နွေဦးတော်လှန်ရေးကြီးကို စိတ်ဝမ်းကွဲအောင် လုပ်နေကြ၊ ပြောနေကြတာတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြပါစို့
ရဟန်းရှင်လူ ပြည်သူလူထုအပေါင်းတို့ …..
အခု နွေဦးတော်လှန်ရေးဟာ ပြည်သူလူထုရဲ့ ဆန္ဒကို တစ်ကမ္ဘာလုံးကသိစေရန် ထုတ်ဖော်ပြောလိုက်တာ ဖြစ်ပါတယ်။
အဲဒီတော့ ဒီနွေဦးတော်လှန်ရေးကြီးမှာ ပြည်သူလူထုအနေနဲ့ စည်းကမ်းရှိရှိ၊ ညီညီညွတ်ညွတ်ဖြစ်နိုင်တဲ့ နွေဦးတော်လှန်ရေးဆိုတာကို
ထင်ပေါ်အောင်လို့ စည်းကမ်းရှိရှိနဲ့ ညီညီညွတ်ညွတ် ဆက်ပြီးလုပ်ဆောင်သွားကြရပါမယ်။
ဒီကနေ့ နွေဦးတော်လှန်ရေးကြီးမှာတော့ ပြည်သူလူထုတစ်ရပ်လုံးဟာ အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို ရချင်နေတဲ့
ဆန္ဒပြင်းပြနေတာကြောင့်မို့ အာဏာရှင်ကို မိမိတို့အားလုံး အတူတကွ တိုက်ရမှာပဲ ဖြစ်ပါတယ်။
အခု ဒီနွေဦးတော်လှန်ရေးကြီးဖြစ်ပေါ်လာတဲ့ အခြေအနေကို ဘယ်သူတွေကစပြီးတော့ ဦးဆောင်တာလဲဆိုရင် လူငယ်မျိုးဆက်
ကျောင်းသူ၊ ကျောင်းသားအပေါင်းနဲ့ တစ်နိုင်ငံလုံးမှာရှိကြတဲ့ ပြည်သူလူထုကြီးအပေါင်းပဲ ဖြစ်ပါတယ်။
ဒီ လူငယ် ကျောင်းသူ၊ ကျောင်းသားအပေါင်းနဲ့ ပြည်သူလူထုတစ်ရပ်လုံးပါမကျန် အသက်အသေခံပြီး ဦးဆောင်ပေးတာကြောင့်မို့ တစ်ကမ္ဘာ
လုံးက ဒီလို နွေဦးတော်လှန်ရေးကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရတာပဲဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ နွေဦးတော်လှန်ရေးကြီးမှာ အသက်ပျောက်သွားခဲ့ရတဲ့ လူငယ် ကျောင်းသူ၊ ကျောင်းသားအားလုံးကို မိမိတို့အားလုံးက
သက်သေထားပြီးတော့ ဒီအာဏာရှင်စနစ်ကို အပြီးတိုင် အမြစ်ပျက်တိုက်သွားကြရမှာ ဖြစ်ပါတယ်။
အခုဆိုရင် အားလုံး နွေဦးတော်လှန်ရေးထဲ ရောက်ရှိနေတဲ့ တစ်နိုင်ငံလုံးပြည်သူများဟာ ဒီမိုကရေစီစနစ်ကို မျှော်မှန်းပြီးတော့ ဒီတိုက်ပွဲကို
ပါဝင်နေတယ်လို့ အပြည့်အဝယုံကြည်ပါတယ်။အဲဒီတော့ ဒီမိုကရေစီပန်းတိုင်းကို ရောက်ဖို့ရာအတွက် မိမိတို့အားလုံးက စည်းစည်းလုံးလုံး၊
ညီညီညွတ်ညွတ်၊ စည်းကမ်းရှိရှိနဲ့ ချီတက်မှပဲရောက်နိုင်မှာပါ။
နွေဦးတော်လှန်ရေးဟာ ညီညီညွတ်ညွတ်နဲ့ မရှိနိုင်ခဲ့လို့ရှိရင် ဘယ်ဝါဒပဲဖြစ်ဖြစ် တိုင်းပြည်ကို အကျိုးမပေးနိုင်ဘူး။ အဲဒီဟာကို အားလုံးစွဲ
မှတ်ထားဖို့ လိုပါတယ်။ စည်းကမ်းမရှိလို့ရှိရင်လဲ ဘယ်ဝါဒမှ မအောင်မြင်နိုင်ပါဘူး။ အဲဒီတော့ မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ ညီညွတ်ဖို့၊
စည်းကမ်းရှိဖို့ အမြဲလိုနေပါတယ်။
