ရွှေဝါရောင်တော်လှန်ရေးက မွေးဖွားပေးတဲ့ မထင်မရှားသော အညတရသူရဲကောင်းအမျိူးသမီး ဒီနေ့ ကွယ်လွန်သွားပါပြီး သူအကြောင့်
ရေးထားတဲ့ ဆောင်းပါးလေးဖြင့် ထပ်ဆင့်ဂုဏ်ပြုလိုက်ပါတယ်။
ဦးသောပါက၊ဦးကုမာရတို့၏မယ်တော်ကြီး ယနေ့မနက် ၁၀ နာရီကျော်လောက်မှာအောက်ဆီဂျင်ကျပြီး ကိုဗစ်နဲ့ပဲ ဆုံးပါးသွားကြောင်း
ကြားသိရလို့ များစွာစိတ်မကောင်းဖြစ်ရပါတယ်။
ခေတ်ဆိုးစနစ်ဆိုးအာဏာရှင်အမှောင်ကြီးစိုးထားတော့ ကိုယ့်အမေအရင်းသေတာတောင် ဦးသောပါက၊ဦးကုမာရတို့လည်း မသွားနိုင်ကြ
သလို မိမိတို့လည်းမသွားနိုင်ခဲ့ သွားခွင့်မသာခဲ့တာကိုတော့ များစွာစိတ်မကောင်းဖြစ်ရပါတယ်။
အများအပေါ်မှာ စိတ်စေတနာတကယ်ကောင်းပြီး အမြဲထာဝရ တရားဘာဝနာများအားထုတ်နေတဲ့ဒကာမကြီးဖြစ်လို့ကောင်းရာသုဂတိ
ရောက်ရှိနေမှာပဲဖြစ်ပါတယ်။မယ်တော်ကြီး ကောင်းရာသုဂတိရောက်ရှိပါစေ။
Source& Photo; D Day Channel
မိမိ လေးစားရသော အရှင်သောပါက ဂျာမဏီ၏ မယ်တော်ကြီးဒေါ်တင်အိ အကြောင်းကို သမိုင်း မှတ်တမ်းလေး ရေးချင်ခဲ့တာပါ။ မိမိတို့
ဓမ္မနှင့် ငြိမ်းချမ်းရေး – Dhamma & Peace သံဃာတော်များ ဆွေးနွေးပွဲ မစတင်ခင် အချိန်တိုင်း မယ်တော်ကြီး ဒေါ်တင်အိအကြောင်းတွေ
ကို ကြားနေခဲ့ရပါတယ်။မယ်တော်ကြီး ဒေါ်တင်အိ ကို စကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် သပြေအေးရွာတွင် ဖခမည်တော်
ကြီး ဦးထွန်းရင် + မယ်တော် ဒေါ်နန်းခင်းကတို့က မွေးဖွားခဲ့ပါတယ်။ သားသမီးကိုးယောက်အနက် မယ်တော်ကြီး ဒေါ်တင်အိက စတုတ္ထု
မြောက် ဖြစ်ပါတယ်။
Source& Photo; D Day Channel
အခုလက်ရှိတော့ မယ်တော်ကြီးက သားရဟန်းနှစ်ပါးနှင့် အတူတူ ဇာတိရွာမှာ သီလရှင်ဝတ်ဖြစ် တရားအားထုတ်နေ
ပါတယ်။မယ်တော်ကြီး ဒေါ်တင်အိ၏ ထူးခြားချက်များမှာ ဆရာတော်မင်းသုည ဗုဒ္ဓတက္ကသိုလ်၏ ဟောပြောမှုကြောင့် မိရိုး ဖလာနတ်
ကိုးကွယ်ကြသော် နတ် ကိုးကွယ်ခြင်းကို လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ ညတွင်ခြင်း အမှုက်ပုံထဲသို့ စွန့်ပစ်ဖို့ ဆရာတော်ကို မယ်တော်ကြီးဒေါ်
တင်အိက ပြန်မေးပြီး “အရှင်ဘုရား နတ်ကို မကိုးကွယ်ရင် ဒုက္ခ မဖြစ်ဘူးနော်” ဆိုပြီး အိမ်ဒေါင့်ရှိ နတ်စင်တွေကို ပစ်ထုတ်ပြီး ဗုဒ္ဓအဆုံးမ
များနဲ့အညီ နေထိုင်လျှက်ရှိပါတယ်။နောက်ထပ် ထူးခြားချက်အနေနဲ့ မယ်တော်ကြီးဒေါ်တင်အိက ငယ်စဉ်ကလေး ဘဝက ပညာ မသင်ခဲ့ရ
