ၾကားသိသမွ်

D Day အတွက် အသင့်ဖြစ်နေတဲ့ PDF ဆေးတပ်

D Day အတွက် အသင့်ဖြစ်နေတဲ့ PDF ဆေးတပ်

တနိုင်ငံလုံး အတိုင်းအတာနဲ့ တိုက်ပွဲဝင်မဲ့ရက် D Day ကို စောင့်မျှော်နေကြပါတယ်။ ဘယ်ရက်က D Day ဖြစ်မလဲ။ ဘယ်လိုတွေ ပူးပေါင်း

ပါဝင်ပေးကြမလဲ ဆိုတဲ့အတွေးတွေကတော့ ပြည်သူတွေအားလုံးရင်ထဲမှာ ရှိနေ တာပါ။

လေ့ကျင့်ရက် အချိန်နည်းပါးပေမယ့်လည်း အရည်အသွေးပြည့်မီတဲ့အပြင် စိတ်ဓာတ်စွမ်းအား ပြင်းထန်တဲ့ PDF တွေ ဖြစ်တည်လာရေးကို

အဓိကထား ရည်ရွယ်လုပ်ဆောင်နေတာလို့ ဆိုရမှာပါပဲ။ဒီလိုအခြေအနေမှာ တိုက်ပွဲအတွင်း PDF တွေ ဒဏ်ရာရလာတဲ့အခါမှာ ထောက်ကူ

ပေးဖို့အတွက် ဘယ်လိုအစီအမံတွေရှိလဲဆိုတဲ့ မေးခွန်းရှိလာပါတယ်။ ဒီအတွက်တော့ အဖြေကရှင်းပါတယ်။ တိုက်ပွဲအတွင်းက PDF တွေ

ကို စနစ်ကျစွာနဲ့ ကုသနိုင်ဖို့အရေး ဆေးတပ်သားတွေ သီးခြားမွေးထုတ်ပေးနေသလို PDF တိုင်းသည် ဆေးတပ်သားတစ်ဦးလို လုပ်နိုင်စွမ်း

ရှိရမယ်ဆိုတဲ့ မူဘောင်နဲ့ လေ့ကျင့်ပျိုးထောင်နေပါတယ်။ ဒီလိုအခြေအနေတွေမှာ တိုက်ပွဲဝင်မဲ့ PDF တွေကို လူသိများပေမဲ့ နောက်ကွယ်

မှာ ကုသရေးအပိုင်း စနစ်ကျစွာ လုပ်ဆောင်နေတဲ့ ဆေးတပ်ကိုတော့ လူသိနည်းနေပါသေးတယ်။အဲဒီ ဆေးတပ်လုပ်ဆောင်နေတာတွေကို

အခု ဆောင်းပါးနဲ့ အနည်းအကျဉ်းလောက် မိတ်ဆက်ပေးချင်တာပါ။

Combat Casualty Care Courses လို့ခေါ်တဲ့ စစ်မြေပြင်နဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာတွေမှာ ဒဏ်ရာရရှိတဲ့ လူနာတွေကို ပြုစုကုသပေးရေး

အတွက် “တိုက်ပွဲဒဏ်ရာရလူနာကုသခြင်း သင်တန်း” ကို စနစ်ကျစွာနဲ့ လုပ်ဆောင် နေတာပါ။ ဒီလိုသင်တန်းအတွက် နိုင်ငံတကာ စံ

သတ်မှတ်ချက်တွေနဲ့အညီ အသစ်ရေးဆွဲထားတဲ့သင်ရိုးတွေနဲ့ကို စနစ်ကျစွာ လုပ်ဆောင်နေတာပါ။ သင်တန်းကိုတော့ ၃ မျိုးစီစဉ်ထားကြပါ

တယ်။အဲဒါတွေကတော့ Combat Casualty Care for all combatant၊ Combat Casualty Care Courses combat medics နဲ့

Combat Casualty Care for medical person တွေပါ။ အဲဒါတွေတင်မကသေးပါဘူး။ Combat Casualty Care for medical doctors

