ၾကားသိသမွ်

အမေရိကန် အစိုးရတောင် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားရတဲ့ မင်းအောင်လှိုင်ရဲ့ လုပ်ရပ်..

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူး သံတမန် ခရစ်စတင်း ဘာဂင်ဂါမှ အွန်လိုင်းမှတဆင့် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင်

မင်းအောင်လှိုင်သည် ၎င်း၏ အာဏာ ကို ခိုင်မြဲအောင် ဆုပ်ကိုင်သွားနိုင်ရေး အတွက်သာ မရရသည့် နည်းဖြင့်လုပ်ဆောင်သွားရန် သံန္နိဌာန်

ချထားသည်ဟု ပြောဆိုသွားခဲ့သည်။မကြာမီက အိမ်စောင့် အစိုးရဟူ ၍ ဖွဲ့စည်းလာပြီး ၎င်းကို၎င်းလည်း ဝန်ကြီးချုပ် အဖြစ် ကြေညာခြင်း၊

ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြစ်ခြင်းများ လုပ်လာသည်ကို ကြည့်က သိနိုင်သည်ဟုလည်း ဆိုသည်။

ပြည်သူများ၏ ယုံကြည် ကိုးစားမှုကို ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မကြာမီ အတွင်း ဖျက်သိမ်းပစ်နိုင်သည့် အရေးကို

မိမိ ပူပန်နေမိကြောင်း၊ နိုင်ငံတကာမှ အရေးယူ ဆောင်ရွက်နိုင်စွမ်းမရှိသည့် အတွက် ၎င်း၏ အုပ်ချုပ်နေမှုကို တရားဝင်သဘောမျိုး

သက်ရောက်ရန် ကြံစည်လာနေခြင်းသာ ဖြစ်သည်ဟု ဝေဖန်လိုက်သည်။

ကိုဗစ် တတိယ လှိုင်း ပြင်းထန်စွာ ကူးစက်ခံ‌ နေရပြန်သဖြင့် မြန်မာပြည်ရှိ လူထု သည် အန္တရာယ် အမျိုးမျိုးကြားတွင် ခက်ခဲ ကျပ်တည်းစွာ နေထိုင်နေကြရသည်ဟု လည်း ထည့်သွင်းပြောဆိုသွားခဲ့သည်။

အာဏာသိမ်း အဖွဲ့ နှင့် ပြည်သူ့ကိုယ်စားပြု အဖွဲ့များအကြား အဓိပ္ပါယ် ရှိသည့် ရလဒ်များ ထွက်ပေါ်လာ အောင် ဆွေးနွေးနိုင်ခြင်း မရှိလျှင် ပြည်တွင်းစစ်ကြီး မလွှဲမသွေ ဖြစ်ပေါ်လာတော့မည်ဟုလည်း သတိပေး သွားခဲ့သည်။

မင်းအောင်လှိုင်သည် ၎င်းအားကိုးသည့် တရုတ်နှင့် ရုရှားမှလည်း ကုလတွင် ကန့်ကွက်မဲ ထိုင်ထည့်ပေးနေသည်ကလွဲ၍ အခြားအကူအညီများ ရရန် လမ်းမရှိ ဖြစ်လာနေသည်ကို တွေ့လာနေရသဖြင့် စိုးရိမ်ပူပန် လာပြီး တောင်စဉ်ရေမရ ပြောဆိုလာနေပြီ ဖြစ်သည်။

ထိုစကားများထဲတွင် ကိုဗစ် ကာကွယ်ဆေး အားဝယ်ယူရန် မတတ်နိုင်၍ ပြည်တွင်းမှာပင် မဖြစ်ဖြစ်အောင် ထုတ်မည် ဆို၍ ကာကွယ်ဆေး

ထုတ်လုပ်ရန် ကုမ္ပဏီ များအား စုစုပေါင်း ရံပုံငွေ ဒေါ်လာ ၉ ဘီလီယံ ခန့် ထောက်ပံ့ပေးခဲ့ရသည့် အမေရိကန် အစိုးရ အဖို့ မျက်လုံးပြူး မျက်ဆံပြူး ပင် ဖြစ်သွားလောက်ပေသည်။

မြန်မာလို နိုင်ငံမျိုးလေးမှ ကိုဗစ် ကာကွယ်ဆေးအား သစ်ဉသစ်ဖု များ ဖြင့် ဖေါ်စပ်လို့ ရနိုင်ပါလျက် မိမိတို့ ပေးဆောင်ထားသော အခွန်ငွေများ ကို အဘယ်ကြောင့် ဗုံးဘောလအော သုံးစွဲပစ်ရသနည်းဟု အခွန်ထမ်း ပြည်သူများ မှ မေးခွန်းထုတ် ခံလာရနိုင်သည် မဟုတ်ပါလား။

မင်းအောင်လှိုင်ကိုပင် အမေရိကန် သမ္မတ အဖြစ် ခန့်အပ်ရန် စိတ်ကူးယဉ်လာကြ နိုင်ပေသည်။

မင်းအောင်လှိုင်က အပတ်စဉ် အစည်းအဝေးများလုပ်ကာ ထိုသို့ တောင်စဉ်ရေမရ လျှောက်ပြောနေချိန်တွင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်

