ၾကားသိသမွ်

အရှုံးကြီး ရှုံးနေပြီဖြစ်တဲ့ အာဏာရူးမင်းအောင်လှိုင်

အရှုံးကြီး ရှုံးနေပြီဖြစ်တဲ့ အာဏာရူးမင်းအောင်လှိုင်

ရောင်းမလောက်တဲ့ နွေဦးထီ

ဒီရက်ထဲမှာ ပြည်သူတွေ သောင်းသောင်းဖျဖျအားပေးနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ “အောင်လံလွှင့်ချီ နွေဦးထီ” ဟာ

အာဏာရူးမင်းအောင်လှိုင်တို့အုပ်စုကို ခြေမကိုင်မိ လက်မကိုင်မိနဲ့ အရူး မီးဝိုင်းဖြစ်စေခဲ့ပါတယ်။ “အောင်လံလွှင့်ချီ နွေဦးထီ” ရောင်းမယ်ဆို

တော့ မအလတို့အုပ်စုက ပြည်ပမှာ ရောင်းမယ်လောက်ပဲတွေးပြီး သိပ်မပူပါဘူး။ ခုတော့ ပြည်ပမှာ လုံးဝမရောင်းဘဲ ပြည်တွင်းက ပြည်သူ

တွေ ထိုးနိုင်အောင် ရောင်းတာဖြစ်တဲ့အပြင် ပြည်သူတွေကလည်း အားရပါးရ ထိုးကြ၊ ငွေပေးချေတာကျ တော့လည်း ပြည်တွင်းက အွန်

လိုင်းငွေပေးစနစ်တွေအတွင်းက ငွေပေးချေတာဆိုတော့ မအလတို့ အာဏာရူးတစ်သိုက် ဘာလုပ်ရမှန်းမသိဖြစ်ပြီး ပြည်တွင်းက အွန်လိုင်း

ငွေကြေးစီးဆင်းတဲ့စနစ်ကိုပဲ ဖျက် ပစ်ရမလို။ ဒီလို ဖျက်ဖို့ကျပြန်တော့လည်း နဂိုကမှ ဘဏ်တွေမှာ ငွေမအပ်တော့လို့ ဘဏ်စနစ်ကြီးတစ်ခု

လုံး ပြိုကျလုမတတ်ဖြစ်နေတာကို လုံးလုံးအပြီးသတ်လိုက်သလို ဖြစ်တော့မှာပါ။ ဒီတိုင်းထားပြန်ရင် လည်း မဲခိုးပါတယ်လို့ စွပ်စွဲထားတဲ့ သူ

တွေကို ပြည်သူတွေက ဘယ်လောက်ထောက်ခံအားပေးနေတယ် ဆိုတာ အရင်ကတည်းက ထင်ရှားပြီးဖြစ်ပေမယ့် သက်သေပြစရာ

နောက်တစ်ခုထပ်တိုးလာတော့မှာပါ။ ဒီတော့ကာ မအလတို့ အာဏာရူးနွားတစ်သိုက်အဖို့ “ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ် လှည်းထုပ်” ဆို

သလို မတိုးသာ မဆုတ်သာ အကျပ်အတည်းထဲ ဝဲလည်နေပါတော့တယ်။

နိုင်ငံတကာမျက်နှာစာ

နိုင်ငံတကာက မအလကို အစိုးရလို့ကို ဘယ်နိုင်ငံကမှ အသိအမှတ်မပြုထားတာပါ။ ဒီအခြေအနေမှာ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုး

ထွန်းက ပြည်သူတွေနဲ့အတူ CRPH/ NUG ဘက်ကရပ်လိုက်တော့ မအလတို့ အတော်ခွကျသွားပါတယ်။ ဖားပြုတ်မျက်နှာနဲ့ ဝဏ္ဏမောင်

လွင်ကို ဆရာတင်ထားရတဲ့ မအလဟာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းကိစ္စနဲ့တင် အတော် တိုင်ပတ်နေပြီး ဘယ်နိုင်ငံကမှ

လည်း သူတို့ကို အဖတ်မလုပ်တဲ့အနေအထားဖြစ်နေခဲ့တာ ၆ လကျော်ပါပြီ။ ဟိုဖားပြုတ်က လည်း ဉာဏ်ကမရှိတဲ့ လူမိုက်ဆိုတော့

