ၾကားသိသမွ်

NUGနှင့်အလှူရှင်ပြည်သူများသိုပန်ကြားလွှာ

NUGနဲ့မိဘပြည်သူအလှူရှင်အကူရှင်များသို့

တိုက်ပွဲကာလဟာမကြာတော့တဲ့အချိန်ရောက်ရှိတော့မည်ဟုယုံကြည်မိပါသည်စစ်သူပုန်ဟာ အာဏာသိမ်းမှုမအောင်မြင်တာဟာ မည်

သည့်ဝန်ကြီးဌါနယန္တရားမျှ မလည်ပတ်နိုင်တာ အားလုံးအသိဘဲဖြစ်ပေ၏

ယခုဆိုလျှင် အာဏာသိမ်းပြီး ခြောက်လကျော်ကြာသည်အထိအာဏာမတည်တံ့ မပိုင်ဆိုင်သေးပအဓိကအကြောင်းရင်းကတော့

အာဏာ၏မူလပိုင်ရှင်ဖြစ်သောပြည်သူလူထုကယနေ့အထိလုံးဝလက်မခံသောကြောင့်ဖြစ်ပေ၏

လက်နက်အားကိုးရုံမကလို့ မည်သည့်ဥပဒေထုတ်ထုတ်မည်သို့အစိုးရနာမည်ပေးပေးစစ်ကောင်စီဘဲဖြစ်ဖြစ် အိမ်စောင့်အစိုးရဘဲဖြစ်ဖြစ်

ပြည်သူလူထုက အာဏာမအပ်နှင်းသ၍လက်မခံသ၍ ထိုအာဏာအား မပိုင်ဆိုင်ကြပါ

ဒီတော့ အာဏာသိမ်းစစ်သူပုန်ဟာအာဏာကိုဘဲသိမ်းထားပြီဟုလက်နက်အားကိုးနဲ့ ကြိမ်းဝါးနေပေမဲ့သက်မဲ့အာဏာထိုင်ခုံများကိုသာ

သိမ်းထားနိုင်ပြီး သက်ရှိ အာ ဏာကိုတော့လုံးဝမထိန်းနိုင်မသိမ်းနိုင်သေးတာအထင်အရှားဘဲ ဖြစ်ပေ၏

အစိုးရတစ်ရပ်တည်ငြိမ်ရှင်သန်ရေးအာဏာသည်ပြည်သူလူထုက လက်ခံသော အာဏာသက်ရှိဖြစ်ပေ၏ပြည်သူလူထုက အပ်နှင်းခြင်သော

သက်ရှိအာဏာအား NUG အစိုးရဆိုတာ လေပေါ်ကထီသည်အစိုးရနဲ့ မြေပြင်ကထီသည်အစိုးရဖြစ်ခြင်သူတို့ကြား မိုးနဲ့မြေလို ကွာခြားတာ

အားလုံးအသိဘဲဖြစ်ပေ၏

ဒီတော့ တစ်ကယ့်အာဏာအပ်နှင်းခံရမည့်အစိုးရသည် NUG သာဖြစ်ပေ၏ဒါကြောင့် ဒီအရေးတော်ပုံသည် မုချအောင်နေပြီဖြစ်‌ပါသည်

သို့ပေမဲ့ အာဏာသိမ်းစစ်သူပုန်ဟာ ၎င်းတို့အညံ့ခံလိုက်တာနဲ့ဆွေစဉ်မျိုးဆက်ဘဝတွေပျက်ရုံမက နှစ်ချီပြည့်ဘဏ္ဏာဂုတ်သွေးစုတ်

ခြယ်လှယ်ထားခဲ့သမျှဟာအာဏာကိုမောင်ပိုင်စီးကာ၂၀၀၈ ခြေဥနဲ့ ဗိုလ်ကျခြယ်ထားသမျှဟာဒီတော်လှန်ရေးမှာကျရှုံးတာနဲ့ရာသက်ပန်ကျ

ဆုံးသွားတော့မှာသိသည့်အတွက်လက် နက်အားကိုးနဲ့ အသေခံ ပေကပ်နေကြဆဲဖြစ်ပေ၏

ခြောက်လတာပြည်သူနဲ့စစ်သူပုန်ကြား အားပြိုင်မှုမှာ အစစအရာရာ ပြည်သူလူထုကအသာရခဲ့တာချည်းဖြစ်ပေ၏သို့သော် အာဏာအလုံးစုံ

ကိုတော့ ကျနော်တို့ပြည်သူတွေ ပြန်မရကြသေးပါ အဓိက မှာ စစ်သူပုန်ဟာ မိုက်ရူးရဲဆန်ကာအသေခံ ခုခံကာကွယ်နေသောကြောင့် ဖြစ်

ပေ၏အသေခံခုခံကာကွယ်အုံးမဲ့ စစ်သူပုန်ဟာစစ်ပန်းနေပြီဖြစ်ပါတယ်အသေခံခုခံကာကွယ်နေအုံးမည့် စစ်သူပုန်အဖွဲ့ကိုအမြစ်ကနေ အ

မြန်ဆုံးဆွဲနှုတ်ဖို့ကိစ္စကတော့ ၎င်းစစ်သူပုန်ပြုတ်ကျရေးဆောင်ရွက်နေကြရတဲ့တော်လှန်ရေးအင်အားစုများကို အဆင့်မှီလက်နက်များ

လိုအပ်သလောက် ဖြည့်စည်းထောက်ပံ့ကူညီဆောင်ရွက်ပေးဖို့ဘဲ ဖြစ်ပေ၏

ယခုဆိုလျှင် တိုင်းအလိုက်/ ပြည်နယ်အလိုက် ခရိုင်/မြို့နယ်အလိုက်တော်လှန်ရေးအင်အားစုများသည် အခြေခံစစ်သင်တန်းများကိုဝန်ကြီး

ဌါနများမှတဆင့်၎င်းကိုယ်ထူကိုယ်ထစနစ်ဖြင့်၎င်းအတော်လေးပြည့်စုံနေကြပြီးထင်ပါ၏

ဒါ့ကြောင့် အသေခံမဲ့စစ်သူပုန်အား အမြစ်ကနေဆွဲနှုတ်သုတ်သင်ဖို့ရန်အတွက်လက်နက်ရိက္ခာအတွက်ကဏ္ဍမျိုးစုံအလွှာမျိုးစုံကနေ အမြန်ဆုံးထောက်ပံ့ပေးဖို့ တိုက်တွန်းအကြံပြုလျှက်

အရေးတော်ပုံ မုချအောင်မည်

#လောကပါလ