မြန်မာနိုင်ငံတွင် မည်သည့်ဘဏ်မှ ဒေဝါလီခံစရာ မရှိကြောင်း ဗဟိုဘဏ် ဒုဥက္ကဌပြော
ရိုးမဘဏ် ဒေဝါလီခံရန်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဗဟိုဘဏ်လက်အောက်ရှိ မည်သည့်ပုဂ္ဂလိဘဏ်မှ ဒေဝါလီခံစရာမ
ရှိကြောင်း ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်က ပြောသည်။ လတ်တလော ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်တွင် ရိုးမဘဏ်ဒေဝါလီခံတော့မည်ဟု
သတင်းများ ထွက် ပေါ်ခဲ့ပြီးနောက် ဗဟိုဘဏ်တာဝန်ရှိသူက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။\ ” ယခင်လည်း
ကျွန်တော်တို့ထုတ်ပြန်ပြီးသားပါ။ ဘဏ်တွေနဲ့ ပတ်သက်ပြီးတော့ ဘာမှစိုးရိမ်စရာ
မရှိပါဘူးဆိုတာကိုလည်း နိုင်ငံပိုင်သတင်းစာတွေမှာ တရားဝင်ထုတ်ပြန်ထားပါတယ်။ အဲ့ဒီအတိုင်းပါဘဲ။ ဘဏ်တွေကဘာမှဒေဝါလီခံစရာ
အကြောင်းလည်းမရှိပါဘူး” ဟု ဗဟိုဘဏ် ဒုဥက္ကဌဦးဝင်းသော်က ပြောကြောင်း MPA သတင်းတွင် ဖော်ပြထားပါတယ်။ ယခင်ရက်ရှည်
ရုံးပိတ်ရက် ၃ပတ်တာကာလအတွင်း ဘဏ်များ ဝန်ဆောင်မှုပေးနိုင်ရန် ဖွင့်လှစ်ခိုင်းထားပြီး ယင်းသို့ဝန်ဆောင်မှုပေးနေရာမှ ဘဏ်များတွင်
ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာ၍ ယခုတိုးမြှင့်ခဲ့သည့် ရုံးပိတ်ရက်တပတ်တွင်ဘဏ်များကိုပါ ထည့်သွင်း၍
ပိတ်ပေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ အများပြည်သူရုံးပိတ်ရက်ထပ်တိုးတဲ့အထဲ ဘဏ်တွေကိုပါဘာကြောင့်
ထည့်သွင်းတာလဲ ” အများပြည်သူ ရုံးပတ်ရက်ဆိုတာ အစိုးရ အဆက်ဆက်က ကြေငြာခဲ့ပါတယ်။ အများပြည်သူရုံးပိတ်ရက်ဆို အစိုးရအဖွဲ့
အကုန်လုံး ပတ်ရပါတယ်။ အဲလို ပတ်တဲ့အချိန်မှာ ဘဏ်တွေလဲပါပါတယ်ခင်ဗျာ… အမြဲတမ်းပါပဲ… တစ်ခြားရုံးတွေပိတ်ပြီး
ဘဏ်တွေမပိတ်ဘဲဖွင့်ခဲ့ရာမှာ… Contact တွေတအားများလာပါတယ်။ ဗဟိုဘဏ်မှာလည်း များလာပါတယ်။ တစ်ချို့ဘဏ်တွေဆို သူ့
စည်းကမ်းအတိုင်း ၂ ဘဏ် ၃ ဘဏ်ပေါင်းပြီးမှ ၁ ဘဏ်ပဲဖွင့်ခဲ့ကြပါတယ်။ ဘဏ်တွေပိတ်ထားလည်း အွန်းလိုင်းကနေ အလုပ်လုပ်လို့ရတဲ့
အတွက် ကုန်စည်စီးဆင်းမှုမပြတ်သွားဘူးလို့ ” ဘီဘီစီ သတင်းမှာ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော် က ဖြေကြားလိုက်ပါတယ်။ လူ
ပုဂ္ဂိုလ်တွေကိုယ့်ဘဏ်ထဲမှာ အပ်ထားတဲ့ ငွေထုတ်ယူတဲ့အခါ အေတီအမ်ကနေ ငွေသားထုတ်ယူမှုကို တစ်ရက်ကို အများဆုံးကျပ် ၅ သိန်းနဲ့