အစိုးရကတော့ ဒုက္ခသည် စခန်းပေါင်း ၃၄ ခု တွင် ခိုအောင်းနေထိုင်လျက် ရှိနေသော ရိုဟင်ဂျာ ဒုက္ခသည် ခုနှစ်သိန်းခန့်အား ပထမအကြိမ် အဖြစ် ကာကွယ်ဆေးများအား အင်္ဂါနေ့မှစ၍ ထိုးနှံပေးနေပြီ ဖြစ်သည်။

ပြီးခဲ့သည့်လ ကပင် အမေရိကန်၏ Moderna နှင့် တရုတ်၏ Sinopharm ဆေး ရည် ၄.၅ သန်းကို လက်ခံရရှိခဲ့ပြီးလည်း ဖြစ်သည်။

(၂)ကမ္ဘာတဝှမ်းတွင် ကိုဗစ် ကပ်ရောဂါကြီးကြောင့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများကို တလေးတစား ဆက်ဆံရ

ကောင်းမှန်း သိလာကြသော်လည်း မြန်မာပြည်တွင် မူ စစ်ဆေးမေးမြန်းလျင်ပင် ဆရာဝန်ပါဟု ထုတ်မပြောရဲလောက်အောင် တိမ်းရှောင်

နေရသည့် အဖြစ် ရောက်နေပြီး ခိုးကြောင်ခိုးဝှက် အိမ်များသို့ လိုက်လံ ကုသပေးနေရသည်ဟု ဝေါ်စထရိ ဂျာနယ် သတင်းစာကြီးတွင် ရေးသားလာသည်။

သမားတော်များ၏ လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့ကြီးက အာဏာသိမ်းပြီး ၆ လ အတွင်း ကျန်းမာရေး ဝန်ထမ်းများကို တိုက်ခိုက်ခဲ့မှုပေါင်း ၂၅၂ မှုကို စနစ်တကျ မှတ်တမ်းတင်ထားနိုင်ခဲ့ပြီ ဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့ပြန်သည်။

ဖမ်းဆီးခံရသူ ၁၉၀ ဦး၊ အသတ်ခံခဲ့ရသူ ၂၅ဦး၊ ဒဏ်ရာရရှိခဲ့သူ ၃၇ ဦး၊ ဆေးရုံများ ဝင်ရောက်စီးနင်းမှု ၈၆ ကြိမ်၊ ဆေးရုံများကို ဝင်ရောက်သိမ်းပိုက်မှု ပေါင်း ၅၅ ကြိမ်၊ ကိုဗစ် ကုသ ရေးအား နှောက်ယှက်ခဲ့သည့် ဖြစ်စဉ် ၁၇ ခု တို့ စာရင်းတွင် ပါဝင်လာခဲ့သည်။

(၃)အာဏာသိမ်း ခေါင်းဆောင်၏ အပတ်စဉ် တောင်စဉ်ရေမရ ပြောဆိုနေမှုများထဲတွင် ဩဂုတ်လဆန်းမှစ၍ တိုက်ခိုက်မှုများ ရပ်စဲသွားပြီ ဖြစ်သည် ဆိုသော စကားလည်း ပါဝင်လာခဲ့သည်။

ထိုသို့ ပြောပြီး နာရီပိုင်းမျှ အကြာတွင်ပင် ရန်ကုန်ရှိ MRTV ရှိရာ မြန်မာ့အသံ အဆောက်အဦးသည် ကျည်ဆံမိုး ရွာသွန်းခြင်း ခံလိုက်ရသည်။ နောက်ပိုင်းတွင် ဗုံးခွဲတိုက်ခိုက်မှုများ၊ ဒလန် သုတ်သင်မှူများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည်။

ထိုသို့ ခေါင်းဆောင်ကြီး အရှက်တကွဲ ဖြစ်သွားရမှူ။အတွက် လက်အောက်ငယ်သားများက ရန်ကုန်တွင် ဒလကြမ်း ဖမ်းဆီးမှုများ ပြုလုပ်

လာရာ စမ်းချောင်း ဟံသာဝတီ အဝိုင်းအနီးတွင် ပိတ်ဆိုစစ်ဆေးခဲ့၍ လူ အမြောက်အမြား ဖမ်းဆီးခံလိုက်ရသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

ရန်ကုန် မြို့လည် ၄၄ လမ်းထဲတွင် ရန်သူလက် မကျမခံဟူသော စိတ်ဓါတ်ဖြင့် တိုက်ပေါ်က ခုန်ချ သွားသူ လူငယ်လေး ငါးဦးအနက် နှစ်ဦး

ပွဲချင်းပြီး သေဆုံးကာ သုံးယောက်အား ဒဏ်ရာများ နှင့် ဖမ်းဆီးရမိသွားသည် ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့၍ ကြားရသူ အပေါင်း

ကြိမ်မီးအုံးသလို အပူမီး တောင်လောင်ခဲ့ကြရသည်။ အာဏာသိမ်း တပ်များက ရှက်ရမ်းရမ်းကာ fiend in the human shape သူရဲမရဲ စီးလာကြပြီ ဖြစ်သည်။

