မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေ စတင်ပြီး ပြည်သူ့အာဏာ သိမ်းယူသွားတဲ့နောက် ဒီမိုကရေစီကိုလိုလားကြတဲ့ ပြည်သူတွေ
ဟာ လူထုလှုပ်ရှားမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလိုလုပ်ဆောင်ရင်းနဲ့လည်း အာဏာရှင်တွေရဲ့ မတရား ပစ်ခတ်မှု
တွေကြောင့် နွေဦးသူရဲကောင်းများစွာ အသက်ပေးသွားခဲ့ရပါတယ်။ တချို့မှာလည်း လက်ရှိအချိန်ထိ ထောင်ထဲတွေမှာ မတရားဖမ်းဆီး
ချုပ်နှောင်းခံထားရတာ ဖြစ်ပါတယ်။
Photo Credit – Original Upload
Photo Credit – Original Upload
နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားခဲ့တဲ့ သူရဲကောင်းတွေအတွက် ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံရပ်ခြားတွေမှာ သတိတရဖြစ်
အောင် ရုပ်ပုံ ပန်းချီကားတွေနဲ့ ဂုဏ်ပြုအခမ်းအနားတွေ ပြုလုပ်ပေးကြတာ တွေ့ရပါတယ်။ ယခုမှာလည်း နွေဦးတော်လှန်ရေးမှာ အသက်
ပေးသွားခဲ့တဲ့ သူရဲကောင်းတစ်ဦးရဲ့ ပုံတူပန်းချီကားလေးကို ဂျာမနီ နိုင်ငံ ဘာလင်မြို့ရဲ့ ကမ္ဘာကျော်နံရံပန်းချီတွေမှာ ထည့်သွင်းရေးဆွဲခံရ
တယ်လို့ ကြားသိရပါတယ်။ အဆိုပါနေရာဟာ ဒုတိယကမ္ဘာစစ်အတွင်း ကြီးသုံးကြီးဖြစ်တဲ့ အမေရိကန်သမ္မတ ထရူးမင်း၊ဗြိတိန်ဝန်ကြီးချုပ်
ဝင်စတန်ချာချီ နဲ့ ဆိုဗီယက်ခေါင်းဆောင် ဂျိုးဆက်စတာလင် တို့ရဲ့ ပိုစ့်ဒမ်ကွန်ဖရင့်ကျင်းပခဲ့ရာနေရာဖြစ်ပြီး နိုင်ငံရေးနဲ့ပတ်သက်တာတွေ
ကို ကမ္ဘာကျော် Graffiti တွေက ရေးဆွဲဂုဏ်ပြုထားကြတာ ဖြစ်ပါတယ်။
Photo Credit – Original Upload
Photo Credit – Original Upload
Photo Credit – Original Upload
အဲဒီလို ကမ္ဘာကျော်များရေးဆွဲထားတဲ့ နေရာမှာထည့်သွင်းဂုဏ်ပြု ရေးဆွဲဖော်ပြခြင်းခံရတာကတော့ မတ်လ (၃) ရက်နေ့က မန္တလေးမြို့
(၈၄) လမ်းနဲ့ လမ်း (၃၀) ထောင့်မှာ အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရင်း ဦးခေါင်းကျည်ထိမှန်ကျဆုံးတဲ့ အသက်(၁၉) နှစ်အရွယ် မကြယ်စင်
(ခ) ကျားရှိပဲ ဖြစ်ပါတယ်။ မကြယ်စင်ရဲ့ နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်ခဲ့စဉ်က ပုံရိပ်ကို ထည့်သွင်းဖော်ပြခြင်းခံရတဲ့အတွက် မြန်မာ
ပြည်သူတွေအတွက် လေးစားဂုဏ်ယူမိပါတယ်။ ဒီသတင်းလေးကိုတော့ ပရိသတ်တွေသိရှိအောင် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Photo Credit – Original Upload
Photo Credit – Original Upload