အာဖဂန်နဲ့မြန်မာ ဖြစ်စဉ်တူသလား
တာလီဘန်တွေ အာဖဂန်ကို အလွယ်တကူ သိမ်းနိုင်ခဲ့တာကို ပြည်သူက သူ့ဖက်ပါလို့ ဆိုပြီး သမိုင်းမသိပဲ အစွန်းရောက်အယူအဆနဲ့ ရမ်းသမ်း မြှောက်ပင့်နေကြတယ်။
တချို့ ဒီမိုစာရေးသူတချို့ပါ လိုက်ယောင်ပြီး ကူးတင်နေကြတယ်။
တာလီဘန်ကို PDF နဲ့ တန်းညှိပြီး ဟိုဖက်ရပ်ကွက်က PDF ကို တာလီဘန်အကြမ်းဖက်သမားနဲ့ အရင်ကတည်းက နှိုင်းနေတဲ့ ဆိုက်ဝါးထဲ ကိုယ့်လူတွေပြန်မိပြီး ဝန်ခံသလိုဖြစ်နေကြတယ်။
နှစ် ၂၀ တိတိ ဒီမိုကရက်တစ်အစိုးရအုပ်ချုပ်တဲ့ အာဖဂန်ပြည်သူတွေ တာလီဘန်ကို လက်ခံခြင်းလက်မခံခြင်းက လက်ရှိ နယ်စပ်နဲ့ လေဆိပ်ကနေ နည်းလမ်းပေါင်းစုံနဲ့ နိုင်ငံကထွက်ပြေးဖို့ကြိုးစားနေတဲ့ ဗီဒီယိုဖိုင်တွေကြည့်ရင် သိကြပါလိမ့်မယ်။
အာဖဂန်ပြည်သူတွေဟာ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ အထိ တာလီဘန်တွေရဲ့ ဘာသာရေးအစွန်းရောက်အုပ်ချုပ်မှုကို ကြုံတွေ့ခဲ့ပြီးသားပါ။အဲ့ဒါကြောင့် အဲဒီခေတ်ကိုမှီခဲ့သူအများစုက တာလီဘန်လက်ထဲက ထွက်ပြေးကြပါတယ်။
တကယ်တမ်းက
အဓိက အချက် (၃) ချက်ကြောင့် တာလီဘန်တေွ အာဖဂန်ကို အလွယ်တကူသိမ်းနိုင်တာပါ။
(၁) အမေရိကန်တွေ အာဖဂန်ကို လုံးဝ ဥပေက္ခာပြုစွာ ဆုတ်ခွာသွားခြင်း။
(၂) အာဖဂန်စစ်တပ်ရဲ့ အကျင့်ပျက်ချစားမှုနဲ့ ဖွဲ့စည်းပုံပျက်နေခြင်း တနည်းအားဖြင့် တပ်ပျက်နေခြင်းပါ။
(၃) ဒီမိုကရက်တစ်နိုင်ငံကိုလိုလားတဲ့ အာဖဂန်ပြည်သူများရဲ့တုန့်ပြန်မှု နှေးကွေးခြင်းပါ။
မနေ့ညက အမေရိကန်သမ္မတ ဘိုင်ဒန်ရဲ့မိန့်ခွန်းမှာ အမေရိကန်က အာဖဂန်ကို နှစ် (၂၀) တိတိ ဒေါ်လာ ဘီလျံ သန်းပေါင်းများစွာသုံးပြီး ဒီမိုကရက်တစ်လမ်းကြောင်းပေါ်တင်ပြီး ပြုပြင်ဖို့ ကြိုးစားပေမယ့် အာဖဂန်အာဏာပိုင်များရဲ့ ပြည်ပသို့ထွက်ပြေးမှုနဲ့ အာဖဂန်စစ်တပ်ရဲ့ဖွဲ့စည်းပုံပျက်ပြီး တိုက်ခိုက်လိုစိတ်မရှိတာတွေ.ကို ထောက်ပြသွားပါတယ်။ နှစ် ၂၀ တိတိ ကြိုးစားခဲ့ပြီး မှ အခုလို အမေရိကန်တပ်တွေရုတ်သိမ်းတဲ့ဆုံးဖြတ်ချက်ကို နောင်တမရဘူးလို့လည်း ဂျိုးဘိုင်ဒန်ကပြောပါတယ်။
