မင်းတပ် CDF နဲ့ စစ်ကောင်စီ တပ်ဖွဲ့တို့ တိုက်ပွဲမှာ အရှင်ဖမ်းမိတဲ့ စစ်ကောင်စီ တပ်သားရဲ့ ထွက်ဆိုပြောပြချက် အပြည့်အစုံ
အရှင်ဖမ်းမိတဲ့ စစ်ကောင်စီ တပ်သားရဲ့ ထွက်ဆိုချက်
‘’… ဟုတ်ကဲ့ ကျွန်တော် မလိမ်ရဲပါဘူး…မလိမ်ပါဘူး…’’ ‘’…ကျွန်တော် လက်နက်က တိုက်ပွဲဖြစ်တဲ့ အဲ့မြောင်းထဲမှာ…’’
မင်းတပ် CDF နဲ့ စစ်ကောင်စီ တပ်ဖွဲ့တို့ ဩဂုတ်လ ၁၇ ရက် တိုက်ပွဲမှာ စစ်ကောင်စီ တပ်သား တဦးကို မင်းတပ် CDF က အရှင်ဖမ်းမိခဲ့တာ
ဖြစ်ပါတယ်။ သူဟာ ဘယ်ဘက်ပါးမှာ သေနတ်ဒဏ်ရာ ရရှိထား ပါတယ်။အဲဒီတပ်သား ပြောပြချက် အပြည့်အစုံ
CDF မင်းတပ်က အရှင်ဖမ်းမိတဲ့ စစ်ကောင်စီ တပ်သား၊
မင်းတပ်ကို ရန်ကုန်ကနေ ရောက်လာပုံ….
‘’… ရန်ကုန်ကနေ…ပထမ…ကျောက်ထုမှာ ကျွန်တော်တို့ လုံခြုံရေး… လုံခြုံရေးက ကျောက်ထုလေယာဉ်ကွင်းကြီး ရှိတယ်… ဆောက်နေ
တာ… အဲဒီလေယာဉ်ကွင်းကို ရဲတွေနဲ့ ပေါင်းပြီးတော့… လုံခြုံရေး ဆိုပြီးတော့… မင်းတပ်မှာ သွားပြီးတော့… လမ်းကင်းသွား ယူပေးရ
မယ်… ဟိုတပ်တွေ ပြန်လာမယ် ဆိုတော့… လမ်းကင်းယူရမယ်ဆိုပြီးတော့… ကျွန်တော်တို့ကို ထည့်ပေးလိုက်တာ… ဟိုလည်း ရောက်ရော
တိုက်ပွဲတွေ ဖြစ်ရော… လမ်းကင်း လမ်းကင်းဆိုပြီး….’’
‘’… ပထမ ကျွန်တော်တို့ လေယာဉ်ကွင်း လုံခြုံရေး… အဲ ရဲတွေနဲ့ ပေါင်းပြီး… နောက်တော့ မင်းတပ်ဘက်မှာ လုံခြုံရေး သွားယူရမယ် ဆိုပြီး
တော့…လမ်းကင်းယူရမယ်ဆိုပြီး… အဲဒီက (၁၀၁) အဖွဲ့တွေ ကားတွေနဲ လွှတ်လိုက်တာ… မင်းတပ်မြို့မှာ ထိုးတယ်…မင်းတပ်မြို့မှာ ထိုးပြီး
တော့ မနက်ကျရင် မင်းတို့ ဟိုဘက် အရှေ့ဘက်သွားပြီး လမ်းကင်း သွားပြီးတော့.. နယ်မြေရှင်းလင်း ရမယ် ဆိုပြီး… ကျွန်တော်တို့ကို ခေါ်
သွားတာ…’’ ‘’… စပြီးတိုက်ပွဲဖြစ်တော့ ထမင်းတွေ ငတ်ပါလေရော…’’’