ထိုသို့ လုပ်လာလေလေ ၎င်းတို့အား အစိုးရတရပ် အဖြစ် အသိအမှတ် မပြူလေလေ ဖြစ်သဖြင့် လူငယ်လေးများ၏ အသက်သည် မည်သည့်အခါမျှ အချည်းနှီး ဖြစ်မသွားပဲ တော်လှန်ရေး အတွက် အသက်နှင့် ရင်းကာ အားသစ် လောင်းပေးသွားခဲ့ခြင်းဟုသာ မှတ်ယူရပေမည်။

ယမန်နေ့ နေ့လည် ရန်ကုန် မြို့လည် နေရာ အတော်များများ နှင့် ပုဇွန်တောင်မြို့နယ် ရေကျော်ရပ်ရှိ YMBA ရုံးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု မြန်မာနောင်း သတင်းများအရ သိရသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ၏ ကောက်ယူရရှိသော စာရင်းဇယားများအရ ဇူလိုင်လအတွင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ ပြည်

သူ့တော်လှန်ရေး တပ်ဖွဲ့များ နှင့် ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများ တွင် အာဏာသိမ်း တပ်သား ၇၄၀ သေဆုံးခဲ့ပြီး ၃၇၀ ဒဏ်ရာများ ရရှိသွားကြသည်ဟု သိရသည်။

ထိုကာလ အတွင်း အာဏာသိမ်းတပ်များ၏ လက်ချက်ဖြင့် အရပ်သား ၂ဝဝနီးပါး သေဆုံးခဲ့ပြီး ၄၇ ဦး ဒဏ်ရာ အသီးသီး ရရှိခဲ့ကြသည်ဟု ဆိုသည်။

အဆင်ခြင်မဲ့စွာ အာဏာသိမ်းခဲ့သည့် လုပ်ရပ်ကြောင့် တိုင်းပြည်တွင် တည်ငြိမ်အေးချမ်းခဲ့မှုများ ပျောက်ကွယ်ကာ စီးပွားရေး၊ လူမှုရေး နှင့်

ကျန်းမာရေး ကဏ္ဍများ တွင် ဗြောင်းဆန်အောင် ဖြစ်လာနေသည်ကို နိူင်ငံတကာ ရှု့မြင်နေပြီး ပြည်တွင်းရှိ ၎င်းလက်ဝေခံများ အား လိမ်

သလို မျိုး လိမ်လို့မရ ဖြစ်လာနေသဖြင့် ၎င်းအား တိုင်းပြည်ကို မည်သို့နိုင်နင်းစွာ အုပ်ချုပ်ရ အစွမ်းမရှိသူ အဖြစ် နေ့စဉ်နှင့်အမျှ ရှု့မြင် သုံးသပ် ခံနေရမှူကို မခံချိ မခံသာ ဖြစ်နေရသည်။

(၄)ကမ္ဘာတဝှမ်း ရှိ ဒုက္ခသည်များ ကူညီစောင့်ရှောက်ပေးနေသော အဖွဲ့အစည်းပေါင်း ကိုးဆယ်ကျော်ခန့်က ရိုဟင်ဂျာ များ အပေါ် မြန်မာ

စစ်တပ်၏ လုပ်ရပ်များအား လူသားများ အပေါ် ကျုးလွန်သော ရာဇဝတ်မှု နှင့် ဂျီနိုဆိုက် အဖြစ် သတ်မှတ်ပေးရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်ထံ အိပ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုခဲ့ကြပြန်သည်။

လောလောဆယ် ဘန်ကောက်သို့ ရောက်ရှိနေသော ကုလဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ ဂရင်းဖီးလ်သည် မြန်မာပြည်သူများ

အတွက် ယခုလို သေရေးရှင်ရေးတမျှ အရေးတကြီး ဖြစ်လာနေချိန်တွင် လူသားချင်း စာနာထောက်ထားမှူ အကူအညီ ဒေါ် လာ သန်း ၅၀

ထောက်ပံ့သွားမည်ဟု ကြေညာချက် ထုတ်ပြန်လိုက်သည်။ အဆိုပါ အကူအညီများကို ပြည်တွင်းရှိ နိုင်ငံတကာ အဖွဲ့အစည်းများ ထံသို့ ပေးအပ်သွားမည်ဟု လည်း ပါရှိသည်။

ကယ်လီဖိုနီယား ရှိ B K Lee ဖေါင်‌ဒေးရှင်း နှင့် အခြားလူမှု အကျိုးဆောင် များက ဒေါ်လာ ၁.၁ သန်းအား match fund အဖြစ် ကိုဗစ် ကပ်ရောဂါ ခံနေရသော မြန်မာပြည်သူများ၏ အသက်ကယ်တင်ရန် Covid-19 SOS ကမ်းပိန်းကို စတင်လိုက်ပြီ ဖြစ်သည်၊

match fund ဆိုသည်မှာ အလှူငွေ ၁၀၀ ရပါက အဆိုပါ အကျိုးဆောင်များက ၎င်းတို့ အိပ်ကပ်ထဲမှ နောက်ထပ် ၁၀၀ လိုက် ဆောင်းပေးမည်ကို ဆိုလိုသည်။

ထိုသို့ ပြည်ပမှ လှုဒန်းနေကြချိန်တွင် ပြည်တွင်းရှိအထင်ကရ ဘဏ်တိုက်ကြီး တခု ဖြစ်သည့် ကမ္ဘောဇဘဏ်မှ ၎င်းတို့၏ K-pay app ဖြင့်

