ၾကားသိသမွ်

ကိုယ့်ညီအရွယ် ညီမအရွယ်တွေ အသက်တွေပေးပြီးအမှန်တရားအတွက် လမ်းပေါ်ထွက်နေချိန် ငါ CDM လုပ်လို့ ပင်ပန်းဆင်းရဲမှာကြောက်မနေသင့်ဘူးလို့တွေးပြီး ပြည်သူ့ဘက်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တဲ့မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်က ပြည်သူ့တပ်ကြပ်ကြီး

မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်က ပြည်သူ့တပ်ကြပ်ကြီး

ကျနော်က မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်က လေ ၃၃၄၀၀ တပ်ကြပ်ကြီး ထက်နိုင်အောင်ပါ။ ခြေလျင်စစ်သားမဟုတ်ပေမယ့်

တပ်မတော်သားတစ်ယောက်အနေနဲ့ တာဝန်ရှိတာကြောင့် တပ်မတော်ကိုစွန့်ခွါခဲ့ပါတယ်။

“ကိုယ့်ညီအရွယ် ညီမအရွယ်တွေ အသက်တွေပေးပြီးအမှန်တရားအတွက် လမ်းပေါ်ထွက်နေချိန် ငါ CDM လုပ်လို့ ပင်ပန်းဆင်းရဲမှာ

ကြောက်မနေသင့်ဘူးလို့တွေးပြီး ပြည်သူ့ဘက်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ပြည်သူ့ဘက်ရပ်တည်ရင် စစ်ဥပဒေအရ ပြစ်မှုကြီးတာကြောင့် စိုးရိမ်ခဲ့တယ်။ နောက်ဆုံးမှာတော့ မတရားတဲ့ဥပဒေတွေနဲ့စီရင်ခံရမှာကို

ကြောက်တတ်တဲ့အတွေးတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ ပြည်သူ့စစ်သားတွေကို ပြည်သူက ထောက်ပံ့တယ်။ တစ်ခါတလေ သူတို့ရဲ့အသက်

အန္တရာယ်ထက်CDM တွေရဲ့လုံခြုံရေးကိုပိုဦးစားပေးတာ မြင်ရချိန်မှာအားတက်လာတယ်။ကိုယ်တိုင်ထွက်လာတဲ့အချိန်က နောက်ကျမိလို့

တောင်ပြည်သူကို အားနာသေးတယ်။ဒါကြောင့်မို့ မျက်ကန်းတစ္ဆေမကြောက်မိမိကိုယ်တိုင်လိပ်ပြာမလုံနဲ့နေနေမဲ့အစားလမ်းမှန်ကိုလျှောက်

ခဲ့ပါ။ တော်လှန်ရေးကာလအတွင်းဘယ်အချိန် ဘယ်အခါမှ ထွက်လာထွက်လာပြည်သူနှင့်အဖွဲ့အစည်းပေါင်းစုံက ကူညီကာကွယ်ပေးနေမှာ

မို့ မိမိရဲ့မျိုးဆက် ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမှာနေရဖို့၊ လူ့ပတ်ဝန်းကျင်မှာ လူပီသပြီး အမှန်တရားဘက်က ရပ်တည်ရဲတဲ့သတ္တိကိုပြနိုင်ဖို့လိုပါ

တယ်။ငါ့နိုင်ငံတော် ငါ့နိုင်ငံသားအတွက် အသက်ကိုတောင်စွန့်လွှတ်ဖို့အဓိဌာန်ပြုထားတဲ့တပ်မတော်သားတွေပြည်သူ့အသက်အိုးအိမ်

စည်းစိမ်တွေကို ကာကွယ်မယ့်ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့ဘက်ထံကူးပြောင်းလာခဲ့ပြီး စစ်ကောင်စီလက်အောက်က ရုန်းထွက်လာပါလို့ ထပ်မံ

