ၾကားသိသမွ်

Dday အတွက် အသင့် ရှိနေကြမယ်

“အသင့် ရှိနေကြမယ်”

အားလုံးမျှော်လင့်နားစွင့်နေတဲ့ အခြေအနေက အချိန်မရွေးဖြစ်လာနိုင်တယ်။ ဒီတော့… ဘာပဲဖြစ်ဖြစ် အသင့် ရှိဖို့ အရေးကြီးတယ်။

ဘယ်အချိန်၊ ဘယ်နေရာမျိုးမှာ မဆို အခြေအနေတိုင်းကို အကောင်းဆုံးအသုံးချဖို့ ငါတို့က အသင့်ဖြစ်နေဖို့ လိုအပ်တယ်။

ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ မြို့ပြရဲ့ လမ်းတနေရာရာမှာ… ရုတ်တရက်ပေါ်လာတတ်တဲ့…

ရဲစွေးနီတဲ့ခွပ်ဒေါင်းအလံကို မြင်ရတာနဲ့… ဟွန်းသံရှည်တွေနဲ့အတူ ကြွေးကြော်သံကို ကြားရတာနဲ့…

မီးခိုးငွေ့တွေကြားက လက်ရုန်းဆန့်တန်းချီတက်လာတဲ့ ပြောက်ကြားသပိတ်ထဲကို ပြေးဝင် ပူးပေါင်းကြဖို့ …

ငါတို့ အသင့်ရှိနေကြသလိုမျိုး Dday အတွက်လည်း အသင့် ရှိနေကြမယ်။

Dday ကို ငါတို့ ကြိုသိချင်မှ သိလိမ့်မယ်။ ဒါပေမဲ့ Dday ဟာ ငါတို့ဆီ ရောက်လာမှာပဲ။

အနီပေါ်က တပွင့်တည်းသော ကြယ်ဖြူနဲ့ ငါတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အလံတော်ကြီးဟာ နေရာအနှံ့မှာ အကြမ်းဖက်စစ်

အုပ်စုကို မောင်းထုတ်နှိမ်နင်းဖို့ ဘွားကနဲ ပေါ်လာနိုင်တယ်။

ဖုတ်တကောင်ဝင်နေသလို ကယိမ်းကထိုးဖြစ်နေတဲ့ မြို့ပြရဲ့ ဟန်ဆောင်မှုကို တော်လှန်ရေးဓမ္မနဲ့ ပကတိအမှန်တရားက သေနတ်သံ၊ ဗုံး

သံတွေနဲ့အတူ အချိန်မရွေး ဖယ်ရှားပေါက်ဖွားလာနိုင်တယ်။

အဲဒီအခါ… ငါတို့အားလုံးဟာ ကိုယ်ကျွမ်းကျင်ရာကဏ္ဍကနေ တိုက်ပွဲထဲ တိုးဝင်ဆင်နွှဲနိုင်ဖို့ အသင့် ရှိနေဖို့ လိုတယ်။

ငါတို့မှာ ငါတို့ပဲ ရှိတဲ့အတွက် ငါတို့ဟာ ငါတို့တိုက်ပွဲအတွက် အသင့် ဖြစ်နေမှ ရမယ်။ အသင့် ရှိနေမှ ရမယ်။

အခြေခံအားဖြင့်… ▫လူကြီး၊ ကလေးငယ်တွေကို ဘေးလွတ်ရာ ဒါမှမဟုတ်လျှို့ဝှက်စီစဉ်ထားတဲ့ ခိုလှုံရာကို ပို့ပေးဖို့ အသင့် ရှိကြရမယ်။

▫ဆေးဝါး၊ ဓာတ်ခဲ၊ ဘက်ထရီ၊ စောင်၊ ရိက္ခာခြောက်တွေကို တဦးချင်းအလိုက် ကိုယ့်အစီအစဉ်နဲ့ကိုယ် လျှို့ဝှက်လုံခြုံစွာ ပြင်ဆင်စုဆောင်း

