ပြည်သူ့ဘက်ရပ်တည်ကာ ပြည်သူ့ရင်သွေးလေးတွေကို မွေးဖွားပေးနေတဲ့ တပ်မတော်ဆေးဗိုလ်ကြီး
ပြည်သူ့ဘက်ရပ်တည်ကာ ပြည်သူ့ရင်သွေးလေးတွေကို မွေးဖွားပေးနေတဲ့ တပ်မတော်ဆေးဗိုလ်ကြီးမင်းကျော်သူကပြည်သူဘက်ရပ်တည်
ခဲ့ရတဲ့ အကြောင်းရင်းကိုလူမှုစာမျက်နှာ မှ ဖော်ပြ ထားချက်ကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ အပြည့်အစုံကို
အောက်တွင်ဖတ်ရှုနိုင်ပါတယ်
ကျနော်က ကြည်း ၆၈၆၃၀ ဆေးဗက မင်းကျော်သူပါ ကျနော် ပြည်သူ့ဘက်ကရပ်တည်ဖို့ တပ်ကထွက်ခဲ့တာ လေးလကျော်ပါပြီ။
ဒီဖက်မှာ ကျန်းမာရေးစောင့်ကျန်မာရေးစောင့်ရှောက်မှုမရတဲ့ဒေသခံတွေကိုဆေးကုပေးနေပါတယ်။
ကျွန်တော်တို့ ကြံ့ခိုင်ရေးလုပ်တဲ့အချိန်တိုင်းမှာ ဆိုနေကြဆောင်ပုဒ်တစ်ခုရှိပါတယ်။
“ ဘာလုပ်နေလဲ လေ့ကျင့်နေတယ်။ ဘာလုပ်ဖို့လဲ တိုက်ပွဲအောင်ဖို့။ ဘယ်သူ့အတွက်လဲ ပြည်သူ့အတွက်။ ဘာစိတ်ဓာတ်လဲ တုံးတိုက်တိုက်
စိတ်ဓာတ် ကျားကိုက်ကိုက်စိတ်ဓာတ် “ဆိုပြီးတော့ပါ။
ပြည်သူက ကျွန်တော်တို့ကိုအားကိုးလို့ လစာ ရိက္ခာတွေအတွက် အခွန်ပေးနေတာပါ။ ကျွန်တော်တို့ဟာ ပြည်သူကိုကာကွယ်ဖို့အတွက်
ပြည်သူထဲကမွေးဖွားလာတဲ့ ထာဝရပြည်သူ့စစ်သားတွေပါပဲ။
ဗိုလ်ကြီးဟာ လက််ရှိမှာ ပြည်သူတွေကို ဆေးကု မီးဖွားပေးနေပြီးတောတွင်းမှာခွဲခန်းတည်ဆောက်ဖို့ ကြိုးစားနေတာကြောင့် ဆေးဝါး
အကူအညီလိုအပ်နေပါတယ်။ People’s Soldiers ကို ဆက်သွယ်ကူညီနိုင်ပါတယ်။
Zawgyi
ျပည္သူ႔ဘက္ရပ္တည္ကာ ျပည္သူ႔ရင္ေသြးေလးေတြကို ေမြးဖြားေပးေနတဲ့ တပ္မေတာ္ေဆးဗိုလ္ႀကီး
ျပည္သူ႔ဘက္ရပ္တည္ကာ ျပည္သူ႔ရင္ေသြးေလးေတြကို ေမြးဖြားေပးေနတဲ့ တပ္မေတာ္ေဆးဗိုလ္ႀကီးမင္းေက်ာ္သူကျပည္သူဘ
က္ရပ္တည္ခဲ့ရတဲ့ အေၾကာင္းရင္းကိုလူမႈစာမ်က္ႏွာ မွ ေဖာ္ၿပ ထားခ်က္ကိုျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။
အျပည့္အစုံကိုေအာက္တြင္ဖတ္ရႈနိုင္ပါတယ္
က်ေနာ္က ၾကည္း ၆၈၆၃၀ ေဆးဗက မင္းေက်ာ္သူပါ က်ေနာ္ ျပည္သူ႔ဘက္ကရပ္တည္ဖို႔ တပ္ကထြက္ခဲ့တာ ေလးလေက်ာ္ပါၿပီ။
ဒီဖက္မွာ က်န္းမာေရးေစာင့္က်န္မာေရးေစာင့္ေရွာက္မႈမရတဲ့ေဒသခံေတြကိုေဆးကုေပးေနပါတယ္။
ကၽြန္ေတာ္တို႔ ႀကံ့ခိုင္ေရးလုပ္တဲ့အခ်ိန္တိုင္းမွာ ဆိုေနၾကေဆာင္ပုဒ္တစ္ခုရွိပါတယ္။
“ ဘာလုပ္ေနလဲ ေလ့က်င့္ေနတယ္။ ဘာလုပ္ဖို႔လဲ တိုက္ပြဲေအာင္ဖို႔။ ဘယ္သူ႔အတြက္လဲ ျပည္သူ႔အတြက္။ ဘာစိတ္ဓာတ္လဲ တုံးတိုက္တိုက္စိ
တ္ဓာတ္ က်ားကိုက္ကိုက္စိတ္ဓာတ္ “ဆိုၿပီးေတာ့ပါ။
ျပည္သူက ကၽြန္ေတာ္တို႔ကိုအားကိုးလို႔ လစာ ရိကၡာေတြအတြက္ အခြန္ေပးေနတာပါ။ ကၽြန္ေတာ္တို႔ဟာ ျပည္သူကိုကာ
ကြယ္ဖို႔အတြက္ ျပည္သူထဲကေမြးဖြားလာတဲ့ ထာဝရျပည္သူ႔စစ္သားေတြပါပဲ။
ဗိုလ္ႀကီးဟာ လက္္ရွိမွာ ျပည္သူေတြကို ေဆးကု မီးဖြားေပးေနၿပီးေတာတြင္းမွာခြဲခန္းတည္ေဆာက္ဖို႔ ႀကိဳးစားေန
တာေၾကာင့္ ေဆးဝါးအကူအညီလိုအပ္ေနပါတယ္။ People’s Soldiers ကို ဆက္သြယ္ကူညီနိုင္ပါတယ္။