၄၄ လမ်း ခုန်ချမှုတွင်ပါဝင်သည့် တစ်ဦးတည်းသော မိန်းကလေး ပန်းသီး
၄၄ လမ်း ခုန်ချမှုတွင်ပါဝင်သည့်တစ်ယောက် တည်းသော မိန်းကလေးသည် နွေဦးတော်လှန်ရေးတွင် အစောပိုင်းကတည်းက တက်ကြွစွာ
ပါဝင်ခဲ့သူဖြစ်သည်။ သူမတွင် ငါးနှစ်ခန့်အရွယ် သမီးငယ်လေးတစ်ဦးရှိသည်။အကြမ်းဖက်စစ်သားများ၏ ဖမ်းဆီးမှုကိုမခံဘဲ တိုက်အမြင့်မှ
ခုန်ချသွားခဲ့သည့် သူရဲ ကောင်းလူငယ်ငါးဦးအနက် ကလေးမိခင်အမျိုးသမီးတစ်ဦးပါဝင်နေမှုအပေါ် ပြည်သူများက ပို၍ဝမ်းနည်းကြေကွဲနေ
ခြင်းပင်။သူမ၏နာမည်အရင်းမှာ ဝေဝေမြင့် ဖြစ်ပြီး အသက်၂၉ ခန့်အရွယ်ဖြစ်သည်။ သူမ၏ အမျိုးသားမှာ သွားဆရာဝန် တစ်ဦးဖြစ်ပြီး ၎င်း
တို့မှာ စီးပွားရေးပြေလည်သူများဖြစ်ကြသည်ဟု သူမ၏ သူငယ်ချင်းများက ဆို သည်။
သူမ၏ သူငယ်ချင်းများက သူမကို ပန်းသီး ဟု ခေါ်ကြ
သည်။ မပန်းသီးသည် ပညာထူးချွန်သူဖြစ်ပြီး ဒဂုံတက္ကသိုလ်မှ အဂ်လိပ်စာအထူးပြု မဟာဝိဇ္ဇာဘွဲ့ရရှိထားသူဖြစ်သည်။သူတစ်ပါးကို ကူညီ
တက်သူတစ်ဦးဖြစ်ပြီး ပွင့်လင်းစွာ ပြောဆိုနေထိုင်သော်လည်း စိတ်ရင်းကောင်းသူအဖြစ် သူငယ်ချင်းများက အသိအမှတ်ပြုကြသည်။
“ပန်းသီးက ကျောင်းကတည်းက မဟုတ်မခံစိတ်ရှိတယ်။ သူက မှန်တဲ့ဘက်က ရပ်တယ်။ မှန်လို့ကတော့ ဆရာ၊ ဆရာမတွေ ဘာတွေ နားမ
လည်ဘူး။ ပြန်ရန်တွေ့တာပဲ။ အကြောက်တရားကတော့ လုံးဝမရှိတဲ့ ပန်းသီးပဲ” ဟု သူ၏ ကျောင်းနေဖက်သူငယ်ချင်းတစ်ဦးက ဖွင့်ဟသည်။
နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်ခဲ့သူပီပီ အကြမ်းဖက်စစ်သားများ၏ ရက်စက်ယုတ်မာမှုကိုလည်း မပန်းသီးတစ်ယောက် ကောင်းကောင်းသိရှိထားသည်။
မပန်းသီးသည် စစ်အာဏာရှင်တော်လှန်ရေးအတွင်း ပြီးခဲ့သည့် ဧပြီက ကျောက်မြောင်း၌ လူငယ် ၁၈ ဦး ဖမ်းဆီးခံရမှုတွင် သူမပါဝင်ခဲ့
သည်။ သူမနှင့်အတူ ဖမ်းဆီးခံရသူများကို အကြမ်းဖက်စစ်သားများက ရိုက်နှက်စစ်ဆေးမှုကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသူဖြစ်သည်။ သို့သော် နောက်တစ်ရက်တွင် ဖမ်းဆီးခံရသူ အချို့ကို ပြန်လွှတ်ပေးရာ သူမပါဝင်လာခဲ့သည်။
