ၾကားသိသမွ်

သံအမတ်ကြီး ဦးကျော်မိုးထွန်းအား လုပ်ကြံ ရန် ကြံစည်မှုသည် အမေရိကန် ပြည်တွင်းကိစ္စသာဖြစ်သည်ဟု စကစ ဆို

လုပ်ကြံ ရန် ကြံစည်မှုသည် အမေရိကန် ပြည်တွင်းကိစ္စဟု ဆို

(၁)  ၇၂ နာရီကြာ နှုတ်ဆိပ်နေခဲ့သည့် အာဏာသိမ်း အဖွဲ့မှ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား သတ်ဖြတ်ရန် ကြံစည်မှုသည် မိမိတို့နှင့်

မည်သို့မျှ မသက်ဆိုင်ဟု ငြင်းဆိုချက် ထုတ်ပြန်လိုက်ပြီး ယင်းသည် အမေရိကန် ပြည်တွင်း ကိစ္စသာ ဖြစ်သည်ဟု ဆိုသည်။ထို့ပြင် ကုလ

ဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ ဂရင်းဖီး၏ ပြောဆိုခဲ့မှုအားလည်း ပြင်းထန်းစွာ ကန့်ကွက်သည်ဟုလည်း ပါရှိလာသည်။

ဤသည်ကလည်း မိုးကြိုး ကို ထန်းရွက်နှင့် ကာရန် ကြိုးစားမှုထက် မပိုသော လုပ်ရပ်မျိုးပင် ဖြစ်သည်။

ထိုင်းဘုရင် ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်မှ နယူးယောက်ရှိ မြန်မာ သံအမတ်ကြီးအား လုပ်ကြံရန် ကြံစည်ခဲ့မှု တွင် မိမိတို့ နိုင်ငံရှိ ဆက်စပ်

သံသယရှိသူ အား စုံစမ်းပေးရန် အမေရိကန် ဖက်က ဆက်သွယ်လာခြင်း မရှိသေးဟု သိရသည်။

အမေရိကန်ကဲ့သို့သော နိုင်ငံကြီးတွင် စီးကရက်ပင် တရားဝင် ဝယ်ခွင့် မရသေးသည့် ချာတိတ်တဦးက နိုင်ငံကိုယ်စားပြု သံအမတ်ကြီးကို

သတ်ဖြတ်ရန် ကြံစည်ခဲ့မှု အတွက်လည်း လူပြောများနေသည်။

ကမ္ဘာအလယ်တွင် ၎င်းတို့အား တရားဝင် ထောက်ခံသည့် နိုင်ငံဟူ၍ လက်ငါးချောင်း ပြည့်အောင်ပင် ရည်တွက်၍ မရ ဖြစ်နေချိန်တွင် ထိုသို့

သော သတင်းမျိုး ထွက်ပေါ်လာသည့် အတွက် အာဏာသိမ်း အဖွဲ့အဖို့ အနိမ့်ဆုံး အဆင့်သို့ ထပ်၍ ထိုးကျသွားရခြင်းပင် ဖြစ်သည်။

၎င်းတို့၏ ညဏ်ပညာ နည်းမှုကြောင့် ဦးကျော်မိုးထွန်းသည် လာမည့်နှစ်အတွက် မြန်မာ သံအမတ်ကြီး အဖြစ် ဆက်လက်တည်ရှိနေရန်

သေချာသည်ထက် သေချာသွားရပြီ ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ ညဏ်ပညာ နည်းသူများသည်ခန့်မှန်းတွက်ဆရန် ခက်ခဲလှသဖြင့် အန္တရာယ် အရှိဆုံးလည်း ဖြစ်သည်။

(၂)ကမ္ဘာ စားနပ်ရိက္ခာ အဖွဲ့ကြီးမှ လာမည့် ၆ လ ကာလအတွင်း မြန်မာပြည်သူများအား ကူညီ ထောက်ပံ့ရန်လျာထားထားသည့် ဒေါ်လာ

၈၆ သန်း အနက် ၃၀% သာ လက်ခံရရှိသေး၍ အခက်အခဲများ ဖြစ်လာနေသည်ဟု ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။

အာဏာသိမ်းခဲ့မှုကြောင့် နိုင်ငံအတွင်း အလုပ်အကိုင် ဆုံးရှုံးမှုများ၊ အစားအသောက် နှင့် လောင်စာဆီဈေးနှုန်းများ ကြီးမြင့်လာနေမှု၊

နိုင်ငံရေး မတည်ငြိမ်မှု၊ အကြမ်းဖက်မှု

များကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရမှူ များအပြင် ကိုဗစ်-၁၉ အကြီးအကျယ် ကူးစက်ပျံ့နှံ့လာနေသည့် အန္တရာယ်ကြီးနှင့် လည်း ထပ်မံ

ကြုံတွေ့လာကြရသည်။

ရန်ကုန် ရှိ ကျုးကျော်ရပ်ကွက်များတွင် နေထိုင်သူ ၉၀% ခန့်သည် ဝမ်းရေး အတွက် ပိုင်ဆိုင်သမျှအား ပေါင်နှံ ရောင်းချကာ ဖြေရှင်းနေရ

