ၾကားသိသမွ်

တာလီဘန် ချုပ်ကိုင်လိုက်တဲ့ ကမ္ဘာသစ်ထဲ အာဖဂန်ပြည်သူတွေ အခုမနက်မှာ နိုးထလာရ

တာလီဘန် ချုပ်ကိုင်လိုက်တဲ့ ကမ္ဘာသစ်ထဲ အာဖဂန်ပြည်သူတွေ အခုမနက်မှာ နိုးထလာရ

အာဖဂန်နစ္စတန် နိုင်ငံတဝန်း တာလီဘန် တပ်ဖွဲ့တွေရဲ့ အင်မတန် မြန်ဆန်လှတဲ့ ထိုးစစ်ဆင် မြို့သိမ်းပွဲတွေကို တွေ့မြင်နေခဲ့ရတာမှာ ရက်

အနည်းငယ် အတွင်းမှာပဲ မြို့တော် ကာဘူးလ်ကို သိမ်းယူနိုင်ခြင်းဆိုတဲ့ အထွဋ်အထိပ် အခြေအနေကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ နေးတိုး တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းသွားပြီး ခနချင်းမှာပဲ အနှစ် ၂၀ စွန့်လွှတ်ထား ခဲ့ရတဲ့ မြို့တော် ကာဘူးလ်ကို

တာလီဘန် တိုက်ခိုက်ရေးသမားတွေ ပြန်လည် ရရှိသွားပါတယ်။

ဒါ့ကြောင့် အခု တနင်္လာမနက်ခင်း အာဖဂန်တွေ နိုးထလာတဲ့အခါ တာလီဘန်တွေ ချုပ်ကိုင်တဲ့ ကမ္ဘာသစ်ထဲ ရောက်နေတော့မှာ ဖြစ်ပါ

တယ်။အာဖဂန် သမ္မတ အာရှရပ်ဖ် ဂါနီဟာ ဥဇဘက်ကစ္စတန် နိုင်ငံကို ထွက်ပြေးသွား ခဲ့တဲ့နောက် တာလီဘန်တွေဟာ ကာဘူးလ်မြို့ကို

သွေးထွက်သံယိုမှု အနည်းဆုံးနဲ့ သိမ်းနိုင်ခဲ့တာ ဖြစ်တယ်လို့ အဲဒီကလာတဲ့ သတင်းတွေက ဆိုပါတယ်။

အခု အချိန်အထိတော့ အကြမ်းဖက် ဖြစ်ရပ်တွေ၊ သွေးမြေကျမှုတွေ ကာဘူးလ်မြို့တော်မှာ မရှိသလောက်ပဲလို့ ဆိုပါတယ်။ ဒါပေမယ့် လူအ

များကြား စိုးရိမ်မှုတွေ လွှမ်းမိုးနေပြီး ကာဘူးလ်မြို့တော်ကြီး တစ်ခုလုံးမှာ အခြေအနေတွေဟာ မရေရာပဲ ရှုပ်ထွေး နေပါတယ်။

ကာဘူးလ်ကနေ အမြန်ဆုံး ခွာနိုင်အောင် အသည်းအသန် ကြိုးစားနေသူတွေ အများအပြား ရှိနေပါတယ်။ ဘဏ်တွေမှာ လူတွေ စုပြုံတိုးနေ

ပြီး စုဆောင်းထားသမျှ ငွေတွေကို ထုတ်ယူဖို့ ကြိုးစားပါတယ်။

တာလီဘန်တွေကတော့ လူတွေကို စိတ်အေးအေးထားပြီး ထိန်းထိန်းသိမ်းသိမ်း နေကြဖို့ တိုက်တွန်း နေပါတယ်။ အာဖဂန်ပြည်သူတွေရဲ့

ဂုဏ်သိက္ခာ၊ ပိုင်ဆိုင်မှု ဓနအင်အား၊ ကိုယ့်ကိုယ်ကိုယ် လေးစား တန်ဖိုးထားမှု စတာတွေ အားလုံးကို စောင့်ရှောက် ကာကွယ် ပေးသွားမယ်

ဆိုပြီး တာလီဘန်တွေက ကတိပြု ပါတယ်။

တာလီဘန်တွေ ကာဘူးလ်မြို့ထဲ ဝင်လာချိန်မှာ၊ သံရုံးဝန်ထမ်းတွေ အပါအဝင် အနောက်နိုင်ငံသားတွေ မြို့ကနေ စွန့်ခွာနေကြဆဲ ဖြစ်ပါ

