ၾကားသိသမွ်

ယုတ်မာရက်စက်မှုအောက်မှာ တိုင်းပြည်တစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်နေပြီ

ယုတ်မာရက်စက်မှုအောက်မှာ တိုင်းပြည်တစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်နေပြီ
ခေတ်တိုင်းခေတ်တိုင်းမှာ လူတော်လူကောင်းများစွာ ပေါ်ထွက်ခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ လူငယ်တွေကို
အားကိုးလာကြတာ မိမိတို့တွေ့နေရပါတယ်။ လူငယ်ဆိုတာ သွက်လက်ပြီး ထက်မြက်ကြပါတယ်။
မိမိပတ်ဝန်းကျင်က လူငယ်များနဲ့ စကားပြောလိုက်တိုင်း စိတ်ဓာတ်ခွန်အားများစွာကို ရရှိခဲ့ပါတယ်။ သူတို့လုပ်
ဆောင်ချက်များကို ပြောတဲ့ အခါတိုင်း မျက်လုံးများက တောက်ပြောင်ပြီး လင်းလက်နေကြပါတယ်။
နွေဦးတော်လှန်ရေးနဲ့အတူတူ တိုက်ပွဲထဲက လူငယ်များဟာ စိတ်ဓာတ်ကြံ့ခိုင်မှု၊ လေ့လာသင်ယူမှု၊ ဇွဲသတ္တိရှိမှု …
စတာတွေကတော့ ခေတ်များစွာကို ဖြတ်သန်းပြီးလာကြတဲ့လူကြီးတွေ ဂုဏ်ယူရတဲ့ အထိဖြစ်ပါတယ်။
မနေ့က တိုက်ပွဲတွေအကြောင်းပြောဆိုကြရင်းမှာပဲ လူငယ်လေးတစ်ယောက်က အာဏာရှင်စနစ်ရဲ့
ယုတ်မာရက်စက်မှုအကြောင်းပြောဆိုတာကြားတော့ မျက်လုံးအိမ်ထဲက မျက်ရည်စတွေ ကျ‌လာတာကို မြင်ခဲ့ရပါတယ်။
စစ်အာဏာရှင်တို့ ယုတ်မာရက်စက်မှုကြောင့် သူ့ရဲ့မိသားစု တစ်ခုလုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ သူကိုယ်တိုင်ဟာလဲ နောက်ကျောကနေ
ကျည်‌ဖောက်ဝင်ပြီး ဆီးအိတ်အနားက ထွက်သွားခဲ့လို့ အသက်ဘေးက လွတ်ခဲ့ရပြီး ကံကောင်းတဲ့ လူသားဖြစ်ခဲ့ပါတယ်။
သူကသာ ကံကောင်းတဲ့ လူသားလို့ ပြောနေကြပေမယ့်လဲ မိသားစုတွေကတော့ စစ်အာဏာရှင်များရဲ့ ယုတ်မာမှုကြောင့် အမိ၊ အဖနဲ့ တစ်
ဦးတည်းသော ညီလေးရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကြီးကိုသာ ပြန်ရခဲ့တာကို မြင်ကြားရပြီး သူ့ဘ၀တစ်ခုလုံး
သေဆုံးသွားရသလို ခံစားခဲ့ရတာကို ကြားသိရပါတယ်။
သူ့အတွက်တော့ ဒီ စစ်အာဏာရှင်တွေရဲ့ ယုတ်မာမှုတွေကို ဘယ်သူ့ပြောရမှန်းမသိ ဖြစ်နေတဲ့ လူငယ်လေးတစ်ယောက်ရဲ့
ကျန်ရှိနေတဲ့ အချိန်ဟာ အဓိပ္ပါယ်မဲ့ဖြစ်နေတယ်။
အာဏာရူးတို့က ပြည်သူ့သွေးသောက်ပြီး စည်းစိမ်ရစ်နေတဲ့အချိန်မှာ တိုင်းပြည်တစ်ခုလုံးက ပြည်သူတွေကတော့ စစ်အာဏာရှင်တို့ရဲ့
ယုတ်မာရက်စက်မှုအောက်မှာ တိုင်းပြည်တစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်နေပြီ။
စစ်အာဏာရှင်များကတော့ လူငယ်များစွာတို့ရဲ့ အနာဂတ်ကို ဖျက်ဆီးနေပါတယ်။ လူငယ်များကို တစ်ခုပဲ တောင်းဆိုချင်တာကတော့
ကိုယ့်ရဲ့ ဖြစ်တည်လာဖို့အတွက်ကို ကိုယ်တိုင်ပဲ အားထုတ်ခဲ့ကြဖို့ပါပဲ။ အဲဒါကြောင့် ဘယ်လိုအရာတွေကြောင့်မှ ဖျက်ဆီးမခံပါနဲ့။ လူတိုင်း
