ၾကားသိသမွ်

စစ်တက္ကသိုလ်ကျောင်းဆင်းများ ပြည်သူကို အများဆုံးဒုက္ခပေးနေသူများဖြစ်ဟု CDM အရာရှိများဝေဖန်

စစ်တက္ကသိုလ်ကျောင်းဆင်းတွေဟာ ပြည်သူလူထုရဲ့ဘဏ္ဍာငွေ နိုင်ငံတော်ဘတ်ဂျက်နဲ့ ပညာသင်ခဲ့ပြီး ပြည်သူတွေကို အများဆုံးဒုက္ခပေး

နေတဲ့သူတွေဖြစ်သလို နိုင်ငံတော်အတွက်လည်း တာဝန်မကျေတဲ့ ကျောင်းဆင်းတွေဖြစ်တယ်လို့ CDM တပ်မတော်အရာရှိတွေက ဝေဖန်

လိုက်ပါတယ်။ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာ ပြည်သူတွေကို သေစေနိုင်လောက်အောင်ရည်ရွယ်ပြီး

အကြမ်းဖက်ပစ်သတ်နေတဲ့ လုပ်ရပ်တွေကို မြေပြင်မှာတာဝန်ယူထားတဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိတွေနဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူ

တွေက အာဏာရှင် စစ်ခေါင်းဆောင်တွေရဲ့ အမိန့်ပေးစေခိုင်းမှုတွေနဲ့အတူ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြည်သူတွေကပေးတဲ့အခွန်ငွေတွေနဲ့ စစ်တက္ကသိုလ်မှာ စစ်ပညာတွေကိုသင်ကြားခဲ့ကြပြီး တိုင်းပြည်တာဝန်ကို ပြန်လည်ထမ်းဆောင်ခဲ့ကြ

တဲ့အချိန်မှာ ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်နေခဲ့ကြတဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိတွေရဲ့လုပ်ရပ်ဟာ အမိစစ်တက္ကသိုလ်ရဲ့

ဂုဏ်သိက္ခာကို ကျဆင်းစေပြီး စစ်တက္ကသိုလ်ရဲ့ သမိုင်းကို ဖျက်ဆီးနေတဲ့သူတွေဖြစ်တယ်လို့ CDM တပ်မတော်အရာရှိတစ်ဦးဖြစ်တဲ့

စစ်တက္ကသိုလ်အပတ်စဉ် ၅၂ ဆင်း ဗိုလ်ကြီးညီသုတ ပြောပါတယ်။နိုင်ငံတော် ဘတ်ဂျက်နဲ့ စစ်ပညာတွေသင်ခဲ့တဲ့ စစ်တက္ကသိုလ်ကျောင်း

ဆင်းတွေဟာ တိုင်းပြည်နဲ့ လူထုအပေါ် ဘယ်လောက်တာဝန်ကျေပြီလဲဆိုတဲ့ မေးခွန်းမေးခံရတိုင်း စစ်တက္ကသိုလ်ကျောင်းဆင်း အရာရှိတစ်

ယောက်အနေနဲ့ ရှက်မိတယ်လို့လည်း ဗိုလ်ကြီးညီသုတကဆိုပါတယ်။

အရင်က စစ်တက္ကသိုလ်တက်ဖို့အတွက် လူဦးရေသတ်မှတ်ချက်ထက်က ကျော်လွန်လျှောက်ထားမှုတွေရှိခဲ့ပြီး စစ်တက္ကသိုလ်တက်ချင်ပြီး မ

တက်လိုက်ရတဲ့သူတွေရှိပေမယ့် လက်ရှိအချိန်မှာတော့ စစ်တက္ကသိုလ်တက်ဖို့ လျှောက်ထားသူအလွန်နည်းပါးနေတာကြောင့် သင်တန်း

လျှောက်လွှာ ဖောင်ပိတ်ရက်ကို ရက်ထပ်မံတိုးပြီး ခေါ်ယူနေပါတယ်။

အာဏာမသိမ်းခင် စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိတွေအနေနဲ့ နောင်တစ်ခေတ်ရဲ့ အောင်စစ်သည်တွေကို မွေးထုတ်ပေးတဲ့ အမိ