သော်လည်း အသက် ၅ဝကျော်အရွယ်မှာ စာပေများကို လေ့လာလိုက်စားခဲ့ပါတယ်။ ယနေ့အချိန်မှတော့ မယ်တော်ကြီး ဒေါ်တင်အိဟာ
စာအုပ်များစွာကို ဖတ်ရှုနေပါပြီး။မှတ်ဉာဏ်သိပ်ကောင်းတဲ့ မယ်တော်ကြီး ဒေါ်တင်အိက ခုနှစ်၊ သက္ကရာဇ်များကို ကွန်ပျူတာနည်းပါး
လောက်လို ရွတ်ဖတ်ပြပါတယ်။ မိမိမှာ လူငယ်ဖြစ်သော်လည် သူလောက်မမှတ်မိပါ။ စကားပြောတဲ့အခါ သူမ၏ ကြီးမားတဲ့မေတ္တာတရား
ကို ခံစား မိပါတယ်။မယ်တော်ကြီးဒေါ်တင်အိ၏သားနှစ်ပါးအပြင် ဓမ္မနှင့်ငြိမ်းချမ်းရေး – Dhamma & Peace သံဃာတော်များကလည်း
မယ်တော်ကြီးကို လေးစားကြပါတယ်။ လူ့ပတ်ဝန်းကျင်ဆိုတာ ကောင်းခြင်း၊ဆိုးခြင်း၊မြင့်မြတ်ခြင်း၊ နိမ့်ကျခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း
ဆိုတဲ့ အမည်သတ်မှတ်ချက်တွေကို အလေးအနက် ထားကြတယ်မဟုတ်လား။
ဆိုးယုတ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာဆိုရင် ဘယ်သူမှ မနေထိုင်ချင်ကြပါဘူး။ နာမည်ဆိုးတစ်ခု တံဆိပ် ကပ်ခံလိုက်ရပြီးဆိုရင် ဘဝဟာ
ခေါင်းမထောင်နိုင်အောင် နာကျင်ကြရတယ်လေ။
Source& Photo; D Day Channel
မယ်တော်ကြီး ဒေါ်တင်အိရဲ့ မူလစရိုတ်ကိုက လူမှုရေးကိစ္စတွေမှာ ပါဝင်ကူညီ လုပ်ကိုင်ပေးရတာကို ဝါသနာ ပါပါတယ်။ ၈၈ အရေးအခင်း
ကြီး ဖြစ်လာတော့ တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုတွေ၊ လူ့အခွင့် အရေး ချိုးဖောက်ခံရမတွေ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဘက်မှာ
ဆိုးဝါးစွာ နိမ့်ကျမှုတွေရယ်၊ လူတွေရဲ့ စာရိတ္တမဏ္ဍိုင် ပျက်စီးယိုယွင်းမှု၊ ကြောက်ခမန်းလိလိ ဖြစ်နေတာတွေကို ကွက်ကွက် ကွင်းကွင်း မီ
မောင်းထိုးပြသလို သိလာပါတော့တယ်။ တစ်ပါတီ အာဏာရှင်စနစ်အောင်မှာ ကြီးပြင်းခဲ့ရတဲ့ မယ်တော်ကြီး ဒေါ်တင်အိဟာ အိပ်ပျော်နေ
တဲ့သူ ဘွားခနဲ့ နိုးလာခဲ့သလို ဒီစနစ်ဆိုးကို ဆန်ကျင်တော်လှန်ရမှာက ငါ့တို့တာဝန်ပါလား၊ ငါကိုယ်တိုင် ပါဝင်ရမှာပါလားဆိုတဲ့အသိနဲ့
ထွက်ပြေးနေရတဲ့ ရွှေဝါရောင်တော်လှန်ရေး အဓိက ပါဝင်ကြတဲ့ ခေါင်းဆောာင်ဆရာတော်တွေ ဖြစ်ကြတဲ့ အရှင်ဂမ္ဘီရ (ခ)အရှင်စန္ဒော
ဘာသာ၊ အရှင်ပညာသီရိတို့ကို မကြောက်မရွံ့ ကူညီခဲ့တာကို ဖော်ထုတ်ပြခြင်းပါတယ်။
မယ်တော်ကြီး ဒေါ်တင်အိက အရှင်ဘုရားရေ စစ်အာဏာရှင် စနစ်ဆိုးအောက်တွင် နိုင်ငံရေးလှုပ်ရှား တတ်ကြွ သူများ ကြုံလေ့ရှိရသည့်
