ဟားငါးကောင်အဖွဲ့ကတော့ တောထဲကနေ ပြည်သူတွေရဲ့ ဘဝအမောတွေ ပြေပျောက်စေဖို့ နည်းလမ်းတစ်ခုကိုအကောင်အထည်ဖော်ကြ
ဖို့ ကြိုးစားထားကြပါတယ်။
ဒါကတော့ ဟာဒယသပိတ် တော်လှန်ရေးအငြိမ့်ကို ဖျော်ဖြေတင်ဆက်ရန်အတွက် တောထဲမှာ ခက်ခက်ခဲခဲ ကြိုးစားပြင်ဆင်ပြီး အဆင်ပြေ
အောင် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ကာလအတော်ကြာ လွမ်းနေခဲ့ရတဲ့ တောင်ရှည်ပုဆိုးနဲ့ တိုက်ပုံ ပြန်လည်ဝတ်ဆင်ခဲ့ရတဲ့ အတွက် ပြောမပြတတ်အောင် ပျော်ရွှင်နေကြတာ
ဖြစ်ပါတယ်။တော်လှန်ရေးအငြိမ့်အစီအစဉ်ကိုတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း သူတို့ကြေငြာထားတဲ့ ရုပ်သံလိုင်းများမှတစ်ဆင့်
ကြည့်ရှုရတော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးထားပါသေးတယ်။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဟာသလူရွှင်တော် ပိုးလေးရဲ့ လူမှုကွန်ယက်တွင် တောထဲတစ်နေရာတွင် တော်လှန်ရေးအငြိမ့်
ရိုက်ကူးရန်ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပုံတွေကို ဗီဒီယိုဖိုင်ဖြင့် ပြသလာခဲ့တာ ဖြစ်ပါတယ်။
ဒီအငြိမ့်အစီအစဉ် ရိုက်ကူးမယ့်နေရာကို လိုအပ်တဲ့ ပစ္စည်းများ သယ်ယူပြီး လမ်းလျှောက် သွားခဲ့ရတာ ဖြစ်ပါတယ်။
ဆက်တင်အပြင်အဆင်တွေကိုလည်း ရှိတဲ့အရာများနဲ့ လိုက်ဖက်အောင် ပြင်ဆင်ပြီး ပြည်သူတွေကို ဖျော်ဖြေတင်ဆက်ဖို့ အကောင်းဆုံး
ကြိုးစားထားကြတာ ဖြစ်ပါတယ်။
ဒုက္ခရောက်နေတာတောင် ပြည်သူတွေ စိတ်ပျော်ရွှင်စေဖို့မရမက ကြိုးစားလုပ်ဆောင်ပေးကြတဲ့ ဟားငါးကောင်အဖွဲ့သားများအားလုံးကို
ပြည်သူများမှ ကျေးဇူးတင်နေကြတာ ဖြစ်ပါတယ်။
တိုင်းပြည်နဲ့ ပြည်သူတွေကို ချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ လွတ်မြောက်နယ်မြေတစ်နေရာတွင်ပင်ပန်းဆင်းရဲစွာ နေထိုင်နေကြရတဲ့ ဟားငါး
ကောင်အဖွဲ့သားငါးယောက်လုံး ခွဲခွာနေရတဲ့ မိသားစုဝင်များနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို
တင်ဆက်ပေးလိုက် ရပါတယ်။
Zawgyi
ဟားငါးေကာင္အဖြဲ႕ကေတာ့ ေတာထဲကေန ျပည္သူေတြရဲ့ ဘဝအေမာေတြ ေျပေပ်ာက္ေစဖို႔ နည္းလမ္းတစ္ခုကိုအေကာင္အ
ထည္ေဖာ္ၾကဖို႔ ႀကိဳးစားထားၾကပါတယ္။
ဒါကေတာ့ ဟာဒယသပိတ္ ေတာ္လွန္ေရးအၿငိမ့္ကို ေဖ်ာ္ေျဖတင္ဆက္ရန္အတြက္ ေတာထဲမွာ ခက္ခက္ခဲခဲ ႀကိဳးစားျပင္ဆင္ၿပီး အဆ
င္ေျပေအာင္ လုပ္ေဆာင္ခဲ့ၾကတာ ျဖစ္ပါတယ္။
ကာလအေတာ္ၾကာ လြမ္းေနခဲ့ရတဲ့ ေတာင္ရွည္ပုဆိုးနဲ႔ တိုက္ပုံ ျပန္လည္ဝတ္ဆင္ခဲ့ရတဲ့ အတြက္ ေျပာမျပတတ္ေအာင္ ေပ်ာ္ရႊ
င္ေနၾကတာ ျဖစ္ပါတယ္။ေတာ္လွန္ေရးအၿငိမ့္အစီအစဥ္ကိုေတာ့ အပတ္စဥ္ စေန၊ တနဂၤေႏြေန႔တိုင္း သူတို႔ေၾကျငာထားတဲ့ ႐ု
ပ္သံလိုင္းမ်ားမွတစ္ဆင့္ ၾကည့္ရႈရေတာ့မွာ ျဖစ္ေၾကာင္း သတင္းေကာင္းပါးထားပါေသးတယ္။
မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ဟာသလူရႊင္ေတာ္ ပိုးေလးရဲ့ လူမႈကြန္ယက္တြင္ ေတာထဲတစ္ေနရာတြင္ ေတာ္လွ
န္ေရးအၿငိမ့္ရိုက္ကူးရန္ခက္ခက္ခဲခဲ ႀကိဳးစားခဲ့ရပုံေတြကို ဗီဒီယိုဖိုင္ျဖင့္ ျပသလာခဲ့တာ ျဖစ္ပါတယ္။
ဒီအၿငိမ့္အစီအစဥ္ ရိုက္ကူးမယ့္ေနရာကို လိုအပ္တဲ့ ပစၥည္းမ်ား သယ္ယူၿပီး လမ္းေလၽွာက္ သြားခဲ့ရတာ ျဖစ္ပါတယ္။
ဆက္တင္အျပင္အဆင္ေတြကိုလည္း ရွိတဲ့အရာမ်ားနဲ႔ လိုက္ဖက္ေအာင္ ျပင္ဆင္ၿပီး ျပည္သူေတြကို ေဖ်ာ္ေျဖတင္ဆက္ဖို႔ အေကာင္းဆုံး
ႀကိဳးစားထားၾကတာ ျဖစ္ပါတယ္။
ဒုကၡေရာက္ေနတာေတာင္ ျပည္သူေတြ စိတ္ေပ်ာ္ရႊင္ေစဖို႔မရမက ႀကိဳးစားလုပ္ေဆာင္ေပးၾကတဲ့ ဟားငါးေကာင္အ
ဖြဲ႕သားမ်ားအားလုံးကို ျပည္သူမ်ားမွ ေက်းဇူးတင္ေနၾကတာ ျဖစ္ပါတယ္။
တိုင္းျပည္နဲ႔ ျပည္သူေတြကို ခ်စ္တဲ့ စိတ္တစ္ခုတည္းနဲ႔ လြတ္ေျမာက္နယ္ေျမတစ္ေနရာတြင္ပင္ပန္းဆင္းရဲစြာ ေနထိုင္ေနၾ
ကရတဲ့ ဟားငါးေကာင္အဖြဲ႕သားငါးေယာက္လုံး ခြဲခြာေနရတဲ့ မိသားစုဝင္မ်ားနဲ႔ အျမန္ဆုံး ျပန္လည္ဆုံဆည္းနိုင္ပါေစလို႔ ဆုေတာင္းေပး
ရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။