စစ်တက္ကသိုလ်အဖြစ် အမြဲဂုဏ်ယူနေပြီး လက်ရှိမှာ ပြည်သူ့ကို ပြန်လည်သတ်ဖြတ်နေတဲ့ ကျောင်းဆင်းတွေကြောင့် စစ်တက္ကသိုလ်တက်မိ

တာ နောင်တရမိတယ်လို့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်လာတဲ့ ဗိုလ်ဇာနည်အောင်ကလည်း ပြောပါတယ်။

စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိစစ်သည်တွေအနေနဲ့ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် အမိန့်နာခံရတယ်ဆိုတာကို လက်ခံပေမယ့်

တိုင်းပြည်နဲ့ လူထုအကျိုးမရှိဘဲ အာဏာရှင်လူတစ်စုကောင်းစားရေးအတွက် ပေးလာတဲ့ အမိန့်တွေဆိုရင် နာခံဖို့မလိုဘူးလို့ CDM

တပ်မတော်အရာရှိစစ်သည်တွေက ပြောပါတယ်။စစ်ခေါင်းဆောင်လူတစ်စုအကျိုးစီးပွားကာကွယ်ဖို့နဲ့ အာဏာဖက်တွယ်မှုတွေကြောင့်

နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တဲ့ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လို တာကြောင့် အာဏာဖီဆန်မှုလုပ်လာခဲ့တဲ့

တပ်မတော်အရာရှိစစ်သည် ၁၀၀၀ နီးပါးရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကလည်း အသိမှတ်ပြု CDM ကုတ်

နံပါတ်တွေကိုထုတ်ပေးနေပါတယ်။

 

Zawgyi

စစ္တကၠသိုလ္ေက်ာင္းဆင္းေတြဟာ ျပည္သူလူထုရဲ့ဘ႑ာေငြ နိုင္ငံေတာ္ဘတ္ဂ်က္နဲ႔ ပညာသင္ခဲ့ၿပီး ျပည္သူေတြကို အမ်ားဆုံးဒုကၡေပးေနတဲ့သူေတြျဖစ္သလို နိုင္ငံေတာ္အတြက္လည္း တာဝန္မေက်တဲ့ ေက်ာင္းဆင္းေတြျဖစ္တယ္လို႔ CDM တပ္မေတာ္အရာရွိေတြက ေဝဖန္လိုက္ပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းမႈျဖစ္စဥ္ေနာက္ပိုင္းမွာ ျပည္သူေတြကို ေသေစနိုင္ေလာက္ေအာင္ရည္ရြယ္ၿပီး အၾကမ္းဖက္ပစ္သတ္ေနတဲ့ လုပ္ရပ္ေတြကို ေျမျပင္မွာတာဝန္ယူထားတဲ့ စစ္တကၠသိုလ္ေက်ာင္းဆင္းအရာရွိေတြနဲ႔ ရဲတပ္ဖြဲ႕တာဝန္ရွိသူေတြက အာဏာရွင္ စစ္ေခါင္းေဆာင္ေတြရဲ့ အမိန႔္ေပးေစခိုင္းမႈေတြနဲ႔အတူ လုပ္ေဆာင္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ျပည္သူေတြကေပးတဲ့အခြန္ေငြေတြနဲ႔ စစ္တကၠသိုလ္မွာ စစ္ပညာေတြကိုသင္ၾကားခဲ့ၾကၿပီး တိုင္းျပည္တာဝန္ကို ျပန္လည္ထမ္းေဆာင္ခဲ့ၾကတဲ့အခ်ိန္မွာ ျပည္သူေတြကို ရက္စက္စြာ သတ္ျဖတ္ေနခဲ့ၾကတဲ့ စစ္တကၠသိုလ္ေက်ာင္းဆင္းအရာရွိေတြရဲ့လုပ္ရပ္ဟာ အမိစစ္တကၠသိုလ္ရဲ့ ဂုဏ္သိကၡာကို က်ဆင္းေစၿပီး စစ္တကၠသိုလ္ရဲ့ သမိုင္းကို ဖ်က္ဆီးေနတဲ့သူေတြျဖစ္တယ္လို႔ CDM တပ္မေတာ္အရာရွိတစ္ဦးျဖစ္တဲ့ စစ္တကၠသိုလ္အပတ္စဥ္ ၅၂ ဆင္း ဗိုလ္ႀကီးညီသုတ ေျပာပါတယ္။