နောက်ဆုံး ‌ဒေါသမထိန်းနိုင်တော့ဘဲ၊ လူဆိုးတွေနဲ့ မောင်တိုင်ပင် ပြီး ဦးကျော်မိုးထွန်းကို အမေရိကန်မြေပေါ်မှာ လုပ်ကြံဖို့ ကြံစည်ပါတော့

တယ်။ ဒါပေမဲ့လည်း ဆရာ တွေကလည်း ခပ်တုံးတုံး တပည့်တွေကလည်း ခပ်ချာချာဆိုတော့ကာ သံအမတ်ကြီးကို လုပ်ကြံ သတ်ဖြတ်ရေး

သူတို့ရဲ့ မဟာစီမံကိန်းကြီးက မအောင်မြင်တဲ့အပြင် ကမ္ဘာ့အလည်မှာ အင်မတန်ယုတ်မာ ရိုင်းစိုင်းသူတွေအဖြစ် မရှိတော့တဲ့ အရှက်ပါ ကွဲခဲ့

ရပါတယ်။ ဒါ့အပြင် ဒီလို အကြမ်းဖက်လုပ်ရပ်ကြောင့် စက်တင်ဘာလမှာ ဆုံးဖြတ်မယ့် ဦးကျော်မိုးထွန်းကို ကုလသံအမတ်ကြီးအဖြစ်

ဆက်လက် ခန့်အပ်ရေးကိစ္စကလည်း အမျိုးသားညီညွတ် ရေး အစိုးရဘက်က ပိုပိုပြီး အလေးသာလာစေခဲ့ပါတယ်။

စစ်ရေးစစ်ရာ

စစ်ရေးစစ်ရာ ဘက်ကို ကြည့်ရင်လည်း အာဏာရူးမင်းအောင်လှိုင်ရဲ့ လက်ပါးစေတပ်တွေဟာ တစ်နိုင်ငံ လုံးက နယ်မြေဒေသအနှံ့မှာ

နေ့စဉ်နဲ့အမျှ သေဆုံးဒဏ်ရာရနေတာတွေက ပြည်သူတွေ မမြင်ချင်မှ အဆုံး ပါပဲ။ အာဏာရူးမင်းအောင်လှိုင်ဘက်တော်သား စစ်သားတွေ ၊

ရဲတွေ၊ အုပ်ကြီးတွေ၊ ဒလန်တွေ ဆိုရင်လည်း မြို့ပေါ်ကျေးလက်နေရာအနှံ့မှာ နေ့စဉ်နဲ့အမျှ ပြည်သူတွေရဲ့လက်ချက်နဲ့ ဇီဝိန်ချုပ်နေကြ ရပါ

တယ်။အတွင်းသတင်းတွေအရ မင်းအောင်လှိုင်တို့အာဏာရူးအုပ်စုဟာ နေပြည်တော်၊ ဧရာဝတီ၊ ပဲခူးနဲ့ မွန်ကို ခုချိန်ထိ သူတို့အပိုင်

ထိန်းချုပ်ထားနိုင်တဲ့ အစိမ်းရောင်နယ်မြေအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါ တယ်။ ရန်ကုန်နဲ့ မန္တလေးကိုတော့ တစ်ဝက်လောက်တော့

သူတို့ထိန်းထားနိုင်တယ်လို့ ယူဆနေတယ်လို့ ဆိုပါတယ်။ သူတို့နဲ့ ပြည်သူ ၅၀-၅၀ အားပြိုင်နေတဲ့အခြေအနေလို့ ယူဆထားတာပါ။ စစ်

ကိုင်း၊ မကွေး၊ ချင်း၊ ကယားနဲ့ တနင်္သာရီကိုတော့ သူတို့အားနည်းပြီး ပြည်သူ့တော်လှန်ရေးဘက်က အားကောင်းတဲ့ နယ်မြေတွေအဖြစ်

သတ်မှတ်ထားပါတယ်။ ရခိုင်၊ ကချင်၊ ရှမ်းမြောက်နဲ့ ကရင်က တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နယ်မြေတွေဖြစ်ပြီး စစ်ဖြစ်ရင် သူတို့ ဆု

တ်ခွါရနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။ ရှမ်းတောင်နဲ့ တချို့ဒေသတွေမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအချင်းချင်း