ထားကြမယ်။

ဒီလိုပြင်ဆင်ထားနိုင်ဖို့ NUG က ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းကို အိမ်ထောင်စု အဆင့် အတွက် စနစ်တကျ ထုတ်ပြန်ထားတာလေး

ကို ပြန်ပြီး အမှတ်ရအောင် မျှဝေခွင့်ပြုစေချင်ပါတယ်။

(၁) အရေးပေါ်အိတ်ကို အဆင်သင့် ပြင်ထားပါ

– သောက်သုံးရေ၊ အတွင်းခံ အပါအဝင် လွတ်လပ်ပေါ့ပါးသည့် အဝတ်အစားအချို့၊ အမျိုးသမီးလစဉ်သုံးပစ္စည်း၊ အရေးပေါ် ဆေးဝါးများ၊

လက်သန့်ဆေး၊ နှာခေါင်းစည်း၊ ဖယောင်းတိုင်၊ မီးခြစ်၊ မုန့်ခြောက်၊ ခေါက်ဆွဲခြောက်၊ တစ်သျှူးအစိုနဲ့အခြောက်၊ ဓါတ်မီး၊ ဓါတ်ခဲ၊ ထီး၊ မိုးကာ၊

စာကြည့်မီး ၊ ဖုန်းအားသွင်းကြိုး၊ ပါဝါဘဏ်၊ ဓါး၊ ကတ်ကြေး၊ ရေဒီယို၊ ခရာ၊ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ အိမ်ထောင်စုစာရင်း၊ ငွေကြေး၊

တန်ဖိုးကြီးပစ္စည်းအချို့ ကို အစုံအလင်ထည့်ပြီး အလွယ်တကူ လွတ်သွားလို့ရနိုင်တဲ့ အရေးပေါ်အိတ်ကို ပြင်ထားကြရပါမယ်။

(၂)နေအိမ်ကို စွန့်ခွာတော့မယ်ဆိုရင် . . .မိသားစုတွေ ပြန်လည်ဆုံဆည်းနိုင်မယ့် စုရပ်(၂)ခု လောက်ကို သတ်မှတ်ထားပါ။

အရေးပေါ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေ ရေးမှတ်ထားပါ။ မိမိ မိသားစုဝင်တွေရဲ့ ဖုန်းနံပါတ်၊ အမည်၊ သွေးအုပ်စုတွေကို လက်မောင်းပေါ်

မှာ ရေးထားပါ။

(၃) အစားအစာနဲ့ အာဟာရအတွက် ဆန်၊ဆီ၊ ဆား ကြက်သွန်၊ အခြောက်အခြမ်း၊ သောက်ရေ၊ ဓါတ်ဆား၊ ရေသန့်ဆေးများ၊

ကိုယ်ဝန်ဆောင်၊ ကလေးငယ်များ၊ မသန်စွမ်းနဲ့ သက်ကြီးရွယ်အိုများအတွက် ဖြည့်စွက်စာများ၊ ဆေးဝါးများ မဖြစ်မနေ စုဆောင်းပြင်ဆင်

ထားရပါမယ်။

ချင်းပြည်နယ်၊ မင်းတပ်ဒေသခံတွေ၊ ကယားပြည်နယ် ဒီးမော့ဆိုက ပြည်သူတွေ၊ စစ်ကိုင်းတိုင်း၊ ကနီဒေသခံတွေ လက်ရှိရင်ဆိုင်ကြုံတွေ့

နေရသလို တနိုင်ငံလုံး အနှံ့ ဖြစ်လာမှာ အနှေးနဲ့ အမြန်ပဲ။

ဒီအခြေအနေတွေကို အသန်မာဆုံးအဆင့်နဲ့ ကျော်ဖြတ်အောင်မြင်နိုင်ဖို့အတွက် အသင့် ဖြစ်နေအောင် ငါတို့အားလုံး အတူတူ လက်တွဲပြီး