လှုဒါန်းနေသည် အကောင့်များကို အာဏာသိမ်း အဖွဲ့ အလိုကျ ပိတ်ပစ်ခဲ့သည်ဟု စွပ်စွဲများ နှင့် အတူ သပိတ်မှောက်ရန် လှုံ့ဆော်မှူများ ထွက်ပေါ်လာနေသည်။

ဂျပန် ဘီယာ လုပ်ငန်းကြီး ဖြစ်သော Kirin မှ စစ်တပ်၏ ဦးပိုင် နှင့် ဖက်စပ်လုပ်ငန်းများမှ ၆ လအတွင်း ဒေါ်လာ ၁၉၃ သန်း အရှုံးပေါ်ခဲ့သည်ဟု စာရင်း ထုတ်ပြန်လိုက်သည်။

သို့သော် လုပ်ငန်းများကို ရုပ်သိမ်းသွားဖို့ မစဉ်းစားသေးပဲ စစ်တပ်ပိုင် ရှယ်ယာများကို ဝယ်ယူပြီး တဦးတည်း လုပ်ကိုင်သွားရန် ဆွေးနွေးနေသည်ဟု ဆိုသည်။

Kirin သည် မန္တလေးဘီယာ၊ ရန်ကုန် ဘီယာ လုပ်ငန်းများ၏ ရှယ်ယာ ၅၁% ကို ပိုင်ဆိုင်ထားသဖြင့် စစ်တပ် အဖို့လည်း ‌ဒေါ်လာ သန်း ရာနှင့် ချီ၍ အရှုံးပေါ်နေပြီ ဖြစ်သည်။

(၅)ဦးကျော်မိုး ထွန်းက ယူအေအီး နိုင်ငံထုတ် The National သတင်းစာနှင့် သီးသန့် တွေ့ဆုံခန်းတွင် မိမိ၏ အသက်အန္တရာယ်ကို

ခြိမ်းခြောက်ခံနေရ‌၍ နောက်တွန့်သွားမည် မဟုတ်၊ မိမိ၏ လက်ရှိ ရာထူး နှင့် တာဝန်သည် မြန်မာပြည်သူ တရပ်လုံး၏ အသံကို ကိုယ်စားပြု၍ ကမ္ဘာစင်မြင့်တွင် ထုတ်ဖေါ်ပြောဆိုနိုင်ခွင့် ပေးထား၍ လွန်စွာ အရေးပါနေကြောင်း။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း လာမည့် သံအမတ်ကို ရွေးချယ်ခန့်အပ်မည့် ကိုယ်စားလှယ်တော်ကြီးများသည်

မြန်မာပြည်သူတို့၏ အသံကို နားထောင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာပြည်ရှိ မိမိ၏ မိဘ ညီအကို မောင်နှမ များသည်လည်း ဘေးကင်းရာတွင် ရှိနေပြီဖြစ်ကြောင်း အစရှိသည်ဖြင့် ပြောဆိုသွားခဲ့သည်။

ဖေ့စ်ဘုတ် ‌တွင်လည်း ပြည်သူတရပ်လုံးက မိမိတို့ အစိုးရ NUG ကို ကိုယ်စားပြုသည့် ဦးကျော်မိုးထွန်းအား ခန့်အပ်ပေးရန် တောင်းဆိုသည့် စာတမ်းပါ ပရိုဖိုင်းများကို ပြောင်းလဲပြီး ညီညွတ်စွာ ဆန္ဒထုတ်ဖေါ်ခဲ့ကြပြီ ဖြစ်သည်။

ပြည်သူ့အားဖြင့် အရေးတော်ပုံ အောင်ရမည်!!!

Hla Soewai

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္၏ အထူး သံတမန္ ခရစ္စတင္း ဘာဂင္ဂါမွ အြန္လိုင္းမွတဆင့္ ျပဳလုပ္ေသာ သတင္းစာ ရွင္းလင္းပြဲ တြင္ မင္းေအာင္လွိုင္သည္ ၎၏ အာဏာ ကို ခိုင္ျမဲေအာင္ ဆုပ္ကိုင္သြားနိုင္ေရး အတြက္သာ မရရသည့္ နည္းျဖင့္လုပ္ေဆာင္သြားရန္ သံႏၷိဌာန္ခ်ထားသည္ဟု ေျပာဆိုသြားခဲ့သည္။မၾကာမီက အိမ္ေစာင့္ အစိုးရဟူ ၍ ဖြဲ႕စည္းလာၿပီး ၎ကို၎လည္း ဝန္ႀကီးခ်ဳပ္ အျဖစ္ ေၾကညာျခင္း၊ ေရြးေကာက္ပြဲရလဒ္ကို ဖ်က္သိမ္းျပစ္ျခင္းမ်ား လုပ္လာသည္ကို ၾကည့္က သိနိုင္သည္ဟုလည္း ဆိုသည္။
ျပည္သူမ်ား၏ ယုံၾကည္ ကိုးစားမႈကို ရရွိထားေသာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ကို မၾကာမီ အတြင္း ဖ်က္သိမ္းပစ္နိုင္သည့္ အေရးကို မိမိ ပူပန္ေနမိေၾကာင္း၊ နိုင္ငံတကာမွ အေရးယူ ေဆာင္ရြက္နိုင္စြမ္းမရွိသည့္ အတြက္ ၎၏ အုပ္ခ်ဳပ္ေနမႈကို တရားဝင္သေဘာမ်ိဳး သက္ေရာက္ရန္ ႀကံစည္လာေနျခင္းသာ ျဖစ္သည္ဟု ေဝဖန္လိုက္သည္။

