ၾကားသိသမွ်

စစ်လက်နက်စက်ရုံမှ စစ်သား ၁၅ ဦး လက်နက်များဖြင့် ထွက်ပြေး အရှေ့ကိုလျှောက်က်ပါလို့အနောက်ကိုတဲ့မျှော်လိုက်ရင်(အပြည့်စုံဖတ်ရန်နှိပ်ပါ)

သရက်စစ်လက်နက်စက်ရုံမှ စစ်သား ၁၅ ဦး လက်နက်များဖြင့် ထွက်ပြေး

သရက်မြို့ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၁၂) မှ စစ်သား ၁၅ ဦးထက်မနည်း လက်နက်များနှင့်တကွ သြဂုတ်လ ၁၇ ရက်ညက

ထွက်ပြေးသွားကြောင်း စက်ရုံနှင့်နီးစပ်သည့် စိတ်ချယုံကြည်ရသော သတင်းရင်းမြစ်များအရသိရသည်။

“လက်နက်ပါသွားတယ်ဆိုတာ ၁၅ ယောက်လုံး အပြည့်ပါသွားတာလား။ တချို့တလေပါသွားတာလားတော့ မသိဘူး။ ၁၅ ယောက်

ထွက်ပြေးတာကတော့ ရာခိုင်နှုန်းပြည့်ကျိန်းသေတယ်။” ဟု သတင်းအရင်းအမြစ်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း စစ်အာဏာရှင်ဆန့်ကျင်သူများကိုနှိမ်နင်းရေးလုပ်ရန် ကပစ (၁၂) မှ စစ်ကူအနေဖြင့် အယောက် ၃၀ ပေး

ရန် ညွှန်ကြားချက်ထွက်လာပြီးနောက် ထိုသို့ထွက်ပြေးသွားခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

တပ်ပြေးသတင်းများနှင့်ပတ်သက်၍ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်လေ့မရှိသလို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မ

ရှိသေးပါ။

ကပစ (၁၂) သည် သရက်မြို့နှင့် ကိုးမိုင်ခန့်အကွာတွင် တည်ရှိပြီး စခန်းကြီးကျေးရွာ၊ ပိတောက်ပင် ကျေးရွာတို့၏ တောင်ဘက် သုံးမိုင်

ကျော်တွင်ရှိကာ ၁၂၀ မမ ၊ ၆၀ မမ၊ ၁၀၅ မမ၊ ၈၁ မမ ကျည်ဆံများကို ထုတ်လုပ်သည်။

“ကပစ စက်ရုံက လက်ရုံးတပ်ဆိုပေမယ့် အဲဒီ (ကပစ) ကနေ ရှေ့တန်းကို ပို့မှာကြားလို့ ထွက်ပြေးတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်” ဟု

သရက်မြို့ခံတစ်ဦးက ပြောသည်။

ဒေသကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ အကျအဆုံးများ နေသည့် စစ်ကိုင်းတိုင်း၊

မန္တလေးတိုင်းနှင့် ချင်းပြည်နယ်များကို အာဏာသိမ်း စစ်ကောင်စီက တပ်ကူအများ အပြား မကြာခဏ စေလွှတ်နေရကြောင်း သိရသည်။

ထိုမြို့နယ်များတွင် ဒေသခံ PDF တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေပြီး လက်ရှိအချိန်ထိ နေ့စဉ်တိုက်ပွဲများ

ဆက်ရှိနေဆဲဖြစ်သည်။ပြီးခဲ့သည့် မေလကုန်ပိုင်းကလည်း ထိုစစ်လက်နက်ထုတ် ကပစ အမှတ် (၁၂) စက်ရုံကနေ စစ်ကောင်စီတပ်သား ငါး

ဦးထွက်ပြေးခဲ့သည့်အနက် နှစ်ဦးကို ပြန်လည်ဖမ်းမိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ဓာတ်ပုံ- အဟောင်း

Source Mizzima

Zawgyi

Source Mizzima

သရက္စစ္လက္နက္စက္႐ုံမွ စစ္သား ၁၅ ဦး လက္နက္မ်ားျဖင့္ ထြက္ေျပး

သရက္ၿမိဳ႕ ကာကြယ္ေရးပစၥည္းစက္႐ုံ အမွတ္ (၁၂) မွ စစ္သား ၁၅ ဦးထက္မနည္း လက္နက္မ်ားႏွင့္တကြ ၾသဂုတ္လ ၁၇ ရက္ညက ထြ