၄ ရက်တာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ.. CDF-Mindat ဘက်က အကျအဆုံးမရှိပဲ ရန်သူ့လက်နက်တွေ ရလိုက်တယ်လို့လည်း CDF-Mindat က သတင်းထုတ်ပြန်ပါတယ်
သေနတ် ပါမလာတာနဲ့ ပတ်သက်ပြီး မင်းတပ် CDF က ဆက်မေးရာ…
‘’… ထွက်ပြေးတာက ကျွန်တော်က အရှေ့က ပွိုင့်… ကျွန်တော်က ပွိုင့်က ထွက်ပြေးတာ… ဒါပေမယ့် အနောက်က ၂ ယောက် ထွက်ပြေး
တယ်လို့ သူ ပြောတာပဲ…’’
‘’… ကျွန်တော် လက်နက်က တိုက်ပွဲဖြစ်တဲ့ အဲ့မြောင်းထဲမှာ… ဟုတ်ကဲ့ ကျွန်တော် မလိမ်ရဲပါဘူး…မလိမ်ပါဘူး… အကို ကျွန်တော် တကယ်
မလိမ်ပါဘူး… ကျွန်တော် တိုက်ပွဲ ဖြစ်တဲ့ မြောင်းထဲမှာ ခြင်းတောင်းရယ် ကျည်ကာ ဦးထုပ်ရယ်… ဒီကိုဖြတ်မှန် (ဘယ်ဘက်ပါးကို ပြရင်း)
ပါးတချက်… သေနတ်က ပစ်ချိန်တောင် မရဘူး… ပစ်ချိန်မရတာ့ ကျွန်တော်လည်း အဲဒီက…ဒီကားလမ်းမရဲ့ ဘေးက စောင်းကို ခုန်ချ လိုက်
တာ…’’‘’… သေနတ်က အဲမှာထားခဲ့တာ… သေနတ်ရယ် ခြင်းတောင်းရယ် ကျည်ကာ ဦးထုပ်ရယ်…. ကျည်ကာ အင်္ကျီကတော့ အဲ ခုန်ချတဲ့
ဟိုဘက် သစ်ပင် အကြီးကြီးမှာ ကျည်ဘောက် ၃ ဘောက် ကျည်ဆံအိတ် တအိတ် ပါသေးတယ်… အတောင့် ၂၀ ဝင်တဲ့အိတ်… လက်ပစ်ဗုံး
တလုံး…’’ သူကိုင်ဆောင်တဲ့ သေနတ်က MA2 အမျိုးအစား ဖြစ်တယ်လို့လည်း ပြောပြသွားပါတယ်။
Zawgyi
‘’… ထွက်ပြေးတာက ကျွန်တော်က အရှေ့က ပွိုင့်… ကျွန်တော်က ပွိုင့်က ထွက်ပြေးတာ… ဒါပေမယ့် အနောက်က ၂ေ
ယာက် ထွက်ပြေးတယ်လို့ သူ ပြောတာပဲ…’’
‘’… ကျွန်တော် လက်နက်က တိုက်ပွဲဖြစ်တဲ့ အဲ့မြောင်းထဲမှာ… ဟုတ်ကဲ့ ကျွန်တော် မလိမ်ရဲပါဘူး…မလိမ်ပါဘူး… အကို ကျွန်ေ
တာ် တကယ် မလိမ်ပါဘူး… ကျွန်တော် တိုက်ပွဲ ဖြစ်တဲ့ မြောင်းထဲမှာ ခြင်းတောင်းရယ် ကျည်ကာ ဦးထုပ်ရယ်… ဒီကိုဖြတ်မှန်
(ဘယ်ဘက်ပါးကို ပြရင်း) ပါးတချက်… သေနတ်က ပစ်ချိန်တောင် မရဘူး… ပစ်ချိန်မရတာ့ ကျွန်တော်လည်း အဲဒီက…ဒီကားလမ်းမရဲ့ေ
ဘးက စောင်းကို ခုန်ချ လိုက်တာ…’’