အာဏာရှင်ဟောင်းကြီး ဗိုလ်သန်းရွှေသည် ယခုအခါ နေပြည်တော်ရှိ သိုက်ချောင်း စစ်ဆေးရုံကြီး၏ ဗီအိုင်ပီ ကုသဆောင်တွင် လုံခြုံရေး
တင်းကျပ်စွာဖြင့် ကုသမှု ခံယူနေရပြီ ဖြစ်သည်ဟု အမည်မဖေါ်လိုသော ဆေးရုံ တာဝန်ရှိသူ တဦးအား ကိုးကား၍ AP သတင်းဌာနက ဖေါ်ပြထားသည်။
မည်သည့် ရောဂါ ဆိုသည်နှင့် သူ၏ ဇနီး ပါ တက်ရောက်နေခြင်း ရှိမရှိကိုမူ ဆေးရုံ သတင်းရပ်ကွက်က အတည် ပြုနိုင်ခဲ့ခြင်း မရှိပေ။
သို့သော် ဗိုလ်သန်းရွှေ နှင့် ဇနီးသည် ကိုဗစ် ကူးစက်ခံနေရသည် ဆိုသော ကောလာဟလ များ ပျံ့နှံ့လျှက် ရှိနေသည်ဟု ဆိုသည်။
အာဏာသိမ်း မှု ရက်ကြာရှည်လာသော်လည်း စစ်ကောင်စီ ဆိုသည်အပေါ် ဆန့်ကျင်မှု များက လျော့ပါးသွား ခြင်း မရှိသည့်အပြင် တနေ့
တခြား ထုနှင့် ထယ်နှင့် ဖြစ်လာသည်ကို အထင်အရှား တွေ့မြင်နေရသည်။
ထိုသို့သော အနေအထားတွင် မိမိအသက်ကို အသေခံ၍ စိတ်တူကိုယ်တူ တိုက်ပေါ်မှ ခုန်ချ အသေခံ သွားသည် ဆိုသော သတင်းက မိမိ
ကိုယ် လုံခြုံမှု ရှိလာပြီ အထင်ရောက်နေသော စစ်အာဏာရှင်များ အတွက်တော့ မည်သို့မျှ ရတက်အေး စရာ သတင်း မဟုတ်သည်က ကြိမ်းသေနေပြီ ဖြစ်သည်။
ဗိုလ်တထောင် ၄၄ လမ်း ရှိ တိုက် တခုလုံးကို ပိတ်ဆို့ပြီး ဝင်ရောက် စီးနင်းရာမှ လူငယ် ငါးဦးသည် တိုက်ခေါင် မိုးပေါ်တွင် ပိတ်မိနေခဲ့ရာမှ
ရန်သူ လက်ဖြင့် နှိပ်စက် အသေမခံ ဟု စိတ်ပိုင်းဖြတ်ပြီး သူရဲကောင်း ပီသစွာ တိုက် ပေါ်မှ ခုန်ချ အသေခံ သွားသည့် သတင်းမှာ ကြားရသူ
အပေါင်းမှာ ကြိမ်မီးအုန်းသလို ပူဆွေး သောက ရောက်ခဲ့ ကြရသည်။
နိုင်ငံတွင်း ရှိ စစ်အာဏာရှင်များကို ဆန့်ကျင် တွန်းလှန် တိုက်ပွဲ ဝင်နေသူတိုင်းက မိမိတို့ အသက်ကို စွန့်လွှတ် ထားပြီး ဖြစ်ကြောင်း
သက်ဆိုင်သူ အားလုံးကို ပြတ်သားစွာ အသိပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။
နေပြည်တော်တွင် စစ်ကောင်စီ မှ ချစ်နိုင် နှင့် ဝင်းရှိန်တို့က ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် တွေ့ဆုံခဲ့သည် ဆိုသော သတင်းများ
ပျံ့နှံ့လာနေသော်လည်း အာဏာသိမ်း အဖွဲ့က မည်သည့် ကြေညာချက်မှ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ထိုသို့ တွေ့ဆုံခဲ့ခြင်းမှာလည်း နိုင်ငံရေး အရ ထောက်ခံမှု ပေးနေသော တရုတ် နှင့် စီးပွားရေး အရ အကူ အညီများ မျှော်လင့် နိုင်စရာ ရှိနေ
သည့် ဂျပန်တို့၏ ဖိအားပေးမှုကြောင့် စိတ်မပါလက်မပါ လုပ်ခဲ့ပုံ ရသည်။
ဒေါ်အောင်ဆန်းစုကြည်
ဧရာဝတီ သတင်း တွင် နိုင်ငံတော် အတိုင်ပင်ခံ၏ တရားဝင် နေအိမ်မှ ပစ္စည်းများကို ရွှေ့ပြောင်းသယ်ထုတ်သွား ကြပြီးဖြစ်သည့်အပြင် ဒေါ်
အောင်ဆန်းစုကြည်၏ ကိုယ်ပိုင် အသုံးအဆောင်များပါမကျန် ယူဆောင်သွားကြခြင်း ဖြစ်ပြီး မည်သည့်နေရာသို့ ရွှေ့ပြောင်းသွားသည်ကိုမူ မသိရဟု ဆိုသည်။
တရုတ် နှင့် ရုရှားသည် အမေရိကန် နှင့် အနောက်အုပ်စု များကို ကလိ လိုသည့် စိတ်သက်သက်ဖြင့် တကမ္ဘာလုံး ၏ ရွံရှာ မုန်းတီးခြင်း ခံနေ
ရသော အာဏာသိမ်း အဖွဲ့ကို နိုင်ငံတကာ စင်မြင့်များတွင် ခုခံ ကာကွယ်ပေးနေရာမှ ယခုအခါ တဆင့်တက်ကာ တရုတ် အစိုးရသည် မဲ
