ၾကားသိသမွ်

တိုက်ပွဲတွေဖြ​စ်နေတဲ့ကြားကနေ ကျေးရွာထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ဘေးလွတ်ရာသို့ ကူညီ ကယ်ထုတ်ပေးခဲ့တဲ့ Free Burma Ranger အဖွဲ့

ဧပြီလနှောင်းပိုင်း လောက်ကနေစတင်ကာ နေရာဒေသတချို့တွေမှာ ပြည်သူတွေကတော့ အာဏာရှင်လူတစ်စုကို ရရာလက်နက်ကို

ဆွဲကိုင်ပြီး တော်လှန်လာကြတာ ဖြစ်ပါတယ်။ ပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲများဟာ ဆက်တိုက်ဖြစ်ပွားလာတာနဲ့အမျှ နှစ်ဘက်အကျဆုံး

တွေရှိလာခဲ့ပြီး ဒေသခံပြည်သူအများအပြားလည်း အိုးအိမ်မဲ့စွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ လတ်တလော တချို့

ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားမှု နည်းပါးလာပေမယ့် ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ တိုက်ပွဲများပိုမိုဖြစ်ပွားလာခဲ့တာ တွေ့ရပါ

တယ်။

Photo Credit – Free Burma Ranger fb page

Photo Credit – Free Burma Ranger fb page

ယခုမှာလည်း သြဂုဏ်လ (၁၄) ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု လွယ်ဟွဲကျေးရွာအနီးမှာ

တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ခါတိုက်ပွဲကတော့ အာဏာရှင်လက်အောက်ခံ တပ်နှင့် PNO ပူးတွဲစစ်ကြောင်းနှင့် KA

/ KNDF တို့ ထိပ်တိုက်ထိတွေ့မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ယင်းတိုက်ပွဲကြောင့် လွယ်ဟွဲ ကျေးရွာနဲ့ အနီးအနားက ပြည်သူအများအပြား

ဟာ နေအိမ်တွေကိုစွန့်ခွာပြီး စစ်ဘေးရှောင်ခဲ့ရပါတယ်။

Photo Credit – Free Burma Ranger fb page

Photo Credit – Free Burma Ranger fb page
Free Burma Ranger ကရင်နီအဖွဲ့ကတော့ တိုက်ပွဲဖြစ်နေတဲ့ လွယ်ဟွဲ ကျေးရွာက အမျိုးသမီးများ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးများ

ကို အဓိကထားပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့ကူညီပေးခဲ့ကြတယ်လို့ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ Free Burma Rangerအဖွဲ့ဟာ အန္တ

ရယ်ရှိနေတဲ့ကြားကနေ တိုက်ပွဲမှာပိတ်မိနေကြတဲ့ ဒေသခံပြည်သူတွေကို အသက်နဲ့ရင်းပြီး ကူညီကယ်ထုတ်ပေးနေတဲ့အပြင် PDFတပ်

တွေနဲ့အတူ အာဏာရှင်လူတစ်စုကို ကူတိုက်ပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ပဲ ဖြစ်ပါတယ်။ ယနေ့မနက်ပိုင်းမှာလည်း အဆိုပါ လွယ်ဟွဲကျေးရွာမှာ

တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး စစ်ရှောင်ပြည်သူများအတွက် စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ ကြားသိရပါတယ်။

Photo Credit – Free Burma Ranger fb page
သတင်းအရင်းမြစ်: Source – Free Burma Ranger fb page