ၾကားသိသမွ်

စစ်ကောင်စီ တပ်များလိုင်ဇာနှင့်အနီး ပတ်ပတ်လည်ကိုအင်အားအလုံးအရင်းဖြင့်တဖြည်းဖြည်းဝန်းရံလာသည့်အပေါ် ဗိုလ်မှူးကြီးနော်ဘူပြောပြီ

စစ်ကောင်စီ တပ်များလိုင်ဇာနှင့်အနီးပတ်ပတ်လည်ကိုအင်အားအလုံးအရင်းဖြင့်တဖြည်းဖြည်းဝန်းရံလာသည့်အပေါ်

ဗိုလ်မှူးကြီးနော်ဘူပြောပြီ

စစ်ကောင်စီ တပ်များလိုင်ဇာနှင့်အနီးပတ်ပတ်လည်ကိုအင်အားအလုံးအရင်းဖြင့်တဖြည်းဖြည်းဝန်းရံလာသည့်အပေါ် ဗိုလ်မှူးကြီးနော်ဘူက

ကိယ့်သေတွင်းကိုယ်တူးချင်လို့ အင်အားများများနဲ့ဖိတိုက်ဖို့လုပ်တာပဲလို့မြင်တယ်၊ သူတို့ရဲ့ခြေလျှင်တပ်တွေကို ကျွန်တော်တို့ KIA

တပ်မဟာက ရှိတယ်လို့ကိုမထင်ဘူးလို့ပြောရင် ကြွားဝါတယ်ထင်ကြမယ်။

သူတို့ခြေလျှင်တပ်ဆိုတာ လက်နက်ကြီးပစ်ကူ အစွမ်းနဲ့မှရှေ့တက်တိုက်ရဲတဲ့တပ်ပဲ၊ လေကြောင်းကနေ လေယာဉ်နဲ့ကူတိုက် ပေးမှ စခန်း

သိမ်းလို့ရတဲ့တပ်ပဲ၊ လက်နက်အင်အားမမျှလို့ ဟိုးတစ်ချိန်ကတော့ ကျွန်တော်တို့အထိနာပြီး ကချင်နယ်မြေအချို့လက်လွှတ်ခဲ့ရတယ်။

အခုချိန်မှာသမိုင်းတစ်ပတ်လည်လာပြီလို့ပြောလို့ရတယ် ၊ KIO/ KIA မှာ စစ်သည်အင်အား အရမ်းတောင့်တင်းပြီး စွမ်းရည်ပြည့်ဝတဲ့ ၊ ပျို

ရွယ်တဲ့စစ်သည်တွေကိုပိုင်ဆိုင်ထားပြီ၊လက်နက်စွမ်းရည်မှာဆိုရင်လည်းခေတ်မှီလေယာဉ်ပစ်လက်နက်ကိုပိုင်ဆိုင်ထားသလို အဝေးပစ်

ဟောင်ဝစ်ဇာအမြှောက်လက်နက်တွေကိုလည်းဝယ်ယူထားနိုင်ပြီးဖြစ်တယ်။

ကျွန်တော်တို့ကိုယ်ပိုင်လက်နက်ထုတ်စက်ရုံတွေကနေလည်း

လက်နက်မျိုးစုံထုတ်လုပ်လာနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ပါးစပ်ကငြိမ်းချမ်းရေးအော်ပြီးလက်နက်တပြင်ပြင်လုပ်နေတဲ့သူတွေရဲ့ဘယ်လို

စကားကိုမှကျွန်တော်တို့ကချင်တပ်မတော် KIA ကယုံကြည်မှာမဟုတ်ပါဘူးအခုဆိုရင် အာဏာသိမ်း တပ်နဲ့ KIA ကချင်လွတ်မြောက်ရေး

တပ်မတော် ဘယ်တပ်က ပြည်သူ့တပ်မတော်ဖြစ်နေပြီလည်းဆိုတာ ကလေးသွားမေးတောင်ဖြေတတ်တယ်ဆိုတာ ကျွန်တော်ယုံကြည်

တယ်၊ KIO ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီး အန်ဘန်လ ကလည်းအာဏာသိမ်းစစ်တပ်ကို ဗြောင်ကျကျ စိန်ခေါ်ထားပြီးဖြစ်ပါတယ်။

ကျွန်တော်တို့ KIA တပ်မတော်သည် ပြည်သူနှင့်တိုင်းရင်းသားတို့ကိုအလုပ်အကြွေးပြုမည့်တပ်မတော်သာဖြစ်ကြောင်း ကျွန်တော်တို့