ခြိမ်းခြောက်အကျပ်ကိုင်ခံရခြင်းများ၊ အမှုဆင်ပြီး ပြင်းထန်သော ပြစ်ဒဏ် ချမှတ်ခံရခြင်း၊ ထောင်ကျသူသာမက မိသားစုများပါ ဒုက္ခလမ်း
ပေါ် တရွတ်တိုက် လိုက်ပါရခြင်းများ၊ ထိုခေတ် ထောင်များ၊ ရဲဘက်စခန်းများသို့ပါ အပို့ခံရသည့် နိုင်ငံရေးအကျဉ်းသားတို့၏ ဘဝဟာ
ကြမ်းတမ်း ဆိုတာကို တပည့်တော် သိထားတော့ မျက်ကွယ်မပြုရက်ဘူး။ အဲဒါကြောင့် အရှင်ဂမ္ဘီရ (ခ) အရှင်စန္ဒောဘာသာ၊ အရှင်ပညာ
သီရိတို့ကို တပည့်တော် အပြည့်အဝကာကွယ် ပေးခြင်းခဲ့ဟာ အပြစ် မဟုတ် ဘူး မှတ်လား ဘုရား အရှင်ဘုရားတို့ ပြောနေတဲ့လူအခွင့်
အရေး မဟုတ်လားတဲ့။မယ်တော်ကြီး ဒေါ်တင်အိ ပြောတဲ့အတိုင်းပါပဲ မိမိတို့ တိုင်းပြည်မှာက နာမည်ကြီး၊ နာမည်ကျော် အထင်ကရ ပုဂ္ဂိုလ်
များအကြောင်းကိုသာ မှတ်တမ်းစာအုပ်များအဖြစ် ထုတ်ဖော်လေ့ရှိပါတယ်။ မထင်မရှား နိုင်ငံရေးသမား များကို နောက်ကွယ်ရာကနေပြီး
တော့ ပံ့ပို့ပေးကြတဲ့သူများအကြောင်းကို ပြောဆိုကြတာ အတော့်ကို နည်းပါး ကြပါတယ်။
တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်ခုကို တည်ဆောက်ရာတွင် အထင်ကရပုဂ္ဂိုလ်ကြီးများချည်းသက်သက်ဖြင့် တည် ဆောက်ခဲ့ကြသည် မဟုတ်။
ထိုပုဂ္ဂိုလ်ကြီးများ၏ နောက်တွင် မထင်မရှားသော အညတြသူရဲကောင်းပေါင်း မြောက်မြားစွာ ရပ်တည်ခဲ့ကြ၏။ ပေးဆပ်ခဲ့ကြ၏။ ဘဝကို
စတေးကာ ကြီးမားလှသော အရင်းနှီးများကို ပေးဆပ် ခဲ့ကြလေသည်။ ထိုကြောင့် မယ်တော်ကြီး ဒေါ်တင်အိက သူ့ ဖြတ်သန်းခဲ့သော ဘဝ
ခရီးကြမ်းမှတ်တမ်းကြီးကို မိမိတို့ကိုယ် ပြောပြပေးမည်ဟု ဆိုသောအခါ လွန်စွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။
မယ်တော်ကြီး ဒေါ်တင်အိ၏ ဘဝမှာ ရွှေဝါရောင်တော်လှန်ရေး၏ ဦးဆောင်ဆရာတော်တွေ ဖြစ်ကြတဲ့ အရှင်ဂမ္ဘီရ (ခ)အရှင်စန္ဒောဘာသာ၊
အရှင်ပညာသီရိတို့ ဇာတ်လမ်း၊လမ်းခုလတ်မှာ မယ်တော်ကြီး ဒေါ်တင်အိ ဖြတ်သန်း ခဲ့ရသော ခေတ်သစ်မြန်မာ့နိုင်ငံရေးသမိုင်းထဲက
နှလုံးရည်တိုက်ပွဲ ဆင်နွှဲသူတိုင်း မလွဲမသွေ ဖြတ်သန်းရင်ဆိုင် ခဲ့ကြရသည့် အကြောင်းအရာများကို အတတ်နိုင်ဆုံး မှတ်တမ်းတင်ထားသင်
ပါသည်။ညအချိန် ထွက်ပြေးလာသည့် သံဃာတော်နှစ်ပါးကို လူဝတ်လည်ပြီး လုံခြုံသည့် မိမိ၏ သမီးအိမ်ရှိရာသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။
တစ်လ နည်းပါးလောက် သံဃာတော်များ၏ ကိစ္စအဝဝကို ဆောင်ရွက်ပေးခဲပါတယ်။
