ၾကားသိသမွ်

“တိုက်ပွဲခေါ်သံနားစွင့်ရင်း နေ့စွဲများကိုဖြတ်သန်းခြင်း”

“တိုက်ပွဲခေါ်သံနားစွင့်ရင်း နေ့စွဲများကိုဖြတ်သန်းခြင်း”

မိတ်ဆွေအချို့က အခုရက်ပိုင်းမေးကြတယ် D day ကဘယ်တော့စမလဲ၊ စကစရဲ့ စစ်ခွေးတွေကို PDF ကဘယ်တော့စတိုက်မလဲစသဖြင့်

မေးကြတယ်။တကယ်တော့ စကစကို စတိုက်တာ အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းကပါ။

စစ်အာဏာရှင်ကို စတိုက်တာဆို ၁၉၆၂ ခုနှစ်ကတည်းကပေါ့။

စကစ ကိုတိုက်လာတဲ့ပုံစံမျိုးစုံရှိပါတယ်။ လမ်းမတွေပေါ်မှာ ကြွေးကြော်သံတွေနဲ့တိုက်နေတယ်၊ စကစရဲ့အမိန့်မှန်သမျှဆန့်ကျင်ရင်းတိုက်

နေတယ်၊ ပျောက်ကြားစနစ်နဲ့ စစ်ခွေးရဲခွေးတွေကို သတ်နေတယ်၊ စကစရဲ့ ဒေါက်တိုင်တွေကို ဗုံးခွဲတိုက်နေတယ်၊ တိုင်းရင်းသားဒေသတွေ

မှာ နေ့စဉ်တိုက်နေကြတယ်၊စကစရဲ့ဘောမဒလန်တွေကိုသုတ်သင်နေတယ် အဲဒါတွေဟာ စကစကို စစ်တိုက်နေတာပေါ့။

ဒါပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မကြာခင် စကစ ကိုမြန်မာမြေပေါ်ကနေအပြီးသတ်တိုက်ဖို့ NUG အစိုးရရဲ့ PDF တပ်မတော်ကြီးလဲ

အဆင်သင့်ဖြစ်နေကြပြီ။ပြည်တွင်းစစ်ပွဲကြီးတကယ်ဖြစ်လာမှာလားမမေးနဲ့ အခုလဲ စစ်ခွေးတွေသောင်းကျန်းနေတာ ပြည်သူတွေကို

သတ်ဖြတ်နေတာ၊တိုင်းရင်းသားဒေသတွေမှာ‌နေ့စဉ် တိုက်နေကြတာဟာ ပြည်တွင်းစစ်ပဲပေါ့။

တိုင်းရင်းသားတွေ၊ PDF တွေ၊ Gz တွေဟာ အသက်ကိုရင်းပြီး တောထဲတောင်ထဲမှာ မိသားစုတကွဲတပြားနဲ့ အပင်ပန်းအဆင်းရဲခံ

စစ်ပညာသင်ပြီး သေနတ်ကိုင်ထားတာ မိစ္ဆာစကစ ကို တိုက်ထုတ်ဖို့လေ အပြင်းအပြေ‌ စော့ကစားဖို့ တောထဲတောင်ထဲသွားတာမဟုတ်

ဘူး။စိတ်ချ စစ်ခွေး ရဲခွေးတွေကို တိုက်ကိုတိုက်မှာဗျ။

နောက် စစ်ရေးကိစ္စတွေကို မိမိတို့က အရမ်းအသေးစိတ်သိချင်ကြတယ်။ အဲလိုတော့ သိဖို့မလွယ်လှပါဘူး။ စစ်ရေးဟာ ဟိုဘက်ရွာ ဒီဘက်

ရွာ ချိန်းပြီးဘောလုံးကန်သလိုတော့ မဟုတ်ဘူး။အရမ်းလျို့ဝှက်ရတယ်၊ စနစ်တကျပြင်ဆင်ရတယ်၊ တိုက်စစ် ခံစစ်မျှတအောင်

တည်ဆောက်ရတယ်၊ လိုအပ်တဲ့လက်နက်အင်အား လူအင်အားဖြည့်တင်းရတယ်၊ စစ်ရေးမဟာဗျူဟာတွေ စနစ်တကျရေးစွဲရတယ်။

ဘယ်လိုတိုက်မယ်၊ ဘယ်နေရာစတိုက်မယ်၊ ဘာလက်နက်နဲ့တိုက်မယ်၊ ဘယ်အချိန်စတိုက်မယ်၊ဘယ်လောက်အင်အားနဲ့တိုက်မယ် ဆိုတာ

တွေဟာ စစ်ရေးသဘောအရ မိမိတို့သိဖို့မလွယ်သလို သိအောင်လဲပြောဖို့မလွယ်ပါဘူး။အရေးကြီးတာက မိမိတို့ တနိုင်ငံလုံးပြည်တွင်း

စစ်ပွဲကြီးနဲ့ကြုံနေရင် ဘယ်လိုပါဝင်ကြမလဲ၊ဘာတွေပြင်ဆင်ထားပြီလဲ၊ ဘာတွေစုဆောင်းထားပြီလဲ။ မိသားစုထဲက သက်ကြီးရွယ်အို

ကလေးငယ် များအတွက်ဘာတွေပြင်ဆင်ထားကြပြီလဲ ကြိုတင်စဉ်စားထားကြဖို့လိုပါလိမ့်မယ်။

ငယ်ငယ်က ကလေးဘဝစစ်တိုက်တမ်းကစားဖူးကြမှာပါ။ စစ်တိုက်ခါနီးဆိုအမြဲတိုင်ပင်ခေါ်လေ့ရှိတာက

(၁) နေရာယူ(၂) အဆင်သင့်(၃) ကျည်ဆံထည့်(၄) မောင်းချိန်(၅)ပစ်နိုင်ပြီ ဆိုသလို အခုမိမိတို့လဲ

တိုင်ပင်တစ်ခုကိုစောင့်နေကြတာမဟုတ်လား။။

သေချာတာတစ်ခုတော့ပြောနိုင်တယ် အားလုံးထင်ထားတဲ့အတိုင်း တပြည်လုံးပြည်တွင်းစစ်ပွဲကတော့ မလွဲမသွေလာမှာပါပဲ။ NUG အစိုးရ

PDF တပ်မတော်ကြီးရဲ့ ‘တိုက်ပွဲခေါ်သံကိုနားစွင့်ရင်း ပြည်သူအားလုံးဟာနေ့စွဲတွေကိုကျော်ဖြတ်နေပါတယ်’။

အရေးတော်ပုံအောင်ရမည်

သခင် N