အမေရိကန်နဲ့မဟာမိတ်တွေက အာဖဂန်ကိုအုပ်ချုပ်တဲ့ တာလီဘန်တွေကို ၂၀၀၁ ခုနှစ်မှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး။ ဒီမိုကရေစီလမ်းကြောင်းပေါ်တင်ပေးခဲ့တယ်။
အာဖဂန်စစ်တပ်ကို နှစ်ပေါင်းများစွာ ပျိုးထောင်ခဲ့ပြီး နည်းပညာ/လက်နက်နဲ့ လုပ်ပိုင်ခွင့်လွှဲပေးခဲ့တယ်။ ဒါပေမယ့် အင်အား ၃ သိန်းရှိတဲ့ အာဖဂန်စစ်တပ်နဲ့ ရဲ လုံခြုံရေးတပ်ဖွဲ့ဟာ တကယ်တမ်းမြေပြင်အခြေအနေမှာ အဂတိလိုက်စားတာတွေ ဖွဲ့စည်းပုံဦးရေ မရှိပဲ လစာထုတ်စားတာတွေကို အောက်ခြေအဆင့်ဆင့် လုပ်ဆောင်ခဲ့တဲ့အပြင် အကျင့်ပျက်ချစားမှုနဲ့သာ အချိန်ကုန်နေတဲ့ တပ်ပျက်တစ်ခုဖြစ်ခဲ့ပါတယ်။ လက်ရှိ မအလစစ်ကောင်စီတပ်လိုပါပဲ။
အဲဒီတပ်ပျက်ဟာ တကယ်တမ်းတာလီဘန်တွေ နိုင်ငံတဝန်းမှာ စတင်ထိုးစစ်ဆင်ချိန်မှာ အသက်နဲ့ရင်းပြီးမခုခံပဲ ထွက်ပြေးသူနဲ့ လက်နက်ချသူမျပြားခဲ့ပြီး မြို့တွေကို အလွယ်တကူသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
နောက်တစ်ချက်က တာလီဘန်တွေဝင်လာချိန်မှာ အာဖဂန်ပြည်သူတွေဟာ အိပ်မက်က နိုးလာသူတွေပမာ တုန့်ပြန်မှုနောက်ကျနေတာတွေ့ရပါတယ်။ တိုက်ပွဲတွေသိပ်မဖြစ်ခဲ့တော့ တာလီဘန်တွေဝင်ရောက်လာမှုကို ဖာသိဖာသာ နေကြပြီး တကယ်တမ်းအပြောင်းအလဲကြီးဖြစ်လာတော့မှ မျက်ကလဲဆန်ပြာနဲ့ နိုင်ငံကထွက်ပြေးဖို့ကြိုးစားကြသလို ၂၄ နာရီအတွင်း ရှုပ်ထွေးကုန်ပါတယ်။
အဲဒီအချက်တွေကိုကြည့်ရင် အမေရိကန်ရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။
