ၾကားသိသမွ်

ဘာကြောင့်_ဒီလို_လျှို့ဝှက်ညွှန်ကြားချက်တွေထုတ်သလဲ

ဘာကြောင့်_ဒီလို_လျှို့ဝှက်ညွှန်ကြားချက်ထုတ်သလဲ

ရဲတပ်ဖွဲ့ဝင်တွေထဲမှာ “𝐀𝐂𝐂𝐑𝐏𝐓 𝐍𝐔𝐆 ၊ 𝐑𝐄𝐉𝐄𝐂𝐓 𝐌𝐈𝐋𝐈𝐓𝐀𝐑𝐘” ပရိုဖိုင်ချိန်းလို့ဆိုပြီး စစ်ကောင်စီထောက်ခံသူတွေနဲ့ ပျူစောထီးအဖွဲ့ဝင်

တချို့က ပြည်ထဲရေးဝန်ကြီးထံ တိုင်စာတွေပို့ထားကြတာကိုတွေ့ရပါတယ်။ အခုလိုအချိန်မှာ ရဲယူနီဖောင်းဝတ်ပြီး ဘယ်လိုကောင်စားမျိုး

က “Accept NUG၊ Reject Military” ဆိုတဲ့ ပရိုဖိုင်ကို ချိန်းပါ့မလဲ၊ သူတို့အတွင်းစိတ်ထဲ ထောက်ခံချင်ရင်တောင် ဒီလိုပေါ်တင်ချည်းတော့

လုပ်လိမ့်မယ်မထင်။

ဒါကိုမှ အောက်ခြေရဲတွေတော့ ဒီလိုတော့လုပ်နေကြပြီဆိုပြီး fake တစ်ခုပြကာ အသိဉာဏ်ထုံအ ပြီး လုပ်ရဲကိုင်ရဲရှိသောပျူစောထီးတွေကို

မှိုင်းထည့်သွင်းလိုက်ပါတယ်။ အထက်က ပျူစောထီးအကြီးပိုင်းတွေရဲ့ ရည်ရွယ်ချက်ကတော့ “PDF များနှင့် ရဲတပ်ဖွဲ့အတွင်းစည်းအား

အထင်အမြင်လွဲမှားစေရန် စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် လည်းကောင်း၊ PDF များအား အကြမ်းဖက်အဖွဲ့အဖြစ် ပုံရိပ်ဖန်တီးရန်အတွက်

လည်းကောင်း”ဆိုပြီး အစီအစဉ်ချထားတာပါ။

ဒါဟာ တပ်မတော်ထောက်ခံသူ မဘသ ပျူစောထီး တပ်မိသားစုအသီးသီးကို ရည်ညွှန်းပြီး ထုတ်ပြန်ညွှန်ကြားထားတဲ့ လျှို့ဝှက်အမိန့်စာပါ။

အောက်မှာ ခိုင်လုံတဲ့တံဆိပ်တုံးနဲ့ ညွှန်ကြားထုတ်ပြန်သည့် ရာထူးအမည်တွေပါပါတယ်။ ဒီရာထူးနှင့်အမည်တွေကို ၎င်းတို့နဲ့ပတ်သက်

ဆက်နွယ်သူကလွဲ၍ မည်သူတွေကသိရှိလိမ့်မည်နည်း..?

စစ်တပ်ဆိုတာ အရပ်ဘက်ကနေဝင်ရောက်လာပြီး

တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဘယ်လိုတွေစတေးပြီး ၎င်းတို့ကိုယ်ကျိုးအတွက် မည်ကဲ့သို့အသုံးချနေသလဲဆိုတာ ရခိုင်

အရေးကိစ္စမှာကတည်းက ရဲတပ်ဖွဲ့ဝင်အားလုံး သိရှိခံစားခဲ့ကြရပြီး ဖြစ်ပါလိမ့်မယ်။

ဒါဆို တနေ့ကဖြစ်ပွားခဲ့တဲ့ အလုံဘူတာရထားပေါ်က ရဲတပ်သား ၄ ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်ကို ပြန်သုံးသပ်ကြည့်ရအောင်။

မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ ရထားအတူတူစီးနင်းလိုက်ပါလာသည့် အဖွဲ့ငယ်လေးတစ်ခုက လက်နက်တွေလုယူပြီး

ပစ်ခတ်သွားတယ်လို့ သတင်းမီဒီယာဌာနကြီးတွေမှာ ဖော်ပြထားကြပါတယ်။ ဘယ်တော်လှန်ရေးသမား ပျောက်ကြားအဖွဲ့ကမှ ရန်သူ့

လက်ထဲမှာရှိတဲ့သေနတ်ကို အပင်ပန်းခံဆွဲလုပြီး ပစ်ခတ်နေမှာမဟုတ်ပါဘူး၊ နောက်ပြီး ၎င်းတို့အားလုံးဟာ ပြစ်မှုတစ်ခုခုကြောင့် အဖမ်း

ခံထားရတာမျိုးလည်းမဟုတ်။

ဒါဆို ရဲတွေရှိနေနိုင်သည့်နေရာကို အသေအချာညွှန်ကြားထားလို့ ထို့ပျူစောထီးအဖွဲ့က စောင့်ဆိုင်းနေခဲ့တာဖြစ်ပါလိမ့်မယ်၊ ပြီးတော့

အသတ်ခံလိုက်ရတဲ့ ရဲ ၄ ယောက်ဟာလည်း အထက်ကညွှန်ကြားလိုက်လို့ ထိုရထားပေါ်ကို ရောက်ရှိနေတာဖြစ်ဖို့များပါတယ်။ ပြီးနောက်

သက်မှတ်နေရာရောက်တဲ့အခါ နဂိုပါလာတဲ့လက်နက်ကိုထုတ်၍ ပစ်ခတ်သတ်ဖြတ်ပြီး ရဲတပ်သားတွေမှာရှိတဲ့လက်နက်တွေကို ယူဆောင်

သွားတာဖြစ်ပါလိမ့်မယ်။

အမိန့်စာထုတ်ထားသည့်ရက်စွဲကို ကြည့်ပါ၊ သြဂုတ်လ ၁၂ ရက်နေ့က ညွှန်ကြားထုတ်ပြန်ထားသည့် လျှို့ဝှက်စစ်ဆင်ရေးအတွက် အမိန့်စာ

ပဲဖြစ်ပါတယ်။ ရထား case က တနေ့က သြဂုတ်လ ၁၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တာပါ။

ဒါကအငြင်းပွားဖွယ်ရာ ထုတ်ပြန်ချက်အတု လုံးဝလုံးဝမဟုတ်ပါဘူး၊ ကျွန်တော့်ထံ မျိုးညစ်အတွင်းသတင်း ပေးသူကိုယ်တိုင် စစ်မှန်သည့်

ထုတ်ပြန်ချက်ဖြစ်ကြောင်း အတည်ပြုပြောကြားလာပါတယ်။ အဲ့တော့ ဖြစ်နိုင်ခြေရှိမရှိကတော့ အနီးစပ်ဆုံးသူတွေ အသိဆုံးဖြစ်ပါလိမ့်

မယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုတာ အခုမှမဟုတ်ဘူး၊ ခေတ်အဆက်ဆက်တိုင်း ထိုးကျွေးခံလာရတာပဲလေ။ အဲ့တော့ ရဲတပ်ဖွဲ့ဝင်တွေကို ငါတို့

အနေနဲ့ နောက်ဆုံးပြောချင်တဲ့စကားကတော့ မင်းတို့တတွေ အသေဆိုးနဲ့သေကြလည်း လုံးဝ မသနားပါဘူးဆိုတာပါပဲ။

#အေအန်န်အမ္မ္တီ

Zawgyi










#အေအန်န်အမ္မ္တီ