သူမ၏အမျိုးသားက “ရှင်ကွဲလေး ကွဲသွားရင်တောင် စိတ်ပြေချိန်လေးပြန်သွားကြည့်လို့ရသေးတယ်။ ဘာလို့ သေကွဲကွဲရတာလဲ သဲရယ်။ သဲက ဒီလောက်စိတ်ကောင်းရှိတာ။ ဘာလို့ ဒီလိုဖြစ်ရတာလဲ”ဟု သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
“အောင်မြင်နေတဲ့ စီးပွားရေး၊ ပျော်ရွှင်စရာမိသားစုဘဝ လေးကို တော်လှန်ရေးအတွက် စတေးသွားခဲ့ပြီ… နာကြင်စွာနဲ့ ဦးညွှတ်အလေးပြုပါ
တယ်ဗျာ။ နောင်တချိန် တော်လှန်ရေးအကြောင်းပြောကြတဲ့အခါ… ဘာမှ မဟုတ်တဲ့ ကျွန်တော်တို့တွေက… အမတို့ အာဇာနည်တွေရဲ့
ပေးဆပ်မှုကို အမြဲ အလေးအမြတ်ပြုနေမှာပါ”ဟု စာရေးဆရာခက်ဇော်ကလည်း မပန်းသီးအတွက် ရေးသားဂုဏ်ပြုထားလေသည်။
ရန်ကုန်မြို့ ၄၄ လမ်းတွင် ယမန်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်က အကြမ်းဖက်စီးနင်းရာတွင် အဖမ်းမခံဘဲ တိုက်ပေါ်တက်၍
အလွတ်ခုန်ချကာ ကျဆုံးခဲ့သော လူငယ်ငါးဦးအတွက် ပြည်သူများက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်တွင် ဂုဏ်ပြုကဗျာများ၊ သရုပ်ဖော်ပန်းချီများဖြင့် ရေးဆွဲဂုဏ်ပြူနေကြသည်။
People’sSpring
Zawgyi
၄၄ လမ္း ခုန္ခ်မႈတြင္ပါဝင္သည့္ တစ္ဦးတည္းေသာ မိန္းကေလး ပန္းသီး
၄၄ လမ္း ခုန္ခ်မႈတြင္ပါဝင္သည့္တစ္ေယာက္ တည္းေသာ မိန္းကေလးသည္ ေႏြဦးေတာ္လွန္ေရးတြင္ အေစာပိုင္းကတည္းက တက္ႂကြစြာပါဝင္ခဲ့သူျဖစ္သည္။ သူမတြင္ ငါးႏွစ္ခန႔္အရြယ္ သမီးငယ္ေလးတစ္ဦးရွိသည္။
အၾကမ္းဖက္စစ္သားမ်ား၏ ဖမ္းဆီးမႈကိုမခံဘဲ တိုက္အျမင့္မွ ခုန္ခ်သြားခဲ့သည့္ သူရဲ ေကာင္းလူငယ္ငါးဦးအနက္ ကေလးမိခင္အမ်ိဳးသမီးတစ္ဦးပါဝင္ေနမႈအေပၚ ျပည္သူမ်ားက ပို၍ဝမ္းနည္းေၾကကြဲေနျခင္းပင္။
သူမ၏နာမည္အရင္းမွာ ေဝေဝျမင့္ ျဖစ္ၿပီး အသက္၂၉ ခန႔္အရြယ္ျဖစ္သည္။ သူမ၏ အမ်ိဳးသားမွာ သြားဆရာဝန္ တစ္ဦးျဖစ္ၿပီး ၎တို႔မွာ စီးပြားေရးေျပလည္သူမ်ားျဖစ္ၾကသည္ဟု သူမ၏ သူငယ္ခ်င္းမ်ားက ဆို သည္။
သူမ၏ သူငယ္ခ်င္းမ်ားက သူမကို ပန္းသီး ဟု ေခၚၾကသည္။ မပန္းသီးသည္ ပညာထူးခၽြန္သူျဖစ္ၿပီး ဒဂုံတကၠသိုလ္မွ အဂ္လိပ္စာအထူးျပဳ မဟာဝိဇၨာဘြဲ႕ရရွိထားသူျဖစ္သည္။