ကိုဗစ္ တတိယ လွိုင္း ျပင္းထန္စြာ ကူးစက္ခံ‌ ေနရျပန္သျဖင့္ ျမန္မာျပည္ရွိ လူထု သည္ အႏၲရာယ္ အမ်ိဳးမ်ိဳးၾကားတြင္ ခက္ခဲ က်ပ္တည္းစြာ ေနထိုင္ေနၾကရသည္ဟု လည္း ထည့္သြင္းေျပာဆိုသြားခဲ့သည္။

အာဏာသိမ္း အဖြဲ႕ ႏွင့္ ျပည္သူ႔ကိုယ္စားျပဳ အဖြဲ႕မ်ားအၾကား အဓိပၸါယ္ ရွိသည့္ ရလဒ္မ်ား ထြက္ေပၚလာ ေအာင္ ေဆြးေႏြးနိုင္ျခင္း မရွိလၽွင္ ျပည္တြင္းစစ္ႀကီး မလႊဲမေသြ ျဖစ္ေပၚလာေတာ့မည္ဟုလည္း သတိေပး သြားခဲ့သည္။

မင္းေအာင္လွိုင္သည္ ၎အားကိုးသည့္ တ႐ုတ္ႏွင့္ ႐ုရွားမွလည္း ကုလတြင္ ကန႔္ကြက္မဲ ထိုင္ထည့္ေပးေနသည္ကလြဲ၍ အျခားအကူအညီမ်ား ရရန္ လမ္းမရွိ ျဖစ္လာေနသည္ကို ေတြ႕လာေနရသျဖင့္ စိုးရိမ္ပူပန္ လာၿပီး ေတာင္စဥ္ေရမရ ေျပာဆိုလာေနၿပီ ျဖစ္သည္။

ထိုစကားမ်ားထဲတြင္ ကိုဗစ္ ကာကြယ္ေဆး အားဝယ္ယူရန္ မတတ္နိုင္၍ ျပည္တြင္းမွာပင္ မျဖစ္ျဖစ္ေအာင္ ထုတ္မည္ ဆို၍ ကာကြယ္ေဆး ထုတ္လုပ္ရန္ ကုမၸဏီ မ်ားအား စုစုေပါင္း ရံပုံေငြ ေဒၚလာ ၉ ဘီလီယံ ခန႔္ ေထာက္ပံ့ေပးခဲ့ရသည့္ အေမရိကန္ အစိုးရ အဖို႔ မ်က္လုံးျပဴး မ်က္ဆံျပဴး ပင္ ျဖစ္သြားေလာက္ေပသည္။

ျမန္မာလို နိုင္ငံမ်ိဳးေလးမွ ကိုဗစ္ ကာကြယ္ေဆးအား သစ္ဉသစ္ဖု မ်ား ျဖင့္ ေဖၚစပ္လို႔ ရနိုင္ပါလ်က္ မိမိတို႔ ေပးေဆာင္ထားေသာ အခြန္ေငြမ်ား ကို အဘယ္ေၾကာင့္ ဗုံးေဘာလေအာ သုံးစြဲပစ္ရသနည္းဟု အခြန္ထမ္း ျပည္သူမ်ား မွ ေမးခြန္းထုတ္ ခံလာရနိုင္သည္ မဟုတ္ပါလား။

မင္းေအာင္လွိုင္ကိုပင္ အေမရိကန္ သမၼတ အျဖစ္ ခန႔္အပ္ရန္ စိတ္ကူးယဥ္လာၾက နိုင္ေပသည္။
မင္းေအာင္လွိုင္က အပတ္စဥ္ အစည္းအေဝးမ်ားလုပ္ကာ ထိုသို႔ ေတာင္စဥ္ေရမရ ေလၽွာက္ေျပာေနခ်ိန္တြင္ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ အစိုးရကေတာ့ ဒုကၡသည္ စခန္းေပါင္း ၃၄ ခု တြင္ ခိုေအာင္းေနထိုင္လ်က္ ရွိေနေသာ ရိုဟင္ဂ်ာ ဒုကၡသည္ ခုႏွစ္သိန္းခန႔္အား ပထမအႀကိမ္ အျဖစ္ ကာကြယ္ေဆးမ်ားအား အဂၤါေန႔မွစ၍ ထိုးႏွံေပးေနၿပီ ျဖစ္သည္။

ၿပီးခဲ့သည့္လ ကပင္ အေမရိကန္၏ Moderna ႏွင့္ တ႐ုတ္၏ Sinopharm ေဆး ရည္ ၄.၅ သန္းကို လက္ခံရရွိခဲ့ၿပီးလည္း ျဖစ္သည္။