တိုက်တွန်းချင်ပါတယ်။

Zawgyi

ျမစ္ႀကီးနားေလတပ္စခန္းဌာနခ်ဳပ္က ျပည္သူ႔တပ္ၾကပ္ႀကီး

က်ေနာ္က ျမစ္ႀကီးနားေလတပ္စခန္းဌာနခ်ဳပ္က ေလ ၃၃၄၀၀ တပ္ၾကပ္ႀကီး ထက္နိုင္ေအာင္ပါ။ ေျခလ်င္စစ္သားမဟုတ္ေပမယ့္ တ

ပ္မေတာ္သားတစ္ေယာက္အေနနဲ႔ တာဝန္ရွိတာေၾကာင့္ တပ္မေတာ္ကိုစြန္႔ခြါခဲ့ပါတယ္။

“ကိုယ့္ညီအရြယ္ ညီမအရြယ္ေတြ အသက္ေတြေပးၿပီးအမွန္တရားအတြက္ လမ္းေပၚထြက္ေနခ်ိန္ ငါ CDM လုပ္လို႔ ပင္ပန္းဆင္းရဲ

မွာေၾကာက္မေနသင့္ဘူးလို႔ေတြးၿပီး ျပည္သူ႔ဘက္ရပ္တည္ဖို႔ ဆုံးျဖတ္ခဲ့တယ္။

ျပည္သူ႔ဘက္ရပ္တည္ရင္ စစ္ဥပေဒအရ ျပစ္မႈႀကီးတာေၾကာင့္ စိုးရိမ္ခဲ့တယ္။ ေနာက္ဆုံးမွာေတာ့ မတရားတဲ့ဥပေဒေတြနဲ႔စီရင္ခံရမွာကို

ေၾကာက္တတ္တဲ့အေတြးေတြကို ဖယ္ရွားနိုင္ခဲ့ပါတယ္။ ျပည္သူ႔စစ္သားေတြကို ျပည္သူက ေထာက္ပံ့တယ္။ တစ္ခါတေလ သူတို႔ရဲ့အသက္

အႏၲရာယ္ထက္CDM ေတြရဲ့လုံျခဳံေရးကိုပိုဦးစားေပးတာ ျမင္ရခ်ိန္မွာအားတက္လာတယ္။ကိုယ္တိုင္ထြက္လာတဲ့အခ်ိန္က ေနာက္က်မိလို႔ေတာင္ျပ

ည္သူကို အားနာေသးတယ္။ဒါေၾကာင့္မို႔ မ်က္ကန္းတေစၧမေၾကာက္မိမိကိုယ္တိုင္လိပ္ျပာမလုံနဲ႔ေနေနမဲ့အစားလမ္းမွန္ကိုေလၽွာက္ခဲ့ပါ။

ေတာ္လွန္ေရးကာလအတြင္းဘယ္အခ်ိန္ ဘယ္အခါမွ ထြက္လာထြက္လာျပည္သူႏွင့္အဖြဲ႕အစည္းေပါင္းစုံက ကူညီကာကြယ္ေပးေနမွာ

မို႔ မိမိရဲ့မ်ိဳးဆက္ ဖြံ့ၿဖိဳးတိုးတက္တဲ့နိုင္ငံမွာေနရဖို႔၊ လူ႔ပတ္ဝန္းက်င္မွာ လူပီသၿပီး အမွန္တရားဘက္က ရပ္တည္ရဲတဲ့သတၱိကိုျပနိုင္ဖို႔လိုပါတယ္။

ငါ့နိုင္ငံေတာ္ ငါ့နိုင္ငံသားအတြက္ အသက္ကိုေတာင္စြန္႔လႊတ္ဖို႔အဓိဌာန္ျပဳထားတဲ့တပ္မေတာ္သားေတြျပည္သူ႔အသက္အိုးအိမ္စည္းစိ

မ္ေတြကို ကာကြယ္မယ့္ရဲတပ္ဖြဲ႕ဝင္ေတြ ျပည္သူ႔ဘက္ထံကူးေျပာင္းလာခဲ့ၿပီး စစ္ေကာင္စီလက္ေအာက္က ႐ုန္းထြက္လာပါလို႔ ထပ္မံ

တိုက္တြန္းခ်င္ပါတယ္။