ၾကားသိသမွ်

ရက် ၄၀ ကျော်အတွင်း ဆုံးရှုံး လိုက်ရတဲ့ အနုပညာရှင် ၁၃၁ ဦး

ရက် ၄၀ ကျော်အတွင်း ဆုံးရှုံး လိုက်ရတဲ့ အနုပညာရှင် ၁၃၁ ဦး

ဇူလိုင် ၁ ရက်ကနေ သြဂုတ် ၁၀ ရက်နေ့အထိ ရက်ပေါင်း ၄၀ ကျော်အတွင်း စာပေ၊ ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင် စတဲ့နယ်ပယ်စုံက အနုပညာ

ရှင် ၁၃၁ ဦး ကွယ်လွန်ခဲ့တယ်လို့ RFA က စာရင်းပြုစုနိုင်ခဲ့ပါတယ်။

အဲဒီ အနုပညာရှင်အများစုက ကိုဗစ်ကြောင့် သေဆုံးရတာဖြစ်ပြီး ရိုးရိုးသေဆုံးသူလည်း အနည်းငယ် ပါဝင် ပါတယ်။ တချို့က ကိုဗစ်ကပ်

ရောဂါကြောင့် သေဆုံးတာ မဟုတ်ပေမယ့် ကိုဗစ်တတိယလှိုင်းမှာဆေးရုံ ဆေးခန်းတွေ မဖွင့်တာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ

အပြည့်အဝ မရတာကြောင့် အချိန်မီ ဆေးကုသ ခွင့်မရဘဲ သေဆုံးခဲ့ရတာလို့လည်း မိသားစုဝင်တွေနဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေက ပြောပါ

တယ်။သေဆုံးခဲ့သူတွေထဲမှာ စာရေးဆရာ ကဗျာဆရာနဲ့ စာနယ်ဇင်းနယ်ပယ်က ၇၃ ဦး၊ပန်းချီပန်းပုနဲ့ ကာကွန်း နယ်ပယ်က ၂၂ ဦး၊ ရုပ်ရှင်နဲ့

ဇာတ်သဘင်နယ်ပယ်က ၁၈ ဦး၊ ဂီတနယ်ပယ်က ၁၈ ဦး စုစုပေါင်း ၁၃၁ ဦး ဖြစ်ပါတယ်။

စာပေနယ်က ထင်ရှားသူတွေကတော့ စာရေးဆရာ ဆင်ဖြူကျွန်းအောင်သိန်း၊ သိုက်ထွန်းသက်၊ ခင်စောတင့်၊ ဆင်တဲဝ မြတ်ဖုန်း၊

အဏ္ဏဝါစိုးမိုး၊ စာရေးဆရာ ညီစေမင်းနဲ့ ဒေါက်တာ ခင်မောင်ဝင်း၊ ကဗျာဆရာတွေထဲက မင်းယုဝေ၊ အောင်ချိမ့်၊ မောင်သင်းခိုင်၊ လူဇော်သစ်

တို့ဖြစ်ပါတယ်။စာရေးဆရာကြီး မင်းယုဝေဟာ မြန်မာ့စာပေလောကမှာ လူကြိုက်များခဲ့တဲ့ ငွေတာရီမဂ္ဂဇင်းကို တည်ထောင်ခဲ့ သူဖြစ်ပါ

တယ်။ငါရှုံးပါစေ၊ တရားက နိုင်ပါစေ ဆိုတဲ့ကဗျာစာသားနဲ့ လူငယ်ထုကြားမှာ ထင်ရှားခဲ့တဲ့ ကဗျာဆရာ အောင်ချိမ့် ဟာဆိုရင်လည်း

ခေတ်ပေါ်မြန်မာကဗျာ လောကကို ဦးဆောင်ခဲ့သူ တစ်ဦးအဖြစ် အသိအမှတ်ပြုခံရသူ ဖြစ်ပါတယ်။

အခုလို ကပ်ရောဂါကာလမှာ မြန်မာပြည်သူတွေအတွက် တန်ဖိုးရှိတဲ့ စာပေသမား အများအပြား ကွယ်လွန် သွားတာဟာ မြန်မာ့

စာပေလောကအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်လို့ စာရေးဆရာမ သွေး (စစ်ကိုင်း) က ပြောပါတယ်။