ခေါင်-လန်ကန် ပူးပေါင်းဆောင်ရွက်ရေး ဘောင်အတွင်းမှ ဆိုကာ ဒေါ်လာ ၆ သန်း စတင် ကူညီပေးလာခဲ့သည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုရဲ့ အစိတ်အပိုင်း အနေနဲ့ မြန်မာနိုင်ငံ အတွင်း စီမံကိန်း လုပ်ငန်းပရောဂျက် ၂၁ ခု အတွက် တရုတ်
နိုင်ငံက ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုတွေ ပေးအပ်ခဲ့တယ် ဆိုပါတယ်။
ဒါ့ကြောင့် မြန်မာ အာဏာသိမ်းစစ်တပ်ရဲ့ လက်ထဲ ဒေါ်လာ ၆ သန်းကျော် တရုတ်ဆီကနေ ရောက်လာမယ်လို့ နားလည်ရပါတယ်။
LMC လို့ အတိုကောက် ခေါ်တဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဆိုတာ တရုတ်နဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေထဲက မဲခေါင်မြစ်
ဖြတ်သန်း စီးဆင်းရာ နိုင်ငံတွေနဲ့ကြား ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ရာ ၂၀၁၆ ခုနှစ်မှာ စတင်ပြီး ထူထောင် ထားရှိတဲ့ စီမံကိန်း ဖြစ်ပါတယ်။
ယင်း နှင့် အတူ အာဏာသိမ်း အဖွဲ့ကို အစိုးရဟု တရားဝင် စတင် ခေါ်ဝေါ်လိုက်ပြီ ဖြစ်သည်၊။ ဤသည်က အာဏာသိမ်းပွဲ အထမြောက်
သွားပြီဟု တရုတ်က လက်ခံလိုက် ခြင်းလည်း ဖြစ်ပေသည်။
ရန်ကုန်မြို့ တရုတ်သံရုံး ဖေ့စ်ဘုတ်စာမျက်နှာ
သို့သော် နိုင်ငံခြားရေး ဝန်ကြီး အဆင့်ရှိသူ ဝဏ္က မောင်လွင် မှ တရုတ်၏ သံအမတ် အဆင့် ရှိသူ တဦး ထံမှ ကိုယ်တိုင်ကိုယ်ကျ လက်ခံရယူ
နေပုံကို ကြည့်လျှင် အတော်ကို အောက်ကျနောက်ကျ ခံ နေရသည် ဆိုသည်က ထင်ရှားနေသည်။
ကုလ အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် ဖြစ်သူ ဆွစ် သံတမန် ခရစ်စတင်း ဘာဂင်ဂါမှ သူမသည် စစ်ကောင်စီ ၏ ဒုတိယ
ခေါင်းဆောင် စိုးဝင်းနှင့် အချိန်အတော်ကြာအောင် အွန်လိုင်းမှတဆင့် ပြောဆို ဆွေးနွေး မှုများ ရှိခဲ့သော်လည်း အဖြူအမဲ သဲသဲကွဲကွဲ
အကြောင်းပြန် ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ဟု ဆိုသည်။
ဖေ့စ်ဘုတ်က သဘောထား ပျော့ပြောင်းလာသည့် လက္ခဏာ တရပ် အဖြစ် တရုတ်အား ဆဲဆိုနေသည့် ပို့စ်တခု ဖြုတ်ချခဲ့သည်ကို ပြန်လည်
ထားရှိရန် Oversight Committee ကြီးကြပ်ရေး ကော်မတီက ညွှန်ကြားလိုက် သည်ဟု သတင်းများ တွင် ပါရှိလာခဲ့သည်။
Getty Images
တရုတ် ကို ဆဲဆိုနေခြင်းသည် လူမျိုးရေး မုန်းတီးမှု ကြောင့်လား၊ အာဏာသိမ်းအဖွဲ့အား ထောက်ခံ အားပေး နေသည့် တရုတ် အစိုးရကို
ရည်ရွယ်ခြင်းလား ဆိုသည်ကို ခွဲခွဲခြားခြား သိရန် မြန်မာ ဘာသာစကားကို နားလည် သည့် လူများ သုံး၍ အသေအချာ စီစစ်ဖို့ လိုသည်ဟု ပါရှိလာခဲ့သည်။
ဒုတိယ အမျိုးအစားတွင် ပါဝင်သည်ဆိုက တရုတ် အစိုးရ သဘောထားကို ဝေဖန်ကန့်ကွက်ခြင်း ဖြစ်၍ လက်ခံရမည်ဟု ဆိုသည်။
ဖေ့စ်ဘုတ်မှ ဇူလိုင်လ အစီရင်ခံစာတွင် မြန်မာ စစ်တပ်နှင့် ဆက်နွယ်သည်ဟု ယူဆရသော အကောင့်တု ၇၉ ခု၊ ဖေ့စ်ပိတ်ချ် ၁၃ ခု၊ ဂရု ၈ ခု
နှင့် အင်စတာဂရမ် အကောင့် ၁၉ ခုကို ဖယ်ရှားခဲ့သည်ဟု ပါရှိလာခဲ့သည်။
အရေးတော်ပုံ အောင်ရမည်!!!
Hla Soewai