က္ေျပးသြားေၾကာင္း စက္႐ုံႏွင့္နီးစပ္သည့္ စိတ္ခ်ယုံၾကည္ရေသာ သတင္းရင္းျမစ္မ်ားအရသိရသည္။

“လက္နက္ပါသြားတယ္ဆိုတာ ၁၅ ေယာက္လုံး အျပည့္ပါသြားတာလား။ တခ်ိဳ႕တေလပါသြားတာလားေတာ့ မသိဘူး။ ၁၅ ေယာက္ထြက္ေျ

ပးတာကေတာ့ ရာခိုင္ႏႈန္းျပည့္က်ိန္းေသတယ္။” ဟု သတင္းအရင္းအျမစ္က ေျပာသည္။

မႏၲေလးတိုင္းေဒသႀကီးအတြင္း စစ္အာဏာရွင္ဆန႔္က်င္သူမ်ားကိုႏွိမ္နင္းေရးလုပ္ရန္ ကပစ (၁၂) မွ စစ္ကူအေနျဖင့္ အေယာက္ ၃၀ ေပး

ရန္ ညႊန္ၾကားခ်က္ထြက္လာၿပီးေနာက္ ထိုသို႔ထြက္ေျပးသြားခဲ့ေၾကာင္း သတင္းရင္းျမစ္က ေျပာသည္။

တပ္ေျပးသတင္းမ်ားႏွင့္ပတ္သက္၍ အာဏာသိမ္းစစ္တပ္က ထုတ္ျပန္ေလ့မရွိသလို မဇၩိမအေနျဖင့္ သီးျခားအတည္ျပဳခ်က္ရယူနို

င္ျခင္း မရွိေသးပါ။ကပစ (၁၂) သည္ သရက္ၿမိဳ႕ႏွင့္ ကိုးမိုင္ခန႔္အကြာတြင္ တည္ရွိၿပီး စခန္းႀကီးေက်းရြာ၊ ပိေတာက္ပင္ ေက်း

ရြာတို႔၏ ေတာင္ဘက္ သုံးမိုင္ေက်ာ္တြင္ရွိကာ ၁၂၀ မမ ၊ ၆၀ မမ၊ ၁၀၅ မမ၊ ၈၁ မမ က်ည္ဆံမ်ားကို ထုတ္လုပ္သည္။

“ကပစ စက္႐ုံက လက္႐ုံးတပ္ဆိုေပမယ့္ အဲဒီ (ကပစ) ကေန ေရွ႕တန္းကို ပို႔မွာၾကားလို႔ ထြက္ေျပးတာ ျဖစ္ေကာင္းျဖစ္လိ

မ့္မယ္” ဟု သရက္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။ေဒသကာကြယ္ေရး PDF တပ္ဖြဲ႕ဝင္မ်ားႏွင့္ တိုက္ပြဲတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားဘ

က္မွ အက်အဆုံးမ်ား ေနသည့္ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္းႏွင့္ ခ်င္းျပည္နယ္မ်ားကို အာဏာသိမ္း စစ္ေကာင္စီက တပ္ကူအမ်ား

အျပား မၾကာခဏ ေစလႊတ္ေနရေၾကာင္း သိရသည္။

ထိုၿမိဳ႕နယ္မ်ားတြင္ ေဒသခံ PDF တပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား စစ္ေရးတင္းမာေနၿပီး လက္ရွိအခ်ိန္ထိ ေန႔စဥ္တိုက္ပြဲ

မ်ား ဆက္ရွိေနဆဲျဖစ္သည္။ၿပီးခဲ့သည့္ ေမလကုန္ပိုင္းကလည္း ထိုစစ္လက္နက္ထုတ္ ကပစ အမွတ္ (၁၂) စက္႐ုံကေန စစ္ေကာင္စီတပ္သား ငါး

ဦးထြက္ေျပးခဲ့သည့္အနက္ ႏွစ္ဦးကို ျပန္လည္ဖမ္းမိခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့သည္။

Source Mizzima