ကြိုးစားကြမယ်။

ဒီလိုပြောလို့ အသည်းအသန် အားအကုန်သုံးပြီး အလောတကြီး လုပ်စရာ မလိုပါဘူး။

ပေါ့ပေါ့ပါးပါး၊ ပိပိရိရိ နဲ့ သိုသိုသိပ်သိပ် လုပ်သွားကြမယ်။

အကောင်းဆုံးက စစ်ပွဲကြီးဖြစ်နေပြီ ဆိုတဲ့ စိတ်နဲ့ အချိန်တိုင်းမှာ လိုအပ်မယ်လို့ ကိုယ်ထင်တဲ့အရာမှန်သမျှကို တွေးဆပြီး တနေ့ချင်းစီ

ဖြည်းဖြည်းနဲ့မှန်မှန် စုဆောင်းသွားကြတဲ့နည်းက အဆင်ပြေဆုံးပဲလို့ ထင်တယ်။

သေချာတာကတော့… အချိန်မရွေး DDay ဖြစ်လာနိုင်တယ်။ဘယ်နေရာ၊ ဘယ်အချိန်မျိုးမှာ တိုက်ပွဲခေါ်သံကြားရပါစေ။

ငါတို့ အမြဲအသင့် ဖြစ်နေကြမယ်။

အစီအစဉ်တကျ အသင့် ရှိနေ၊ အသင့် ဖြစ်နေကြမယ်။ငါတို့အတွက် အောင်ပွဲက အသင့်ဖြစ်သလို…ငါတို့ကလည်း အောင်ပွဲရယူဖို့ အသင့် ရှိ

ကြပါစို့။။။

Naing Think Myat -နိုင်သင့်မြတ်

Zawgyi

“အသင့္ ရွိေနၾကမယ္”

အားလုံးေမၽွာ္လင့္နားစြင့္ေနတဲ့ အေျခအေနက အခ်ိန္မေရြးျဖစ္လာနိုင္တယ္။ ဒီေတာ့… ဘာပဲျဖစ္ျဖစ္ အသင့္ ရွိဖို႔ အေရးႀကီးတယ္။ဘယ္အခ်ိန္၊ ဘယ္ေနရာမ်ိဳးမွာ မဆို အေျခအေနတိုင္းကို အေကာင္းဆုံးအသုံးခ်ဖို႔ ငါတို႔က အသင့္ျဖစ္ေနဖို႔ လိုအပ္တယ္။
ရွင္သန္ရပ္တည္ေရးအတြက္ ႐ုန္းကန္လႈပ္ရွားေနရတဲ့ ၿမိဳ႕ျပရဲ့ လမ္းတေနရာရာမွာ… ႐ုတ္တရက္ေပၚလာတတ္တဲ့…
ရဲေစြးနီတဲ့ခြပ္ေဒါင္းအလံကို ျမင္ရတာနဲ႔… ဟြန္းသံရွည္ေတြနဲ႔အတူ ေႂကြးေၾကာ္သံကို ၾကားရတာနဲ႔…
မီးခိုးေငြ႕ေတြၾကားက လက္႐ုန္းဆန႔္တန္းခ်ီတက္လာတဲ့ ေျပာက္ၾကားသပိတ္ထဲကို ေျပးဝင္ ပူးေပါင္းၾကဖို႔ …
ငါတို႔ အသင့္ရွိေနၾကသလိုမ်ိဳး Dday အတြက္လည္း အသင့္ ရွိေနၾကမယ္။

Dday ကို ငါတို႔ ႀကိဳသိခ်င္မွ သိလိမ့္မယ္။ ဒါေပမဲ့ Dday ဟာ ငါတို႔ဆီ ေရာက္လာမွာပဲ။
အနီေပၚက တပြင့္တည္းေသာ ၾကယ္ျဖဴနဲ႔ ငါတို႔ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ရဲ့ အလံေတာ္ႀကီးဟာ ေနရာအႏွံ့မွာ အၾကမ္းဖက္စစ္အုပ္စုကို ေမာင္းထုတ္ႏွိမ္နင္းဖို႔ ဘြားကနဲ ေပၚလာနိုင္တယ္။