တယ်။ အနောက်အုပ်စု ကယ်ဆယ် ခေါ်ထုတ်ရေး တပ်ဖွဲ့တွေဟာ ကာဘူးလ်မြို့ လေဆိပ်ကို ထိန်းချုပ်ထားပါတယ်။

အမေရိကန် စစ်တပ်က နောက်ထပ် စစ်သား အင်အား တစ်ထောင် တိုးမြှင့် စေလွှတ်မယ်လို့ ဆိုတာကြောင့် ကာဘူးလ် လေဆိပ်ကို အမေရိ

ကန် စစ်သား ၆ ထောင်နဲ့ ထိန်းချုပ် ကိုင်တွယ်မှာ ဖြစ်ပါတယ်။ လောလောဆယ် အထိ အနည်းဆုံး ၃ ထောင် ရောက်ရှိနှင့်ပြီး ဖြစ်ပါတယ်။

ဗြိတိသျှတပ်ဖွဲ့တွေလည်း ရှိနေကြပြီ ဖြစ်သလို၊ ပြင်သစ်နဲ့ ဂျာမနီတို့ကလည်း စစ်လေယာဉ်တွေ စေလွှတ်ထားပါတယ်။ တူရကီနဲ့ ရုရှားတို့

ကတော့ ကာဘူးလ်မြို့တော်က သူတို့ရဲ့ သံရုံးတွေကို ဆက်ဖွင့်ထားမယ်လို့ ကြေညာပါတယ်။ တာလီဘန်တွေထံက လုံခြုံရေး အာမခံချက်

ရရှိထားတယ်လို့ ဆိုပါတယ်။

ဒီလို အခြေအနေတွေမှာ လူ့အသက် ဆုံးရှုံးမှုတွေ မရှိရစေဖို့ တာလီဘန်တွေ အပါအဝင် အဖွဲ့အားလုံး အနေနဲ့ အစွမ်းကုန် ထိန်းထိန်းသိမ်း

သိမ်း ပြုမူကြပါ ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က တိုက်တွန်း နေပါတယ်။

အာဖဂန်မှာ ရှေ့ဆက် ဖြစ်ပေါ်လာမယ့် အခြေအနေတွေထဲ အမျိုးသမီးနဲ့ မိန်းကလေးငယ် တို့ရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံရလိမ့်မလား

ဆိုတဲ့ စိုးရိမ်မှု မစ္စတာဂူတားရက်စ်မှာ အဓိက ရှိနေတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

တာလီဘန်ကို ချက်ခြင်းလက်ငင်း အသိအမှတ်ပြု လက်ခံတာမျိုး မလုပ်ကြဖို့ တခြား မိတ်ဆွေ နိုင်ငံတွေနဲ့ အတူ လုပ်ဆောင်မယ် ဆိုပြီး

ဗြိတိသျှ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

အာဖဂန်ပြည်တွင်းမှာတော့ တာလီဘန်တွေထံ အာဏာလွှဲပြောင်းပေးရေး ညှိနှိုင်းဆောင်ရွက်မှု ကောင်စီတစ်ရပ် ထူထောင် ထားရှိလိုက်ပြီ

ဖြစ်တာမှာ သမ္မတဟောင်း ဟာမစ်ဒ် ကာဇိုင်းက အဲဒီ ကောင်စီထဲ သူပါဝင်တယ်လို့ အတည်ပြုပါတယ်။ ဒါ့အပြင် တာလီဘန်တွေနဲ့

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဦးဆောင်ပြုလုပ်သူ အဗ္ဗဒူလာ အဗ္ဗဒူလာနဲ့ စစ်ဘုရင်ဟောင်း ဂါလ်ဘူဒင် ဟက်မတ်တီးယားတို့လည်း

အာဏာလွှဲရေး ကြီးကြပ်တဲ့ကောင်စီထဲ ပါဝင်တယ်လို့ ဆိုပါတယ်။

Source; BBC Burma

Zawgyi

တာလီဘန္ ခ်ဳပ္ကိုင္လိုက္တဲ့ ကမၻာသစ္ထဲ အာဖဂန္ျပည္သူေတြ အခုမနက္မွာ နိုးထလာရ

အာဖဂန္နစၥတန္ နိုင္ငံတဝန္း တာလီဘန္ တပ္ဖြဲ႕ေတြရဲ့ အင္မတန္ ျမန္ဆန္လွတဲ့ ထိုးစစ္ဆင္ ၿမိဳ႕သိမ္းပြဲေတြကို ေတြ႕ျမင္ေနခဲ့ရတာမွာ