တိုက်ခိုက်မှုတွေ ရှိနေလို့ သူတို့ကို ရုတ်တရက် ဒုက္ခမပေးနိုင်ဘူးလို့ သုံးသပ်ထားပါတယ်။ ဒါပေမဲ့ ခက်နေတာက တစ်တိုင်းပြည်လုံး ဘယ်

နေ့ထပြီး အုံကြွမလဲဆိုတာကို စိုးတထိတ်ထိတ်နဲ့ ဖြစ်နေရသလို၊ တပ်တွေ ရဲတွေထဲမှာလည်း သူတို့အပေါ် မကျေမနပ်ဖြစ်နေသူတွေက

ဘယ်နေ့စပုန်ကန်မလဲဆိုတာ ထိတ်လန့် တုန်လှုပ်နေရတဲ့ အခြေအနေပါ။ ပြည်သူကတကယ်တိုက်ပြီဆို လက်နက်စွန့်ပြီး ပြည်သူ့ရင်ခွင်ခို

ဝင် လာကြမယ်ဆိုတဲ့ တပ်ထဲရဲထဲကသူတွေကလည်း ပြည်သူ့တော်လှန်ရေးနေ့ကို လည်ပင်းတရှည်ရှည်နဲ့

စောင့်မျှော်နေကြပါပြီ။

ဘာပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ ကြံ့ကြံ့ခံတွန်းလှန်မှုက အာဏာရူးမအလကို အရှုံးကြီး ရှုံးနေစေခဲ့ပါပြီ။ အဆုံးထိရောက်အောင် ညီညီညွတ်

ညွတ်နဲ့ ကျရာနေရာက ဆက်တွန်းကြပါစို့။

အရေးတော်ပုံ မုချ အောင်ရမည်

Zawgyi

အရႈံးႀကီး ရႈံးေနၿပီျဖစ္တဲ့ အာဏာ႐ူးမင္းေအာင္လွိုင္

ေရာင္းမေလာက္တဲ့ ေႏြဦးထီ
ဒီရက္ထဲမွာ ျပည္သူေတြ ေသာင္းေသာင္းဖ်ဖ်အားေပးေနတဲ့ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ရဲ့ “ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ” ဟာ အာဏာ႐ူးမင္းေအာင္လွိုင္တို႔အုပ္စုကို ေျခမကိုင္မိ လက္မကိုင္မိနဲ႔ အ႐ူး မီးဝိုင္းျဖစ္ေစခဲ့ပါတယ္။ “ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ” ေရာင္းမယ္ဆိုေတာ့ မအလတို႔အုပ္စုက ျပည္ပမွာ ေရာင္းမယ္ေလာက္ပဲေတြးၿပီး သိပ္မပူပါဘူး။

ခုေတာ့ ျပည္ပမွာ လုံးဝမေရာင္းဘဲ ျပည္တြင္းက ျပည္သူေတြ ထိုးနိုင္ေအာင္ ေရာင္းတာျဖစ္တဲ့အျပင္ ျပည္သူေတြကလည္း အားရပါးရ ထိုးၾက၊ ေငြေပးေခ်တာက် ေတာ့လည္း ျပည္တြင္းက အြန္လိုင္းေငြေပးစနစ္ေတြအတြင္းက ေငြေပးေခ်တာဆိုေတာ့ မအလတို႔ အာဏာ႐ူးတစ္သိုက္ ဘာလုပ္ရမွန္းမသိျဖစ္ၿပီး ျပည္တြင္းက အြန္လိုင္းေငြေၾကးစီးဆင္းတဲ့စနစ္ကိုပဲ ဖ်က္ ပစ္ရမလို။ ဒီလို ဖ်က္ဖို႔က်ျပန္ေတာ့လည္း နဂိုကမွ ဘဏ္ေတြမွာ ေငြမအပ္ေတာ့လို႔ ဘဏ္စနစ္ႀကီးတစ္ခု လုံး ၿပိဳက်လုမတတ္ျဖစ္ေနတာကို လုံးလုံးအၿပီးသတ္လိုက္သလို ျဖစ္ေတာ့မွာပါ။