ညီညွတ်ဖို့အကြောင်းတွေ ပြောနေတုန်းမှာ မိမိ တစ်ခုပဲပြောချင်ပါတယ်။ အခု မိမိ ပြောသွားတဲ့ စကားတွေထဲမှာ တစ်ချို့တွေအတွက်
သဘောကျမယ့် စကားလဲပါမယ်။ သဘောမကျမယ့် စကားလဲပါမယ်။ ဒါပေမယ့် မိမိတို့အနေနဲ့ကတော့ ပြည်သူလူထုကို မှန်မှန်ကန်ကန်
ပြောသင့်တယ်လို့ ယုံကြည်တယ်။ မိမိတို့ စိတ်ထဲမှာ ရှိသလို မှန်မှန်ကန်ကန် ပြောသွားမှာပါပဲ။ ကြိုက်ရင်လဲ ထောက်ခံကြပါ။ မကြိုက်ရင်
လဲ မိမိတို့ကတော့ မှန်တဲ့အတိုင်း လုပ်တာပဲမို့လို့ မကြိုက်တာတော့ မိမိတို့ ဘယ်လိုမှ မတတ်နိုင်ပါဘူး။
ဒီအချိန်မှာ နွေဦးတော်လှန်ရေးကြီးကို စိတ်ဝမ်းကွဲအောင် လုပ်နေကြ၊ ပြောနေကြတာတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြရမှာဖြစ်ပါ
တယ်။ ဒီစိတ်ဝမ်းကွဲမှုကြီးဟာ နောင် တိုင်းပြည် အတွက် အန္တရာယ်အမျိုးမျိုး ဖြစ်နိုင်ပါတယ်။NUG ဟာ မိမိတို့ ပြုစုပျိုးထောင်ခဲ့တဲ့
အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုအစိုးရ ဖြစ်ပါတယ်။
အဲဒီ အစိုးရကို ထောက်ခံကြတဲ့ တိုင်းပြည်တစ်ခုလုံးက PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်းစုံဟာ ဒီတိုင်းပြည် စစ်အာဏာရှင်
လက်အောက်က လွတ်မြောက်ဖို့ ၀ိုင်းဝန်းဆောင်ရွက်ပေးကြဖို့ အထူးမေတ္တာရပ်ခံပါတယ်။
အရေးတော်ပုံ အောင်ရမည်။
ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)
၀၈.၁၆.၂၀၂၁
Zawgyi
ေႏြဦးေတာ္လွန္ေရးႀကီးကို စိတ္ဝမ္းကြဲေအာင္ လုပ္ေနၾက၊ ေျပာေနၾကတာေတြကို ျပတ္ျပတ္သားသား ဆန႔္က်င္ၾကပါစို႔
ရဟန္းရွင္လူ ျပည္သူလူထုအေပါင္းတို႔ …..
အခု ေႏြဦးေတာ္လွန္ေရးဟာ ျပည္သူလူထုရဲ့ ဆႏၵကို တစ္ကမၻာလုံးကသိေစရန္ ထုတ္ေဖာ္ေျပာလိုက္တာ ျဖစ္ပါတယ္။
အဲဒီေတာ့ ဒီေႏြဦးေတာ္လွန္ေရးႀကီးမွာ ျပည္သူလူထုအေနနဲ႔ စည္းကမ္းရွိရွိ၊ ညီညီညြတ္ညြတ္ျဖစ္နိုင္တဲ့ ေႏြဦးေတာ္လွန္ေရးဆိုတာကို ထင္ေပၚေအာင္လို႔ စည္းကမ္းရွိရွိနဲ႔ ညီညီညြတ္ညြတ္ ဆက္ၿပီးလုပ္ေဆာင္သြားၾကရပါမယ္။
ဒီကေန႔ ေႏြဦးေတာ္လွန္ေရးႀကီးမွာေတာ့ ျပည္သူလူထုတစ္ရပ္လုံးဟာ အနာဂတ္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုႀကီးကို ရခ်င္ေနတဲ့ ဆႏၵျပင္းျပေနတာေၾကာင့္မို႔ အာဏာရွင္ကို မိမိတို႔အားလုံး အတူတကြ တိုက္ရမွာပဲ ျဖစ္ပါတယ္။
အခု ဒီေႏြဦးေတာ္လွန္ေရးႀကီးျဖစ္ေပၚလာတဲ့ အေျခအေနကို ဘယ္သူေတြကစၿပီးေတာ့ ဦးေဆာင္တာလဲဆိုရင္ လူငယ္မ်ိဳးဆက္ ေက်ာင္းသူ၊ ေက်ာင္းသားအေပါင္းနဲ႔ တစ္နိုင္ငံလုံးမွာရွိၾကတဲ့ ျပည္သူလူထုႀကီးအေပါင္းပဲ ျဖစ္ပါတယ္။