Credit RFA

Zawgyi

ရက္ ၄၀ ေက်ာ္အတြင္း ဆုံးရႈံး လိုက္ရတဲ့ အႏုပညာရွင္ ၁၃၁ ဦး

ဇူလိုင္ ၁ ရက္ကေန ၾသဂုတ္ ၁၀ ရက္ေန႔အထိ ရက္ေပါင္း ၄၀ ေက်ာ္အတြင္း စာေပ၊ ႐ုပ္ရွင္၊ ဂီတ၊ ဇာတ္သဘင္ စတဲ့နယ္ပယ္စုံက အႏုပညာရွင္ ၁၃၁ ဦး ကြယ္လြန္ခဲ့တယ္လို႔ RFA က စာရင္းျပဳစုနိုင္ခဲ့ပါတယ္။

အဲဒီ အႏုပညာရွင္အမ်ားစုက ကိုဗစ္ေၾကာင့္ ေသဆုံးရတာျဖစ္ၿပီး ရိုးရိုးေသဆုံးသူလည္း အနည္းငယ္ ပါဝင္ ပါတယ္။ တခ်ိဳ႕က

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးတာ မဟုတ္ေပမယ့္ ကိုဗစ္တတိယလွိုင္းမွာေဆး႐ုံ ေဆးခန္းေတြ မဖြင့္တာ၊ က်န္းမာေ

ရးေစာင့္ေရွာက္မႈေတြအျပည့္အဝ မရတာေၾကာင့္ အခ်ိန္မီ ေဆးကုသ ခြင့္မရဘဲ ေသဆုံးခဲ့ရတာလို႔လည္း မိသားစုဝင္ေတြနဲ႔ အရင္းႏွီးဆုံး မိတ္ေဆြေတြက ေျပာပါတယ္။

ေသဆုံးခဲ့သူေတြထဲမွာ စာေရးဆရာ ကဗ်ာဆရာနဲ႔ စာနယ္ဇင္းနယ္ပယ္က ၇၃ ဦး၊ပန္းခ်ီပန္းပုနဲ႔ ကာကြန္း နယ္ပယ္က ၂၂ ဦး၊ ႐ုပ္ရွင္နဲ႔ ဇာတ္သဘင္နယ္ပယ္က ၁၈ ဦး၊ ဂီတနယ္ပယ္က ၁၈ ဦး စုစုေပါင္း ၁၃၁ ဦး ျဖစ္ပါတယ္။

စာေပနယ္က ထင္ရွားသူေတြကေတာ့ စာေရးဆရာ ဆင္ျဖဴကၽြန္းေအာင္သိန္း၊ သိုက္ထြန္းသက္၊ ခင္ေစာတင့္၊ ဆင္တဲဝ ျမတ္ဖုန္း၊ အဏၰဝါစိုးမိုး၊ စာေရးဆရာ ညီေစမင္းနဲ႔ ေဒါက္တာ ခင္ေမာင္ဝင္း၊ ကဗ်ာဆရာေတြထဲက မင္းယုေဝ၊ ေအာင္ခ်ိမ့္၊ ေမာင္သင္းခိုင္၊ လူေဇာ္သစ္ တို႔ျဖစ္ပါတယ္။

စာေရးဆရာႀကီး မင္းယုေဝဟာ ျမန္မာ့စာေပေလာကမွာ လူႀကိဳက္မ်ားခဲ့တဲ့ ေငြတာရီမဂၢဇင္းကို တည္ေထာင္ခဲ့ သူျဖစ္ပါတယ္။

ငါရႈံးပါေစ၊ တရားက နိုင္ပါေစ ဆိုတဲ့ကဗ်ာစာသားနဲ႔ လူငယ္ထုၾကားမွာ ထင္ရွားခဲ့တဲ့ ကဗ်ာဆရာ ေအာင္ခ်ိမ့္ ဟာဆိုရင္လည္း ေခတ္ေပၚျမန္မာကဗ်ာ ေလာကကို ဦးေဆာင္ခဲ့သူ တစ္ဦးအျဖစ္ အသိအမွတ္ျပဳခံရသူ ျဖစ္ပါတယ္။

အခုလို ကပ္ေရာဂါကာလမွာ ျမန္မာျပည္သူေတြအတြက္ တန္ဖိုးရွိတဲ့ စာေပသမား အမ်ားအျပား ကြယ္လြန္ သြားတာဟာ ျမန္မာ့စာေပေလာကအတြက္ ဆုံးရႈံးမႈတစ္ရပ္ျဖစ္တယ္လို႔ စာေရးဆရာမ ေသြး (စစ္ကိုင္း) က ေျပာပါတယ္။

Credit RFA