(၂)ကမၻာတဝွမ္းတြင္ ကိုဗစ္ ကပ္ေရာဂါႀကီးေၾကာင့္ ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ က်န္းမာေရး ဝန္ထမ္းမ်ားကို တေလးတစား ဆက္ဆံရေကာင္းမွန္း သိလာၾကေသာ္လည္း ျမန္မာျပည္တြင္ မူ စစ္ေဆးေမးျမန္းလ်င္ပင္ ဆရာဝန္ပါဟု ထုတ္မေျပာရဲေလာက္ေအာင္ တိမ္းေရွာင္ေနရသည့္ အျဖစ္ ေရာက္ေနၿပီး ခိုးေၾကာင္ခိုးဝွက္ အိမ္မ်ားသို႔ လိုက္လံ ကုသေပးေနရသည္ဟု ေဝၚစထရိ ဂ်ာနယ္ သတင္းစာႀကီးတြင္ ေရးသားလာသည္။

သမားေတာ္မ်ား၏ လူ႔အခြင့္အေရး ဆိုင္ရာ အဖြဲ႕ႀကီးက အာဏာသိမ္းၿပီး ၆ လ အတြင္း က်န္းမာေရး ဝန္ထမ္းမ်ားကို တိုက္ခိုက္ခဲ့မႈေပါင္း ၂၅၂ မႈကို စနစ္တက် မွတ္တမ္းတင္ထားနိုင္ခဲ့ၿပီ ျဖစ္သည္ဟု ထုတ္ျပန္ေၾကညာခဲ့ျပန္သည္။

ဖမ္းဆီးခံရသူ ၁၉၀ ဦး၊ အသတ္ခံခဲ့ရသူ ၂၅ဦး၊ ဒဏ္ရာရရွိခဲ့သူ ၃၇ ဦး၊ ေဆး႐ုံမ်ား ဝင္ေရာက္စီးနင္းမႈ ၈၆ ႀကိမ္၊ ေဆး႐ုံမ်ားကို ဝင္ေရာက္သိမ္းပိုက္မႈ ေပါင္း ၅၅ ႀကိမ္၊ ကိုဗစ္ ကုသ ေရးအား ေႏွာက္ယွက္ခဲ့သည့္ ျဖစ္စဥ္ ၁၇ ခု တို႔ စာရင္းတြင္ ပါဝင္လာခဲ့သည္။

(၃)အာဏာသိမ္း ေခါင္းေဆာင္၏ အပတ္စဥ္ ေတာင္စဥ္ေရမရ ေျပာဆိုေနမႈမ်ားထဲတြင္ ဩဂုတ္လဆန္းမွစ၍ တိုက္ခိုက္မႈမ်ား ရပ္စဲသြားၿပီ ျဖစ္သည္ ဆိုေသာ စကားလည္း ပါဝင္လာခဲ့သည္။

ထိုသို႔ ေျပာၿပီး နာရီပိုင္းမၽွ အၾကာတြင္ပင္ ရန္ကုန္ရွိ MRTV ရွိရာ ျမန္မာ့အသံ အေဆာက္အဦးသည္ က်ည္ဆံမိုး ရြာသြန္းျခင္း ခံလိုက္ရသည္။ ေနာက္ပိုင္းတြင္ ဗုံးခြဲတိုက္ခိုက္မႈမ်ား၊ ဒလန္ သုတ္သင္မႉမ်ား ဆက္တိုက္ဆိုသလို ျဖစ္ပြားလာခဲ့သည္။

ထိုသို႔ ေခါင္းေဆာင္ႀကီး အရွက္တကြဲ ျဖစ္သြားရမႉ။အတြက္ လက္ေအာက္ငယ္သားမ်ားက ရန္ကုန္တြင္ ဒလၾကမ္း ဖမ္းဆီးမႈမ်ား ျပဳလုပ္လာရာ စမ္းေခ်ာင္း ဟံသာဝတီ အဝိုင္းအနီးတြင္ ပိတ္ဆိုစစ္ေဆးခဲ့၍ လူ အေျမာက္အျမား ဖမ္းဆီးခံလိုက္ရသည္ဟု ဧရာဝတီ သတင္းတြင္ ေဖၚျပထားသည္။

ရန္ကုန္ ၿမိဳ႕လည္ ၄၄ လမ္းထဲတြင္ ရန္သူလက္ မက်မခံဟူေသာ စိတ္ဓါတ္ျဖင့္ တိုက္ေပၚက ခုန္ခ် သြားသူ လူငယ္ေလး ငါးဦးအနက္ ႏွစ္ဦး ပြဲခ်င္းၿပီး ေသဆုံးကာ သုံးေယာက္အား ဒဏ္ရာမ်ား ႏွင့္ ဖမ္းဆီးရမိသြားသည္ ဆိုေသာ သတင္းမ်ား ထြက္ေပၚလာခဲ့၍ ၾကားရသူ အေပါင္း ႀကိမ္မီးအုံးသလို အပူမီး ေတာင္ေလာင္ခဲ့ၾကရသည္။ အာဏာသိမ္း တပ္မ်ားက ရွက္ရမ္းရမ္းကာ fiend in the human shape သူရဲမရဲ စီးလာၾကၿပီ ျဖစ္သည္။

