အာဏာသိမ်းပြီးခြောက်လကျော်အတွင်းအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်လာသည့် တပ်မတော်သား၁၅ဝဝခန့်ရှိနေပြီ
ဖြစ်ကြောင်းတပ်ကိုစွန့်ခွာလိုသူများကိုကူအညီပေးနေသည့်ဗိုလ်ကြီးလင်းထက်အောင်ကပြောသည်။တပ်ကိုစွန့်ခွာလာသည့်တပ်မတော်
သား ၁၅ဝဝခန့်တွင်အများစုမှာတပ်သားအဆင့်နှင့်တပ် ကြပ်ကြီးအဆင့်ဖြစ်ပြီး ဒုဗိုလ်မှဗိုလ်မှူးအဆင့်ထိအရာရှိများလည်း ရာဂဏန်းမျှ
ပါဝင်ကြောင်း င်းကဆိုသည်။
“သူတို့ (CDMစစ်သား)ကို သေချာစိစစ်နေတဲ့အပိုင်းကလည်း ရှိတဲ့အခါကျတော့အကုန်လုံးကတော့တိုက်ခိုက်ရေးဘက်ကိုမသွားနိုင်သေး
ဘူး။ဒါပေမယ့်တတ်နိုင်တဲ့နေရာကနေပါဝင်ကြမယ်ဆိုတဲ့အချိန်မှာအများစုကတိုက်ခိုက်ရေးကိုအားသန်တဲ့သူတွေအများကြီးပဲရှိပါ
တယ်”ဟုဗိုလ်ကြီးလင်းထက်အောင်ကပြောသည်။
ဇွန်လဆန်းအထိCDM တွင်ပါဝင်သူတပ်မတော်သား ၈ဝဝခန့်သာရှိရာမှ နှစ်လအတွင်းထက်ဝက်ခန့်ထိုးတက်လာခြင်းဖြစ်သည်ဟု
လည်း၎င်းကဆိုသည်အသက်၂၉ နှစ်အရွယ်ဗိုလ်ကြီးလင်းထက်အောင်သညစစ်တက္ကသိုလ် (DSA)အပတ်စဉ်၅၄ကျောင်းဆင်းဖြစ်ပြီး
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိခြေမြန်တပ်ရင်း၅၂၈တွင်တပ်ခွဲမှူးအဖြစ်ဝန်ထမ်းဆောင်နေစဉ်ဧပြီလဆန်းပိုင်း၌CDM တွင် ပါဝင်ခဲ့သူဖြစ်သည်။
လက်ရှိတွင်၎င်းသည်စစ်ကောင်စီလက်အောက်မှရုန်းထွက်လိုသည့် စစ်သားများCDMဝင်နိုင်ရန်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့်
ချိတ်ဆက်ပေးခြင်း၊တပ်တွင်းရှိတပ်မတော်သားအချို့ဖြင့်ချိတ်ဆက်၍တော်လှန်ရေးလုပ်ငန်းစဉ်များလုပ်ဆောင်ခြင်းများဆောင်ရွက်ပေး
လျက်ရှိသည်။စစ်ကောင်စီဘက်တော်သားများက “ဖရဲသီး”ဟု ခိုင်းနှိုင်းခေါ်ဆို၍ရှာဖွေဖိနှိပ်ရန် ကြိုးပမ်းခံရသည့် CDMဝင်လိုသည့် စစ်သား
အများအပြားတပ်အတွင်းရှိနေသေးပြီး ဆက်သွယ်မှုများကိုနေ့စဉ်မပြတ်လက်ခံရရှိနေကြောင်း ဗိုလ်ကြီးလင်းထက်အောင်က
ဆိုသည်။“ဘာဖြစ်လို့လည်းဆိုတော့ တစ်ချို့ဟာတွေကျတော့သူတို့စစ်ကောင်စီကိုလက်မခံကြတော့တဲ့ပုံစံတွေလည်းရှိပါတယ်။သူတို့ရဲ့
အထက်ခေါင်းဆောင်တွေကို သူတို့ လုံးဝမယုံကြည်တော့တဲ့အပိုင်းတွေလည်းရှိတော့ဒီလိုလူတွေ ကတဖြည်းဖြည်းများလာတယ်”ဟု၎င်းက
ပြောသည်။စစ်ကောင်စီသည်ကိုဗစ်နိုင်တင်းအကြောင်းပြ၍ တပ်မတော်သားများနှင့်တပ်မိသားစုဝင်များကိုတပ်ဝန်းပြင်ပသို့ သွားလာခွင့်ကို
ကန့်သတ်ထိန်းချုပ်ထားသည်ဟုလည်းဆိုသည်။“ထွက်ပြေးခွင့်ရမယ်ဆိုရင်တပ်ချုပ်ကြီးနဲ့ အလံတိုင်ပဲကျန်ခဲ့လိမ့်မယ်”ဟုရန်ကုန်တိုင်း
အတွင်းရှိတပ်ရင်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ ဗိုလ် ကြီးတစ်ဦးကဆိုသည်။ တပ်မှနုတ်ထွက်ရန်စာတင်ထားသည်မှခြောက်လ
ကျော်ရှိလာပြီဖြစ်သော်လည်း ထွက်ခွင့်မရသေးကြောင်းလည်း၎င်းဗိုလ်ကြီးပြောသည်။