အတွက်လည်း စနစ်တကျနဲ့ သင်ရိုးတွေ ရေးဆွဲပြီး လေ့ကျင့်မှုတွေ လုပ်ဆောင်နေပါပြီ။ဒီလိုတွေ စနစ်တကျဖြစ်လာတာ ဒေါက်တာဇော်ဝေ

စိုးရဲ့ လုပ်ဆောင်နိုင်မှုစွမ်းအားကြောင့်ဆိုတာ ငြင်းမရတဲ့ အချက်တခုပါပဲ။ အကြမ်းဖက် စကစ အနေနဲ့က ဒေါက်တာဇော်ဝေစိုးကို

အကြောက်ကြီး ကြောက်နေတာ ဒီလိုအချက်တွေကြောင့်လည်း တခုအပါအဝင်လို့ ဆိုရမှာပါ။PDF တွေအနေနဲ့ စစ်သင်တန်းတွေအပြင်

ဆေးကုသမှုအပိုင်းမှာရော နေ့မနား ညမအား ကြိုးစားပမ်းစားကို လေ့လာသင်ယူနေကြတာပါ။ နေပူလို့၊ မိုးရွာလို့၊ ရေကြီးလို့ဆိုတဲ့

အကြောင်းပြချက်တွေ လုံးဝမရှိဘဲနဲ့ကို ကြိုးစားပမ်းစား လေ့လာသင်ယူနေကြတာပါ။သူတို့စိတ်ထဲမှာ ပြည်သူတွေကို အကြမ်းဖက်

သတ်ဖြတ်နေတဲ့ စစ်တပ်ကို အပြီးတိုင် မောင်းထုတ်ရေး ဆိုတဲ့ သန္ဓေစိတ်နဲ့ လုပ်ဆောင်နေတာပါ။ တိုက်ပွဲအတွင်း ဒဏ်ရာရရှိပြီး အရေးပေါ်

ခွဲစိတ်ဖို့ ဖြစ်လာတဲ့ လူနာတွေအတွက်ဆိုရင်လည်း မေ့ဆေးပေးနိုင်ဖို့ အရေးပေါ် မေ့ဆေးပေးသင်တန်းတွေကို စနစ်ကျတဲ့ သင်ရိုးညွှန်းတန်း

တွေ ရေးဆွဲပြီးတော့ လုပ်ဆောင်ပေးနေတာတွေ ရှိပါသေးတယ်။PDF တွေလို့ ပြောလိုက်တာနဲ့ တိုက်ရည်ခိုက်ရည်ကောင်းတဲ့ လူငယ်

မျိုးဆက်တွေလို့ မြင်နေတဲ့ အမြင်ထက် တဆင့်ပို့တက်ပြီးတော့ တကယ်ကို စနစ်ကျတဲ့ စွမ်းဆောင်ရည်ပြည့်တဲ့ မျိုးဆက်သစ်လူငယ်တွေ

ဖြစ်လာအောင် ကြိုးစားလုပ်ဆောင်နေကြတာပါ။ ဒါဟာ မင်း အောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ကို ဖြိုခွင်းဖို့အတွက် လုံလောက်

စွာ ပြည့်ဝနေတဲ့ အရည်အသွေးတွေလို့ ဆိုရပါမယ်။တချို့က ပြောကြပါသေးတယ်။ လပိုင်းလောက် စစ်သင်တန်းတက်ထားတဲ့သူတွေက

ဆယ်စုနှစ်ပေါင်းများစွာကြာနေတဲ့ အကြမ်းဖက်စစ်တပ်ကို ယှဉ်နိုင်ပါ့မလားဆိုပြီးပါ။အဖြေက ရှင်းပါတယ်။ ကောင်းကောင်းကြီးကို ယှဉ်နိုင်

