နိုင်ငံရေးပါတီများ၏ ပိုင်ဆိုင်မှုများဖြစ်သော ပါတီရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းများကို စစ်ဆေးသွားမည်ဖြစ်၍ စာရင်းပြုစုထားရှိရန် စစ်
ကောင် စီခန့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်- UECက ကြေငြာချက် ထုတ်ပြန်လိုက်သည်။
နိုင်ငံရေးပါတီများအနေဖြင့် ပါတီပိုင် ငွေကြေးများနှင့် စာရင်းများအပါအဝင် ပါတီဝင်ကြေးနှင့် ပါတီဝင်လစဥ်ကြေးစာရင်း၊ ပါတီသို့လှူဒါန်း
ထားသည့် ငွေကြေးနှင့်ပစ္စည်းစာရင်း၊ ပါတီပိုင် လုပ်ငန်းများမှ ဝင်ငွေနှင့်အမြတ်စွန်းရရှိမှု၊
ပါတီ စည်းရုံးရေးအတွက် သုံးစွဲမှုစားရိတ်၊လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ အ သုံးစားရိတ်အပေါ် ပါတီမှကျခံမှု
စာရင်း စသည်တို့အား စစ်ဆေးသွားမည်ဟု ရေးသားဖော်ပြထားသည်။
အဆိုပါ အစစ်ဆေးခံရမည့် မှတ်တမ်းများနှင့်ပတ်သက်၍ စာရင်းစာအုပ်များ၊ မှတ်တမ်းစာ အုပ်များ၊ အထောက်အထားများအား စနစ်တကျ
ထားရှိရမည်ဖြစ်ပြီး စစ်ဆေးခံနိုင်ရေး ကြိုတင် ပြင်ဆင်ထားရှိရမည်ဟု ရေးသားထားသည်။
စစ်ကောင်စီအနေဖြင့် ၄င်း၏လက်အောက်ခံ UECမှ နိုင်ငံရေးပါတီများအား စစ်ဆေးမည်ဟုဆိုသော်လည်း ယခင်အာဏာရပါတီ NLD ပါ
တီ၏ ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် ရပ်/ ကျေးအဆင့်ပါတီဥက္ကဌများကိုပါ ဖမ်းဆီးထားကြောင်း သိရသည်။
Photo-MPA (၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲက မဲထည့်ပေးနေသောမြင်ကွင်းဖြစ်ပါသည်။)
Zawgyi