သည်ဟု ကမ္ဘာစားနပ်ရိက္ခာအဖွဲ့၏ ဌာနေ ကိုယ်စားလှယ် စတီဖင် အန်ဒါဆန်က ဆိုသည်။

ယခု အချိန်ထိ နိုင်ငံတွင်းရှိ ၁.၂၅ သန်း ရှိ လူများသည် ကမ္ဘာစားနပ်ရိက္ခာ အဖွဲ့ကြီးမှ ထောက်ပံ့သော စားနပ်ရိက္ခာ၊ ငွေကြေး နှင့် အဟာရ

များကို လက်ခံရရှိခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

အိန္ဒိယ အစိုးရ က မြန်မာပြည်တွင် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ဝင်ရောက် ခိုလှူံလာသူပေါင်း ၈,၄၈၆ ဦးအား လက်ခံထားရပြီ

ဖြစ်သည်ဟု ပါလီမန်သို့ တရားဝင်အသိပေးလိုက်ပြီ ဖြစ်သည်၊ ယင်းသည် မဖြစ်မနေ ဒုက္ခရောက်နေကြ၍ လက်သင့်ခံထားရခြင်း ဖြစ်ပြီး

ပြန်၍ နှင်လွှတ်ခဲ့ရသူ ၅,၇၉၆ ဦး ရှိခဲ့သည်ဟု ဆိုသည်။

မင်းအောင်လှိုင် နှင့် အဖွဲ့က ပြည်တွင်း တွင်သာ မဟုတ် အိမ်နီးချင်း နိုင်ငံများပါ ဒုက္ခပေးလာနေပြီဖြစ်သည်၊ ၎င်းတို့ကြောင့် ထိုသို့

ထွက်ပြေးခဲ့ရသူများကို သူပုန်များ၏ မိသားစုများဟု လက်လွတ်စပယ်ပြောဆိုခဲ့သည့် အစဉ်အလာများကလည်း ရှိပြီး ဖြစ်သည်။

လာမည့် ဩဂုတ်လကုန်ပိုင်းတွင် ရခိုင်ပြည်နယ် အတွင်း ရိုဟင်ဂျာ များ အပေါ် သတ်ဖြတ် နှင်ထုတ်ခဲ့သည့် လေးနှစ်မြောက် နှစ်ပတ်လည်

နေ့ကြီးက စစ်အာဏာရှင်များကို ခြောက်လှန့်လာတော့မည်လည်း ဖြစ်သည်။

ဘိုင်ဒင် အစိုးရ အဖွဲ့အား နောက်နောင် တွင် အခြားနိုင်ငံများမှ ထိုကဲ့သို့လက်လွတ်စပယ် ကျူးလွန်နိုင်ခြင်း မရှိအောင် ဟန့်တားသည့်

အနေဖြင့် မြန်မာစစ်ခေါင်းဆောင်များ ကို ဂျီနိုဆိုက် မှု ကျူးလွန်သည်ဟု ကင်ပွန်းတပ်ပေးရန် တောင်းဆိုနေကြပြီ ဖြစ်သည်။

၎င်းတို့ အား နိုင်ငံတော် အတိုင်ပင်ခံ၏ မျက်နှာကြောင့် ယခင် ကလေးလက်ဝှေအိတ်ကလေး kid gloves ဖြင့် သာ ထိုးနေခြင်း ဖြစ်သည်ကို

ကျေးဇူးတင်ရကောင်းမှန်းမသိ၊ ယခုအခါ သံမဏိ လက်အိပ် ဖြင့် ထိုးနှက်လာ‌‌ ပေတော့မည်၊ ကာကွယ်ဖို့ကလည်း ဝဏ္ဍမောင်လွင် လို လူမျိုး

ကိုသာ အားကိုးရတော့မည် ဟူသော အတွေးကလည်း ၎င်းတို့ အဖို့ မည်သို့မျ စိတ်သက်သာစရာ ရနိုင်ဖို့ အကြောင်းမမြင်ပေ။

တကယ်တမ်းတွင် ထိုသို့ လိမ်ညာဖုန်းကွယ်မှုများ နောက်တွင် ပုန်းလျိုးနေသည့် ဣသာ မစ္ဆိယစိတ်ကို အတိုင်းသား မြင်နေရသည်၊ ထိုသို့

စိတ်ထဲတွင် တနုံ့နုံ့ ဖြစ်လာနေမှုသည် ထုနှင့်ထည်နှင့် ဖြစ်လာပြီး မကောင်းဆိုးဝါးကြီး ဖြစ်ရန် တာစူ လာသည်၊‌ နောက်ဆုံးတွင် ထို

မကောင်းဆိုးဝါးကြီးက လူသားကို အနိုင်ယူ ဝါးမြိုသွားခဲ့ခြင်းပင် ဖြစ်၍ သံဝေဂ ယူစရာ ကောင်းလှပေသည်။