ပါတယ်။ စိတ်ဓာတ်စွမ်းအားတွေ၊ နောက်ပြီး စနစ်တကျ လေ့ကျင့်နေတဲ့ အစီမံတွေနဲ့ နိုင်ကို နိုင်မှာဆိုတဲ့ အသိစိတ်ဓာတ်တွေကြောင့်ပါပဲ။

ခေတ်ဟောင်း စနစ်ဟောင်းက အတွေးအခေါ်တွေနဲ့ အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်အဖို့ သူရင်ဆိုင်နေရတဲ့ ခေတ်က ၂၁ ရာစုဆိုတာ

နဲ့ အာဏာရှင်ဆိုတဲ့ အမြစ်ကို အပြတ်ဆွဲနှုတ်ချင်နေတဲ့ ပြည်သူတွေရဲ့ လုံ့လအားမာန်ကြောင့် အရှုံးကြီးရှုံးပြီး ပြည်သူတွေပေးတဲ့ ပြစ်ဒဏ်

ကို ခံရပါတော့မယ်။အရည်အသွေးပြည့်ဝတဲ့ PDF တွေက ရှေ့ကနေပြီး အကြမ်းဖက် စကစ ကို တိုက်ထုတ်ပါမယ်။ ပြည်သူတွေက နောက်

ကနေပြီး PDF တွေကို ထောက်ပံ့ပေးနေတာနဲ့ဆို မဝေးလှတော့တဲ့ အချိန်ကာလတခုမှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်

လူသတ်အုပ်စု ကျဆုံးခန်းက မလွဲမသွေ ရောက်လာပါတော့မယ်လို့ ရေးသားတင်ပြလိုက်ရပါတယ်။

D နွေဦး

Zawgyi

D Day အတြက္ အသင့္ျဖစ္ေနတဲ့ PDF ေဆးတပ္

တနိုင္ငံလုံး အတိုင္းအတာနဲ႔ တိုက္ပြဲဝင္မဲ့ရက္ D Day ကို ေစာင့္ေမၽွာ္ေနၾကပါတယ္။ ဘယ္ရက္က D Day ျဖစ္မလဲ။ ဘယ္လိုေတြ ပူးေပါင္းပါဝင္ေပးၾကမလဲ ဆိုတဲ့အေတြးေတြကေတာ့ ျပည္သူေတြအားလုံးရင္ထဲမွာ ရွိေန တာပါ။ေလ့က်င့္ရက္ အခ်ိန္နည္းပါးေပမယ့္လည္း အရည္အေသြးျပည့္မီတဲ့အျပင္ စိတ္ဓာတ္စြမ္းအား ျပင္းထန္တဲ့ PDF ေတြ ျဖစ္တည္လာေရးကို အဓိကထား ရည္ရြယ္လုပ္ေဆာင္ေနတာလို႔ ဆိုရမွာပါပဲ။ဒီလိုအေျခအေနမွာ တိုက္ပြဲအတြင္း PDF ေတြ ဒဏ္ရာရလာတဲ့အခါမွာ ေထာက္ကူေပးဖို႔အတြက္ ဘယ္လိုအစီအမံေတြရွိလဲဆိုတဲ့ ေမးခြန္းရွိလာပါတယ္။ ဒီအတြက္ေတာ့ အေျဖကရွင္းပါတယ္။

တိုက္ပြဲအတြင္းက PDF ေတြကို စနစ္က်စြာနဲ႔ ကုသနိုင္ဖို႔အေရး ေဆးတပ္သားေတြ သီးျခားေမြးထုတ္ေပးေနသလို PDF တိုင္းသည္ ေဆးတပ္သားတစ္ဦးလို လုပ္နိုင္စြမ္းရွိရမယ္ဆိုတဲ့ မူေဘာင္နဲ႔ ေလ့က်င့္ပ်ိဳးေထာင္ေနပါတယ္။ ဒီလိုအေျခအေနေတြမွာ တိုက္ပြဲဝင္မဲ့ PDF ေတြကို လူသိမ်ားေပမဲ့ ေနာက္ကြယ္မွာ ကုသေရးအပိုင္း စနစ္က်စြာ လုပ္ေဆာင္ေနတဲ့ ေဆးတပ္ကိုေတာ့ လူသိနည္းေနပါေသးတယ္။အဲဒီ ေဆးတပ္လုပ္ေဆာင္ေနတာေတြကို အခု ေဆာင္းပါးနဲ႔ အနည္းအက်ဥ္းေလာက္ မိတ္ဆက္ေပးခ်င္တာပါ။

