ၾကားသိသမွ်

နိုင်ငံ​ရေး လုပ်၍ မိဘများရဲ့ သမီးအဖြစ်မှ အ​မွေဖြတ် လိုက်ခြင်း ခံရသူ ​တော်လှန်​ရေး အမျိုးသမီးတဦး

နိုင်ငံ​ရေး လုပ်၍ မိဘများရဲ့ သမီးအဖြစ်မှ အ​မွေဖြတ် လိုက်ခြင်း ခံရသူ ​တော်လှန်​ရေး အမျိုးသမီးတဦး။

၂၀၂၁ခုနှစ်သြဂုတ်၁၇ရက်။

​ဖေ​ဖော်ဝါရီ၁ရက်​နေ့မှ စ၍ စစ်​ကောင်စီ​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်၏ အာဏာထိန်းချုပ်မှု​စနစ် အောက် ​ရောက်ရှိသွား​

သော မြန်မာ နိုင်ငံတွင် စစ်အာဏာရှင် စနစ်ကို အပြီးတိုင် ဆန့်ကျင်​တော်လှန်ကြ​သော လူငယ်များစွာ ထွက်​ပေါ်လာသည့်အနက် မန္တ​လေး

မြို့မှ မအိပြည့်စုံ လည်း ပါဝင်ခဲ့ပါသည်။

ယခုအခါ ၎င်း၏ မိဘများက နိုင်ငံ​ရေး လုပ်၍ မိဘများကို စိတ်ဆင်းရဲ​အောင် လုပ်သည်ဟု ဆိုကာ သမီး အဖြစ်မှ အ​မွေပြတ် စွန့်လွတ် ​

ကြောင်းကို စစ်​ကောင်စီ၏ ဝါဒဖြန့် သတင်းစာမှ တဆင့် ထည့်သွင်း ​ကြေငြာခဲ့သည်ကို မအိပြည်စုံထံ မှ တဆင့် သိရှိခဲ့ရခြင်း ဖြစ်ပါသည်။

မိဘများ ယခုလို ပြုလုပ်ရခြင်းသည် စစ်​ကောင်စီမှ မိသားစုဝင်များထံ အန္တရာယ်ပြုလာမည်ကို စိုးရိမ်သည့် အတွက်​ကြောင်းလား၊

သို့မဟုတ် သမီး ဖြစ်သူ က ​တော်လှန်​ရေး လုပ်သည်ကို မကြိုက်နှစ်သက်သည့်အတွက်​ကြောင့်လား ဆိုသည်ကို ​တော့ မသိရှိရ​ပေ။

“”ကျနော်မှာလည်း ကိုယ့်အပူနဲ့ကိုယ်ဘေးလူကို မီးမကူးရအောင်တိတ်တိတ်လေးငြှိမ်းနေခဲ့တာ။လျှောက်ခဲ့တဲ့လမ်း လိပ်ပြာလုံစွာဖြတ်သန်း

ချင်တာမို့နားလည်မပေးနိုင်တဲ့ မိဘဆွေမျိုးတွေကိုလည်း အပြစ်မပြောရက်ပါဘူး ။ဒီချိန်ထိ ပင်ပန်းတဲ့ အလုပ်ဆို ဘယ်လိုအလုပ်မျိုးကိုမှ မ

ခိုင်းဘဲ ပျိုးထောင်ပေးခဲ့တာကိုပဲ ကျေးဇူးတင်ပါတယ်။ရှေ့လျှောက် အကြောတင်းစွာဖြတ်သန်းပါ့မယ်။

အမွေဖြတ်ရတဲ့ အကြောင်းရင်းက နိုင်ငံရေးလုပ်လို့တဲ့လား။အရေးတော်ပုံမအောင်မခြင်းရှေ့ဆက်နေဦးမှာပါ””လို့ မအိပြည့်စုံက သူ၏ လူမှု

ကွန်ယက်Facebookမှ ​နေ၍ ​ပြောခဲ့ပါသည်။

“”ကိုယ်ယုံကြည်ရာ ကို​​လျောက်လမ်းရင်း ကျွန်မလို အိမ်နဲ့ ​ဝေးကွာခဲ့သူအများကြီးရှိမှာပါ။ နိုင်ငံ ကြီးက မသမာသူ​တွေ လက်ထဲ​ရောက်ရှိ​နေ

တာမို့ အားလုံးက ဝိုင်းဝန်းကြိုးပမ်းမှ ရမှာပါ””လို့ မအိပြည့်စုံ က ​ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၆လတာကာလအတွင်း အာဏာရှင်စနစ်ကို ဆန့်ကျင့်​သော ဆန္ဒပြလူငယ်​ပေါင်း များစွာကို စစ်​

ကောင်စီမှ အ​သေသတ်ခြင်း၊ဖမ်းဆီး သတ်ဖြတ် နှိတ်စက်ခြင်း၊ ​ထောင်သွင်း အကျဥ်းချထားခြင်းကိစ္စရပ်များလည်း များစွာ ရှိခဲ့ပြီး ဖြစ်

ပါသည်။

Zawgyi

နိုင္ငံ​ေရး လုပ္၍ မိဘမ်ားရဲ့ သမီးအျဖစ္မွ အ​ေမြျဖတ္ လိုက္ျခင္း ခံရသူ ​ေတာ္လွန္​ေရး အမ်ိဳးသမီးတဦး။

