ၾကားသိသမွ်

ဂျပန်မှာကြီးပြင်းတဲ့ ရုပ်ရှင်သမား ကိုသိန်းဒန်ကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို ဂျပန် ရုပ်ရှင် ဒါရိုက်တာများ သမဂ္ဂ DGJ တောင်းဆို

ဂျပန်မှာကြီးပြင်းတဲ့ ရုပ်ရှင်သမား ကိုသိန်းဒန်ကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို ဂျပန် ရုပ်ရှင် ဒါရိုက်တာများ သမဂ္ဂ DGJ တောင်းဆို

ဂျပန်မှာ အသက် ၆ နှစ်သား ကတည်းက စရောက်ပြီး ကြီးပျင်းလာတဲ့ မြန်မာလူမျိုး ရုပ်ရှင်ရိုက်ကူးသူ ကိုသိန်းဒန် ဆိုသူဟာ အာဏာသိမ်း

စစ်တပ်ရဲ့ ဖမ်းဆီးထားတာ ခံနေရပြီး အင်းစိန် အကျဥ်းထောင်ထဲမှာ ရောက်နေပါတယ်။

သူဟာ ဧပြီလကတည်းက ဖမ်းခံထားရတာ ဖြစ်တယ်လို့ အာဆာဟိ ရှင်ဘွန်း သတင်းစာက ရေးပါတယ်။

အခုဆိုရင် သူ့ကို ပြန်လွှတ်ပေးဖို့ ဂျပန် ရုပ်ရှင်ဒါရိုက်တာများ သမဂ္ဂ DGJ အပါအဝင် ဂျပန်မှာ ရှိတဲ့ သူ့ရဲ့ မိတ်ဆွေတွေက တောင်းဆို နေကြပါတယ်။

မြန်မာထောင်ထဲကနေ မေလတုန်းက လွတ်လာပြီး ဂျပန်ကို ပြန်ရောက်လာတဲ့ အလွတ်သတင်းထောက် ယူကီ ကီတာဇုမိနဲ့ ကိုသိန်းဒန်တို့

ဟာ မိတ်ဆွေတွေ ဖြစ်ကြတယ်လို့ နားလည်ရပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသမားတွေကို ကိုသိန်းဒန်က ငွေကြေး ထောက်ပံ့တာတွေ ပြုလုပ်ခဲ့တယ်လို့ မြန်မာ စစ်အာဏာပိုင်

တွေက စွပ်စွဲနေတာ ဖြစ်တယ် ဆိုပြီး သူ့မိတ်ဆွေ တချို့က ပြောကြပါတယ်။

သူရိုက်ကူးထားတဲ့ မှတ်တမ်း ဗီဒီယိုတချို့ကို ကီတာဇုမိဆီ ရောင်းပြီး ရတဲ့ ဒေါ်လာနှစ်ထောင် ဝန်းကျင်ကို ဆန္ဒပြသမားတွေကို ပေးခဲ့တယ်

လို့ မြန်မာ စစ်အာဏာပိုင်တွေက သံသယ ရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကီတာဇုမိကတော့ သူ့အနေနဲ့ ကိုသိန်းဒန်ဆီက ဘာဗီဒီယို မှတ်တမ်းမှ မဝယ်ဖူးဘူး၊ ပိုက်ဆံလည်း မပေးဖူးဘူးဆိုပြီး ငြင်းဆိုပါတယ်။

ကိုသိန်းဒန်ဟာ အနှိပ်အစက် ခံရပြီး ဝန်ခံချက် လက်မှတ်ကို အတင်းအဓမ္မနဲ့ ထိုးခိုင်းတာ ခံရတဲ့အကြောင်း ထောင်ထဲမှာ သူ့ကို ပြန်ပြော ပြ

တယ်လို့ ကီတာဇုမိက ဂျပန် ဒါရိုက်တာများ သမဂ္ဂ DGJ ရှေ့မှောက် ထွက်ဆိုထားပါတယ်။

အသက် ၃၇ နှစ် အရွယ် ကိုသိန်းဒန်ဟာ အင်းစိန်ထောင်ထဲမှာ တရားရုံးက အမိန့်ချမှာကို စောင့်နေရတယ်လို့ ဆိုပါတယ်။

ဂျပန်မှာ အမြဲတမ်း နေထိုင်ခွင့်ရထားသူလို့ နားလည်ရတဲ့ ကိုသိန်းဒန်ဟာ ကာဝါဆာကီမှာ ရှိတဲ့ ရုပ်ရှင် အကယ်ဒမီ JAMI

ကောလိပ်ကျောင်းမှာ ဒါရိုက်တာ ပညာ အပါအဝင် တခြား ရုပ်ရှင်ပညာတွေ သင်ကြားခဲ့သူ ဖြစ်ပါတယ်။

၂၀၁၈ လောက်ကစပြီး မြန်မာပြည်နဲ့ အသွားအပြန် လုပ်ကာ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေ ရိုက်ကူး နေခဲ့ပြီး၊ ရန်ကုန်မှာ အလုပ် ကုမ္ပဏီတစ်ခု

ထူထောင် ထားတယ်လို့ ဆိုပါတယ်။ #ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ – Japan Institute of the Moving Image