ဖုတ္တေကာင္ဝင္ေနသလို ကယိမ္းကထိုးျဖစ္ေနတဲ့ ၿမိဳ႕ျပရဲ့ ဟန္ေဆာင္မႈကို ေတာ္လွန္ေရးဓမၼနဲ႔ ပကတိအမွန္တရားက ေသနတ္သံ၊ ဗုံးသံေတြနဲ႔အတူ အခ်ိန္မေရြး ဖယ္ရွားေပါက္ဖြားလာနိုင္တယ္။အဲဒီအခါ… ငါတို႔အားလုံးဟာ ကိုယ္ကၽြမ္းက်င္ရာက႑ကေန တိုက္ပြဲထဲ တိုးဝင္ဆင္ႏႊဲနိုင္ဖို႔ အသင့္ ရွိေနဖို႔ လိုတယ္။ငါတို႔မွာ ငါတို႔ပဲ ရွိတဲ့အတြက္ ငါတို႔ဟာ ငါတို႔တိုက္ပြဲအတြက္ အသင့္ ျဖစ္ေနမွ ရမယ္။ အသင့္ ရွိေနမွ ရမယ္။အေျခခံအားျဖင့္… ▫လူႀကီး၊ ကေလးငယ္ေတြကို ေဘးလြတ္ရာ ဒါမွမဟုတ္လၽွို႔ဝွက္စီစဥ္ထားတဲ့ ခိုလႈံရာကို ပို႔ေပးဖို႔ အသင့္ ရွိၾကရမယ္။ဆးဝါး၊ ဓာတ္ခဲ၊ ဘက္ထရီ၊ ေစာင္၊ ရိကၡာေျခာက္ေတြကို တဦးခ်င္းအလိုက္ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ လၽွို႔ဝွက္လုံျခဳံစြာ ျပင္ဆင္စုေဆာင္းထားၾကမယ္။ဒီလိုျပင္ဆင္ထားနိုင္ဖို႔ NUG က ေဘးအႏၲရာယ္ ႀကိဳတင္ျပင္ဆင္ျခင္းကို အိမ္ေထာင္စု အဆင့္ အတြက္ စနစ္တက် ထုတ္ျပန္ထားတာေလးကို ျပန္ၿပီး အမွတ္ရေအာင္ မၽွေဝခြင့္ျပဳေစခ်င္ပါတယ္။

(၁) အေရးေပၚအိတ္ကို အဆင္သင့္ ျပင္ထားပါ
– ေသာက္သုံးေရ၊ အတြင္းခံ အပါအဝင္ လြတ္လပ္ေပါ့ပါးသည့္ အဝတ္အစားအခ်ိဳ႕၊ အမ်ိဳးသမီးလစဥ္သုံးပစၥည္း၊ အေရးေပၚ ေဆးဝါးမ်ား၊ လက္သန႔္ေဆး၊ ႏွာေခါင္းစည္း၊ ဖေယာင္းတိုင္၊ မီးျခစ္၊ မုန႔္ေျခာက္၊ ေခါက္ဆြဲေျခာက္၊ တစ္သၽွဴးအစိုနဲ႔အေျခာက္၊ ဓါတ္မီး၊ ဓါတ္ခဲ၊ ထီး၊ မိုးကာ၊ စာၾကည့္မီး ၊ ဖုန္းအားသြင္းႀကိဳး၊ ပါဝါဘဏ္၊ ဓါး၊ ကတ္ေၾကး၊ ေရဒီယို၊ ခရာ၊ မွတ္ပုံတင္၊ ယာဥ္ေမာင္းလိုင္စင္၊ အိမ္ေထာင္စုစာရင္း၊ ေငြေၾကး၊ တန္ဖိုးႀကီးပစၥည္းအခ်ိဳ႕ ကို အစုံအလင္ထည့္ၿပီး အလြယ္တကူ လြတ္သြားလို႔ရနိုင္တဲ့ အေရးေပၚအိတ္ကို ျပင္ထားၾကရပါမယ္။