ဒီလောက် နှစ် ၂၀ လောက် ဒီမိုကရေစီလမ်းကြောင်းပေါ်တင်ပေးတာတောင်မှ
ဘယ်ဖက်မှာမှမရပ်တည်ပဲ ခေတ်ပျက်တော့မှ ထွက်ပြေးနေတဲ့ တုန့်ပြန်မှုနှေးကွေးတဲ့ Gen Lee ပြည်သူအများစုနဲ့ အဂတိလိုက်စားပြီး စုတ်ပြတ်သတ်နေတဲ့ တပ်ပျက်ရှိတဲ့နိုင်ငံတစ်ခုကို အမေရိကန်က ငွေကြေးနဲ့ သူ့နိူင်ငံသားစစ်သားတွေ အသက်နဲ့ရင်းကူညီဖို့ နောက်ထပ်မလိုတော့ဘူးဆိုတဲ့ ဂျိုးဘိုင်ဒန်ဆုံးဖြတ်ချက် မှန်သွားပါတယ်။
တစ်ဖက်မှာလည်း တာလီဘန်တွေဟာ မတ်လနဲ့ ဇွန်လမှာ တရုတ်ကြီးနဲ့ ရုရှကိုသွား ရောက်တွေ့ဆုံခဲ့ပြီး ဒေသတွင်းမဟာဗျူဟာပိုင်း ကိုကိုင်ကစားနိုင်ခဲ့တဲ့ အခြေအနေကြောင့် အမေရိကန်အနေနဲ့ နောက်တစ်လှမ်းဆုတ်မှဖြစ်မှာပါ။
လက်ရှိတာလီဘန်တွေအာဏာသိမ်းမှုကို တရုတ်နဲ့ရုရှက တရားမဝင်ထောက်ခံခဲ့ပြီး သံရုံးတွေဆက်လက်ထားရှိပါတယ်။
တနည်းအားဖြင့်ပြောရရင် ဒေသ မဟာဗျူဟာကစားပွဲမှာ အမေရိကန် နောက်တစ်လှမ်းဆုတ်လိုက်ရတယ်လို့ပြောနိူင်ပါတယ်။
အာဖဂန်ဖြစ်စဉ်ကို မြန်မာနဲ့နှိုင်းယှဉ်ရင် အခင်းအကျင်းလုံးဝမတူညီပါဘူး။
အာဖဂန်ဟာ ဒီမိုကရက်တစ်နိုင်ငံတစ်ခုကနေ က အာဏာရှင်အစွန်းရောက်နိုင်ငံ အဖြစ်တည်ဆောက်ဖို့ နိုင်ငံသားအခွင့်အရေးတွေကို ထိန်းချုပ်ဖို့ တာလီဘန်တွေက တိုက်ခိုက်တာပါ။
မြန်မာကတော့ အာဏာရှင်ကိုဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံအဖြစ် တည်ဆောက်ဖို့ နိုင်ငံသားအခွင့်အရေးတွေပြန်ရဖို့အတွက် တိုက်ခိုက်နေတာပါ။ အနှစ်သာရခြင်းက တခြားစီပါပဲ။
ဒါ့ကြောင့်
ဒီမိုကရေစီနဲ့ ကျင့်သားမရသေးတဲ့ အာဖဂန်လူထုရဲ့တုန့်ပြန်မှု နှေးကွေးတဲ့ကိစ္စကို တာလီဘန်တွေဖက်က လူထုပါလို့ နိုင်တာဆိုတဲ့ တာလီဘန်အကြမ်းဖက်သမားနဲ့ PDF ကို ညီမျှချင်းချတဲ့ အစွန်းရောက် message တွေ မပေးကြဖို့ လိုပါတယ်။
