ၾကားသိသမွ်

ကမ္ဘာတဝှန်း ထွက်ပေါ်လာတဲ့ လူဆိုး(မာဖီးယား)ဂိုဏ်းများ.. နောက်ဆုံးမှထွက်ပေါ်လာတဲ့ဂိုဏ်းကအသက်

#နောက်ဆုံးမှထွက်ပေါ်လာတဲ့ ဂိုဏ်းကအသက်

မာဖီးယားဆိုတာ…..

ကမ္ဘာပေါ်က ဒုစရိုက်ဂိုဏ်းအားလုံးကိုဆိုလိုချင်တဲ့ အဓိပ္ပါယ်မျိုးသက်ရောက်တဲ့ စကား။

ဥပမာ…ကြည်းတပ်ကလူ၊ရေတပ်ကလူ၊လေတပ်ကလူ သူတို့အားလုံးရဲ့တစ်ခုတည်းသောနာမည်က စစ်သား ဒီသဘောပဲ။

အမေရိကန်မှာဆို အမေရိကန်မာဖီးယား၊ရုရှားမှာဆို ရုရှားမာဖီးယား၊အီတလီမှာဆို အီတလီမာဖီးယား စသဖြင့်အများကြီးရှိတယ်။

နောက်ပြီး မာဖီးယားဆိုတဲ့ စကားက အီတလီဘာသာကနေဆင်းသက်လာတာ။

အထူးသဖြင့် ၁၈၅၄ အီတလီနိုင်ငံ စစ္စလီကျွန်းကနေစတယ်ပြောရမယ်။

သူတို့က အစိုးရကို စင်ပြိုင်အံတုရုံသာမက သူတို့လူတွေက တိုင်းပြည်ကြီးထဲက တိုင်းပြည်ငယ်လေးတစ်ခုလို အုပ်ချုပ်ရေးတွေပါရှိတယ်။

အသင်းဝင်ဖြစ်ဖို့အရည်အချင်းက အများကြီးမလိုဘူး သတ္တိဗျတ္တိရှိပြီး ဓားခုတ်လှံထိုးနဲ့ လက်ရုံးရည်ပြည့်ရင်ရပြီ။

ယောက်ျားပီသတဲ့ စစ္စလီကျွန်းသားတိုင်းက မာဖီးယားအသင်းသားတွေပဲ။

ဒီလို မာဖီးယားတွေနဲ့ဆက်စပ်ပြီး ကမ္ဘာပေါ်ကမှာ စောက်ရမ်းဂေါ်ပြီး ဂျွတ်တဲ့ ဂိုဏ်းတစ်ချို့အကြောင်းကို ကျတော်သိသလောက် ပြန်မျှမယ်။

Los Zetas …

သူတို့က မက္ကဆီကန် ရာဇဝတ်ဂိုဏ်း တစ်ခုဖြစ်ပြီး မက္ကဆီကိုထဲမှာရှိတဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေထဲကမှ အန္တရာယ်အရှိဆုံးနဲ့ အရက်စက်ဆုံးလို့သတ်မှတ်ခံထားရတဲ့ဂိုဏ်း။

ခေါင်းဖြတ်ခြင်း ၊ ညှဉ်းပန်းနှိပ်စက်ခြင်း စတဲ့ ရက်စက်ကြမ်းကြုတ်ပြီး ကြောက်ရွံ့ထိတ်လန့်ဖွယ် အလုပ်တွေကိုလုပ်ဆောင်တတ်တယ် ။

သူတို့အဓိက စီးပွားရေးက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဆိုပေမယ့် အမြတ်အစွန်းရတဲ့ တရားမဝင်လိင်ကုန်ကူးမှုနဲ့ တရားမဝင်လက်နက်ရောင်းဝယ်မှုတွေကို

လည်း လုပ်တယ် ။ လုပ်ကြံသတ်ဖြတ်တာ ၊ပြန်ပေးဆွဲပြီး ငွေညှစ်တာ စတဲ့ ရာဇဝတ်မှုတွေလည်း သူတို့ကလုပ်တတ်ပါသေးတယ်။