ရက္အနည္းငယ္ အတြင္းမွာပဲ ၿမိဳ႕ေတာ္ ကာဘူးလ္ကို သိမ္းယူနိုင္ျခင္းဆိုတဲ့ အထြဋ္အထိပ္ အေျခအေနကို ေရာက္ရွိလာၿပီ ျဖစ္ပါတ

ယ္။အေမရိကန္ဦးေဆာင္တဲ့ ေနးတိုး တပ္ဖြဲ႕ဝင္ေတြ ႐ုပ္သိမ္းသြားၿပီး ခနခ်င္းမွာပဲ အႏွစ္ ၂၀ စြန႔္လႊတ္ထား ခဲ့ရတဲ့ ၿမိဳ႕ေတာ္ ကာဘူး

လ္ကို တာလီဘန္ တိုက္ခိုက္ေရးသမားေတြ ျပန္လည္ ရရွိသြားပါတယ္။

ဒါ့ေၾကာင့္ အခု တနလၤာမနက္ခင္း အာဖဂန္ေတြ နိုးထလာတဲ့အခါ တာလီဘန္ေတြ ခ်ဳပ္ကိုင္တဲ့ ကမၻာသစ္ထဲ ေရာက္ေနေတာ့မွာ

ျဖစ္ပါတယ္။အာဖဂန္ သမၼတ အာရွရပ္ဖ္ ဂါနီဟာ ဥဇဘက္ကစၥတန္ နိုင္ငံကို ထြက္ေျပးသြား ခဲ့တဲ့ေနာက္ တာလီဘန္ေတြဟာ ကာ

ဘူးလ္ၿမိဳ႕ကို ေသြးထြက္သံယိုမႈ အနည္းဆုံးနဲ႔ သိမ္းနိုင္ခဲ့တာ ျဖစ္တယ္လို႔ အဲဒီကလာတဲ့ သတင္းေတြက ဆိုပါတယ္။

အခု အခ်ိန္အထိေတာ့ အၾကမ္းဖက္ ျဖစ္ရပ္ေတြ၊ ေသြးေျမက်မႈေတြ ကာဘူးလ္ၿမိဳ႕ေတာ္မွာ မရွိသေလာက္ပဲလို႔ ဆိုပါတယ္။

ဒါေပမယ့္ လူအမ်ားၾကား စိုးရိမ္မႈေတြ လႊမ္းမိုးေနၿပီး ကာဘူးလ္ၿမိဳ႕ေတာ္ႀကီး တစ္ခုလုံးမွာ အေျခအေနေတြဟာ မေရရာပဲ

ရႈပ္ေထြး ေနပါတယ္။ကာဘူးလ္ကေန အျမန္ဆုံး ခြာနိုင္ေအာင္ အသည္းအသန္ ႀကိဳးစားေနသူေတြ အမ်ားအျပား ရွိေနပါတယ္။ ဘ

ဏ္ေတြမွာ လူေတြ စုျပဳံတိုးေနၿပီး စုေဆာင္းထားသမၽွ ေငြေတြကို ထုတ္ယူဖို႔ ႀကိဳးစားပါတယ္။

တာလီဘန္ေတြကေတာ့ လူေတြကို စိတ္ေအးေအးထားၿပီး ထိန္းထိန္းသိမ္းသိမ္း ေနၾကဖို႔ တိုက္တြန္း ေနပါတယ္။ အာ

ဖဂန္ျပည္သူေတြရဲ့ ဂုဏ္သိကၡာ၊ ပိုင္ဆိုင္မႈ ဓနအင္အား၊ ကိုယ့္ကိုယ္ကိုယ္ ေလးစား တန္ဖိုးထားမႈ စတာေတြ အားလုံးကို ေစာင့္ေရွာက္ ကာ

ကြယ္ ေပးသြားမယ္ ဆိုၿပီး တာလီဘန္ေတြက ကတိျပဳ ပါတယ္။တာလီဘန္ေတြ ကာဘူးလ္ၿမိဳ႕ထဲ ဝင္လာခ်ိန္မွာ၊ သံ႐ုံးဝန္ထမ္းေတြ

အပါအဝင္ အေနာက္နိုင္ငံသားေတြ ၿမိဳ႕ကေန စြန႔္ခြာေနၾကဆဲ ျဖစ္ပါတယ္။ အေနာက္အုပ္စု ကယ္ဆယ္ ေခၚထုတ္ေရး တပ္ဖြဲ႕ေတြ