အဲဒီ message ဟာ မြန်မာ့ဒီမိုကရေစီရေးကို ကူညီနေပြီး တာလီဘန်ကိုလက်မခံတဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့အမြင်ကို ပြောင်းလဲစေပါလိမ့်မယ်။
ပြီးတော့ မအလက အကြမ်းဖက်သမားလို့ သတ်မှတ်တာကိုဝန်ခံရာရောက်နေပါတယ်။
အန္တရာယ်များတဲ့ message ပါ။
မြန်မာနဲ့ အာဖဂန်အခင်းအကျင်းက ပြောင်းပြန်ပါ။
အာဖဂန်ဖြစ်စဉ်က ရစရာ သင်ခန်းစာက တစ်ခုတည်းပါ။
ဘယ်လောက်နိုင်ငံတကာရဲ့ စစ်အင်အား လက်နက်ငွေကြေးအသ်အားအကူအညီရခဲ့ပါစေ ကိုယ့်အနာဂတ် ကိုယ့်ပြည်သူကဖန်တီးနိုင်ဖို့သာအဓိက ဆိုတာပါပဲ။
ကိုယ့်ကြမ္မာ ကိုယ်မဖန်တီးနိုင်ရင် ကိုယ်ဘာမှမလုပ်ပဲ ငုတ်တုတ်ထိုင်နေခဲ့ရင် မအလကို နိုင်ငံတကာအင်အားအကူအညီနဲ့ အနိုင်တိုက်နိုင်ပြီး ဒီမိုကရက်တစ်နိုင်ငံဖြစ်တာ တောင်မှ မအလဟာ မြန်မာတာလီဘန်အနေနဲ့ အင်အားကြီးထွားလာမှာပါပဲ။
အခုတောင်မှ ၂၀၁၆ နောက်ပိုင်း NLD အစိုးရလက်ထက် မှာ ဗုဒ္ဓဘာသာဝင်တွေ စိတ်နှလုံးညိုးငယ်တယ်လို့ ပြောနေတာကိုး 😁
Freedom Fighter
Zawgyi
အာဖဂန္နဲ႔ျမန္မာ ျဖစ္စဥ္တူသလား
တာလီဘန္ေတြ အာဖဂန္ကို အလြယ္တကူ သိမ္းနိုင္ခဲ့တာကို ျပည္သူက သူ႔ဖက္ပါလို႔ ဆိုၿပီး သမိုင္းမသိပဲ အစြန္းေရာက္အယူအဆနဲ႔ ရမ္းသမ္း ေျမႇာက္ပင့္ေနၾကတယ္။
တခ်ိဳ႕ ဒီမိုစာေရးသူတခ်ိဳ႕ပါ လိုက္ေယာင္ၿပီး ကူးတင္ေနၾကတယ္။
တာလီဘန္ကို PDF နဲ႔ တန္းညႇိၿပီး ဟိုဖက္ရပ္ကြက္က PDF ကို တာလီဘန္အၾကမ္းဖက္သမားနဲ႔ အရင္ကတည္းက ႏွိုင္းေနတဲ့ ဆိုက္ဝါးထဲ ကိုယ့္လူေတြျပန္မိၿပီး ဝန္ခံသလိုျဖစ္ေနၾကတယ္။
ႏွစ္ ၂၀ တိတိ ဒီမိုကရက္တစ္အစိုးရအုပ္ခ်ဳပ္တဲ့ အာဖဂန္ျပည္သူေတြ တာလီဘန္ကို လက္ခံျခင္းလက္မခံျခင္းက လက္ရွိ နယ္စပ္နဲ႔ ေလဆိပ္ကေန နည္းလမ္းေပါင္းစုံနဲ႔ နိုင္ငံကထြက္ေျပးဖို႔ႀကိဳးစားေနတဲ့ ဗီဒီယိုဖိုင္ေတြၾကည့္ရင္ သိၾကပါလိမ့္မယ္။
