ၾကားသိသမွ်

၄၄လမ်းဖြစ်စဉ်မှာ လွတ်မြောက်သွားတဲ့လူငယ်လေးကို ဒ လန်‌လို့စွပ်စွဲနေကြတဲ့အပေါ် သူမရဲ့ထင်မြင်ချက်

၄၄လမ်းဖြစ်စဉ်မှာ လွတ်မြောက်သွားတဲ့လူငယ်လေးကို ဒလန်‌လို့စွပ်စွဲနေကြတဲ့အပေါ် သူမရဲ့ထင်မြင်ချက်ကိုပြောလာတဲ့ ပန်ဆယ်လို

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက ရန်ကုန်မြို့၊ဗိုလ်တစ်ထောင်မြို့နယ်ရှိ ၄၄လမ်းမှာ လက်နက်ကိုင်တပ်တွေရဲ့ဖမ်းဆီးမှုကြောင့် လူငယ်တစ်ချို့

တိုက်ပေါ်ကနေ ခုန်ချခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တာကို ပရိသတ်တွေလည်းသိကြမယ်ထင်ပါတယ်။

၎င်းဖြစ်စဉ်မှာသေဆုံးခဲ့တယ်လို့ သတင်းထွက်ရှိခဲ့တဲ့ မောင်ကောင်းမင်းသန့်ဟာ အခုအချိန်မှာလွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီလို့ သိ

ရပါတယ်။ အခုလိုလွတ်မြောက်သွားတဲ့ ဖြစ်စဉ်နဲ့ပက်သက်ပြီး ပြည်သူတွေကြားမှာ မေးခွန်းထုတ်စရာများစွာရှိလာခဲ့ပြီး ဒလန်လို့စွပ်စွဲချက်

အချို့ပါ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီအကြောင်းအရာနဲ့ပက်သက်ပြီး ပန်ဆယ်လိုဟာ သူမရဲ့ထင်မြင်ချက်နဲ့ ယူဆချက်အကြောင်းအရာတစ်ချို့ကို Facebookစာမျက်နှာမှာ

ရေးသားလာခဲ့ပါတယ်။ အကြောင်းအရာ အပြည့်အစုံကတော့ “၄၄ လမ်းကိစ္စမှာ သေဆုံးသူလို့ သတင်းထွက်ပေါ်ထားတဲ့ လူငယ်လေးဟာ

လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတဲ့ Live Video ပေါ်ထွက်လာတယ်။ သူပြောသွားတဲ့ အချက်တွေထဲမှာ

၁)သူတို့ကို စစ်ကောင်စီက ဘယ်လိုအကွက်ဆင် ဖမ်းဆီးခဲ့တယ်ဆိုတဲ့ကိစ္စ

၂)မပန်းသီးရဲ့ အရှက်ပေါ်နေတဲ့ ရုပ်အလောင်းကိစ္စ

၃)YMBA အပါအဝင် အဲ့နေ့က ပေါက်ကွဲမှုတွေကို စစ်ကောင်စီက ကိုယ်တိုင်ပြုလုပ်ပြီး အပြစ်ပုံချတဲ့ကိစ္စ

၄)မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုပြီး စွပ်စွဲတဲ့ကိစ္စ

၅)ဖမ်းမိသွားတဲ့ လူငယ်နှစ်ဦးကို MWD,MRTV မှာ လိမ်လည်ထွက်ဆိုခိုင်းတာနဲ့ ဒီလူငယ်နှစ်ဦးဟာ ခြိမ်းခြောက်ခံရလို့ ထွက်ဆိုခဲ့ရတာ

အပြင် ဒလန် မဟုတ်ဘူးဆိုတာတွေပါ။

ဒလန်လို့ ပြည်သူတွေစိုးရိမ်နေကြတာမှန်ပေမယ့် စိုးရိမ်မှုလွန်ကဲနေရင်လည်း မကောင်းကြောင်း၊ ဘ၀နဲ့ရင်း အသက်နဲ့ရင်းပြီးလုပ်‌နေရတဲ့

လူငယ်တွေအတွက် စိတ်ဓာတ်ကျသွားနိုင်ကြောင်းလည်း ပန်ဆယ်လိုကရေးသားထားပါတယ်။ သူမနားလည်တဲ့ပုံစံအရ လူငယ်လေးဟာ

တံစက်မြိတ်အောက်မှာပုန်းနေခဲ့ပြီး

လက်နက်ကိုင်တပ်တွေမမြင်သွားခဲ့တာကြောင့် လွတ်မြောက်လာခဲ့တာဖြစ်ပြီး အသေးစိတ်သိချင်နေကြတဲ့ပြည်သူတွေကိုလည်း သိသွားရင်

အကျိုးမရှိနိုင်ကြောင်း၊ အန္တရာယ်များနိုင်ကြောင်းကို သူမအတွေ့အကြုံနဲ့ယှဉ်ကာရေးသားထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်

ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Pencilo on Earth’s Facebook page

Zawgyi

၄၄လမ္းျဖစ္စဥ္မွာ လြတ္ေျမာက္သြားတဲ့လူငယ္ေလးကို ဒလန္‌လို႔စြပ္စြဲေနၾကတဲ့အေပၚ သူမရဲ့ထင္ျမင္ခ်က္ကိုေျပာလာတဲ့ ပန္ဆယ္လို