ထူးခြားတာတစ်ခုက သူတို့ဂိုဏ်းက မက္ကဆီကိုစစ်တပ်ကထွက်လာတဲ့ စစ်သားတွေနဲ့စပြီး စုဖွဲ့စည်းထားခဲ့တာပဲ။ ဒါကြောင့်လည်းအကုန်လုံး တိုက်ရည်ခိုက်ရည်နဲ့ သေနတ်ပစ်လည်းကျွမ်းတယ်။

Crips…
The Crips ဆိုတဲ့ ဂိုဏ်းက ကယ်လီဖိုးနီယားတောင်ပိုင်း ကမ်းရိုးတန်းဒေသကအခြေစိုက်ဂိုဏ်း တစ်ခုဖြစ်ပြီး ၁၉၆၉ အမေရိကားမှာတည်ထောင်ခဲ့တဲ့ အာဖရိကန်- အမေရိကန်

ဂိုဏ်းတစ်ခုလည်းဖြစ်တယ်။ အဖွဲ့ဝင်တွေက အပြာရောင်အဝတ်အစားများကိုသာ ဝတ်ဆင်ကြပြီး လမ်းပေါ်တိုက်ခိုက်မှုအများဆုံးအဖွဲ့ဖြစ်သလို street gangsterတွေထဲမှာ

လည်း မကြာခဏတိုက်ခိုက်မှုတွေဖြစ်တတ်ပြီး အဖွဲ့အင်အား ၃သောင်းကျော်လောက်ရှိတယ်။

သူတို့ cripsထဲမှာလည်း အဖွဲ့ငယ်တွေကွဲနေပြီး အချင်းချင်းလည်း မတည့်ကြသလို သူတို့ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ Bloodsအဖွဲ့နဲ့ကတော့ ကမ္ဘာ့ရန်လိုပဲ ရှည်ကြာတဲ့

အငြိုးအတေးတွေရှိတယ်။ သူတို့ရဲ့ အဓိကစီးပွားရေးကတော့ ကိုကင်း၊ဆေးခြောက်နဲ့တရားမဝင်မူးယစ်ဆေးလုပ်ငန်းတွေပဲ။

Bloods…
သူကလည်း အာဖရိကန်-အမေရိကန် သားတွေစုထားတဲ့ အမေရိကန်အခြေစိုက် ဂိုဏ်းတစ်ခုဖြစ်တယ်။အပေါ်က cripsတို့နဲ့ ကမ္ဘာ့ရန်ဖြစ်

ပြီး သူတို့ရဲ့ အဖွဲ့ဝင်တွေက အနီရောင်ကိုသာဝတ်ဆင်ကြတယ်။သူတို့ ဂိုဏ်းမှာထူးခြားချက်က ဂိုဏ်းသားတွေအချင်းချင်း

လက်ဟန်ခြေဟန်နဲ့ စကားပြောဟန်တွေက သူတို့ရဲ့အဆင့်တွေကိုဖော်ပြတာဖြစ်ပြီး၊

ဝတ်ပုံစားပုံနဲ့ လက်ဝတ်ရတနာဆင်မြန်းပုံနဲ့တက်တူးတွေကလည်း ဂိုဏ်းသားအချင်းချင်း သူတို့ရဲ့အဆင့်ကိုဖော်ပြရာလည်းရောက်တယ်။

သူတို့မှာ အုပ်စုတစ်ခုစီအနေနဲ့ သီးခြားလုပ်ငန်းစဉ်တွေရှိသလို စစ်ဘက်အဖွဲ့ထဲမှာလည်း သူတို့ဂိုဏ်းသားတွေရှိနေတယ်။

သူတို့ကိုယ်သူတို့ CKS (crips killers),MOB(member of bloods)ဆိုပြီးလည်း နာမည်တွေပေးကြပြီး လှုပ်ရှားကြတယ်။သူတို့ရဲ့

စီးပွားရေးတွေကတော့ အပေါ်က crips နဲ့ထူးမခြားနားပဲ။

Yakuza…
ဒီနာမည်ကတော့ ကျတော်တို့လူမျိုးတွေနဲ့ မစိမ်းတဲ့ အာရှတိုက်က သြဇာတိကမရှိတဲ့ ဂျပန်နိုင်ငံကဂိုဏ်း။ဂျပန်နိုင်ငံရဲ့ရှေးအကျဆုံးဂိုဏ်းတစ်ခုဖြစ်သလို အဖွဲ့ပေါင်း ၂၂ဖွဲ့လောက်ရှိပြီး အင်အား ၁သိန်းကျော်လောက်ရှိတယ်။