သူတစ္ပါးကို ကူညီတက္သူတစ္ဦးျဖစ္ၿပီး ပြင့္လင္းစြာ ေျပာဆိုေနထိုင္ေသာ္လည္း စိတ္ရင္းေကာင္းသူအျဖစ္ သူငယ္ခ်င္းမ်ားက အသိအမွတ္ျပဳၾကသည္။
“ပန္းသီးက ေက်ာင္းကတည္းက မဟုတ္မခံစိတ္ရွိတယ္။ သူက မွန္တဲ့ဘက္က ရပ္တယ္။ မွန္လို႔ကေတာ့ ဆရာ၊ ဆရာမေတြ ဘာေတြ နားမလည္ဘူး။ ျပန္ရန္ေတြ႕တာပဲ။ အေၾကာက္တရားကေတာ့ လုံးဝမရွိတဲ့ ပန္းသီးပဲ” ဟု သူ၏ ေက်ာင္းေနဖက္သူငယ္ခ်င္းတစ္ဦးက ဖြင့္ဟသည္။
ေႏြဦးေတာ္လွန္ေရးမွာ တက္ႂကြစြာပါဝင္ခဲ့သူပီပီ အၾကမ္းဖက္စစ္သားမ်ား၏ ရက္စက္ယုတ္မာမႈကိုလည္း မပန္းသီးတစ္ေယာက္ ေကာင္းေကာင္းသိရွိထားသည္။
မပန္းသီးသည္ စစ္အာဏာရွင္ေတာ္လွန္ေရးအတြင္း ၿပီးခဲ့သည့္ ဧၿပီက ေက်ာက္ေျမာင္း၌ လူငယ္ ၁၈ ဦး ဖမ္းဆီးခံရမႈတြင္ သူမပါဝင္ခဲ့သည္။ သူမႏွင့္အတူ ဖမ္းဆီးခံရသူမ်ားကို အၾကမ္းဖက္စစ္သားမ်ားက ရိုက္ႏွက္စစ္ေဆးမႈကို မ်က္ဝါးထင္ထင္ေတြ႕ျမင္ခဲ့ရသူျဖစ္သည္။ သို႔ေသာ္ ေနာက္တစ္ရက္တြင္ ဖမ္းဆီးခံရသူ အခ်ိဳ႕ကို ျပန္လႊတ္ေပးရာ သူမပါဝင္လာခဲ့သည္။
သူမ၏အမ်ိဳးသားက “ရွင္ကြဲေလး ကြဲသြားရင္ေတာင္ စိတ္ေျပခ်ိန္ေလးျပန္သြားၾကည့္လို႔ရေသးတယ္။ ဘာလို႔ ေသကြဲကြဲရတာလဲ သဲရယ္။ သဲက ဒီေလာက္စိတ္ေကာင္းရွိတာ။ ဘာလို႔ ဒီလိုျဖစ္ရတာလဲ”ဟု သူ၏ လူမႈကြန္ရက္တြင္ ေရးသားထားသည္။
“ေအာင္ျမင္ေနတဲ့ စီးပြားေရး၊ ေပ်ာ္ရႊင္စရာမိသားစုဘဝ ေလးကို ေတာ္လွန္ေရးအတြက္ စေတးသြားခဲ့ၿပီ… နာၾကင္စြာနဲ႔ ဦးညႊတ္အေလးျပဳပါတယ္ဗ်ာ။ ေနာင္တခ်ိန္ ေတာ္လွန္ေရးအေၾကာင္းေျပာၾကတဲ့အခါ… ဘာမွ မဟုတ္တဲ့ ကၽြန္ေတာ္တို႔ေတြက… အမတို႔ အာဇာနည္ေတြရဲ့ ေပးဆပ္မႈကို အျမဲ အေလးအျမတ္ျပဳေနမွာပါ”ဟု စာေရးဆရာခက္ေဇာ္ကလည္း မပန္းသီးအတြက္ ေရးသားဂုဏ္ျပဳထားေလသည္။
ရန္ကုန္ၿမိဳ႕ ၄၄ လမ္းတြင္ ယမန္ေန႔က အာဏာသိမ္းစစ္ေကာင္စီတပ္က အၾကမ္းဖက္စီးနင္းရာတြင္ အဖမ္းမခံဘဲ တိုက္ေပၚတက္၍ အလြတ္ခုန္ခ်ကာ က်ဆုံးခဲ့ေသာ လူငယ္ငါးဦးအတြက္ ျပည္သူမ်ားက ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ေပၚတြင္ ဂုဏ္ျပဳကဗ်ာမ်ား၊ သ႐ုပ္ေဖာ္ပန္းခ်ီမ်ားျဖင့္ ေရးဆြဲဂုဏ္ျပဴေနၾကသည္။
People’sSpring