ဒီ လူငယ္ ေက်ာင္းသူ၊ ေက်ာင္းသားအေပါင္းနဲ႔ ျပည္သူလူထုတစ္ရပ္လုံးပါမက်န္ အသက္အေသခံၿပီး ဦးေဆာင္ေပးတာေၾကာင့္မို႔ တစ္ကမၻာလုံးက ဒီလို ေႏြဦးေတာ္လွန္ေရးႀကီးကို မ်က္ဝါးထင္ထင္ ေတြ႕ျမင္ခဲ့ၾကရတာပဲျဖစ္ပါတယ္။
ဒါေၾကာင့္မို႔လို႔ ေႏြဦးေတာ္လွန္ေရးႀကီးမွာ အသက္ေပ်ာက္သြားခဲ့ရတဲ့ လူငယ္ ေက်ာင္းသူ၊ ေက်ာင္းသားအားလုံးကို မိမိတို႔အားလုံးက သက္ေသထားၿပီးေတာ့ ဒီအာဏာရွင္စနစ္ကို အၿပီးတိုင္ အျမစ္ပ်က္တိုက္သြားၾကရမွာ ျဖစ္ပါတယ္။
အခုဆိုရင္ အားလုံး ေႏြဦးေတာ္လွန္ေရးထဲ ေရာက္ရွိေနတဲ့ တစ္နိုင္ငံလုံးျပည္သူမ်ားဟာ ဒီမိုကေရစီစနစ္ကို ေမၽွာ္မွန္းၿပီးေတာ့ ဒီတိုက္ပြဲကို ပါဝင္ေနတယ္လို႔ အျပည့္အဝယုံၾကည္ပါတယ္။အဲဒီေတာ့ ဒီမိုကေရစီပန္းတိုင္းကို ေရာက္ဖို႔ရာအတြက္ မိမိတို႔အားလုံးက စည္းစည္းလုံးလုံး၊ ညီညီညြတ္ညြတ္၊ စည္းကမ္းရွိရွိနဲ႔ ခ်ီတက္မွပဲေရာက္နိုင္မွာပါ။
ေႏြဦးေတာ္လွန္ေရးဟာ ညီညီညြတ္ညြတ္နဲ႔ မရွိနိုင္ခဲ့လို႔ရွိရင္ ဘယ္ဝါဒပဲျဖစ္ျဖစ္ တိုင္းျပည္ကို အက်ိဳးမေပးနိုင္ဘူး။ အဲဒီဟာကို အားလုံးစြဲမွတ္ထားဖို႔ လိုပါတယ္။ စည္းကမ္းမရွိလို႔ရွိရင္လဲ ဘယ္ဝါဒမွ မေအာင္ျမင္နိုင္ပါဘူး။ အဲဒီေတာ့ မိမိတို႔ နိုင္ငံသူ၊ နိုင္ငံသားေတြဟာ ညီညြတ္ဖို႔၊ စည္းကမ္းရွိဖို႔ အျမဲလိုေနပါတယ္။
ညီညြတ္ဖို႔အေၾကာင္းေတြ ေျပာေနတုန္းမွာ မိမိ တစ္ခုပဲေျပာခ်င္ပါတယ္။ အခု မိမိ ေျပာသြားတဲ့ စကားေတြထဲမွာ တစ္ခ်ိဳ႕ေတြအတြက္ သေဘာက်မယ့္ စကားလဲပါမယ္။ သေဘာမက်မယ့္ စကားလဲပါမယ္။ ဒါေပမယ့္ မိမိတို႔အေနနဲ႔ကေတာ့ ျပည္သူလူထုကို မွန္မွန္ကန္ကန္ ေျပာသင့္တယ္လို႔ ယုံၾကည္တယ္။ မိမိတို႔ စိတ္ထဲမွာ ရွိသလို မွန္မွန္ကန္ကန္ ေျပာသြားမွာပါပဲ။ ႀကိဳက္ရင္လဲ ေထာက္ခံၾကပါ။ မႀကိဳက္ရင္လဲ မိမိတို႔ကေတာ့ မွန္တဲ့အတိုင္း လုပ္တာပဲမို႔လို႔ မႀကိဳက္တာေတာ့ မိမိတို႔ ဘယ္လိုမွ မတတ္နိုင္ပါဘူး။
ဒီအခ်ိန္မွာ ေႏြဦးေတာ္လွန္ေရးႀကီးကို စိတ္ဝမ္းကြဲေအာင္ လုပ္ေနၾက၊ ေျပာေနၾကတာေတြကို ျပတ္ျပတ္သားသား ဆန႔္က်င္ၾကရမွာျဖစ္ပါတယ္။ ဒီစိတ္ဝမ္းကြဲမႈႀကီးဟာ ေနာင္ တိုင္းျပည္ အတြက္ အႏၲရာယ္အမ်ိဳးမ်ိဳး ျဖစ္နိုင္ပါတယ္။NUG ဟာ မိမိတို႔ ျပဳစုပ်ိဳးေထာင္ခဲ့တဲ့ အနာဂတ္ ဖယ္ဒရယ္ျပည္ေထာင္စုအစိုးရ ျဖစ္ပါတယ္။
အဲဒီ အစိုးရကို ေထာက္ခံၾကတဲ့ တိုင္းျပည္တစ္ခုလုံးက PDF နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေပါင္းစုံဟာ ဒီတိုင္းျပည္ စစ္အာဏာရွင္လက္ေအာက္က လြတ္ေျမာက္ဖို႔ ၀ိုင္းဝန္းေဆာင္ရြက္ေပးၾကဖို႔ အထူးေမတၱာရပ္ခံပါတယ္။
အေရးေတာ္ပုံ ေအာင္ရမည္။
ေရႊဝါေရာင္ အရွင္ထာဝရ (ေနာ္ေဝ)
၀၈.၁၆.၂၀၂၁