တက်တူးနဲ့ လက်သန်းငုတ်တိုလေးတွေက ယာကူဇာတွေရဲ့ဖက်ရှင် အမှတ်အသားလိုဖြစ်ပြီး သစ္စာရှိမှုနဲ့အမိန့်နာခံတတ်မှုကတော့သူတို့ကို ဘယ်သူမှမယှဉ်နိုင်ဘူး။

အစိုးရအဖွဲ့အစည်းအထဲမှာလည်း သူတို့လူတွေရှိသလို အစိုးရအဆက်ဆက် ယာကူဇာကိုဖြိုခွဲဖို့ကလည်းဘယ်လိုမှ မဖြစ်နိုင်သေးတဲ့ ကိစ္စတစ်ခုပဲ။လက်ရှိ ယာကူဇာထဲမှာ အင်အားအကြီးဆုံးဂိုဏ်းက ယာမာကူချီ ဂူမီဂိုဏ်း။

သူတို့ရဲ့ အဓိကစီးပွားရေးက မူးယစ်ဆေးနဲ့တရားမဝင်လူကုန်ကူးတာ စတာတွေပဲ။အဲ့ဒီကရတဲ့ အကျိုးအမြတ်တွေကိုလည်း တစ်ခြားစီးပွားရေးတွေမှာပြန်ပြီးရင်းနှီးမြှုပ်နှံ

တယ်။ ဘားတွေ၊ကလပ်တွေနဲ့ဆောက်လုပ်ရေးလိုနေရာမျိုးတွေအထိ သူတို့လုပ်ငန်းတွေကပါဝင်တယ်။ဒါကြောင့်လည်း ယာကူဇာတွေက ကမ္ဘာ့အချမ်းသာဆုံးတွေဖြစ်သလိုသူတို့ကြွယ်ဝမှုက ၆ဘီလီယံလောက်ရှိတယ်။

#MaALoeမာလကီးယားဂိုဏ်း
ဒီဂိုဏ်းကတော့ အရှေ့တောင်အာရှအခြေစိုက် ဂိုဏ်းတစ်ခုဖြစ်ပြီး သူတို့မှာ အဖွဲ့အဝင်ပေါင်း သိန်းနဲ့ချီရှိသလိုသေနတ်၊စိန်ပြောင်း၊တင့်ကားအပြင် ကိုယ်ပိုင်လေယာဉ်နဲ့သဘော်တွေကအစပိုင်ပြီး ကမ္ဘာပေါ်က လက်နက်အပြည့်အစုံဆုံးဂိုဏ်းတစ်ခုလည်းဖြစ်တယ်။

သူတို့ဂိုဏ်းကို ၁၉၆၂လောက်မှာ စတင်ဖွဲ့စည်းပြီး ခုချိန်ထိလည်းသူတို့ကို နှိမ်နင်းနိုင်တဲ့အစိုးရလည်း မရှိသေးဘူး။သူတို့ဂိုဏ်းဝင်ဖြစ်ဖို့အတွက်က တိုက်ရည်ခိုက်ရည်ထက်ရက်စက်တတ်ပြီး၊ယုတ်မာဖို့နဲ့လူမဆန်ဖို့ပဲလိုတယ်။

လူသတ်၊ဓါးမြတိုက်၊မုဒိန်းကျင့်၊ဆက်ကြေးကောက်၊မူးယစ်ဆေးမှောင်ခိုလုပ်ငန်းတွေက သူတို့ရဲ့ အဓိကစီးပွားရေးဖြစ်သလို နောက်ပိုင်းဆက်သွယ်ရေးလုပ်ငန်းတွေအထိတိုးချဲ့လာနိုင်တယ်။

သူတို့ရဲ့ အားသာချက်က သူတို့ဂိုဏ်းခေါင်းဆောင်တွေကိုယ်တိုင် အစိုးရအဖွဲ့ထဲမှာ ရှိနေပြီး