Combat Casualty Care Courses လို႔ေခၚတဲ့ စစ္ေျမျပင္နဲ႔ တိုက္ပြဲျဖစ္ပြားရာ ေနရာေတြမွာ ဒဏ္ရာရရွိတဲ့ လူနာေတြကို ျပဳစုကုသေပးေရးအတြက္ “တိုက္ပြဲဒဏ္ရာရလူနာကုသျခင္း သင္တန္း” ကို စနစ္က်စြာနဲ႔ လုပ္ေဆာင္ ေနတာပါ။ ဒီလိုသင္တန္းအတြက္ နိုင္ငံတကာ စံသတ္မွတ္ခ်က္ေတြနဲ႔အညီ အသစ္ေရးဆြဲထားတဲ့သင္ရိုးေတြနဲ႔ကို စနစ္က်စြာ လုပ္ေဆာင္ေနတာပါ။ သင္တန္းကိုေတာ့ ၃ မ်ိဳးစီစဥ္ထားၾကပါတယ္။
အဲဒါေတြကေတာ့ Combat Casualty Care for all combatant၊ Combat Casualty Care Courses combat medics နဲ႔ Combat Casualty Care for medical person ေတြပါ။ အဲဒါေတြတင္မကေသးပါဘူး။ Combat Casualty Care for medical doctors အတြက္လည္း စနစ္တက်နဲ႔ သင္ရိုးေတြ ေရးဆြဲၿပီး ေလ့က်င့္မႈေတြ လုပ္ေဆာင္ေနပါၿပီ။ဒီလိုေတြ စနစ္တက်ျဖစ္လာတာ ေဒါက္တာေဇာ္ေဝစိုးရဲ့ လုပ္ေဆာင္နိုင္မႈစြမ္းအားေၾကာင့္ဆိုတာ ျငင္းမရတဲ့ အခ်က္တခုပါပဲ။ အၾကမ္းဖက္ စကစ အေနနဲ႔က ေဒါက္တာေဇာ္ေဝစိုးကို အေၾကာက္ႀကီး ေၾကာက္ေနတာ ဒီလိုအခ်က္ေတြေၾကာင့္လည္း တခုအပါအဝင္လို႔ ဆိုရမွာပါ။PDF ေတြအေနနဲ႔ စစ္သင္တန္းေတြအျပင္ ေဆးကုသမႈအပိုင္းမွာေရာ ေန႔မနား ညမအား ႀကိဳးစားပမ္းစားကို ေလ့လာသင္ယူေနၾကတာပါ။