မယ်တော်ကြီးဒေါ်တင်အိကို ဒီလောက် သတင်းတွေကြီးနေတဲ့ ကိုယ်တော်တွေ ကူညီပေးလို့ ထောက်လှမ်းရေးက ဖမ်းမှာ မကြောက်ဘူး
လားဆိုတော့ အရှင်ဘုရား ရယ် ကြောက်ဖို့ဆိုတာထက် ဒုက္ခရောက်လာတဲ့ သံဃာတွေကို အခု ကူညီ ပေးခွင့်ရတာကို ဝမ်းသာလှပါတယ်။
မိန်းမသားဖြစ်တဲ့တပည့်တော်ရင်ထဲမှာ ငါသားတွေသာဆိုရင် အဲလိုစိတ်လေး ဖြစ်မိပါတယ်ဘုရား။ မယ်တော် ကြီးဒေါ်တင်အိစိတ်ထဲမှာမိခင်တစ်ယောက်ရဲ့ စိတ် ဖြစ်မိတယ်လို မိမိ ယုံကြည်ပါတယ်။
တစ်ခြားအချိန်တွေလည်း သံဃာတော်နှစ်ပါး၏ ကိစ္စအဝအဝကို ဆောင်ရွက်ပေးခဲ့ပြီး ကံမကောင်း၊ အကြောင်း မလှ ဖြစ်ခဲ့ရတယ်ဘုရားလို့ပြောရင် မယ်တော်ကြီး ဒေါ်တင်အိစကားအသံတို့က တိုးသွား ပါတယ်။
ခဏအကြာတော့ မယ်တော်ကြီး ဒေါ်တင်အိက တပည့်တော် အဲဒီလို ရွှေဝါရောင်သံဃာတော်တွေကို ကာကွယ်လို့ မိသားစုဝင်တွေလည်း
အဖမ်းခံခဲ့ကြပါတယ်။ တပည့်တော် နောင်တ မရဘူး ဘုရား။ ဒီတိုင်းပြည်မှာ အာဏာရှင် စနစ်ကို ပြန်ပြီးတော့ မရောက်ဖို့က အကြီးဆုံးပါပဲ
။တပည့်တော်မစိတ်ထဲမှာ သံဃာတော်များ ထောင်ထဲ၊ ရဲဘက်စခန်းများ ရောက်ရှိသွားရင် ကြီးနိုင်/ငယ်ညှဉ်း စရိုက် များကြားမှ ရုန်းကန်ရဖို့ ခက်သလို သို့မဟုတ် ခယောင်း လမ်းပေါ် ကျော ခဏ ခင်းစရာရသည့်မြက်ဖျာကြမ်းလို ဖြေသိမ့်ဖွယ်တဒင်္ဂများ အဖြစ် ပါဝင်ပါလိမ့်မည်ဆိုတဲ့ စိတ်ဓာတ်လေး ဖြစ်ပါတယ်ဘုရား။မယ်တော်ကြီး ဒေါ်တင်အိသို့ ဒီကဗျာပုဒ်လေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။
“အမေ”
ဝါကျအကွဲအရှတွေနဲ့ ပစ်ပေါက်သော်လည်း
ဘယ်တော့မှ သွေးမစွန်းဘူး
သားတို့ရင်မှာ လာမှန်တာက
စံပယ်ပွင့် စစ်စစ်တွေ…..
အမေ့မေတ္တာဟာ
လိုင်းခွဲမရှိတဲ့ ဆက်သွယ်ရေး
လမ်းခွဲမရှိတဲ့ ဘူတာ
တစ်ကြောင်းပဲ စီးတဲ့မြစ်
ဘယ်လိုပဲဖြစ်ဖြစ် ဘယ်နေရာရောက်ရောက်အချိန်မှန် ဆိုက်ရောက်လာတာချည်းပဲ……
နေလို လလို တောက်ပပြီး
နေလို လလို ကွယ်ပသွားတဲ့အထဲ
အမေ့ မေတ္တာတရားတွေ ပါမသွားဘူး…..
ဘယ်အချိန်ဖွင့်ပြီး ရှိုက်ရှိုက်
ရနံ့လေး တသုန်သုန်က ပြယ်တယ်ဆိုတာ မရှိ…..
မေတ္တာတရားတွေ တလက်လက် တောက်ပနေတဲ့အခါ
နေရောင်ခြည်မှာ ပိုးစုန်းကြူးတွေ ဒူးထောက်ရသလိုမျိုး
(၁၅၀၀)တွေ အတုံးအရှုံး လည်စင်းပေးရတယ်…..။
ခရစ်ဒစ် _ မူရင်းရေးသားသူ
နေမိုးအိမ်
ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)
၁၁.၂၈.၂၀၂၀။
Source& Photo; D Day Channel