(၂)ေနအိမ္ကို စြန႔္ခြာေတာ့မယ္ဆိုရင္ . . .
မိသားစုေတြ ျပန္လည္ဆုံဆည္းနိုင္မယ့္ စုရပ္(၂)ခု ေလာက္ကို သတ္မွတ္ထားပါ။
အေရးေပၚဆက္သြယ္ရမယ့္ဖုန္းနံပါတ္ေတြ ေရးမွတ္ထားပါ။ မိမိ မိသားစုဝင္ေတြရဲ့ ဖုန္းနံပါတ္၊ အမည္၊ ေသြးအုပ္စုေတြကို လက္ေမာင္းေပၚမွာ ေရးထားပါ။
(၃) အစားအစာနဲ႔ အာဟာရအတြက္ ဆန္၊ဆီ၊ ဆား ၾကက္သြန္၊ အေျခာက္အျခမ္း၊ ေသာက္ေရ၊ ဓါတ္ဆား၊ ေရသန႔္ေဆးမ်ား၊ ကိုယ္ဝန္ေဆာင္၊ ကေလးငယ္မ်ား၊ မသန္စြမ္းနဲ႔ သက္ႀကီးရြယ္အိုမ်ားအတြက္ ျဖည့္စြက္စာမ်ား၊ ေဆးဝါးမ်ား မျဖစ္မေန စုေဆာင္းျပင္ဆင္ထားရပါမယ္။

ခ်င္းျပည္နယ္၊ မင္းတပ္ေဒသခံေတြ၊ ကယားျပည္နယ္ ဒီးေမာ့ဆိုက ျပည္သူေတြ၊ စစ္ကိုင္းတိုင္း၊ ကနီေဒသခံေတြ လက္ရွိရင္ဆိုင္ၾကဳံေတြ႕ေနရသလို တနိုင္ငံလုံး အႏွံ့ ျဖစ္လာမွာ အေႏွးနဲ႔ အျမန္ပဲ။
ဒီအေျခအေနေတြကို အသန္မာဆုံးအဆင့္နဲ႔ ေက်ာ္ျဖတ္ေအာင္ျမင္နိုင္ဖို႔အတြက္ အသင့္ ျဖစ္ေနေအာင္ ငါတို႔အားလုံး အတူတူ လက္တြဲၿပီး ႀကိဳးစားၾကမယ္။

ဒီလိုေျပာလို႔ အသည္းအသန္ အားအကုန္သုံးၿပီး အေလာတႀကီး လုပ္စရာ မလိုပါဘူး။
ေပါ့ေပါ့ပါးပါး၊ ပိပိရိရိ နဲ႔ သိုသိုသိပ္သိပ္ လုပ္သြားၾကမယ္။
အေကာင္းဆုံးက စစ္ပြဲႀကီးျဖစ္ေနၿပီ ဆိုတဲ့ စိတ္နဲ႔ အခ်ိန္တိုင္းမွာ လိုအပ္မယ္လို႔ ကိုယ္ထင္တဲ့အရာမွန္သမၽွကို ေတြးဆၿပီး တေန႔ခ်င္းစီ ျဖည္းျဖည္းနဲ႔မွန္မွန္ စုေဆာင္းသြားၾကတဲ့နည္းက အဆင္ေျပဆုံးပဲလို႔ ထင္တယ္။
ေသခ်ာတာကေတာ့…

အခ်ိန္မေရြး DDay ျဖစ္လာနိုင္တယ္။
ဘယ္ေနရာ၊ ဘယ္အခ်ိန္မ်ိဳးမွာ တိုက္ပြဲေခၚသံၾကားရပါေစ။
ငါတို႔ အျမဲအသင့္ ျဖစ္ေနၾကမယ္။
အစီအစဥ္တက် အသင့္ ရွိေန၊ အသင့္ ျဖစ္ေနၾကမယ္။
ငါတို႔အတြက္ ေအာင္ပြဲက အသင့္ျဖစ္သလို…
ငါတို႔ကလည္း ေအာင္ပြဲရယူဖို႔ အသင့္ ရွိၾကပါစို႔။။။

Naing Think Myat -နိုင္သင့္ျမတ္