ေနပူလို႔၊ မိုးရြာလို႔၊ ေရႀကီးလို႔ဆိုတဲ့ အေၾကာင္းျပခ်က္ေတြ လုံးဝမရွိဘဲနဲ႔ကို ႀကိဳးစားပမ္းစား ေလ့လာသင္ယူေနၾကတာပါ။သူတို႔စိတ္ထဲမွာ ျပည္သူေတြကို အၾကမ္းဖက္ သတ္ျဖတ္ေနတဲ့ စစ္တပ္ကို အၿပီးတိုင္ ေမာင္းထုတ္ေရး ဆိုတဲ့ သေႏၶစိတ္နဲ႔ လုပ္ေဆာင္ေနတာပါ။ တိုက္ပြဲအတြင္း ဒဏ္ရာရရွိၿပီး အေရးေပၚခြဲစိတ္ဖို႔ ျဖစ္လာတဲ့ လူနာေတြအတြက္ဆိုရင္လည္း ေမ့ေဆးေပးနိုင္ဖို႔ အေရးေပၚ ေမ့ေဆးေပးသင္တန္းေတြကို စနစ္က်တဲ့ သင္ရိုးညႊန္းတန္းေတြ ေရးဆြဲၿပီးေတာ့ လုပ္ေဆာင္ေပးေနတာေတြ ရွိပါေသးတယ္။PDF ေတြလို႔ ေျပာလိုက္တာနဲ႔ တိုက္ရည္ခိုက္ရည္ေကာင္းတဲ့ လူငယ္မ်ိဳးဆက္ေတြလို႔ ျမင္ေနတဲ့ အျမင္ထက္ တဆင့္ပို႔တက္ၿပီးေတာ့ တကယ္ကို စနစ္က်တဲ့ စြမ္းေဆာင္ရည္ျပည့္တဲ့ မ်ိဳးဆက္သစ္လူငယ္ေတြ ျဖစ္လာေအာင္ ႀကိဳးစားလုပ္ေဆာင္ေနၾကတာပါ။

ဒါဟာ မင္း ေအာင္လွိုင္ဦးေဆာင္တဲ့ အၾကမ္းဖက္စစ္တပ္ကို ၿဖိဳခြင္းဖို႔အတြက္ လုံေလာက္စြာ ျပည့္ဝေနတဲ့ အရည္အေသြးေတြလို႔ ဆိုရပါမယ္။တခ်ိဳ႕က ေျပာၾကပါေသးတယ္။ လပိုင္းေလာက္ စစ္သင္တန္းတက္ထားတဲ့သူေတြက ဆယ္စုႏွစ္ေပါင္းမ်ားစြာၾကာေနတဲ့ အၾကမ္းဖက္စစ္တပ္ကို ယွဥ္နိုင္ပါ့မလားဆိုၿပီးပါ။အေျဖက ရွင္းပါတယ္။ ေကာင္းေကာင္းႀကီးကို ယွဥ္နိုင္ပါတယ္။ စိတ္ဓာတ္စြမ္းအားေတြ၊ ေနာက္ၿပီး စနစ္တက် ေလ့က်င့္ေနတဲ့ အစီမံေတြနဲ႔ နိုင္ကို နိုင္မွာဆိုတဲ့ အသိစိတ္ဓာတ္ေတြေၾကာင့္ပါပဲ။ေခတ္ေဟာင္း စနစ္ေဟာင္းက အေတြးအေခၚေတြနဲ႔ အာဏာသိမ္းထားတဲ့ မင္းေအာင္လွိုင္အဖို႔ သူရင္ဆိုင္ေနရတဲ့ ေခတ္က ၂၁ ရာစုဆိုတာနဲ႔ အာဏာရွင္ဆိုတဲ့ အျမစ္ကို အျပတ္ဆြဲႏႈတ္ခ်င္ေနတဲ့ ျပည္သူေတြရဲ့ လုံ႔လအားမာန္ေၾကာင့္ အရႈံးႀကီးရႈံးၿပီး ျပည္သူေတြေပးတဲ့ ျပစ္ဒဏ္ကို ခံရပါေတာ့မယ္။

အရည္အေသြးျပည့္ဝတဲ့ PDF ေတြက ေရွ႕ကေနၿပီး အၾကမ္းဖက္ စကစ ကို တိုက္ထုတ္ပါမယ္။ ျပည္သူေတြက ေနာက္ကေနၿပီး PDF ေတြကို ေထာက္ပံ့ေပးေနတာနဲ႔ဆို မေဝးလွေတာ့တဲ့ အခ်ိန္ကာလတခုမွာ မင္းေအာင္လွိုင္ ဦးေဆာင္တဲ့ အၾကမ္းဖက္လူသတ္အုပ္စု က်ဆုံးခန္းက မလြဲမေသြ ေရာက္လာပါေတာ့မယ္လို႔ ေရးသားတင္ျပလိုက္ရပါတယ္။

D ေႏြဦး