ဒီတိုင္းထားျပန္ရင္ လည္း မဲခိုးပါတယ္လို႔ စြပ္စြဲထားတဲ့ သူေတြကို ျပည္သူေတြက ဘယ္ေလာက္ေထာက္ခံအားေပးေနတယ္ ဆိုတာ အရင္ကတည္းက ထင္ရွားၿပီးျဖစ္ေပမယ့္ သက္ေသျပစရာေနာက္တစ္ခုထပ္တိုးလာေတာ့မွာပါ။ ဒီေတာ့ကာ မအလတို႔ အာဏာ႐ူးႏြားတစ္သိုက္အဖို႔ “ေရွ႕တိုးထမ္းပိုး၊ ေနာက္ဆုတ္ လွည္းထုပ္” ဆိုသလို မတိုးသာ မဆုတ္သာ အက်ပ္အတည္းထဲ ဝဲလည္ေနပါေတာ့တယ္။

နိုင္ငံတကာမ်က္ႏွာစာ
နိုင္ငံတကာက မအလကို အစိုးရလို႔ကို ဘယ္နိုင္ငံကမွ အသိအမွတ္မျပဳထားတာပါ။ ဒီအေျခအေနမွာ ကုလသမဂၢ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ျပည္သူေတြနဲ႔အတူ CRPH/ NUG ဘက္ကရပ္လိုက္ေတာ့ မအလတို႔ အေတာ္ခြက်သြားပါတယ္။

ဖားျပဳတ္မ်က္ႏွာနဲ႔ ဝဏၰေမာင္ လြင္ကို ဆရာတင္ထားရတဲ့ မအလဟာ ကုလသမဂၢသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကိစၥနဲ႔တင္ အေတာ္ တိုင္ပတ္ေနၿပီး ဘယ္နိုင္ငံကမွလည္း သူတို႔ကို အဖတ္မလုပ္တဲ့အေနအထားျဖစ္ေနခဲ့တာ ၆ လေက်ာ္ပါၿပီ။

ဟိုဖားျပဳတ္က လည္း ဉာဏ္ကမရွိတဲ့ လူမိုက္ဆိုေတာ့ ေနာက္ဆုံး ‌ေဒါသမထိန္းနိုင္ေတာ့ဘဲ၊ လူဆိုးေတြနဲ႔ ေမာင္တိုင္ပင္ ၿပီး ဦးေက်ာ္မိုးထြန္းကို အေမရိကန္ေျမေပၚမွာ လုပ္ႀကံဖို႔ ႀကံစည္ပါေတာ့တယ္။

ဒါေပမဲ့လည္း ဆရာ ေတြကလည္း ခပ္တုံးတုံး တပည့္ေတြကလည္း ခပ္ခ်ာခ်ာဆိုေတာ့ကာ သံအမတ္ႀကီးကို လုပ္ႀကံ သတ္ျဖတ္ေရး သူတို႔ရဲ့ မဟာစီမံကိန္းႀကီးက မေအာင္ျမင္တဲ့အျပင္ ကမၻာ့အလည္မွာ အင္မတန္ယုတ္မာ ရိုင္းစိုင္းသူေတြအျဖစ္ မရွိေတာ့တဲ့ အရွက္ပါ ကြဲခဲ့ရပါတယ္။

ဒါ့အျပင္ ဒီလို အၾကမ္းဖက္လုပ္ရပ္ေၾကာင့္ စက္တင္ဘာလမွာ ဆုံးျဖတ္မယ့္ ဦးေက်ာ္မိုးထြန္းကို ကုလသံအမတ္ႀကီးအျဖစ္ဆက္လက္ ခန႔္အပ္ေရးကိစၥကလည္း အမ်ိဳးသားညီညြတ္ ေရး အစိုးရဘက္က ပိုပိုၿပီး အေလးသာလာေစခဲ့ပါတယ္။

စစ္ေရးစစ္ရာ
စစ္ေရးစစ္ရာ ဘက္ကို ၾကည့္ရင္လည္း အာဏာ႐ူးမင္းေအာင္လွိုင္ရဲ့ လက္ပါးေစတပ္ေတြဟာ တစ္နိုင္ငံ လုံးက နယ္ေျမေဒသအႏွံ့မွာ ေန႔စဥ္နဲ႔အမၽွ ေသဆုံးဒဏ္ရာရေနတာေတြက ျပည္သူေတြ မျမင္ခ်င္မွ အဆုံး ပါပဲ။ အာဏာ႐ူးမင္းေအာင္လွိုင္ဘက္ေတာ္သား စစ္သားေတြ ၊ ရဲေတြ၊ အုပ္ႀကီးေတြ၊ ဒလန္ေတြ ဆိုရင္လည္း ၿမိဳ႕ေပၚေက်းလက္ေနရာအႏွံ့မွာ ေန႔စဥ္နဲ႔အမၽွ ျပည္သူေတြရဲ့လက္ခ်က္နဲ႔ ဇီဝိန္ခ်ဳပ္ေနၾက ရပါတယ္။

