ၾကားသိသမွ်

နေပြည်တော်ကိုဂျပန်ကိုရီးယားတို့လိုမြေအောက်ကြွက်တွင်းကွင်ယက်သဖွယ်တည်ဆောက်သွားမည်ဟုဝံချီးချုပ်ကြိမ်းဝါး

နေပြည်တော်ကောင်စီနယ်မြေမှာမြို့ပတ်ရထားလမ်းတွေ၊ ဘတ်စ်ကားလမ်းတွေ၊လျှပ်စစ်ဘတ်စ် ကားလမ်းတွေနဲ့ မြေအောက်ရထားလမ်း

တွေတည်ဆောက်နိုင်ဖို့ ကြိုတင်စီမံဆောင်ရွက်ထားကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကညွှန်ကြားလိုက်

ပါတယ်။နေပြည်တော်မှာဩဂုတ်၁ရရက်ကကျင်းပတဲ့နေပြည်တော်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးသို့တက်ရောက်အမှာ

စကားပြောကြားရာမှာပြောသွားတာဖြစ်ပါတယ်။နေပြည်တော်ကိုလျှပ်စစ်ဘတ်စ်ကားလုပ်ငန်းတွေ၊မြို့ပတ်ရထားလမ်းတွေ၊

မြေအောက်ရထားလမ်းတွေနဲ့ မြို့ကိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမှာဖြစ်ပြီး လျှပ်စစ်ကားပြေးဆွဲနိုင်ရေးကိုမဖြစ်မနေဆောင်ရွက်သွား

ဖို့တိုက်တွန်းပြောသွာ းပါတယ်။နေပြည်တော်ကောင်စီနယ်မြေမှာလူဦးရေသန်း၂ဝအထိနေထိုင်နိုင်ဖို့ ရည်ရွယ်တည်ဆောက်ထားတာဖြစ်

ပြီးနောင်အနာဂတ်ပြည်တော်မှာမြို့နေလူဦးရေတိုးပွား ပြီး မော်တော်ယာဉ်တွေ၊မီးရထားတွေ၊လျှပ်စစ်ရထားတွေလျှပ်စစ်ကားတွေတိုးချဲ့

ပြေးဆွဲလာတဲ့အခါယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေဖို့လည်းနည်းလမ်းရှာဖွေဆောင် ရွက်ကြဖို့လည်းအာဏာသိမ်းစစ်ခေါင်းဆောင်ကပြော

ပါတယ်။နေပြည်တော်နဲ့ ရန်ကုန်မြို့မှာမီးရထားပြတိုက်တည်ဆောက်ဖို့၊ နေပြည်တော်ကို GreenCity၊CleanCity၊SmartCityအဖြစ်

သန့်ရှင်း၊သန့်ရပ်၊သာယာ၊လှပစိမ်း လန်း၊စိုပြည်တဲ့မြို့တော်တစ်ခုဖြစ်စေရေးအတွက်အဘက်ဘက်မှ စဉ်စားသုံးသပ်အကောင်အထည်ဖော်

ဆောင်ရွက်သွားကြဖို့လည်းပြောသွားပါတယ်။

ဒါ့အပြင်နေပြည်တော်ကောင်စီနယ်မြေဟာမြစ်ချောင်းတွေပေါများပြီး စိုက်ပျိုးရေးအတွက်မြေဩဇာကောင်းမွန်တဲ့အတွက်စိုက်ပျိုးရေး

မွေးမြူရေးလုပ်ငန်းတွေ အထွက်ကောင်းမွန်အောင်ဆောင်ရွက် ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်နေသလို

နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့နဲ့ ဒေသထွက်ဝါကုန် ကြမ်းအပေါ်အခြေခံပြီးနေပြည်တော်နယ်မြေအတွင်း

ချည်မျှင်နဲ့ အထည်စက်ရုံတွေတည်ဆောက်ကာ ပြည်ပတင်ပို့ ရောင်းချဖို့လည်းပြောပါတယ်။

နေပြည်တော်မှာ နေရာကောင်းး တက္ကသိုလ်တွေတည်ဆောက်ဖို့၊ ပညာရေးနဲ့ ပတ်သက်တဲ့မြို့တော်အဖြစ်ဆောင်ရွက်ဖို့နဲ့နေပြည်တော်ကို

စံပြအဖြစ်ဆောင်ရွက်ပြီ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း

ဆက်လက်ဆောင်ရွက်ဖို့ လည်းစစ်ခေါင်းဆောင်ကပြောသွားပါတယ်အာဏာ သိမ်းစစ်ခေါင်းဆောင်ကခုလိုပြောနေပေမဲ့မြန်မာနိုင်ငံမှာစစ်

အာဏာသိမ်းပြီး၆လအကြာတိုင်းပြည် စီးပွားရေး၊ပညာရေး၊ကျန်းမာရေးနယ်ပယ်အသီးသီးမှအဘက် ဘက်ကယိုယွင်းချွတ်ခြုံကျပြီးကျရှုံး

နိုင်ငံဖြစ်လာနေပြီလို့နိုင်ငံတကာ ပညာရှင်တွေက သုံးသပ်ပြောပါတယ်။