၊ ဘဏ်ကိုသွားပြီး ကိုယ့်ရဲ့ ဘဏ်စာရင်းတွေက ငွေထုတ်မယ်ဆိုရင်တော့ လူတစ်ဦးကို တစ်ပတ် အများဆုံး ကျပ် သိန်း ၂၀ အထိသာ ထုတ်
ခွင့်ပေးဖို့ ဘဏ်တွေကို ဗဟိုဘဏ်ကနေ မတ်လ ၁ ရက်နေ့က စတင်ပြီး ကန့်သတ်ခဲ့ပါတယ်။ စီးပွားရေး ကုမ္ပဏီတွေ၊ စီးပွားရေးဆိုင်ရာ
အဖွဲ့ အစည်းတွေကိုတော့သီတင်းပတ် တစ်ပတ်မှာ အများဆုံးကျပ် သိန်း ၂၀၀ အထိ ထုတ်ယူနိုင်ကြောင်း ကန့်သတ်ခဲ့ပါတယ်။ ငွေသား
အသွင်းအထုတ်ဖြေလျှော့ဖို့နဲ့ ပတ်သက်ပြီး ဦးဝင်းသော်က ” ကျွန်တော်တို့ စက်တင်ဘာ ၊ အောက်တိုဘာကျရင် တဖြည်းဖြည်း ဖြေလျှော့
ပေးသွားဖို့ လုပ်ထားပြီးပါပြီ နောက်ပြီး အရင်ကဆို ငွေ အထုတ်ကြီးပဲ ရှိနေခဲ့လို့ Minus ပြနေရာက အခု သြဂုတ် တစ်လလုံးမှာ Positive
ပြန်ပြလာတယ်။မလိုအပ်ရင် မထုတ်တော့ဘူးပေါ့ဗျာ…အဲလိုလူတွေတိုးလာတာပါ ” ဟု ပြောဆိုပါတယ်။ ရိုးမဘဏ်သည် ပုဂ္ဂလိကဘဏ်
များ ကနဦး တည်ထောင်စဉ်ကပင် စတင်တည်ထောင်ထားသည့် သက်တမ်းရှည် ဘဏ်တခုဖြစ်ပြီး လက်ရှိသုံးစွဲမှုများပြားနေသည့် Wave
money၊ ဆောက်လုပ်ရေး၊ ချေးငွေလုပ်ငန်း၊ တင်ဒါလုပ်ငန်းများအပါအဝင် လုပ်ငန်းအများအပြားဖြင့် ချိတ်ဆက် ဆောင်ရွက်နေသော ဘဏ်
တစ်ခုဖြစ်ကြောင်း သိရသည်။
crd-livingmyanmar
Zawgyi
ျမန္မာနိုင္ငံတြင္ မည္သည့္ဘဏ္မွ ေဒဝါလီခံစရာ မရွိေၾကာင္း ဗဟိုဘဏ္ ဒုဥကၠဌေျပာ
ရိုးမဘဏ္ ေဒဝါလီခံရန္ရွိေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့ေသာ္လည္း ဗဟိုဘဏ္လက္ေအာက္ရွိ မည္သည့္ပုဂၢလိဘဏ္မွ ေဒဝါလီခံ
စရာမရွိေၾကာင္း ဗဟိုဘဏ္ ဒုဥကၠဌ ဦးဝင္းေသာ္က ေျပာသည္။ လတ္တေလာ ေဖ့စ္ဘြတ္ခ္လူမႈကြန္ယက္တြင္ ရိုးမဘဏ္ေဒဝါလီခံေတာ့
မည္ဟု သတင္းမ်ား ထြက္ ေပၚခဲ့ၿပီးေနာက္ ဗဟိုဘဏ္တာဝန္ရွိသူက ယခုကဲ့သို႔ ေျပာဆိုလိုက္ျခင္း ျဖစ္ေၾကာင္းသိရသည္။\
” ယခင္လည္း ကၽြန္ေတာ္တို႔ထုတ္ျပန္ၿပီးသားပါ။ ဘဏ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဘာမွစိုးရိမ္စရာ
မရွိပါဘူးဆိုတာကိုလည္း နိုင္ငံပိုင္သတင္းစာေတြမွာ တရားဝင္ထုတ္ျပန္ထားပါတယ္။ အဲ့ဒီအတိုင္းပါဘဲ။ ဘဏ္ေတြကဘာမွေဒဝါလီခံ
စရာ အေၾကာင္းလည္းမရွိပါဘူး” ဟု ဗဟိုဘဏ္ ဒုဥကၠဌဦးဝင္းေသာ္က ေျပာေၾကာင္း MPA သတင္းတြင္ ေဖာ္ျပ
ထားပါတယ္။ ယခင္ရက္ရွည္႐ုံးပိတ္ရက္ ၃ပတ္တာကာလအတြင္း ဘဏ္မ်ား ဝန္ေဆာင္မႈေပးနိုင္ရန္ ဖြင့္လွစ္ခိုင္းထားၿပီး ယင္းသို႔ဝန္ေဆာင္