အာဖဂန္ျပည္သူေတြဟာ ၁၉၉၆ ခုႏွစ္ကေန ၂၀၀၁ အထိ တာလီဘန္ေတြရဲ့ ဘာသာေရးအစြန္းေရာက္အုပ္ခ်ဳပ္မႈကို ၾကဳံေတြ႕ခဲ့ၿပီးသားပါ။အဲ့ဒါေၾကာင့္ အဲဒီေခတ္ကိုမွီခဲ့သူအမ်ားစုက တာလီဘန္လက္ထဲက ထြက္ေျပးၾကပါတယ္။
တကယ္တမ္းက
အဓိက အခ်က္ (၃) ခ်က္ေၾကာင့္ တာလီဘန္ေတြ အာဖဂန္ကို အလြယ္တကူသိမ္းနိုင္တာပါ။
(၁) အေမရိကန္ေတြ အာဖဂန္ကို လုံးဝ ဥေပကၡာျပဳစြာ ဆုတ္ခြာသြားျခင္း။
(၂) အာဖဂန္စစ္တပ္ရဲ့ အက်င့္ပ်က္ခ်စားမႈနဲ႔ ဖြဲ႕စည္းပုံပ်က္ေနျခင္း တနည္းအားျဖင့္ တပ္ပ်က္ေနျခင္းပါ။
(၃) ဒီမိုကရက္တစ္နိုင္ငံကိုလိုလားတဲ့ အာဖဂန္ျပည္သူမ်ားရဲ့တုန႔္ျပန္မႈ ေႏွးေကြးျခင္းပါ။
မေန႔ညက အေမရိကန္သမၼတ ဘိုင္ဒန္ရဲ့မိန႔္ခြန္းမွာ အေမရိကန္က အာဖဂန္ကို ႏွစ္ (၂၀) တိတိ ေဒၚလာ ဘီလ်ံ သန္းေပါင္းမ်ားစြာသုံးၿပီး ဒီမိုကရက္တစ္လမ္းေၾကာင္းေပၚတင္ၿပီး ျပဳျပင္ဖို႔ ႀကိဳးစားေပမယ့္ အာဖဂန္အာဏာပိုင္မ်ားရဲ့ ျပည္ပသို႔ထြက္ေျပးမႈနဲ႔ အာဖဂန္စစ္တပ္ရဲ့ဖြဲ႕စည္းပုံပ်က္ၿပီး တိုက္ခိုက္လိုစိတ္မရွိတာေတြ.ကို ေထာက္ျပသြားပါတယ္။ ႏွစ္ ၂၀ တိတိ ႀကိဳးစားခဲ့ၿပီး မွ အခုလို အေမရိကန္တပ္ေတြ႐ုတ္သိမ္းတဲ့ဆုံးျဖတ္ခ်က္ကို ေနာင္တမရဘူးလို႔လည္း ဂ်ိဳးဘိုင္ဒန္ကေျပာပါတယ္။
အေမရိကန္နဲ႔မဟာမိတ္ေတြက အာဖဂန္ကိုအုပ္ခ်ဳပ္တဲ့ တာလီဘန္ေတြကို ၂၀၀၁ ခုႏွစ္မွာ ဝင္ေရာက္တိုက္ခိုက္သိမ္းပိုက္ၿပီး။ ဒီမိုကေရစီလမ္းေၾကာင္းေပၚတင္ေပးခဲ့တယ္။
အာဖဂန္စစ္တပ္ကို ႏွစ္ေပါင္းမ်ားစြာ ပ်ိဳးေထာင္ခဲ့ၿပီး နည္းပညာ/လက္နက္နဲ႔ လုပ္ပိုင္ခြင့္လႊဲေပးခဲ့တယ္။ ဒါေပမယ့္ အင္အား ၃ သိန္းရွိတဲ့ အာဖဂန္စစ္တပ္နဲ႔ ရဲ လုံျခဳံေရးတပ္ဖြဲ႕ဟာ တကယ္တမ္းေျမျပင္အေျခအေနမွာ အဂတိလိုက္စားတာေတြ ဖြဲ႕စည္းပုံဦးေရ မရွိပဲ လစာထုတ္စားတာေတြကို ေအာက္ေျခအဆင့္ဆင့္ လုပ္ေဆာင္ခဲ့တဲ့အျပင္ အက်င့္ပ်က္ခ်စားမႈနဲ႔သာ အခ်ိန္ကုန္ေနတဲ့ တပ္ပ်က္တစ္ခုျဖစ္ခဲ့ပါတယ္။ လက္ရွိ မအလစစ္ေကာင္စီတပ္လိုပါပဲ။