ငွေကြေးချမ်းသာကြွယ်ဝမှုနဲ့ လက်နက်ပိုင်ဆိုင်မှုတွေကလည်း သူတို့ဂိုဏ်းအတွက် အရာရာကိုထင်တိုင်းကြဲနိုင်တဲ့အနေအထားတစ်ခုဖြစ်နေတယ်။

လက်ရှိသူတို့ဂိုဏ်းခေါင်းဆောင် ကိုယ်တိုင်က နိုင်ငံတကာကသတ်မှတ်ထားတဲ့ အကြမ်းဖက်တရားခံဖြစ်သလို၊ ICJ ကလည်း အလိုအရှိဆုံးရာဇဝတ်သားအဖြစ်ရှိနေတယ် ။

ဒီဂိုဏ်းကလည်း အပေါ်က လူဆိုးဂိုဏ်းတွေလို ချမ်းသာကြွယ်ဝမှုရှိပေမယ့် အပေါ်ကဂိုဏ်းတွေနဲ့မတူဘဲ သူတို့ဂိုဏ်းရဲ့ထူးခြားချက်ကတော့

#ငွေရရင်ဘာမဆိုလုပ်တာဖြစ်ပြီးမြန်မာငွေ၅ထောင်နဲ့ဆန္ဒလိုက်ပြသလိုဒေါ်လာ၅ထောင်နဲ့ပေါချောင်ကောင်း အောက်ကြေးပေးလည်း လူသတ်ခိုင်းလို့ရနေပြီး ကမ္ဘာပေါ်ကဘယ်

ဂိုဏ်းနဲ့မှ မတူတဲ့ အောက်တန်းအကျဆုံး ဂိုဏ်းအဖွဲ့ တစ်ခုလည်းဖြစ်တယ်…။

#အောက်မှာဂိုဏ်းတံဆိပ်များလေ့လာနိုင်ပါသည်

ရာဟု

Zawgyi

#ေနာက္ဆုံးမွထြက္ေပၚလာတဲ့ ဂိုဏ္းကအသက္
မာဖီးယားဆိုတာ…..

ကမၻာေပၚက ဒုစရိုက္ဂိုဏ္းအားလုံးကိုဆိုလိုခ်င္တဲ့ အဓိပၸါယ္မ်ိဳးသက္ေရာက္တဲ့ စကား။

ဥပမာ…ၾကည္းတပ္ကလူ၊ေရတပ္ကလူ၊ေလတပ္ကလူ သူတို႔အားလုံးရဲ့တစ္ခုတည္းေသာနာမည္က စစ္သား ဒီသေဘာပဲ။

အေမရိကန္မွာဆို အေမရိကန္မာဖီးယား၊႐ုရွားမွာဆို ႐ုရွားမာဖီးယား၊အီတလီမွာဆို အီတလီမာဖီးယား စသျဖင့္အမ်ားႀကီးရွိတယ္။

ေနာက္ၿပီး မာဖီးယားဆိုတဲ့ စကားက အီတလီဘာသာကေနဆင္းသက္လာတာ။

အထူးသျဖင့္ ၁၈၅၄ အီတလီနိုင္ငံ စစၥလီကၽြန္းကေနစတယ္ေျပာရမယ္။

သူတို႔က အစိုးရကို စင္ၿပိဳင္အံတု႐ုံသာမက သူတို႔လူေတြက တိုင္းျပည္ႀကီးထဲက တိုင္းျပည္ငယ္ေလးတစ္ခုလို အုပ္ခ်ဳပ္ေရးေတြပါရွိတယ္။

အသင္းဝင္ျဖစ္ဖို႔အရည္အခ်င္းက အမ်ားႀကီးမလိုဘူး သတၱိဗ်တၱိရွိၿပီး ဓားခုတ္လွံထိုးနဲ႔ လက္႐ုံးရည္ျပည့္ရင္ရၿပီ။

ေယာက္်ားပီသတဲ့ စစၥလီကၽြန္းသားတိုင္းက မာဖီးယားအသင္းသားေတြပဲ။

ဒီလို မာဖီးယားေတြနဲ႔ဆက္စပ္ၿပီး ကမၻာေပၚကမွာ ေစာက္ရမ္းေဂၚၿပီး ဂၽြတ္တဲ့ ဂိုဏ္းတစ္ခ်ိဳ႕အေၾကာင္းကို က်ေတာ္သိသေလာက္ ျပန္မၽွမယ္။

