေပ့ မ်က္ႏွာထားမ်ား ႏွင့္ လိုက္လံ သ႐ုပ္ေဆာင္ ေပးေနရသည့္ ျပည္သူ႔ သစၥာ ေဖာက္မ်ားကိုသာ ဝဋ္ႀကီးလွခ်ည္ရဲ့ဟု သနားေနမိေတာ့သည္။

ထိုသို႔ အ႐ူးအႏွမ္း ပမာ ျဖစ္လာေနေသာ ေခါင္းေဆာင္ႀကီး ဆိုသူ ေအာက္တြင္ အမႈမထမ္းလိုေတာ့၍ ေန႔စဥ္ႏွင့္ အမၽွ တပ္က ထြက္ေျပးသူ မ်ားသထက္ မ်ားလာၿပီး ယခုအခါ တပ္သား ၁,၅၀၀ ခန႔္သည္ ျပည္သူ ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားႏွင့္ ပူးေပါင္းလာၾကၿပီ ဟူေသာ အားတက္ဖြယ္ သတင္းမ်ားလည္း ထြက္ေပၚလာေနသည္။

အားလုံးသာ သေဘာရွိ လာခြင့္ရမည္ ဆိုလၽွင္ မင္းေအာင္လွိုင္ ႏွင့္ အလံတိုင္သာ က်န္ေတာ့မည္ဟု ခိုလႈံလာေသာ အာဏာသိမ္း တပ္ဖြဲ႕ဝင္မ်ားကို လက္ခံေပးေနသည့္ အမွတ္ ၅၂၈ ေျချမန္တပ္ရင္းမွ ဗိုလ္ႀကီး လင္းထက္ေအာင္ က မွတ္ခ်က္ခ်ခဲ့ေၾကာင္း ျမန္မာေနာင္းတြင္ ေဖၚျပထားသည္။

လက္ရွိ အေျခအေနတြင္ သာမန္ စစ္သား တဦးကပင္ စိတ္မထင္လၽွင္ စိတ္မထင္သလို ျပည္သူမ်ားကို ပစ္သတ္ နိုင္သည့္ အေျခအေနသို႔ ဆိုက္ေရာက္ ေနသည္ကို မင္းကင္းၿမိဳ႕နယ္တြင္ ကြမ္းဝါးေနစဥ္ ႏွာေခါင္းစည္း ျဖဳတ္ ထားမႈ ျဖင့္ ရန္ရွာ ပစ္သတ္ခံခဲ့ရသူ အသက္ ၃၉ ႏွ

စ္ အရြယ္ ကိုေဇာ္မ်ိဳးျမင့္က မီးေမာင္းထိုးျပသြားခဲ့ေလသည္။ ထိုကဲ့သို႔ေသာ သတင္းမ်ိဳးက တနိုင္ငံလုံးတြင္ ျဖစ္ပြားလၽွက္ ရွိရာ ကုန္စင္ေအာင္ ေဖၚျပဖို႔ရန္ မျဖစ္နိုင္ေပ။ ဗုဒၶဟူးေန႔ ေနာက္ဆုံး ထုတ္ျပန္ေသာ စာရင္းအရ အာဏာသိမ္း တပ္မ်ား၏ လက္ခ်က္ေၾကာင့္ ေသဆုံးသူ ၁,၀၀၀ တိတိ ရွိသြားခဲ့ၿပီ ျဖစ္သည္။

NUG ယာယီ သမၼတ သည္ ျပည္သူမ်ားကို ေန႔စဥ္လို သတ္ျဖတ္ေနသည့္ အာဏာသိမ္း အဖြဲ႕ကို အၿပီးသတ္ ေခ်မႈန္းရန္ အေရးတႀကီး ျပင္ဆင္ေနၿပီဟု အစိုးရအဖြဲ႕ အစည္းအေဝးတြင္ ထုတ္ေဖၚေျပာၾကားလိုက္သည္။ စတင္ ထိုးစစ္ဆင္မည့္ေန႔ကို သတ္မွတ္ၿပီး ဝန္ႀကီးအဖြဲ႕၏ အတည္ျပဳခ်က္ ယူဖို႔သာ က်န္ေတာ့သည္ဟု ဆိုသည္။