၂၀၂၁ခုႏွစ္ၾသဂုတ္၁၇ရက္။

​ေဖ​ေဖာ္ဝါရီ၁ရက္​ေန႔မွ စ၍ စစ္​ေကာင္စီ​ေခါင္း​ေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္း​ေအာင္လွိုင္၏ အာဏာထိန္းခ်ဳပ္မႈ​စနစ္ ေအာက္ ​ေ

ရာက္ရွိသြား​ေသာ ျမန္မာ နိုင္ငံတြင္ စစ္အာဏာရွင္ စနစ္ကို အၿပီးတိုင္ ဆန႔္က်င္​ေတာ္လွန္ၾက​ေသာ လူငယ္မ်ားစြာ ထြက္​ေပၚလာသည့္အန

က္ မႏၲ​ေလးၿမိဳ႕မွ မအိျပည့္စုံ လည္း ပါဝင္ခဲ့ပါသည္။

ယခုအခါ ၎၏ မိဘမ်ားက နိုင္ငံ​ေရး လုပ္၍ မိဘမ်ားကို စိတ္ဆင္းရဲ​ေအာင္ လုပ္သည္ဟု ဆိုကာ သမီး အျဖစ္မွ အ​ေမြျပတ္ စြန႔္လြတ္ ​ေၾ

ကာင္းကို စစ္​ေကာင္စီ၏ ဝါဒျဖန႔္ သတင္းစာမွ တဆင့္ ထည့္သြင္း ​ေၾကျငာခဲ့သည္ကို မအိျပည္စုံထံ မွ တဆင့္ သိရွိခဲ့ရျခင္း ျဖ

စ္ပါသည္။မိဘမ်ား ယခုလို ျပဳလုပ္ရျခင္းသည္ စစ္​ေကာင္စီမွ မိသားစုဝင္မ်ားထံ အႏၲရာယ္ျပဳလာမည္ကို စိုးရိမ္သည့္ အတြက္​ေၾကာင္း

လား၊ သို႔မဟုတ္ သမီး ျဖစ္သူ က ​ေတာ္လွန္​ေရး လုပ္သည္ကို မႀကိဳက္ႏွစ္သက္သည့္အတြက္​ေၾကာင့္လား ဆိုသည္ကို ​ေတာ့ မသိရွိရ​ေပ။

“”က်ေနာ္မွာလည္း ကိုယ့္အပူနဲ႔ကိုယ္ေဘးလူကို မီးမကူးရေအာင္တိတ္တိတ္ေလးျငႇိမ္းေနခဲ့တာ။ေလၽွာက္ခဲ့တဲ့လမ္း လိပ္ျပာလုံ

စြာျဖတ္သန္းခ်င္တာမို႔နားလည္မေပးနိုင္တဲ့ မိဘေဆြမ်ိဳးေတြကိုလည္း အျပစ္မေျပာရက္ပါဘူး ။ဒီခ်ိန္ထိ ပင္ပန္းတဲ့ အလုပ္ဆို ဘယ္လိုအလုပ္မ်ိဳးကိုမွ မခို

င္းဘဲ ပ်ိဳးေထာင္ေပးခဲ့တာကိုပဲ ေက်းဇူးတင္ပါတယ္။ေရွ႕ေလၽွာက္ အေၾကာတင္းစြာျဖတ္သန္းပါ့မယ္။

အေမြျဖတ္ရတဲ့ အေၾကာင္းရင္းက နိုင္ငံေရးလုပ္လို႔တဲ့လား။အေရးေတာ္ပုံမေအာင္မျခင္းေရွ႕ဆက္ေနဦးမွာပါ””လို႔ မအိျပ

ည့္စုံက သူ၏ လူမႈကြန္ယက္Facebookမွ ​ေန၍ ​ေျပာခဲ့ပါသည္။

“”ကိုယ္ယုံၾကည္ရာ ကို​​ေလ်ာက္လမ္းရင္း ကၽြန္မလို အိမ္နဲ႔ ​ေဝးကြာခဲ့သူအမ်ားႀကီးရွိမွာပါ။ နိုင္ငံ ႀကီးက မသမာသူ​ေတြ လက္ထဲ​ေရာ

က္ရွိ​ေနတာမို႔ အားလုံးက ဝိုင္းဝန္းႀကိဳးပမ္းမွ ရမွာပါ””လို႔ မအိျပည့္စုံ က ​ေျပာခဲ့ပါတယ္။

ျမန္မာနိုင္ငံတြင္ စစ္အာဏာသိမ္းၿပီး ၆လတာကာလအတြင္း အာဏာရွင္စနစ္ကို ဆန႔္က်င့္​ေသာ ဆႏၵျပလူငယ္​ေပါင္း မ်ားစြာကို စစ္​ေ

ကာင္စီမွ အ​ေသသတ္ျခင္း၊ဖမ္းဆီး သတ္ျဖတ္ ႏွိတ္စက္ျခင္း၊ ​ေထာင္သြင္း အက်ဥ္းခ်ထားျခင္းကိစၥရပ္မ်ားလည္း မ်ားစြာ ရွိ

ခဲ့ၿပီး ျဖစ္ပါသည္။