UGက တိုက်ပွဲစတင်မည့် ရက်ညှိနှိုင်းနေပြီဆိုတော့ စကစဘက်က လုပ်ဆောင်လာနိုင်တဲ့အရာတွေကို ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန်
တင်ပြလိုက်ပါတယ်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တပြိုင်နက်စတင်တိုက်ခိုက်ချိန်တွင် စကစ ကျရှုံးနိုင်ခြေရှိသောမြို့များကို အောက်ပါအချက်များဖြင့်
တိုက်ခိုက်ပါလိမ့်မည်။
(၁)ဖြတ်လေးဖြတ် စနစ်
ဖြတ်လေးဖြတ်ကျင့်သုံးလာနိုင်သည်။
ပထမဆုံး ဆက်သွယ်ရေးလိုင်းများဖြတ်လိမ့်မည်။
နောက် မီးဖြတ်လိမ့်မည်။
ကျိန်းသေလုပ်ဆောင်မည်။
(၂) လူထုကိုအကာကွယ်ယူလိမ့်မည် (သို့)လူသားဒိုင်းလုပ်ဆောင်မည် (ဖမ်းဆီးပြီး တိုက်ပွဲဖြစ်ပွါးရာ ရှေ့ကသွားခိုင်းလိမ့်မည်)။
၃။ ကျေးရွာ/ရပ်ကွက်များ ပြည်သူ့စစ်ခေါင်းစဉ်ဖြင့် လူဦးရေ တောင်းခံလိမ့်မည် ။မရလျှင်အတင်းဖမ်းဆီးပြီး လက်နက်မပါ ကျည်ဆံမပါဖြင့် တပ်ဖွဲ့အကူအသွင်ဖော်ဆောင်လိမ့်မည်။
၄။ ဆက်သွယ်ရေးလိုင်းအားလုံးပိတ်ထားနိုင်သည်။
၅။ မြို့အ၀င်/ထွက်များ ပိတ်ပစ်မည်။
ကြိုတင်ပြင်ဆင်
(ပြည်သူများမှ NUG မှ အရေးပေါ်အချိန် လုပ်ဆောင်ရန်များ မှာကြားသည်ကို အထူးဂရုပြုကြိုတင်လုပ်ဆောင်ထားပါ။ ကိုယ့်မိသားစု
လိုအပ်ချက်များ သေချာစီစစ်ပြင်ဆင်ထားပါ။)
အောက်ပါမေးခွန်းများကို မိမိကိုယ်တိုင်ဖြေဆိုပြီး မည်သို့ဖြေရှင်းရမည်ကို ကြိုတင်ပြင်ဆင်ထားကြပါ။
၁။ မီးဖြတ်တဲ့အခါ
၂။ ရေဖြတ်တဲ့အခါ
၃။ အင်တာနက်ဖြတ်တဲ့အခါ
၄။ ဖုန်းလိုင်းများဖြတ်တဲ့အခါ
၅။ ဆေးဆိုင်များ ပိတ်သွားသောအခါ
၆။ ရန်သူနှင့်ရင်ဆိုင်ရတဲ့အခါ
လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်ပါ။
နီနီ စိမ်းစိမ်း အကုန်ပါတယ်နော်
အကုန် ပြည်သူတွေမို့လို့ပါ
လေးစားစွာဖြင့်
မြန်မာပြည်သား