ၾကားသိသမွ်

မြန်မာ့နွေဦးကို တာလီဘန်တွေပေးသောသင်ခန်းစာ..

မြန်မာ့နွေဦးကို တာလီဘန်တွေပေးသောသင်ခန်းစာ

နောက်ထပ်နာရီပိုင်းအတွင်းမှာ တာလီဘန်တွေက အာဖဂန်နစ္စတန်အစိုးရရုံး စိုက်ရာ ကာဘူးမြို့ကို သိမ်းတော့မဲ့အနေအထားဖြစ်

သွားပါပြီ ၊အာဖဂန်တစ်နိုင်ငံလုံး တာလီဘန်တွေလက်ထဲကို ပြန်လည်ကျရောက်သွားခဲ့ပြီပဲဖြစ်ပါတယ် ၊

ဂျိုးဘိုင်ဒင်ဘက်ကကြည့်ရင်လည်း သူ့ရဲဆုံးဖြတ်ချက်က မမှားဘူးလို့ပြောလို့ရပါတယ် ၊ သူတို့ဟာ တာဘီဘန်တွေကို နှစ်ပေါင်း ၂၀ တိုက်

ထုတ်ပေးခဲ့ပြီးပါပြီ ၊ အာဖဂန်တပ်မတော်ကို စစ်ရေးသင်ခန်းစာ လက်နတ်ခဲယမ်း တိုက်လေယာဉ် လစာ ရိက္ခာ အကုန်ထောက်ပံ့ပေးပြီး

တည်ထောင်ပေးခဲ့ပြီးပြီ ၊တိုက်ပွဲဝင်သင်ခန်းစာတွေကိုယ်လည်း လက်တွေ့လက်တွဲခေါ်ပြီး နှစ်ပေါင်း၂၀ သင်ပေးခဲ့ပြီးပြီ ၊

အမေရိကန်တပ်တွေဆုတ်ခွာသွားပေမဲ့ လိုအပ်တဲ့လက်နတ်ခဲယမ်း ရိက္ခာ လစာ ငွေကြေးတွေကို ဆက်လက်ထောက်ပံ့ပေးမှာပါလို့ ဂျိုးဘိုင်

ဒင်က ကတိပေးခဲ့တယ်..ဒါပေမဲ့ အချိန်တိုလေးအတွင်းမှာပဲ အာဖဂန်တွေလက်နတ်ချပြီး တာလီဘန်တွေက အာဖဂန်တစ်နိုင်ငံလုံးကို ပြန်

သိမ်းပိုက်သွားနိုင်ခဲ့တယ်..ဒီလိုတွေဖြစ်လာရခြင်းရဲ့ အဓိကအကြောင်းတရားက ဘာကြောင့်လို့ထင်ပါသလဲ?

အဖြေကရှင်းပါတယ်..အာဖဂန်တွေကိုယ်တိုင်က စိတ်ဓာတ်မာကျောမှုမရှိပဲ အချောင်နေအချောင်စား ပြည်ပမျှော်စိတ်ဓာတ်ကြောင့် သူတို့

ကို တာလီဘန်တွေက အချိန်တိုအတွင်း ပြည်လည်အုပ်ချုပ်သွားခဲ့ခြင်းပါပဲ ၊ဘယ်လောက်အထိ အာဖဂန်တွေ စိတ်ဓာတ်ပျော့ညံ့သလဲဆိုရင်

တာလီဘန်တွေကို အပီအပြင်ဝုန်းလို့ရတဲ့ (အိန္ဒိယကထောက်ပံ့ထားတဲ့) တိုက်ခိုက်ရေးရဟတ်ယာဉ် MI 35ကိုတောင် မောင်းမဲ့သူမရှိလို့

တာလီဘန်တွေက အသာအယာဝင်သိမ်းသွားခဲ့တယ် ၊ကျနော်တို့နိုင်ငံမှာလည်း စစ်အာဏာရှင်ကိုမကြိုက်ပေမဲ့ ပြည်ပR2Pနဲ့ အမေရိကန်

လေယာဉ်တင်သင်္ဘောကြီးကိုပဲမျှော်တစ်လင့်လင့်လုပ်နေကြတဲ့လူတန်းစားရှိတယ် ၊ကမ္ဘာ့နိုင်ငံရေးခေတ်ဟောင်းခတ်သစ်အခင်းအကျင်း

ဘာတစ်ခုမှနားမလည်ပဲနဲ့ ခေတ်ပျက်မှCeleဖြစ်ချင်တဲ့ကောင်တွေကလည်း လေယာဉ်တင်သင်္ဘောကြီးတွေ R2Pတွေ အကြောင်း နေ့စဉ်မ

စားရဝခမန်း ရေးပြီး false hope တွေနေ့စဉ်ပေးကြတယ် ၊ အခုထိလည်းရေးနေကြဆဲ..