ထိုသို႔ လုပ္လာေလေလ ၎တို႔အား အစိုးရတရပ္ အျဖစ္ အသိအမွတ္ မျပဴေလေလ ျဖစ္သျဖင့္ လူငယ္ေလးမ်ား၏ အသက္သည္ မည္သည့္အခါမၽွ အခ်ည္းႏွီး ျဖစ္မသြားပဲ ေတာ္လွန္ေရး အတြက္ အသက္ႏွင့္ ရင္းကာ အားသစ္ ေလာင္းေပးသြားခဲ့ျခင္းဟုသာ မွတ္ယူရေပမည္။

ယမန္ေန႔ ေန႔လည္ ရန္ကုန္ ၿမိဳ႕လည္ ေနရာ အေတာ္မ်ားမ်ား ႏွင့္ ပုဇြန္ေတာင္ၿမိဳ႕နယ္ ေရေက်ာ္ရပ္ရွိ YMBA ႐ုံးတြင္ ေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့သည္ဟု ျမန္မာေနာင္း သတင္းမ်ားအရ သိရသည္။

အမ်ိဳးသား ညီညြတ္ေရး အစိုးရ၏ ေကာက္ယူရရွိေသာ စာရင္းဇယားမ်ားအရ ဇူလိုင္လအတြင္းတိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ား၊ ျပည္သူ႔ေတာ္လွန္ေရး တပ္ဖြဲ႕မ်ား ႏွင့္ ျဖစ္ပြားခဲ့သည့္ ထိေတြ႕တိုက္ပြဲမ်ား တြင္ အာဏာသိမ္း တပ္သား ၇၄၀ ေသဆုံးခဲ့ၿပီး ၃၇၀ ဒဏ္ရာမ်ား ရရွိသြားၾကသည္ဟု သိရသည္။

ထိုကာလ အတြင္း အာဏာသိမ္းတပ္မ်ား၏ လက္ခ်က္ျဖင့္ အရပ္သား ၂ဝဝနီးပါး ေသဆုံးခဲ့ၿပီး ၄၇ ဦး ဒဏ္ရာ အသီးသီး ရရွိခဲ့ၾကသည္ဟု ဆိုသည္။

အဆင္ျခင္မဲ့စြာ အာဏာသိမ္းခဲ့သည့္ လုပ္ရပ္ေၾကာင့္ တိုင္းျပည္တြင္ တည္ၿငိမ္ေအးခ်မ္းခဲ့မႈမ်ား ေပ်ာက္ကြယ္ကာ စီးပြားေရး၊ လူမႈေရး ႏွင့္ က်န္းမာေရး က႑မ်ား တြင္ ေျဗာင္းဆန္ေအာင္ ျဖစ္လာေနသည္ကို နိူင္ငံတကာ ရႈ႔ျမင္ေနၿပီး ျပည္တြင္းရွိ ၎လက္ေဝခံမ်ား အား လိမ္သလို မ်ိဳး လိမ္လို႔မရ ျဖစ္လာေနသျဖင့္ ၎အား တိုင္းျပည္ကို မည္သို႔နိုင္နင္းစြာ အုပ္ခ်ဳပ္ရ အစြမ္းမရွိသူ အျဖစ္ ေန႔စဥ္ႏွင့္အမၽွ ရႈ႔ျမင္ သုံးသပ္ ခံေနရမႉကို မခံခ်ိ မခံသာ ျဖစ္ေနရသည္။

(၄)ကမၻာတဝွမ္း ရွိ ဒုကၡသည္မ်ား ကူညီေစာင့္ေရွာက္ေပးေနေသာ အဖြဲ႕အစည္းေပါင္း ကိုးဆယ္ေက်ာ္ခန႔္က ရိုဟင္ဂ်ာ မ်ား အေပၚ ျမန္မာစစ္တပ္၏ လုပ္ရပ္မ်ားအား လူသားမ်ား အေပၚ က်ဳးလြန္ေသာ ရာဇဝတ္မႈ ႏွင့္ ဂ်ီနိုဆိုက္ အျဖစ္ သတ္မွတ္ေပးရန္ အေမရိကန္ နိုင္ငံျခားေရး ဝန္ႀကီး အန္တိုနီ ဘလင္ကင္ထံ အိပ္ဖြင့္ေပးစာ ေပးပို႔ ေတာင္းဆိုခဲ့ၾကျပန္သည္။

ေလာေလာဆယ္ ဘန္ေကာက္သို႔ ေရာက္ရွိေနေသာ ကုလဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး လင္ဒါ ဂရင္းဖီးလ္သည္ ျမန္မာျပည္သူမ်ား အတြက္ ယခုလို ေသေရးရွင္ေရးတမၽွ အေရးတႀကီး ျဖစ္လာေနခ်ိန္တြင္ လူသားခ်င္း စာနာေထာက္ထားမႉ အကူအညီ ေဒၚ လာ သန္း ၅၀ ေထာက္ပံ့သြားမည္ဟု ေၾကညာခ်က္ ထုတ္ျပန္လိုက္သည္။ အဆိုပါ အကူအညီမ်ားကို ျပည္တြင္းရွိ နိုင္ငံတကာ အဖြဲ႕အစည္းမ်ား ထံသို႔ ေပးအပ္သြားမည္ဟု လည္း ပါရွိသည္။