အဲဒီတပ္ပ်က္ဟာ တကယ္တမ္းတာလီဘန္ေတြ နိုင္ငံတဝန္းမွာ စတင္ထိုးစစ္ဆင္ခ်ိန္မွာ အသက္နဲ႔ရင္းၿပီးမခုခံပဲ ထြက္ေျပးသူနဲ႔ လက္နက္ခ်သူမ်ျပားခဲ့ၿပီး ၿမိဳ႕ေတြကို အလြယ္တကူသိမ္းယူနိုင္ခဲ့တာျဖစ္ပါတယ္။
ေနာက္တစ္ခ်က္က တာလီဘန္ေတြဝင္လာခ်ိန္မွာ အာဖဂန္ျပည္သူေတြဟာ အိပ္မက္က နိုးလာသူေတြပမာ တုန႔္ျပန္မႈေနာက္က်ေနတာေတြ႕ရပါတယ္။ တိုက္ပြဲေတြသိပ္မျဖစ္ခဲ့ေတာ့ တာလီဘန္ေတြဝင္ေရာက္လာမႈကို ဖာသိဖာသာ ေနၾကၿပီး တကယ္တမ္းအေျပာင္းအလဲႀကီးျဖစ္လာေတာ့မွ မ်က္ကလဲဆန္ျပာနဲ႔ နိုင္ငံကထြက္ေျပးဖို႔ႀကိဳးစားၾကသလို ၂၄ နာရီအတြင္း ရႈပ္ေထြးကုန္ပါတယ္။
အဲဒီအခ်က္ေတြကိုၾကည့္ရင္ အေမရိကန္ရဲ့ ဆုံးျဖတ္ခ်က္ မွန္ကန္တယ္ဆိုတာ ေတြ႕ရမွာျဖစ္ပါတယ္။
ဒီေလာက္ ႏွစ္ ၂၀ ေလာက္ ဒီမိုကေရစီလမ္းေၾကာင္းေပၚတင္ေပးတာေတာင္မွ
ဘယ္ဖက္မွာမွမရပ္တည္ပဲ ေခတ္ပ်က္ေတာ့မွ ထြက္ေျပးေနတဲ့ တုန႔္ျပန္မႈေႏွးေကြးတဲ့ Gen Lee ျပည္သူအမ်ားစုနဲ႔ အဂတိလိုက္စားၿပီး စုတ္ျပတ္သတ္ေနတဲ့ တပ္ပ်က္ရွိတဲ့နိုင္ငံတစ္ခုကို အေမရိကန္က ေငြေၾကးနဲ႔ သူ႔နိူင္ငံသားစစ္သားေတြ အသက္နဲ႔ရင္းကူညီဖို႔ ေနာက္ထပ္မလိုေတာ့ဘူးဆိုတဲ့ ဂ်ိဳးဘိုင္ဒန္ဆုံးျဖတ္ခ်က္ မွန္သြားပါတယ္။
တစ္ဖက္မွာလည္း တာလီဘန္ေတြဟာ မတ္လနဲ႔ ဇြန္လမွာ တ႐ုတ္ႀကီးနဲ႔ ႐ုရွကိုသြား ေရာက္ေတြ႕ဆုံခဲ့ၿပီး ေဒသတြင္းမဟာဗ်ဴဟာပိုင္း ကိုကိုင္ကစားနိုင္ခဲ့တဲ့ အေျခအေနေၾကာင့္ အေမရိကန္အေနနဲ႔ ေနာက္တစ္လွမ္းဆုတ္မွျဖစ္မွာပါ။
လက္ရွိတာလီဘန္ေတြအာဏာသိမ္းမႈကို တ႐ုတ္နဲ႔႐ုရွက တရားမဝင္ေထာက္ခံခဲ့ၿပီး သံ႐ုံးေတြဆက္လက္ထားရွိပါတယ္။
တနည္းအားျဖင့္ေျပာရရင္ ေဒသ မဟာဗ်ဴဟာကစားပြဲမွာ အေမရိကန္ ေနာက္တစ္လွမ္းဆုတ္လိုက္ရတယ္လို႔ေျပာနိူင္ပါတယ္။