သစ္စာပြုပါတယ်

#KIAသတင်းပြန်ကြားရေးတပ်ဖွဲ့ #ဗိုလ်မှူးနော်ဘူ

စစ္ေကာင္စီ တပ္မ်ားလိုင္ဇာႏွင့္အနီးပတ္ပတ္လည္ကိုအင္အားအလုံးအရင္းျဖင့္တျဖည္းျဖည္းဝန္းရံလာသည့္အေပၚ ဗိုလ္မႉးႀကီးေနာ္ဘူေျပာၿပီ

စစ္ေကာင္စီ တပ္မ်ားလိုင္ဇာႏွင့္အနီးပတ္ပတ္လည္ကိုအင္အားအလုံးအရင္းျဖင့္တျဖည္းျဖည္းဝန္းရံလာသည့္အေပၚ ဗိုလ္မႉးႀကီးေနာ္ဘူက ကိယ့္ေသတြင္းကိုယ္တူးခ်င္လို႔ အင္အားမ်ားမ်ားနဲ႔
ဖိတိုက္ဖို႔လုပ္တာပဲလို႔ျမင္တယ္၊ သူတို႔ရဲ့ေျခလၽွင္တပ္ေတြကို ကၽြန္ေတာ္တို႔ KIA တပ္မဟာက ရွိတယ္လို႔ကိုမထင္ဘူးလို႔ေျပာရင္ ႂကြားဝါတယ္ထင္ၾကမယ္။

သူတို႔ေျခလၽွင္တပ္ဆိုတာ လက္နက္ႀကီးပစ္ကူ အစြမ္းနဲ႔မွေရွ႕တက္တိုက္ရဲတဲ့တပ္ပဲ၊ ေလေၾကာင္းကေန ေလယာဥ္နဲ႔ကူတိုက္ ေပးမွ စခန္းသိမ္းလို႔ရတဲ့တပ္ပဲ၊ လက္နက္အင္အားမမၽွလို႔ ဟိုးတစ္ခ်ိန္ကေတာ့ ကၽြန္ေတာ္တို႔အထိနာၿပီး ကခ်င္နယ္ေျမအခ်ိဳ႕လက္လႊတ္ခဲ့ရတယ္။

အခုခ်ိန္မွာသမိုင္းတစ္ပတ္လည္လာၿပီလို႔ေျပာလို႔ရတယ္ ၊ KIO/ KIA မွာ စစ္သည္အင္အား အရမ္းေတာင့္တင္းၿပီး စြမ္းရည္ျပည့္ဝတဲ့ ၊ ပ်ိဳရြယ္တဲ့စစ္သည္ေတြကိုပိုင္ဆိုင္ထားၿပီ၊လက္နက္စြမ္းရည္မွာဆိုရင္လည္းေခတ္မွီေလယာဥ္ပစ္လက္နက္ကိုပိုင္ဆိုင္ထားသလို အေဝးပစ္ ေဟာင္ဝစ္ဇာအေျမႇာက္လက္နက္ေတြကိုလည္း

ဝယ္ယူထားနိုင္ၿပီးျဖစ္တယ္။ကၽြန္ေတာ္တို႔ကိုယ္ပိုင္လက္နက္ထုတ္စက္႐ုံေတြကေနလည္း လက္နက္မ်ိဳးစုံထုတ္လုပ္လာနိုင္ခဲ့ၿပီးလည္းျဖစ္ပါတယ္။

ပါးစပ္ကၿငိမ္းခ်မ္းေရးေအာ္ၿပီးလက္နက္တျပင္ျပင္လုပ္ေနတဲ့သူေတြရဲ့ဘယ္လိုစကားကိုမွကၽြန္ေတာ္တို႔ကခ်င္တပ္မေတာ္ KIA ကယုံၾကည္မွာမဟုတ္ပါဘူး

အခုဆိုရင္ အာဏာသိမ္း တပ္နဲ႔ KIA ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ ဘယ္တပ္က ျပည္သူ႔တပ္မေတာ္ျဖစ္ေနၿပီလည္းဆိုတာ ကေလးသြားေမးေတာင္ေျဖတတ္တယ္ဆိုတာ ကၽြန္ေတာ္ယုံၾကည္တယ္၊ KIO ေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ႀကီး အန္ဘန္လ ကလည္းအာဏာသိမ္းစစ္တပ္ကို ေျဗာင္က်က် စိန္ေခၚထားၿပီးျဖစ္ပါတယ္။

ကၽြန္ေတာ္တို႔ KIA တပ္မေတာ္သည္ ျပည္သူႏွင့္တိုင္းရင္းသားတို႔ကိုအလုပ္အေႂကြးျပဳမည့္တပ္မေတာ္သာျဖစ္ေၾကာင္း ကၽြန္ေတာ္တို႔ သစၥာျပဳပါတယ္
#KIAသတင္းျပန္ၾကားေရးတပ္ဖြဲ႕ #ဗိုလ္မႉးေနာ္ဘူ