မႈေပးေနရာမွ ဘဏ္မ်ားတြင္ ကိုဗစ္ကူးစက္မႈ ျပန္လည္ျမင့္တက္လာ၍ ယခုတိုးျမႇင့္ခဲ့သည့္ ႐ုံးပိတ္ရက္တပတ္တြင္ဘဏ္မ်ားကိုပါ ထည့္သြင္း၍
ပိတ္ေပးျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာဆိုသည္။ အမ်ားျပည္သူ႐ုံးပိတ္ရက္ထပ္တိုးတဲ့အထဲ ဘဏ္ေတြကိုပါဘာေၾကာင့္ထ
ည့္သြင္းတာလဲ ” အမ်ားျပည္သူ ႐ုံးပတ္ရက္ဆိုတာ အစိုးရ အဆက္ဆက္က ေၾကျငာခဲ့ပါတယ္။ အမ်ားျပည္သူ႐ုံးပိတ္ရက္ဆို အစိုးရအဖြဲ႕အကုန္လုံး ပ
တ္ရပါတယ္။ အဲလို ပတ္တဲ့အခ်ိန္မွာ ဘဏ္ေတြလဲပါပါတယ္ခင္ဗ်ာ… အျမဲတမ္းပါပဲ… တစ္ျခား႐ုံးေတြပိတ္ၿပီး
ဘဏ္ေတြမပိတ္ဘဲဖြင့္ခဲ့ရာမွာ… Contact ေတြတအားမ်ားလာပါတယ္။ ဗဟိုဘဏ္မွာလည္း မ်ားလာပါတယ္။ တစ္ခ်ိဳ႕ဘဏ္ေတြဆို
သူ႔စည္းကမ္းအတိုင္း ၂ ဘဏ္ ၃ ဘဏ္ေပါင္းၿပီးမွ ၁ ဘဏ္ပဲဖြင့္ခဲ့ၾကပါတယ္။ ဘဏ္ေတြပိတ္ထားလည္း အြန္းလိုင္းကေန
အလုပ္လုပ္လို႔ရတဲ့အတြက္ ကုန္စည္စီးဆင္းမႈမျပတ္သြားဘူးလို႔ ” ဘီဘီစီ သတင္းမွာ ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးဝင္းေသာ္ က ေျဖၾ
ကားလိုက္ပါတယ္။ လူပုဂၢိဳလ္ေတြ
ကိုယ့္ဘဏ္ထဲမွာ အပ္ထားတဲ့ ေငြထုတ္ယူတဲ့အခါ ေအတီအမ္ကေန ေငြသားထုတ္ယူမႈကို တစ္ရက္ကို အမ်ားဆုံးက်ပ္ ၅ သိန္းနဲ႔ ၊ ဘဏ္ကိုသြားၿပီး
ကိုယ့္ရဲ့ ဘဏ္စာရင္းေတြက ေငြထုတ္မယ္ဆိုရင္ေတာ့ လူတစ္ဦးကို တစ္ပတ္ အမ်ားဆုံး က်ပ္ သိန္း ၂၀ အထိသာ ထုတ္ခြင့္ေပးဖို႔ ဘ
ဏ္ေတြကို ဗဟိုဘဏ္ကေန မတ္လ ၁ ရက္ေန႔က စတင္ၿပီး ကန႔္သတ္ခဲ့ပါတယ္။ စီးပြားေရး ကုမၸဏီေတြ၊ စီးပြားေရးဆိုင္ရာ အဖြဲ႕ အ
စည္းေတြကိုေတာ့
သီတင္းပတ္ တစ္ပတ္မွာ အမ်ားဆုံးက်ပ္ သိန္း ၂၀၀ အထိ ထုတ္ယူနိုင္ေၾကာင္း ကန႔္သတ္ခဲ့ပါတယ္။ ေငြသား အသြင္းအထုတ္ေျဖေ
လၽွာ့ဖို႔နဲ႔ ပတ္သက္ၿပီး ဦးဝင္းေသာ္က ” ကၽြန္ေတာ္တို႔ စက္တင္ဘာ ၊ ေအာက္တိုဘာက်ရင္ တျဖည္းျဖည္း ေျဖေလၽွာ့ေပး
သြားဖို႔ လုပ္ထားၿပီးပါၿပီ ေနာက္ၿပီး အရင္ကဆို ေငြ အထုတ္ႀကီးပဲ ရွိေနခဲ့လို႔ Minus ျပေနရာက အခု ၾသဂုတ္ တစ္လလုံးမွာ Positive ျပန္ျပလာတယ္။
မလိုအပ္ရင္ မထုတ္ေတာ့ဘူးေပါ့ဗ်ာ…အဲလိုလူေတြတိုးလာတာပါ ” ဟု ေျပာဆိုပါတယ္။ ရိုးမဘဏ္သည္ ပုဂၢလိကဘဏ္မ်ား ကနဦး တ
ည္ေထာင္စဥ္ကပင္ စတင္တည္ေထာင္ထားသည့္ သက္တမ္းရွည္ ဘဏ္တခုျဖစ္ၿပီး လက္ရွိသုံးစြဲမႈမ်ားျပားေနသည့္ Wave money၊ ေဆာ
က္လုပ္ေရး၊ ေခ်းေငြလုပ္ငန္း၊ တင္ဒါလုပ္ငန္းမ်ားအပါအဝင္ လုပ္ငန္းအမ်ားအျပားျဖင့္ ခ်ိတ္ဆက္ ေဆာင္ရြက္ေနေသာ ဘဏ္တစ္ခုျဖစ္ေၾကာင္း သိရသည္။
crd-livingmyanmar