ဟာ ကာဘူးလ္ၿမိဳ႕ ေလဆိပ္ကို ထိန္းခ်ဳပ္ထားပါတယ္။အေမရိကန္ စစ္တပ္က ေနာက္ထပ္ စစ္သား အင္အား တစ္ေထာင္ တိုးျမႇင့္ ေစလႊတ္မယ္လို႔

ဆိုတာေၾကာင့္ ကာဘူးလ္ ေလဆိပ္ကို အေမရိကန္ စစ္သား ၆ ေထာင္နဲ႔ ထိန္းခ်ဳပ္ ကိုင္တြယ္မွာ ျဖစ္ပါတယ္။ ေလာေလာဆယ္ အထိ အ

နည္းဆုံး ၃ ေထာင္ ေရာက္ရွိႏွင့္ၿပီး ျဖစ္ပါတယ္။

ၿဗိတိသၽွတပ္ဖြဲ႕ေတြလည္း ရွိေနၾကၿပီ ျဖစ္သလို၊ ျပင္သစ္နဲ႔ ဂ်ာမနီတို႔ကလည္း စစ္ေလယာဥ္ေတြ ေစလႊတ္ထားပါတယ္။

တူရကီနဲ႔ ႐ုရွားတို႔ကေတာ့ ကာဘူးလ္ၿမိဳ႕ေတာ္က သူတို႔ရဲ့ သံ႐ုံးေတြကို ဆက္ဖြင့္ထားမယ္လို႔ ေၾကညာပါတယ္။ တာလီဘန္ေတြထံ

က လုံျခဳံေရး အာမခံခ်က္ ရရွိထားတယ္လို႔ ဆိုပါတယ္။ဒီလို အေျခအေနေတြမွာ လူ႔အသက္ ဆုံးရႈံးမႈေတြ မရွိရေစဖို႔ တာလီဘ

န္ေတြ အပါအဝင္ အဖြဲ႕အားလုံး အေနနဲ႔ အစြမ္းကုန္ ထိန္းထိန္းသိမ္းသိမ္း ျပဳမူၾကပါ ဆိုၿပီး ကုလသမဂၢ အတြင္းေရးမႉး

ခ်ဳပ္ အန္တိုနီယို ဂူတားရက္စ္က တိုက္တြန္း ေနပါတယ္။အာဖဂန္မွာ ေရွ႕ဆက္ ျဖစ္ေပၚလာမယ့္ အေျခအေနေတြထဲ အမ်ိဳးသမီးနဲ႔ မိန္း

ကေလးငယ္ တို႔ရဲ့ အခြင့္အေရးေတြ ခ်ိဳးေဖာက္ခံရလိမ့္မလား ဆိုတဲ့ စိုးရိမ္မႈ မစၥတာဂူတားရက္စ္မွာ အဓိက ရွိေနတယ္လို႔ အတြင္းေရး

မႉးခ်ဳပ္ရဲ့ ေျပာခြင့္ရ ပုဂၢိဳလ္က ဆိုပါတယ္။

တာလီဘန္ကို ခ်က္ျခင္းလက္ငင္း အသိအမွတ္ျပဳ လက္ခံတာမ်ိဳး မလုပ္ၾကဖို႔ တျခား မိတ္ေဆြ နိုင္ငံေတြနဲ႔ အတူ လုပ္ေဆာင္မယ္

ဆိုၿပီး ၿဗိတိသၽွ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂၽြန္ဆင္က ေျပာပါတယ္။အာဖဂန္ျပည္တြင္းမွာေတာ့ တာလီဘန္ေတြထံ အာဏာလႊဲေျ

ပာင္းေပးေရး ညႇိႏွိုင္းေဆာင္ရြက္မႈ ေကာင္စီတစ္ရပ္ ထူေထာင္ ထားရွိလိုက္ၿပီ ျဖစ္တာမွာ သမၼတေဟာင္း ဟာမစ္ဒ္ ကာဇိုင္း

က အဲဒီ ေကာင္စီထဲ သူပါဝင္တယ္လို႔ အတည္ျပဳပါတယ္။ ဒါ့အျပင္ တာလီဘန္ေတြနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြကို ဦးေ

ဆာင္ျပဳလုပ္သူ အဗၺဒူလာ အဗၺဒူလာနဲ႔ စစ္ဘုရင္ေဟာင္း ဂါလ္ဘူဒင္ ဟက္မတ္တီးယားတို႔လည္း အာဏာလႊဲေရး ႀကီးၾကပ္တဲ့ေ

ကာင္စီထဲ ပါဝင္တယ္လို႔ ဆိုပါတယ္။

Source; BBC Burma