ကယ္လီဖိုနီယား ရွိ B K Lee ေဖါင္‌ေဒးရွင္း ႏွင့္ အျခားလူမႈ အက်ိဳးေဆာင္ မ်ားက ေဒၚလာ ၁.၁ သန္းအား match fund အျဖစ္ ကိုဗစ္ ကပ္ေရာဂါ ခံေနရေသာ ျမန္မာျပည္သူမ်ား၏ အသက္ကယ္တင္ရန္ Covid-19 SOS ကမ္းပိန္းကို စတင္လိုက္ၿပီ ျဖစ္သည္၊

match fund ဆိုသည္မွာ အလႉေငြ ၁၀၀ ရပါက အဆိုပါ အက်ိဳးေဆာင္မ်ားက ၎တို႔ အိပ္ကပ္ထဲမွ ေနာက္ထပ္ ၁၀၀ လိုက္ ေဆာင္းေပးမည္ကို ဆိုလိုသည္။

ထိုသို႔ ျပည္ပမွ လႈဒန္းေနၾကခ်ိန္တြင္ ျပည္တြင္းရွိအထင္ကရ ဘဏ္တိုက္ႀကီး တခု ျဖစ္သည့္ ကေမၻာဇဘဏ္မွ ၎တို႔၏ K-pay app ျဖင့္ လႈဒါန္းေနသည္ အေကာင့္မ်ားကို အာဏာသိမ္း အဖြဲ႕ အလိုက် ပိတ္ပစ္ခဲ့သည္ဟု စြပ္စြဲမ်ား ႏွင့္ အတူ သပိတ္ေမွာက္ရန္ လႈံ႔ေဆာ္မႉမ်ား ထြက္ေပၚလာေနသည္။

ဂ်ပန္ ဘီယာ လုပ္ငန္းႀကီး ျဖစ္ေသာ Kirin မွ စစ္တပ္၏ ဦးပိုင္ ႏွင့္ ဖက္စပ္လုပ္ငန္းမ်ားမွ ၆ လအတြင္း ေဒၚလာ ၁၉၃ သန္း အရႈံးေပၚခဲ့သည္ဟု စာရင္း ထုတ္ျပန္လိုက္သည္။

သို႔ေသာ္ လုပ္ငန္းမ်ားကို ႐ုပ္သိမ္းသြားဖို႔ မစဥ္းစားေသးပဲ စစ္တပ္ပိုင္ ရွယ္ယာမ်ားကို ဝယ္ယူၿပီး တဦးတည္း လုပ္ကိုင္သြားရန္ ေဆြးေႏြးေနသည္ဟု ဆိုသည္။

Kirin သည္ မႏၲေလးဘီယာ၊ ရန္ကုန္ ဘီယာ လုပ္ငန္းမ်ား၏ ရွယ္ယာ ၅၁% ကို ပိုင္ဆိုင္ထားသျဖင့္ စစ္တပ္ အဖို႔လည္း ‌ေဒၚလာ သန္း ရာႏွင့္ ခ်ီ၍ အရႈံးေပၚေနၿပီ ျဖစ္သည္။

(၅)ဦးေက်ာ္မိုး ထြန္းက ယူေအအီး နိုင္ငံထုတ္ The National သတင္းစာႏွင့္ သီးသန႔္ ေတြ႕ဆုံခန္းတြင္ မိမိ၏ အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ခံေနရ‌၍ ေနာက္တြန႔္သြားမည္ မဟုတ္၊ မိမိ၏ လက္ရွိ ရာထူး ႏွင့္ တာဝန္သည္ ျမန္မာျပည္သူ တရပ္လုံး၏ အသံကို ကိုယ္စားျပဳ၍ ကမၻာစင္ျမင့္တြင္ ထုတ္ေဖၚေျပာဆိုနိုင္ခြင့္ ေပးထား၍ လြန္စြာ အေရးပါေနေၾကာင္း။

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း
လာမည့္ သံအမတ္ကို ေရြးခ်ယ္ခန႔္အပ္မည့္ ကိုယ္စားလွယ္ေတာ္ႀကီးမ်ားသည္ ျမန္မာျပည္သူတို႔၏ အသံကို နားေထာင္ၾကလိမ့္မည္ဟု ယုံၾကည္ေၾကာင္း၊ ျမန္မာျပည္ရွိ မိမိ၏ မိဘ ညီအကို ေမာင္ႏွမ မ်ားသည္လည္း ေဘးကင္းရာတြင္ ရွိေနၿပီျဖစ္ေၾကာင္း အစရွိသည္ျဖင့္ ေျပာဆိုသြားခဲ့သည္။

ေဖ့စ္ဘုတ္ ‌တြင္လည္း ျပည္သူတရပ္လုံးက မိမိတို႔ အစိုးရ NUG ကို ကိုယ္စားျပဳသည့္ ဦးေက်ာ္မိုးထြန္းအား ခန႔္အပ္ေပးရန္ ေတာင္းဆိုသည့္ စာတမ္းပါ ပရိုဖိုင္းမ်ားကို ေျပာင္းလဲၿပီး ညီညြတ္စြာ ဆႏၵထုတ္ေဖၚခဲ့ၾကၿပီ ျဖစ္သည္။

ျပည္သူ႔အားျဖင့္ အေရးေတာ္ပုံ ေအာင္ရမည္!!!

Hla Soewai