Los Zetas …

သူတို႔က မကၠဆီကန္ ရာဇဝတ္ဂိုဏ္း တစ္ခုျဖစ္ၿပီး မကၠဆီကိုထဲမွာရွိတဲ့ မူးယစ္ေဆးဝါးဂိုဏ္းေတြထဲကမွ အႏၲရာယ္အရွိဆုံးနဲ႔ အရက္စက္ဆုံးလို႔သတ္မွတ္ခံထားရတဲ့ဂိုဏ္း။

ေခါင္းျဖတ္ျခင္း ၊ ညႇဥ္းပန္းႏွိပ္စက္ျခင္း စတဲ့ ရက္စက္ၾကမ္းၾကဳတ္ၿပီး ေၾကာက္ရြံ့ထိတ္လန႔္ဖြယ္ အလုပ္ေတြကိုလုပ္ေဆာင္တတ္တယ္ ။

သူတို႔အဓိက စီးပြားေရးက မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားမႈဆိုေပမယ့္ အျမတ္အစြန္းရတဲ့ တရားမဝင္လိင္ကုန္ကူးမႈနဲ႔ တရားမဝင္လက္နက္ေရာင္းဝယ္မႈေတြကို

လည္း လုပ္တယ္ ။ လုပ္ႀကံသတ္ျဖတ္တာ ၊ျပန္ေပးဆြဲၿပီး ေငြညႇစ္တာ စတဲ့ ရာဇဝတ္မႈေတြလည္း သူတို႔ကလုပ္တတ္ပါေသးတယ္။

ထူးျခားတာတစ္ခုက သူတို႔ဂိုဏ္းက မကၠဆီကိုစစ္တပ္ကထြက္လာတဲ့ စစ္သားေတြနဲ႔စၿပီး စုဖြဲ႕စည္းထားခဲ့တာပဲ။ ဒါေၾကာင့္လည္းအကုန္လုံး တိုက္ရည္ခိုက္ရည္နဲ႔ ေသနတ္

ပစ္လည္းကၽြမ္းတယ္။

Crips…
The Crips ဆိုတဲ့ ဂိုဏ္းက ကယ္လီဖိုးနီယားေတာင္ပိုင္း ကမ္းရိုးတန္းေဒသကအေျခစိုက္ဂိုဏ္း တစ္ခုျဖစ္ၿပီး ၁၉၆၉ အေမရိကားမွာတည္ေထာင္ခဲ့တဲ့ အာဖရိကန္- အေမရိကန္

ဂိုဏ္းတစ္ခုလည္းျဖစ္တယ္။ အဖြဲ႕ဝင္ေတြက အျပာေရာင္အဝတ္အစားမ်ားကိုသာ ဝတ္ဆင္ၾကၿပီး လမ္းေပၚတိုက္ခိုက္မႈအမ်ားဆုံးအဖြဲ႕ျဖစ္သလို street gangsterေတြထဲမွာ

လည္း မၾကာခဏတိုက္ခိုက္မႈေတြျဖစ္တတ္ၿပီး အဖြဲ႕အင္အား ၃ေသာင္းေက်ာ္ေလာက္ရွိတယ္။

သူတို႔ cripsထဲမွာလည္း အဖြဲ႕ငယ္ေတြကြဲေနၿပီး အခ်င္းခ်င္းလည္း မတည့္ၾကသလို သူတို႔ရဲ့ အဓိက ၿပိဳင္ဘက္ျဖစ္တဲ့ Bloodsအဖြဲ႕နဲ႔ကေတာ့ ကမၻာ့ရန္လိုပဲ ရွည္ၾကာတဲ့အၿငိဳးအေတးေတြရွိတယ္။ သူတို႔ရဲ့ အဓိကစီးပြားေရးကေတာ့ ကိုကင္း၊ေဆးေျခာက္နဲ႔တရားမဝင္မူးယစ္ေဆးလုပ္ငန္းေတြပဲ။

Bloods…
သူကလည္း အာဖရိကန္-အေမရိကန္ သားေတြစုထားတဲ့ အေမရိကန္အေျခစိုက္ ဂိုဏ္းတစ္ခုျဖစ္တယ္။အေပၚက cripsတို႔နဲ႔ ကမၻာ့ရန္ျဖစ္ၿပီး သူတို႔ရဲ့ အဖြဲ႕ဝင္ေတြက အနီေရာင္ကိုသာဝတ္ဆင္ၾကတယ္။

