ၾကားသိသမွ်

မကြိုက်လည်း မတတ်နိုင်ဘူးကျွန်တော်က စစ်တပ်ကို ထောက်ခံတဲ့ဘက်ကပါ…ခင်ဗျား ဘာလုပ်မှာလဲ…ရဲဘော်

မကြိုက်လည်း မတတ်နိုင်ဘူးကျွန်တော်က စစ်တပ်ကို ထောက်ခံတဲ့ဘက်ကပါ…ခင်ဗျား ဘာလုပ်မှာလဲ…ရဲဘော်

မွေးကတည်းက စစ်တပ်ထဲမှာမွေးခဲ့..စစ်တပ်ထဲမှာ ကြီးပြင်းခဲ့တာအမေ မွေးခါနီးဗိုက်နာတဲ့ အချိန်မှာတောင် အဖေလုပ်တဲ့သူက တပ်ဆွယ်

ထွက်နေလို့ ဘားတိုက်က ရဲဘော်တစ်အုပ်ကြီး တပ်က စျေးဝယ် TE ကားနဲ့ ဆေးရုံလိုက်ပို့ပြီး ရဲဘော်တွေကြားမွေးခဲ့တဲ့သူ…စစ်တပ်ကို

သံယောဇဉ်ကြီးတာ မဆန်းဘူးလို့ ထင်တာပဲဒါပေမယ့် တပ်ကို ဘယ်လိုမျိုးထောက်ခံတာလဲဆိုစစ်တပ်ဆိုတာ ဘီလျံနာ အာဏာရှင်တစ်စု

ကို ကာကွယ်နေမယ့်အစား…ပြည်သူကို တိုင်းပြည်ကို ကာကွယ်တဲ့ ဂုဏ်သိက္ခာရှိတဲ့ စစ်တပ် ဖြစ်ဖို့ထောက်ခံတယ်။

ခိုးစား လုစား ဓားပြတိုက်စားနေရတဲ့ ကျွန်စုပ်တဲ့ သရက်စေ့လို ဖွာလန်ထွက်နေတဲ့ စစ်သားတွေဖြစ်မယ့်အစား…လူ့ဂုဏ်သိက္ခာရှိရှိနဲ့ လူပီပီ

သသနေရတဲ့ စစ်သားတွေဖြစ်ဖို့ ထောက်ခံတယ်။စစ်သည်ရဲမေတွေကိုလည်း ကျွန်ဝယ်ရာအစစ်ပါ တပ်ရင်းမှူးကတော်ရဲ့ အောက်ခြေသိမ်း

အိမ်တော်ပါကျွန်လုပ်နေရမယ့်အစား….ကိုယ့်မိသားစုနဲ့ကိုယ် အေးအေးချမ်းချမ်း သာသာယာယာနေရတဲ့ ဘဝမျိုး ဖြစ်ဖို့ထောက်ခံတယ်…

တပ်ထဲဝင်မယ့်သူမရှိလို့ တစ်ယောက် ၁၀ သိန်းပေး….လူဆိုးသူခိုး ဝရမ်းပြေးပါမကျန် လူသစ်စုဆောင်းနေရတဲ့ ဘဝကနေ….တိုင်းပြည်ကာ

ကွယ်ချင်လို့ စစ်ထဲဝင်ကြတဲ့ ပညာတတ်လူငယ်တွေကို စိစစ်လက်ခံနေရတဲ့ တပ်မတော်ကြီး ပြန်ဖြစ်ဖို့ ထောက်ခံတယ်။ရဲဘော်တွေက

ရှေ့တန်းမှာ ခြင်းကြားလွယ်..အာကာထွန်းဘောင်းဘီနဲ့ ငှက်ပျောအူစုပ်နေရတဲ့အချိန်မှာ…..ခင်ဗျားတို့ကာကွယ်နေတဲ့ ဘီလျံနာ ဗိုလ်ချုပ်

ကြီး မိသားစုတွေက နိုင်ငံခြားမှာ ရှော့ပင်ထွက်…ပြိုင်ကားကိုယ်စီနဲ့ သိန်းချီတန် ဝိုင်ပုလင်းတွေ ဖောက်သောက်ပြီး ပျော်မြူးနေကြတာ….

ခင်ဗျားတို့ကော ခင်ဗျားတို့မိန်းမတွေကော…တပ်သက်သာချောင်ချိရေးခေါင်းစဉ်အောက်မှာ ကြက်မွေး…ဘဲမွေး…ဘောင်ပေါက်….ကန်စွန်း

ရွက်စိုက်…လုပ်နေကြရတဲ့အချိန်…..ခင်ဗျားတို့ရဲ့ ဗိုလ်ချုပ်ကြီးတွေက ခင်ဗျားတို့ တစ်သက်လစာ စုပြီးတောင် ဝယ်မရနိုင်တဲ့

လက်ပတ်နာရီတွေ….သူ့မိန်းမအတွက်လက်ကိုင်အိတ်တွေ….လက်ဝတ်ရတနာတွေ…တိုက်အိမ်ကြီးတွေ….ဇိမ်ခံကားကြီးတွေ….သိန်း