နိုင္ငံေတာ္ ဘတ္ဂ်က္နဲ႔ စစ္ပညာေတြသင္ခဲ့တဲ့ စစ္တကၠသိုလ္ေက်ာင္းဆင္းေတြဟာ တိုင္းျပည္နဲ႔ လူထုအေပၚ ဘယ္ေလာက္တာဝန္ေက်ၿပီလဲဆိုတဲ့ ေမးခြန္းေမးခံရတိုင္း စစ္တကၠသိုလ္ေက်ာင္းဆင္း အရာရွိတစ္ေယာက္အေနနဲ႔ ရွက္မိတယ္လို႔လည္း ဗိုလ္ႀကီးညီသုတကဆိုပါတယ္။

အရင္က စစ္တကၠသိုလ္တက္ဖို႔အတြက္ လူဦးေရသတ္မွတ္ခ်က္ထက္က ေက်ာ္လြန္ေလၽွာက္ထားမႈေတြရွိခဲ့ၿပီး စစ္တကၠသိုလ္တက္ခ်င္ၿပီး မတက္လိုက္ရတဲ့သူေတြရွိေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ စစ္တကၠသိုလ္တက္ဖို႔ ေလၽွာက္ထားသူအလြန္နည္းပါးေနတာေၾကာင့္ သင္တန္းေလၽွာက္လႊာ ေဖာင္ပိတ္ရက္ကို ရက္ထပ္မံတိုးၿပီး ေခၚယူေနပါတယ္။

အာဏာမသိမ္းခင္ စစ္တကၠသိုလ္ေက်ာင္းဆင္းအရာရွိေတြအေနနဲ႔ ေနာင္တစ္ေခတ္ရဲ့ ေအာင္စစ္သည္ေတြကို ေမြးထုတ္ေပးတဲ့ အမိစစ္တကၠသိုလ္အျဖစ္ အျမဲဂုဏ္ယူေနၿပီး လက္ရွိမွာ ျပည္သူ႔ကို ျပန္လည္သတ္ျဖတ္ေနတဲ့ ေက်ာင္းဆင္းေတြေၾကာင့္ စစ္တကၠသိုလ္တက္မိတာ ေနာင္တရမိတယ္လို႔ အာဏာဖီဆန္ေရးလႈပ္ရွားမႈမွာပါဝင္လာတဲ့ ဗိုလ္ဇာနည္ေအာင္ကလည္း ေျပာပါတယ္။

စစ္တကၠသိုလ္ေက်ာင္းဆင္းအရာရွိစစ္သည္ေတြအေနနဲ႔ စစ္သားတစ္ေယာက္ျဖစ္တဲ့အတြက္ အမိန႔္နာခံရတယ္ဆိုတာကို လက္ခံေပမယ့္ တိုင္းျပည္နဲ႔ လူထုအက်ိဳးမရွိဘဲ အာဏာရွင္လူတစ္စုေကာင္းစားေရးအတြက္ ေပးလာတဲ့ အမိန႔္ေတြဆိုရင္ နာခံဖို႔မလိုဘူးလို႔ CDM တပ္မေတာ္အရာရွိစစ္သည္ေတြက ေျပာပါတယ္။

စစ္ေခါင္းေဆာင္လူတစ္စုအက်ိဳးစီးပြားကာကြယ္ဖို႔နဲ႔ အာဏာဖက္တြယ္မႈေတြေၾကာင့္ နိုင္ငံေတာ္အာဏာကိုသိမ္းယူခဲ့တဲ့ စစ္ေကာင္စီလက္ေအာက္မွာ တာဝန္မထမ္းေဆာင္လို တာေၾကာင့္ အာဏာဖီဆန္မႈလုပ္လာခဲ့တဲ့ တပ္မေတာ္အရာရွိစစ္သည္ ၁၀၀၀ နီးပါးရွိၿပီး အမ်ိဳးသားညီညြတ္ေရးအစိုးရကာကြယ္ေရးဝန္ႀကီးဌာနကလည္း အသိမွတ္ျပဳ CDM ကုတ္နံပါတ္ေတြကိုထုတ္ေပးေနပါတယ္။