သူတို႔ ဂိုဏ္းမွာထူးျခားခ်က္က ဂိုဏ္းသားေတြအခ်င္းခ်င္း လက္ဟန္ေျခဟန္နဲ႔ စကားေျပာဟန္ေတြက သူတို႔ရဲ့အဆင့္ေတြကိုေဖာ္ျပတာျဖစ္ၿပီး၊

ဝတ္ပုံစားပုံနဲ႔ လက္ဝတ္ရတနာဆင္ျမန္းပုံနဲ႔တက္တူးေတြကလည္း ဂိုဏ္းသားအခ်င္းခ်င္း သူတို႔ရဲ့အဆင့္ကိုေဖာ္ျပရာလည္းေရာက္တယ္။

သူတို႔မွာ အုပ္စုတစ္ခုစီအေနနဲ႔ သီးျခားလုပ္ငန္းစဥ္ေတြရွိသလို စစ္ဘက္အဖြဲ႕ထဲမွာလည္း သူတို႔ဂိုဏ္းသားေတြရွိေနတယ္။

သူတို႔ကိုယ္သူတို႔ CKS (crips killers),MOB(member of bloods)ဆိုၿပီးလည္း နာမည္ေတြေပးၾကၿပီး လႈပ္ရွားၾကတယ္။သူတို႔ရဲ့ စီးပြားေရးေတြကေတာ့ အေပၚက crips နဲ႔ထူးမျခားနားပဲ။

Yakuza…
ဒီနာမည္ကေတာ့ က်ေတာ္တို႔လူမ်ိဳးေတြနဲ႔ မစိမ္းတဲ့ အာရွတိုက္က ၾသဇာတိကမရွိတဲ့ ဂ်ပန္နိုင္ငံကဂိုဏ္း။ဂ်ပန္နိုင္ငံရဲ့ေရွးအက်ဆုံးဂိုဏ္းတစ္ခုျဖစ္သလို အဖြဲ႕ေပါင္း ၂၂ဖြဲ႕ေလာက္ရွိၿပီး အင္အား ၁သိန္းေက်ာ္ေလာက္ရွိတယ္။

တက္တူးနဲ႔ လက္သန္းငုတ္တိုေလးေတြက ယာကူဇာေတြရဲ့ဖက္ရွင္ အမွတ္အသားလိုျဖစ္ၿပီး သစၥာရွိမႈနဲ႔အမိန႔္နာခံတတ္မႈကေတာ့သူတို႔ကို ဘယ္သူမွမယွဥ္နိုင္ဘူး။

အစိုးရအဖြဲ႕အစည္းအထဲမွာလည္း သူတို႔လူေတြရွိသလို အစိုးရအဆက္ဆက္ ယာကူဇာကိုၿဖိဳခြဲဖို႔ကလည္းဘယ္လိုမွ မျဖစ္နိုင္ေသးတဲ့ ကိစၥတစ္ခုပဲ။လက္ရွိ ယာကူဇာထဲမွာ အင္အားအႀကီးဆုံးဂိုဏ္းက ယာမာကူခ်ီ ဂူမီဂိုဏ္း။

သူတို႔ရဲ့ အဓိကစီးပြားေရးက မူးယစ္ေဆးနဲ႔တရားမဝင္လူကုန္ကူးတာ စတာေတြပဲ။အဲ့ဒီကရတဲ့ အက်ိဳးအျမတ္ေတြကိုလည္း တစ္ျခားစီးပြားေရးေတြမွာျပန္ၿပီးရင္းႏွီးျမႇုပ္ႏွံ

တယ္။ ဘားေတြ၊ကလပ္ေတြနဲ႔ေဆာက္လုပ္ေရးလိုေနရာမ်ိဳးေတြအထိ သူတို႔လုပ္ငန္းေတြကပါဝင္တယ္။ဒါေၾကာင့္လည္း ယာကူဇာေတြက ကမၻာ့အခ်မ္းသာဆုံးေတြျဖစ္သလိုသူတို႔ႂကြယ္ဝမႈက ၆ဘီလီယံေလာက္ရွိတယ္။