အမေရိကန်တပ်တွေ ထိုင်း / ဘင်္ဂလားမှာရောက်နေပြီ လို့ရေးလိုရေး ၊ ရက်ပိုင်းအတွင်းပဲ R2P ဝင်လာတော့မယောင်ယောင် ရေးလိုရေး..

အမေရိကန်လေယာဉ်တင်သင်္ဘောကြီးက ဘယ်လိုဝင်လာမှာ ဘာညာရေးလိုရေး..

အာရှနေတိုး QUADက မနက်ဖြန်သဘက်ခါပဲ ဝင်တိုက်တော့မယောင်ယောင်ရေးလိုရေး..

သူ့ဟာသူ အပါတ်တိုင်းထုတ်ပြန်နေကြ R2P alertစာရင်းကြီးကိုပြပြီး R2Pအခုပဲဝင်ချလာတော့မယောင်ယောင်ရေးလိုရေး..

စစ်ရေးအတွက်စုဖွဲ့ထားတာမဟုတ်တဲ့ EUကိုတောင် မြန်မာပြည်ကိုဝင်တိုက်ပေးတော့မယောင်ယောင်ရေးလိုရေး ၊ ဘကြီးအောင်ဆိုတဲ့ငနဲ

အဆိုးဆုံး..Celeဖြစ်ချင်တာပဲသိတော့ ကျန်တဲ့Side effectကို ဘာမှမတွေးမိတော့ဘဲ မစားရဝခမန်း False hopeတွေနေ့စဉ်ရိုက်သွင်းပြီး

လူထုကို စိတ်ဓာတ်ပျက်ပြားအောင်လုပ်နေခဲ့ကြတယ်..ယုံတဲ့သူတွေကလည်း ဘုရားစင်ပေါ်တင်ထားမတက်ယုံကြတယ်..

ရေးနေသမျှတွေက တစ်ခုမှမဟုတ်မှန်းသိလို့ ဒီလိုFalse hopeတွေရိုက်သွင်းနေရင် ပြည်ပကိုမျှော်ရင်းမျှော်ရင်းနဲ့ အာဖဂန်လိုဖြစ်သွားလိမ့်

မယ်ဆိုတာကို မြင်တဲ့သူတွေကထောက်ပြရင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတို့ ၊မနာလိုလို့ ဆိုပြီး ရေးသားသူကော သူ့fanတွေကော ဝိုင်းတံဆိပ်

ကပ်ကြတယ်..ရေးတဲ့ကောင်တွေကတော့ အရှက်မရှိ ရေးနေဦး မှာဖြစ်ပေမဲ့ အခုလောက်ဆိုရင်တော့ အမေရိကန်က M4 တွေ Apache

တွေ Black Hawk တွေပေးရင်တောင်ကိုယ်တိုင်တိုက်ပွဲဝင်စိတ်မရှိရင်ကိုယ်တိုင်တိုင်ပွဲမဝင်ရင်ပြည်ပကိုပဲမျှော်တစ်လင့်လင့်လုပ်နေရင်

အရာရာကျရှုံးသွားမှာဖြစ်ကြောင်း R2P fanတွေ သဘောပေါက်သွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်..

မင်းတို့ဘယ်သူ့စီကမှမမျှော်လင့်ဘဲ ကိုယ်တိုင်တိုက်ပွဲဝင်ပါလို့ တာလီဘန်တွေက မြန်မာနွေဦးကိုပေးတဲ့သင်ခန်းစာပေါ့ ၊

#Crd_Kham Nway Nyein Oo

Zawgyi






အဖြေကရှင်းပါတယ်..











#Crd_Kham Nway Nyein Oo