ယင္းစီမံခ်က္ႏွင့္အညီ အေရးႀကီး သတင္းမ်ားအား ျပည္သူသို႔ အခ်ိန္မီ တင္ျပနိုင္ရန္ Radio NUG ကို လွိုင္းတို မီတာ ၁၆/ မီဂါဟတ္ဇ္ ၁၇.၇၁ ျဖင့္ မနက္ ၈ နာ ရီ ႏွင့္ ည ၈ နာရီ ႏွစ္ႀကိမ္ ထုတ္လႊင့္သြားမည္ဟု CRPH က သတင္းထုတ္ျပန္လာသည္။
ေတာ္လွန္ေရး ကား ႏွစ္မကူးေတာ့သည္မွာ ႀကိမ္းေသသည္ထက္ ႀကိမ္းေသလာေနၿပီ ျဖစ္သည္။၊

မေန႔က ျပဳလုပ္ခဲ့ေသာ ကုလ လုံျခဳံေရး ေကာင္စီ အစည္းအေဝးတြင္ ထိုအ‌ေရးကို အဓိကထား ေဆြးေႏြးခဲ့ၾက သည္။ ၿဗိတိန္၏ လက္ေထာက္ သံအမတ္ႀကီး ဂ်ိမ္း ကာရီယူကီ မွ ကိုဗစ္ ကာကြယ္ေဆး ထိုးနိုင္ရန္အတြက္ လက္ရွိ တိုက္ပြဲမ်ားကို ရပ္ဆိုင္းေပးရန္ ေတာင္းဆိုလာသည္။ လက္ရွိ တြင္ လူဦးေရ၏ ၃% သာ ကာကြယ္ေဆး ထိုးနိုင္ခဲ့မႈသည္ မည္သို႔မၽွ လက္ခံနိုင္ဖြယ္ မရွိဟု ဆိုသည္။

ျမန္မာ၏ အေျခအေနမ်ားသည္ က်န္းမာေရး ကုသေစာင့္ေရွာက္မႈ ၿပိဳလဲေနမႈ ႏွင့္အတူ ပို၍သာ ဆိုးဝါးလာ ေနေၾကာင္း ကုလ တာဝန္ရွိသူမ်ားက တင္ျပခဲ့ၾကျပန္သည္။

ဤသို႔ျဖင့္ မည္သည့္ ဆုံးျဖတ္ခ်က္မၽွ မခ်နိုင္ဘဲ ယခင္လိုပင္ အဆုံးသတ္သြားခဲ့ၾကျပန္သည္။
တက္ေရာက္လာသည့္ ကိုယ္စားလွယ္မ်ားက လူသား တို႔ ခံစားေနရေသာ ဒုကၡမ်ားကို မိမိတို႔ တတ္နိုင္သေလာက္ လက္သီး လက္ေမာင္းတန္းကာ ေျပာဆို ေပးခဲ့ၿပီဟူေသာ အသိစိတ္ျဖင့္ ေက်နပ္အားရစြာ တေန႔တာ အဖို႔ အနား ယူသြားၾကေလသည္။

ဇူလိုင္လ မွ စ၍ ေရတြက္မည္ဆိုလၽွင္ ကိုဗစ္ ပိုး ကူးစက္ခံရ၍ ထင္ရွားေသာ နိုင္ငံေရး သမားမ်ား၊ အႏုပညာ ရွင္မ်ား၊ အတတ္ပညာရွင္မ်ား၊ သတင္းစာဆရာ၊ ဗိသုကာ ပညာရွင္ ႏွင့္ သမားေတာ္ႀကီးမ်ား စုစုေပါင္း ၁၃၀ ခန႔္ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ေၾကာင္း RFA က ထုတ္ေဖၚေရးသားလာခဲ့သည္။

နိုင္ငံတကာ၏ အသိအမွတ္ျပဳမႈ ကို ဆာေလာင္ငတ္မြတ္စြာ ေတာင့္တေနေသာ မင္းေအာင္လွိုင္ အဖို႔က ကိုဗစ္ ကူးစက္မႈ ကို မသိခ်င္ေယာင္ေဆာင္ေနေလ နိုင္ငံတကာမွ ဝင္ေရာက္ကူညီရန္ ၎အား အသိအမွတ္ ျပဳဖို႔ နီးစပ္ေလေလ ဆိုသည္ကိုလည္း တြက္ဆထားျပန္သ

ည္။ နိုင္ငံတကာ အေနျဖင့္ မည္သို႔လုပ္ ရမည္ကို အၾကပ္ရိုက္ေနရသည္။ တဖက္တြင္လည္း ကိုဗစ္ တတိယလွိုင္းႀကီး ျပင္းထန္စြာ ရိုက္ခတ္ ခံေနရခ်ိန္တြင္ လိုအပ္ေနေသာ ေဆးဝါး အကူပစၥည္းမ်ားကို လိုက္လံပိတ္ပင္ေန႐ုံမက က်န္းမာေရး ဝန္ထမ္း မ်ားကိုပင္ ပစ္မွတ္ထား တို

