မလေးရှားနိုင်ငံမှာ ဝန်ကြီးချုပ်ရော၊အစိုးရတစ်ဖွဲ့လုံးပါ နုတ်ထွက်
မလေးရှားနိုင်ငံမှာ ဝန်ကြီးချုပ် မူယစ်ဒင်ယက်ဆင်နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေရဲ့ ရာထူးနုတ်ထွက်စာကို မလေးဘုရင်မင်းမြတ်က လက်ခံ
လိုက်ပြီဖြစ်လို့ သူတို့ နုတ်ထွက်မှုဟာ ဒီနေ့ သြဂုတ်လ ၁၆ ရက် မွန်းလွဲပိုင်းကစလို့ စတင်အသက်ဝင်ပြီဖြစ်ပါတယ်။
စက်တင်ဘာလထဲ လွှတ်တော်မှာ အယုံအကြည်မရှိအဆိုအတင်ခံရဖို့ရှိတဲ့ မစ္စတာမူယစ်ဒင်ယက်ဆင်တစ်ယောက် လွှတ်တော်ထဲ မဲအသာ
နဲ့ ထောက်ခံမှုရနိုင်ရေး တခြားပါတီတွေကို ညွန့်ပေါင်းဖွဲ့ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့လို့ ရာထူးကနေနုတ်ထွက်စာတင်ခဲ့တာပါ။
မစ္စတာ မူယစ်ဒင် ယက်ဆင်ဟာ ၂၀၂၀ ခုနှစ်၊ မတ်လမှာ မလေးရှားနိုင်ငံရဲ့ ရှစ်ဦးမြောက်ဝန်ကြီးချုပ်အနေနဲ့ ကျမ်းကျိန်ပြီး ရာထူးရယူခဲ့တာ
ဖြစ်ပါတယ်။သူ့ရဲ့ ၁၇ လတာဝန်ကြီးချုပ်သက်တမ်းမှာ ကိုဗစ်-၁၉ ကပ်ဘေးကို ထိထိရောက်ရောက်ကိုင်တွယ်ဦးဆောင်ဖို့ ပျက်ကွက်ခဲ့
တယ်ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။
အခုဆို မလေးရှားမှာ ကိုဗစ် -၁၉ ရောဂါလှိုင်း အဆိုးရွားဆုံးကို ရင်ဆိုင်နေရတာဖြစ်ပြီး နေ့စဉ် ကူးစက်မှုအရေအတွက် ၂၀,၀၀၀ အထိရှိနေ
ပါတယ်။မစ္စတာ မူယစ်ဒင် ယက်ဆင်ဟာ ရာထူးကနေ နုတ်ထွက်လိုက်ပြီဆိုပေမဲ့ ဝန်ကြီးချုပ်အသစ် မခန့်နိုင်ခင် အတောအတွင်း သူ့ကိုပဲ
ယာယီဝန်ကြီးချုပ်အဖြစ်ဆက်ထားဖို့ မလေးရှားဘုရင်မင်းမြတ်က သဘောတူထားပါတယ်။
Source; BBC Burma
Zawgyi
ဖစ်လို့ သူတို့ နုတ်ထွက်မှုဟာ ဒီနေ့ သြဂုတ်လ ၁၆ ရက် မွန်းလွဲပိုင်းကစလို့ စတင်အသက်ဝင်ပြီဖြစ်ပါတယ်။
စက်တင်ဘာလထဲ လွှတ်တော်မှာ အယုံအကြည်မရှိအဆိုအတင်ခံရဖို့ရှိတဲ့ မစ္စတာမူယစ်ဒင်ယက်ဆင်တစ်ယောက် လွှတ်တော်ထဲ မဲအသာနဲ့ေ
ထာက်ခံမှုရနိုင်ရေး တခြားပါတီတွေကို ညွန့်ပေါင်းဖွဲ့ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့လို့ ရာထူးကနေနုတ်ထွက်စာတင်ခဲ့တာပါ။
မစ္စတာ မူယစ်ဒင် ယက်ဆင်ဟာ ၂၀၂၀ ခုနှစ်၊ မတ်လမှာ မလေးရှားနိုင်ငံရဲ့ ရှစ်ဦးမြောက်ဝန်ကြီးချုပ်အနေနဲ့ ကျမ်းကျိန်ပြီး ရာထူးရယူခဲ့တြာ
မစ္စတာ မူယစ်ဒင် ယက်ဆင်ဟာ ရာထူးကနေ နုတ်ထွက်လိုက်ပြီဆိုပေမဲ့ ဝန်ကြီးချုပ်အသစ် မခန့်နိုင်ခင် အတောအတွင်း သူ့ကိုပဲ ယာယီဝန်ြ
ကီးချုပ်အဖြစ်ဆက်ထားဖို့ မလေးရှားဘုရင်မင်းမြတ်က သဘောတူထားပါတယ်။
Source; BBC Burma