လြန္ခဲ့တဲ့ရက္ပိုင္းအတြင္းက ရန္ကုန္ၿမိဳ႕၊ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္ရွိ ၄၄လမ္းမွာ လက္နက္ကိုင္တပ္ေတြရဲ့ဖမ္းဆီးမႈေၾကာင့္ လူငယ္တစ္ခ်ိဳ႕တိုက္ေပၚကေန ခုန္ခ်ခဲ့တဲ့ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့တာကို ပရိသတ္ေတြလည္းသိၾကမယ္ထင္ပါတယ္။

၎ျဖစ္စဥ္မွာေသဆုံးခဲ့တယ္လို႔ သတင္းထြက္ရွိခဲ့တဲ့ ေမာင္ေကာင္းမင္းသန႔္ဟာ အခုအခ်ိန္မွာလြတ္ေျမာက္နယ္ေျမကိုေရာက္ရွိေနၿပီလို႔ သိရပါတယ္။ အခုလိုလြတ္ေျမာက္သြားတဲ့ ျဖစ္စဥ္နဲ႔ပက္သက္ၿပီး ျပည္သူေတြၾကားမွာ ေမးခြန္းထုတ္စရာမ်ားစြာရွိလာခဲ့ၿပီး ဒလန္လို႔စြပ္စြဲခ်က္အခ်ိဳ႕ပါ ထြက္ေပၚလာခဲ့ပါတယ္။

ဒီအေၾကာင္းအရာနဲ႔ပက္သက္ၿပီး ပန္ဆယ္လိုဟာ သူမရဲ့ထင္ျမင္ခ်က္နဲ႔ ယူဆခ်က္အေၾကာင္းအရာတစ္ခ်ိဳ႕ကို Facebookစာမ်က္ႏွာမွာ ေရးသားလာခဲ့ပါတယ္။ အေၾကာင္းအရာ အျပည့္အစုံကေတာ့ “၄၄ လမ္းကိစၥမွာ ေသဆုံးသူလို႔ သတင္းထြက္ေပၚထားတဲ့ လူငယ္ေလးဟာ လြတ္ေျမာက္နယ္ေျမတစ္ေနရာကို ေရာက္ရွိေနတဲ့ Live Video ေပၚထြက္လာတယ္။ သူေျပာသြားတဲ့ အခ်က္ေတြထဲမွာ

၁)သူတို႔ကို စစ္ေကာင္စီက ဘယ္လိုအကြက္ဆင္ ဖမ္းဆီးခဲ့တယ္ဆိုတဲ့ကိစၥ

၂)မပန္းသီးရဲ့ အရွက္ေပၚေနတဲ့ ႐ုပ္အေလာင္းကိစၥ

၃)YMBA အပါအဝင္ အဲ့ေန႔က ေပါက္ကြဲမႈေတြကို စစ္ေကာင္စီက ကိုယ္တိုင္ျပဳလုပ္ၿပီး အျပစ္ပုံခ်တဲ့ကိစၥ

၄)မူးယစ္ေဆးဝါးသုံးစြဲတယ္ဆိုၿပီး စြပ္စြဲတဲ့ကိစၥ

၅)ဖမ္းမိသြားတဲ့ လူငယ္ႏွစ္ဦးကို MWD,MRTV မွာ လိမ္လည္ထြက္ဆိုခိုင္းတာနဲ႔ ဒီလူငယ္ႏွစ္ဦးဟာ ၿခိမ္းေျခာက္ခံရလို႔ ထြက္ဆိုခဲ့ရတာအျပင္ ဒလန္ မဟုတ္ဘူးဆိုတာေတြပါ။

ဒလန္လို႔ ျပည္သူေတြစိုးရိမ္ေနၾကတာမွန္ေပမယ့္ စိုးရိမ္မႈလြန္ကဲေနရင္လည္း မေကာင္းေၾကာင္း၊ ဘ၀နဲ႔ရင္း အသက္နဲ႔ရ

င္းၿပီးလုပ္‌ေနရတဲ့ လူငယ္ေတြအတြက္ စိတ္ဓာတ္က်သြားနိုင္ေၾကာင္းလည္း ပန္ဆယ္လိုကေရးသားထားပါတယ္။ သူမနားလည္တဲ့ပုံစံ

အရ လူငယ္ေလးဟာ တံစက္ၿမိတ္ေအာက္မွာပုန္းေနခဲ့ၿပီး

လက္နက္ကိုင္တပ္ေတြမျမင္သြားခဲ့တာေၾကာင့္ လြတ္ေျမာက္လာခဲ့တာျဖစ္ၿပီး အေသးစိတ္သိခ်င္ေနၾကတဲ့ျပည္သူေတြကိုလည္း သိ

သြားရင္အက်ိဳးမရွိနိုင္ေၾကာင္း၊ အႏၲရာယ္မ်ားနိုင္ေၾကာင္းကို သူမအေတြ႕အၾကဳံနဲ႔ယွဥ္ကာေရးသားထားခဲ့ပါတယ္။ ပရိသတ္ေတြ

အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

သတင္းအရင္းျမစ္: Pencilo on Earth’s Facebook page