က္ခိုက္လာေနသူမ်ားအား အကူအညီ ေပးရမည့္ အေရးကိုလည္း လက္တြန႔္ေန ၾကသည္။
ေလာေလာဆယ္တြင္ေတာ့ မင္းေအာင္လွိုင္ ေမၽွာ္လင့္သလို ျဖစ္မလာေသးသည့္အျပင္ ပုလင္းတူ ဘူးဆို႔ သမား မ်ားထဲမွ တေယာက္ျဖစ္ေသာ ကေမၻာဒီယား ဝန္ႀကီးခ်ဳပ္သည္ သစ္ဥသစ္ဖုမ်ားမွ ေဆးထုတ္ရန္ ႀကံေနေသာ ၎အား သနားသြား၍ေလာ မသိ၊ ေဒၚ

လာ ႏွစ္သိန္း ကူညီမည္ဟု ေျပာလာခဲ့သည္။ ဗီယက္နမ္ က ေဒၚလာ တသိန္း ေပးမည္ဟု ဆိုသည္။
တ႐ုတ္၊ ႐ုရွား ႏွင့္ အိႏၵိယ လက္နက္ကိုင္ တပ္ဖြဲ႕မ်ား က စုစုေပါင္း ကာကြယ္ေဆး ေလးသိန္းခန႔္ လႉဒါန္း လာ သည္ကို ေတြ႕ရသည္။ အဆိုပါ ေလးသိန္း တြင္ တ႐ုတ္ႏွင့္ အိႏၵိယ က ႏွစ္သိန္းစီ ႏွင့္ ရင္ဘတ္တူ မိတ္ေဆြဟု ဆိုေသာ ႐ုရွားက ၉၀၀ လႉဒါန္း ခဲ့သည္။

ထူးျခားလာသည္က တ႐ုတ္ နိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီမွ အာဆီယံ အထူး သံတမန္ အာဝမ္ ယူဆြတ္ ထံ ဖုန္းဆက္၍ အခ်က္ (၃) ခ်က္ ကို အႀကံဉာဏ္မ်ား ေပးလာျခင္းပင္ ျဖစ္သည္။

ပထမ အခ်က္ အျဖစ္ ျမန္မာနိုင္ငံရွိ သက္ဆိုင္သည့္ အဖြဲ႕အစည္းအားလုံးႏွင့္ က်ိဳးေၾကာင္း ဆီေလၽွာ္စြာ လက္ေတြ႕က်က် ထိေတြ႕ ဆက္ဆံသြားရန္၊ ဒုတိယ အေနျဖင့္ ကိုဗစ္-၁၉ အား ဟန႔္တား တိုက္ဖ်က္ေရး အတြက္ ထိပ္တန္း ဦးစားေပး အေနျဖင့္ ကူညီေ

ပးနိုင္မည့္ နည္းလမ္းမ်ား ရွာေဖြရန္ ႏွင့္ ေနာက္ဆုံးအျဖစ္ ျမန္မာျပည္သူ မ်ား၏ အက်ိဳးသာမက နိုင္ငံတကာ၏ ေမၽွာ္လင့္ခ်က္မ်ားကို ျဖည့္ဆည္းေပးနိုင္မည့္ အစိုးရမ်ိဳး ျပန္လည္ ျဖစ္ေပၚလာရန္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲသို႔ သြားနိုင္မည့္ လမ္းေၾ

ကာင္းကို စိတ္ရွည္လက္ရွည္၊ ဇြဲရွိရွိျဖင့္ စြဲကိုင္ၿပီး ဒီမိုကေရစီ လမ္းေၾကာင္း ေဖၚေဆာင္ရန္တို႔ ပင္ ျဖစ္သည္ဟု ဆင္ဟြာ သတင္းဌာနတြင္ ေဖၚၿပ ထားျခင္းပင္ ျဖစ္သည္။

ဆင္ေသကို ဆိတ္သားေရ ႏွင့္ ဖုံးကာ အာဏာသိမ္းလာခဲ့သည္မွာ ရက္ (၂၀၀) ျပည့္သြားခဲ့ၿပီ ျဖစ္သည္။
အေရးေတာ္ပုံ ေအာင္ရမည္!!!
လွစိုး​ေဝ