လူတိုင်းမှာ သူမတူတဲ့ အာသာချက်တွေ ရှိနေတက်တယ်ဆိုတာကိုပဲ မြင်အောင်ကြည့်နိုင်ဖို့ပဲ လိုတာပါ။
အားလုံးကျန်းမာချမ်းသာကြပါစေ။
ရွှေဝါရောင် အရှင်ထာ၀ရ (နော်ဝေ) ၁၀.၈.၂၀၂၁
Zawgyi
ယုတ္မာရက္စက္မႈေအာက္မွာ တိုင္းျပည္တစ္ခုလုံး ေဇာက္ထိုးမိုးေမၽွာ္ ျဖစ္ေနၿပီ
ေခတ္တိုင္းေခတ္တိုင္းမွာ လူေတာ္လူေကာင္းမ်ားစြာ ေပၚထြက္ခဲ့ပါတယ္။ ယေန႔ေခတ္မွာေတာ့ လူငယ္ေတြကို အားကိုးလာၾကတာ မိမိတို႔ေတြ႕ေနရပါတယ္။ လူငယ္ဆိုတာ သြက္လက္ၿပီး ထက္ျမက္ၾကပါတယ္။
မိမိပတ္ဝန္းက်င္က လူငယ္မ်ားနဲ႔ စကားေျပာလိုက္တိုင္း စိတ္ဓာတ္ခြန္အားမ်ားစြာကို ရရွိခဲ့ပါတယ္။ သူတို႔လုပ္ေဆာင္ခ်က္မ်ားကို ေျပာတဲ့ အခါတိုင္း မ်က္လုံးမ်ားက ေတာက္ေျပာင္ၿပီး လင္းလက္ေနၾကပါတယ္။
ေႏြဦးေတာ္လွန္ေရးနဲ႔အတူတူ တိုက္ပြဲထဲက လူငယ္မ်ားဟာ စိတ္ဓာတ္ႀကံ့ခိုင္မႈ၊ ေလ့လာသင္ယူမႈ၊ ဇြဲသတၱိရွိမႈ … စတာေတြကေတာ့ ေခတ္မ်ားစြာကို ျဖတ္သန္းၿပီးလာၾကတဲ့လူႀကီးေတြ ဂုဏ္ယူရတဲ့ အထိျဖစ္ပါတယ္။
မေန႔က တိုက္ပြဲေတြအေၾကာင္းေျပာဆိုၾကရင္းမွာပဲ လူငယ္ေလးတစ္ေယာက္က အာဏာရွင္စနစ္ရဲ့ ယုတ္မာရက္စက္မႈအေၾကာင္းေျပာဆိုတာၾကားေတာ့ မ်က္လုံးအိမ္ထဲက မ်က္ရည္စေတြ က်‌လာတာကို ျမင္ခဲ့ရပါတယ္။
စစ္အာဏာရွင္တို႔ ယုတ္မာရက္စက္မႈေၾကာင့္ သူ႔ရဲ့မိသားစု တစ္ခုလုံး ပ်က္စီးဆုံးရႈံးခဲ့ရပါတယ္။ သူကိုယ္တိုင္ဟာလဲ ေနာက္ေက်ာကေန က်ည္‌ေဖာက္ဝင္ၿပီး ဆီးအိတ္အနားက ထြက္သြားခဲ့လို႔ အသက္ေဘးက လြတ္ခဲ့ရၿပီး ကံေကာင္းတဲ့ လူသားျဖစ္ခဲ့ပါတယ္။
သူကသာ ကံေကာင္းတဲ့ လူသားလို႔ ေျပာေနၾကေပမယ့္လဲ မိသားစုေတြကေတာ့ စစ္အာဏာရွင္မ်ားရဲ့ ယုတ္မာမႈေၾကာင့္ အမိ၊ အဖနဲ႔ တစ္ဦးတည္းေသာ ညီေလးရဲ့ အသက္မဲ့ေနတဲ့ ခႏၶာကိုယ္ႀကီးကိုသာ ျပန္ရခဲ့တာကို ျမင္ၾကားရၿပီး သူ႔ဘ၀တစ္ခုလုံး ေသဆုံးသြားရသလို ခံစားခဲ့ရတာကို ၾကားသိရပါတယ္။
သူ႔အတြက္ေတာ့ ဒီ စစ္အာဏာရွင္ေတြရဲ့ ယုတ္မာမႈေတြကို ဘယ္သူ႔ေျပာရမွန္းမသိ ျဖစ္ေနတဲ့ လူငယ္ေလးတစ္ေယာက္ရဲ့ က်န္ရွိေနတဲ့ အခ်ိန္ဟာ အဓိပၸါယ္မဲ့ျဖစ္ေနတယ္။
အာဏာ႐ူးတို႔က ျပည္သူ႔ေသြးေသာက္ၿပီး စည္းစိမ္ရစ္ေနတဲ့အခ်ိန္မွာ တိုင္းျပည္တစ္ခုလုံးက ျပည္သူေတြကေတာ့ စစ္အာဏာရွင္တို႔ရဲ့ ယုတ္မာရက္စက္မႈေအာက္မွာ တိုင္းျပည္တစ္ခုလုံး ေဇာက္ထိုးမိုးေမၽွာ္ျဖစ္ေနၿပီ။
စစ္အာဏာရွင္မ်ားကေတာ့ လူငယ္မ်ားစြာတို႔ရဲ့ အနာဂတ္ကို ဖ်က္ဆီးေနပါတယ္။ လူငယ္မ်ားကို တစ္ခုပဲ ေတာင္းဆိုခ်င္တာကေတာ့ ကိုယ့္ရဲ့ ျဖစ္တည္လာဖို႔အတြက္ကို ကိုယ္တိုင္ပဲ အားထုတ္ခဲ့ၾကဖို႔ပါပဲ။ အဲဒါေၾကာင့္ ဘယ္လိုအရာေတြေၾကာင့္မွ ဖ်က္ဆီးမခံပါနဲ႔။ လူတိုင္းလူတိုင္းမွာ သူမတူတဲ့ အာသာခ်က္ေတြ ရွိေနတက္တယ္ဆိုတာကိုပဲ ျမင္ေအာင္ၾကည့္နိုင္ဖို႔ပဲ လိုတာပါ။
အားလုံးက်န္းမာခ်မ္းသာၾကပါေစ။
ေရႊဝါေရာင္ အရွင္ထာ၀ရ (ေနာ္ေဝ) ၁၀.၈.၂၀၂၁