ဒီနေ့ဟာ ကျွန်တော်တို့ KIO/KIA အစိုး ရ၏အာဇာနည်နေ့ပါ။
“မတရားမှုကိုတော်လှန်လိုစိတ်ပြင်းထန်ကာ KIO/ KIA ဖြစ်ပေါ်လာအောင် အခက်အခဲမြောက်မြားစွာကြားမှ
ဦးဆောင်ခဲ့ကြသော KIA၏ ဖခင် တော်လှန်ရေးခေါင်းဆောင်ကြီးများအားလုံးကိုကျေးဇူးတင် ရှိခြင်းနှင့်အတူ
လေးစားစွာဂါဝရပြုလိုက်ပါသည်။
photo credit; G D Brang
ကောင်းကင်ဘုံမှကျွန်တော်တို့၏ တော်လှန်ရေး ပန်းတိုင် ရောက်ဖို့ရန်အစဉ်
ကောင်းချီးပေးနေကြမယ်လို့ယုံကြည်ကြပါသည်။တော်လှန်ရေး ကာလနှစ်ပေါင်းခြောက်ဆယ်ကျော်အတွင်း
မထင်မရှားအသက်ပေးသွားကြသော KIA ၏အာဇာနည်သူရဲကောင်းများအားလုံးကိုလေးစားစွာဂါဝရပြုလိုက်ပါသည်။
photo credit; G D Brang
Gidawn တိုက်ပွဲတွင် ကျွန်တော့အသက်ကိုကာကွယ်ပေးရင်းအသက်ပေးသွားသော အချစ်ဆုံးသူငယ်ချင်း
labang Sut Awng ကိုလည်းသတိရလွမ်းဆွတ်ကာ ရင်ထဲအသည်းထဲမှကျေးဇူးတင် ဂါဝရပြုလိုက်ပါသည်။
နွေဦးတော်လှန်ရေးတွင် ပြည်သူနှင့်တစ်သားတည်းရပ်တည်ကာ တိုက်ပွဲဝင် ရင်းအသက်ပေးသွားကြကုန်သော KIA
အာဇာနည်ရဲဘော်များအားလုံးကိုလည်းရိုသေစွာဂါဝရပြုလိုက်ပါသည်။
photo credit; G D Brang
ကျွန်တော်တို့သည် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားကြသောအာဇာနည်သူရဲကောင်းများအားလုံးအပေါ်
အစဉ် သစ္စာရှိနေပါမည် “ဟုလူမှုစာမျက်နှာတွင်ရေးသားဖော်ပြထားသည်ကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်
Gidawn Brangမှကူးယူဖော်ပြသည်
Zawgyi
“မတရားမှုကိုတော်လှန်လိုစိတ်ပြင်းထန်ကာ KIO/ KIA ဖြစ်ပေါ်လာအောင် အခက်အခဲမြောက်မြားစွာကြားမှ ဦးဆောင်ခြဲ့
ကသော KIA၏ ဖခင် တော်လှန်ရေးခေါင်းဆောင်ကြီးများအားလုံးကိုကျေးဇူးတင် ရှိခြင်းနှင့်အတူ လေးစားစွာဂါဝရပြုလိုက်ပါ