သောင်းချီဘဏ်စာရင်းတွေနဲ့ ….နိုင်ငံတော်ကြီးကို ချစ်ပြနေကြတာ မြင်ရဲ့လား……

အေး…ခင်ဗျားတို့ တိုက်ပွဲကျသွားတဲ့အချိန်မှာတော့…..“ရဲဘော် သင်သွားလိုရာသွားနိုင်ပြီ” ဆိုတဲ့ အမိန့်ပြန်တမ်းက လွဲရင် ခင်ဗျားရဲ့

မိသားစုတွေ တပ်လိုင်းခန်းထဲက ဘယ်အချိန်ထွက်သွားရမလဲတွေးပူနေရတာပဲ အဖတ်တင်လိမ့်မယ်….သခင်အားရကျွန်ပါးဝ လုပ်ခဲ့တဲ့

ခင်ဗျားတို့အတွက်တော့ ဘယ်ပြည်သူကမှ ပူဆွေးနေလိမ့်မယ်…ကျန်ခဲ့တဲ့ ခင်ဗျားမိသားစုကို ဝိုင်းကူညီဖေးမကြလိမ့်မယ် မထင်နဲ့…..

Facebook မှာ ခင်ဗျားတို့တတွေ ဘယ်သူသေတယ်….ဘယ်နှယောက်သေတယ်ဆိုတဲ့ သတင်းတွေမြင်တိုင်း ဝမ်းသာအားရဖြစ်နေတဲ့ ပြည်

သူတွေကို မြင်ယောင်ကြည့်စမ်းပါ….ဘာဖြစ်လို့လဲ သိလား။ခင်ဗျားတို့ဘယ်သူဆိုတာ သိလို့လဲမဟုတ်ဘူး….မုန်းလို့လဲမဟုတ်ဘူး….ပြည်သူ

ကို နှိပ်စက်တဲ့…ကိုယ်ကျိုးပဲကြည့်တဲ့….ဘီလျံနာ ဗိုလ်ချုပ်ကြီးတွေရဲ့ လက်ကိုင်တုတ်အနေနဲ့ပဲ ခင်ဗျားကိုမြင်လို့…

တပ်မတော်ကို ကိုယ်ကျိုးအတွက် လက်ပါးစေအနေနဲ့ပဲ သဘောထားတဲ့ ဗိုလ်ချုပ်ကြီးတွေအတွက် ခင်ဗျားတိုက်ခိုက်ပေးနေလို့…

တပ်မတော်ရဲ့ ဂုဏ်သိက္ခာတစ်ခုလုံးကို သူ့မိန်းမလက်ကိုင်အိတ်နဲ့ အလဲအလှယ်လုပ်တဲ့ သူတွေရဲ့ အလံလောက်မှာ ခင်ဗျားရပ်တည်နေလို့

ခင်ဗျားကို ရွံရှာတာ…မုန်းတီးတာ…အော့နှလုံးနာနေကြတာ…ခင်ဗျားတို့သေတာကို ဝမ်းသာအားရဖြစ်နေကြတာ…..

တပ်မတော်ရဲ့ ဂုဏ်သိက္ခာဆိုတာ တပ်သားတွေရဲ့ ကိုယ်ကျင့်တရားနဲ့ စွန့်လွှတ်စွန့်စားစိတ်အပေါ်မှာပဲ မူတည်တယ်…..ဗိုလ်ချုပ်ကြီးတွေရဲ့

ထင်ရာစိုင်း အမိန့်ပေါ်မှာ မူတည်တာ မဟုတ်ဘူး…ခင်ဗျားရဲ့ ရပ်တည်မှုဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာပဲ…ပြည်သူကိုကာကွယ်တဲ့

တပ်မတော်သားအဖြစ် ရပ်တည်ချင်တာလား…ပြည်သူကို သတ်ဖြတ်တဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ လက်ကိုင်တုတ်အဖြစ် ရပ်တည်ချင်တာလား

ဆိုတာကတော့ ခင်ဗျားရဲ့ ရွေးချယ်မှုပဲ…ခင်ဗျားရဲ့ ရွေးချယ်မှု အပေါ်မှာ မူတည်ပြီး ခင်ဗျားရဲ့ ဈာပနမှာ ပြည်သူတွေ ဝမ်းနည်းမလား…ပြည်

သူတွေ ဝမ်းသာကြမလား ကွဲပြားသွားလိမ့်မယ်….

ကျုပ်ပြောခဲ့သလိုပဲ ကျုပ်ကတော့ တပ်မတော်ကို ထောက်ခံတယ်။ဂုဏ်သိက္ခာရှိတဲ့…ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်မဖြစ်ကတော့ ခင်ဗျား

တို့ရဲ့ ရပ်တည်ချက်အပေါ်မှာပဲ မူတည်တယ် ရဲဘော်..အခုချိန်မှာ ပြည်သူချစ်တဲ့ တပ်မတော်သားဖြစ်ဖို့ အချိန် မနှောင်းသေးဘူး…ဟော…

ပြောရင်းဆိုရင်း…ဟိုးမှာ မြင်နေရတဲ့ တောင်ကုန်းကို အသေခံတက်သိမ်းဖို့….ခင်ဗျားတို့ရဲ့ ဗိုလ်ချုပ်ကြီးက သူ့ရဲ့ သိန်းထောင်ချီတန်

လက်စွပ်ဝတ်ထားတဲ့ လက်နဲ့ ညွှန်ပြနေပြီ….ခင်ဗျား ဘာလုပ်မှာလဲ…ရဲဘော်

Crd..Sai ThawZinOo