#MaALoeမာလကီးယားဂိုဏ္း
ဒီဂိုဏ္းကေတာ့ အေရွ႕ေတာင္အာရွအေျခစိုက္ ဂိုဏ္းတစ္ခုျဖစ္ၿပီး သူတို႔မွာ အဖြဲ႕အဝင္ေပါင္း သိန္းနဲ႔ခ်ီရွိသလိုေသနတ္၊စိန္ေျပာင္း၊တင့္ကားအျပင္ ကိုယ္ပိုင္ေလယာဥ္နဲ႔

သေဘာ္ေတြကအစပိုင္ၿပီး ကမၻာေပၚက လက္နက္အျပည့္အစုံဆုံးဂိုဏ္းတစ္ခုလည္းျဖစ္တယ္။

သူတို႔ဂိုဏ္းကို ၁၉၆၂ေလာက္မွာ စတင္ဖြဲ႕စည္းၿပီး ခုခ်ိန္ထိလည္းသူတို႔ကို ႏွိမ္နင္းနိုင္တဲ့အစိုးရလည္း မရွိေသးဘူး။သူတို႔ဂိုဏ္းဝင္ျဖစ္ဖို႔အတြက္က တိုက္ရည္ခိုက္ရည္ထက္ရက္စက္တတ္ၿပီး၊ယုတ္မာဖို႔နဲ႔လူမဆန္ဖို႔ပဲလိုတယ္။

လူသတ္၊ဓါးျမတိုက္၊မုဒိန္းက်င့္၊ဆက္ေၾကးေကာက္၊မူးယစ္ေဆးေမွာင္ခိုလုပ္ငန္းေတြက သူတို႔ရဲ့ အဓိကစီးပြားေရးျဖစ္သလို ေနာက္ပိုင္းဆက္သြယ္ေရးလုပ္ငန္းေတြအထိ

တိုးခ်ဲ႕လာနိုင္တယ္။ သူတို႔ရဲ့ အားသာခ်က္က သူတို႔ဂိုဏ္းေခါင္းေဆာင္ေတြကိုယ္တိုင္ အစိုးရအဖြဲ႕ထဲမွာ ရွိေနၿပီး

ေငြေၾကးခ်မ္းသာႂကြယ္ဝမႈနဲ႔ လက္နက္ပိုင္ဆိုင္မႈေတြကလည္း သူတို႔ဂိုဏ္းအတြက္ အရာရာကိုထင္တိုင္းၾကဲနိုင္တဲ့အေနအထားတစ္ခုျဖစ္ေနတယ္။

လက္ရွိသူတို႔ဂိုဏ္းေခါင္းေဆာင္ ကိုယ္တိုင္က နိုင္ငံတကာကသတ္မွတ္ထားတဲ့ အၾကမ္းဖက္တရားခံျဖစ္သလို၊ ICJ ကလည္း အလိုအရွိဆုံးရာဇဝတ္သားအျဖစ္ရွိေနတယ္ ။

ဒီဂိုဏ္းကလည္း အေပၚက လူဆိုးဂိုဏ္းေတြလို ခ်မ္းသာႂကြယ္ဝမႈရွိေပမယ့္ အေပၚကဂိုဏ္းေတြနဲ႔မတူဘဲ သူတို႔ဂိုဏ္းရဲ့ထူးျခားခ်က္ကေတာ့

#ေငြရရင္ဘာမဆိုလုပ္တာျဖစ္ၿပီးျမန္မာေငြ၅ေထာင္နဲ႔ဆႏၵလိုက္ျပသလိုေဒၚလာ၅ေထာင္နဲ႔ေပါေခ်ာင္ေကာင္း ေအာက္ေၾကးေပးလည္း လူသတ္ခိုင္းလို႔ရေနၿပီး ကမၻာေပၚကဘယ္ဂိုဏ္းနဲ႔မွ မတူတဲ့ ေအာက္တန္းအက်ဆုံး ဂိုဏ္းအဖြဲ႕ တစ္ခုလည္းျဖစ္တယ္…။

#ေအာက္မွာဂိုဏ္းတံဆိပ္မ်ားေလ့လာနိုင္ပါသည္

 

ရာဟု