အတြင္းသတင္းေတြအရ မင္းေအာင္လွိုင္တို႔အာဏာ႐ူးအုပ္စုဟာ ေနျပည္ေတာ္၊ ဧရာဝတီ၊ ပဲခူးနဲ႔ မြန္ကို ခုခ်ိန္ထိ သူတို႔အပိုင္ ထိန္းခ်ဳပ္ထားနိုင္တဲ့ အစိမ္းေရာင္နယ္ေျမအျဖစ္ သတ္မွတ္ထားတယ္လို႔ သိရပါ တယ္။ ရန္ကုန္နဲ႔ မႏၲေလးကိုေတာ့ တစ္ဝက္ေလာက္ေတာ့ သူတို႔ထိန္းထားနိုင္တယ္လို႔ ယူဆေနတယ္လို႔ ဆိုပါတယ္။

သူတို႔နဲ႔ ျပည္သူ ၅၀-၅၀ အားၿပိဳင္ေနတဲ့အေျခအေနလို႔ ယူဆထားတာပါ။ စစ္ကိုင္း၊ မေကြး၊ ခ်င္း၊ ကယားနဲ႔ တနသၤာရီကိုေတာ့ သူတို႔အားနည္းၿပီး ျပည္သူ႔ေတာ္လွန္ေရးဘက္က အားေကာင္းတဲ့ နယ္ေျမေတြအျဖစ္ သတ္မွတ္ထားပါတယ္။

ရခိုင္၊ ကခ်င္၊ ရွမ္းေျမာက္နဲ႔ ကရင္က တိုင္းရင္းသား လက္နက္ကိုင္ေတြရဲ့ နယ္ေျမေတြျဖစ္ၿပီး စစ္ျဖစ္ရင္ သူတို႔ ဆုတ္ခြါရနိုင္တယ္လို႔ သတ္မွတ္ထားပါတယ္။ ရွမ္းေတာင္နဲ႔ တခ်ိဳ႕ေဒသေတြမွာေတာ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြအခ်င္းခ်င္း တိုက္ခိုက္မႈေတြ ရွိေနလို႔ သူတို႔ကို ႐ုတ္တရက္ ဒုကၡမေပးနိုင္ဘူးလို႔ သုံးသပ္ထားပါတယ္။

ဒါေပမဲ့ ခက္ေနတာက တစ္တိုင္းျပည္လုံး ဘယ္ေန႔ထၿပီး အုံႂကြမလဲဆိုတာကို စိုးတထိတ္ထိတ္နဲ႔ ျဖစ္ေနရသလို၊ တပ္ေတြ ရဲေတြထဲမွာလည္း သူတို႔အေပၚ မေက်မနပ္ျဖစ္ေနသူေတြက ဘယ္ေန႔စပုန္ကန္မလဲဆိုတာ ထိတ္လန႔္ တုန္လႈပ္ေနရတဲ့ အေျခအေနပါ။ ျပည္သူကတကယ္တိုက္ၿပီဆို လက္နက္စြန႔္ၿပီး ျပည္သူ႔ရင္ခြင္ခိုဝင္ လာၾကမယ္ဆိုတဲ့ တပ္ထဲရဲထဲကသူေတြကလည္း ျပည္သူ႔ေတာ္လွန္ေရးေန႔ကို လည္ပင္းတရွည္ရွည္နဲ႔ေစာင့္ေမၽွာ္ေနၾကပါၿပီ။

ဘာပဲျဖစ္ျဖစ္ ျပည္သူေတြရဲ့ ႀကံ့ႀကံ့ခံတြန္းလွန္မႈက အာဏာ႐ူးမအလကို အရႈံးႀကီး ရႈံးေနေစခဲ့ပါၿပီ။ အဆုံးထိေရာက္ေအာင္ ညီညီညြတ္ညြတ္နဲ႔ က်ရာေနရာက ဆက္တြန္းၾကပါစို႔။
အေရးေတာ္ပုံ မုခ် ေအာင္ရမည္