အာဖဂန္ျဖစ္စဥ္ကို ျမန္မာနဲ႔ႏွိုင္းယွဥ္ရင္ အခင္းအက်င္းလုံးဝမတူညီပါဘူး။
အာဖဂန္ဟာ ဒီမိုကရက္တစ္နိုင္ငံတစ္ခုကေန က အာဏာရွင္အစြန္းေရာက္နိုင္ငံ အျဖစ္တည္ေဆာက္ဖို႔ နိုင္ငံသားအခြင့္အေရးေတြကို ထိန္းခ်ဳပ္ဖို႔ တာလီဘန္ေတြက တိုက္ခိုက္တာပါ။
ျမန္မာကေတာ့ အာဏာရွင္ကိုျဖဳတ္ခ်ၿပီး ဖက္ဒရယ္ဒီမိုကရက္တစ္နိုင္ငံအျဖစ္ တည္ေဆာက္ဖို႔ နိုင္ငံသားအခြင့္အေရးေတြျပန္ရဖို႔အတြက္ တိုက္ခိုက္ေနတာပါ။ အႏွစ္သာရျခင္းက တျခားစီပါပဲ။
ဒါ့ေၾကာင့္
ဒီမိုကေရစီနဲ႔ က်င့္သားမရေသးတဲ့ အာဖဂန္လူထုရဲ့တုန႔္ျပန္မႈ ေႏွးေကြးတဲ့ကိစၥကို တာလီဘန္ေတြဖက္က လူထုပါလို႔ နိုင္တာဆိုတဲ့ တာလီဘန္အၾကမ္းဖက္သမားနဲ႔ PDF ကို ညီမၽွခ်င္းခ်တဲ့ အစြန္းေရာက္ message ေတြ မေပးၾကဖို႔ လိုပါတယ္။
အဲဒီ message ဟာ ျမန္မာ့ဒီမိုကေရစီေရးကို ကူညီေနၿပီး တာလီဘန္ကိုလက္မခံတဲ့ အေမရိကန္အပါအဝင္ အေနာက္နိုင္ငံေတြရဲ့အျမင္ကို ေျပာင္းလဲေစပါလိမ့္မယ္။
ၿပီးေတာ့ မအလက အၾကမ္းဖက္သမားလို႔ သတ္မွတ္တာကိုဝန္ခံရာေရာက္ေနပါတယ္။
အႏၲရာယ္မ်ားတဲ့ message ပါ။
ျမန္မာနဲ႔ အာဖဂန္အခင္းအက်င္းက ေျပာင္းျပန္ပါ။
အာဖဂန္ျဖစ္စဥ္က ရစရာ သင္ခန္းစာက တစ္ခုတည္းပါ။
ဘယ္ေလာက္နိုင္ငံတကာရဲ့ စစ္အင္အား လက္နက္ေငြေၾကးအသ္အားအကူအညီရခဲ့ပါေစ ကိုယ့္အနာဂတ္ ကိုယ့္ျပည္သူကဖန္တီးနိုင္ဖို႔သာအဓိက ဆိုတာပါပဲ။
ကိုယ့္ၾကမၼာ ကိုယ္မဖန္တီးနိုင္ရင္ ကိုယ္ဘာမွမလုပ္ပဲ ငုတ္တုတ္ထိုင္ေနခဲ့ရင္ မအလကို နိုင္ငံတကာအင္အားအကူအညီနဲ႔ အနိုင္တိုက္နိုင္ၿပီး ဒီမိုကရက္တစ္နိုင္ငံျဖစ္တာ ေတာင္မွ မအလဟာ ျမန္မာတာလီဘန္အေနနဲ႔ အင္အားႀကီးထြားလာမွာပါပဲ။
အခုေတာင္မွ ၂၀၁၆ ေနာက္ပိုင္း NLD အစိုးရလက္ထက္ မွာ ဗုဒၶဘာသာဝင္ေတြ စိတ္ႏွလုံးညိဳးငယ္တယ္လို႔ ေျပာေနတာကိုး 😁
Freedom Fighter