(၃)အာဆီယံ အထူး သံတမန်မှ နိုင်ငံတွင်း ၎င်းတွေ့သင့်သည့် လူအားလုံး ကို တွေ့ဆုံခွင့် ပေးရမည်ဟု တင်းတင်းမာမာ တောင်းဆိုလာနေ

ချိန်တွင် အာဏာသိမ်းအဖွဲ့မှ ၎င်းတို့၏ တရားရုံးတွင် ဖမ်းဆီးခံထားရသောနိုင်ငံတော် အတိုင်ပင်ခံ အတွက် ခုခံလျှောက်လှဲပေးနေသည့်

ဥပဒေ အကျိုးဆောင် ငါးဦးအား မီဒီယာများနှင့် တွေ့ဆုံ ပြောဆိုခြင်း မပြုရန် လက်မှတ်ထိုးခိုင်းသည်ဟု သိရသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် အာဆီယံ ကိုယ်စားလှယ်၏ တောင်းဆိုချက်ကို လိုက်လျောမည့် အလားအလာများ မတွေ့ရပေ၊ မြန်မာ

အရေး နှင့် ပတ်သက်၍ ဝေဖန်မှုများအပြင်းအထန် ခံနေရသော အာဆီယံ အဖွဲ့ကြီးသည် ပါးနပ်စွာဖြင့် အာဏာသိမ်းအဖွဲ့ကို လက်ညိုးထိုး

လိုက်ခြင်းပင် ဖြစ်သည်။

(၄)မန္တလေး အိုးဘိုထောင်ထဲတွင် မိမိတို့ ယုံကြည်ချက်ကြောင့် အကျဉ်းချထားခြင်း ခံနေရသည့် လူ ၄၀ ခန့်သည် ရှစ်လေးလုံး အရေးတော်ပုံ

ကြီး အထိမ်းအမှတ် အဖြစ် အသံနက်ကြီးများဖြင့် သွေးသစ္စာ သီချင်းကို ကျယ်လောင်စွာ သီဆိုနေကြသံများ ထွက်ပေါ်လာခဲ့သည်ကို မြို့သူ

မြို့သားများ အတိုင်းသား ကြားနေခဲ့ကြရသည်ဟု ဆိုသည်။

ကယား နှင့် ကချင်ပြည်နယ် များတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ နှင့် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ရာ

အာဏာသိမ်းတပ်များဖက်မှ အကျအဆုံး များလာသည်နှင့် အမျှ လက်စားချေသည့် အနေဖြင့် အရပ်ဖက် ပြစ်မှတ်များကို လက်နက်ကြီးများ

ဖြင့် တမင်တကာ ချိန်ရွယ်ပစ်ခတ်လက်တုန့်ပြန်လာနေကြသည်။ စစ်ကောင်စီသည် ဂျနီဗာ ကွန်ဗင်းရှင်းကို တစထက် တစ ချိုးဖောက်လာ

နေပြီ ဖြစ်သည်။

အရေးတော်ပုံ အောင်ရမည်!!!

Hla Soewai

Zawgyi

လုပ္ႀကံ ရန္ ႀကံစည္မႈသည္ အေမရိကန္ ျပည္တြင္းကိစၥဟု ဆို

(၁)
၇၂ နာရီၾကာ ႏႈတ္ဆိပ္ေနခဲ့သည့္ အာဏာသိမ္း အဖြဲ႕မွ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းအား သတ္ျဖတ္ရန္ ႀကံစည္မႈသည္ မိမိတို႔ႏွင့္ မည္သို႔မၽွ မသက္ဆိုင္ဟု ျငင္းဆိုခ်က္ ထုတ္ျပန္လိုက္ၿပီး ယင္းသည္ အေမရိကန္ ျပည္တြင္း ကိစၥသာ ျဖစ္သည္ဟု ဆိုသည္။ထို႔ျပင္ ကုလဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး လင္ဒါ ဂရင္းဖီး၏ ေျပာဆိုခဲ့မႈအားလည္း ျပင္းထန္းစြာ ကန႔္ကြက္သည္ဟုလည္း ပါရွိလာသည္။ဤသည္ကလည္း မိုးႀကိဳး ကို ထန္းရြက္ႏွင့္ ကာရန္ ႀကိဳးစားမႈထက္ မပိုေသာ လုပ္ရပ္မ်ိဳးပင္ ျဖစ္သည္။ထိုင္းဘုရင္ ရဲတပ္ဖြဲ႕ ေျပာခြင့္ရ ပုဂၢိဳလ္မွ နယူးေယာက္ရွိ ျမန္မာ သံအမတ္ႀကီးအား လုပ္ႀကံရန္ ႀကံစည္ခဲ့မႈ တြင္ မိမိတို႔ နိုင္ငံရွိ ဆက္စပ္ သံသယရွိသူ အား စုံစမ္းေပးရန္ အေမရိကန္ ဖက္က ဆက္သြယ္လာျခင္း မရွိေသးဟု သိရသည္။အေမရိကန္ကဲ့သို႔ေသာ နိုင္ငံႀကီးတြင္ စီးကရက္ပင္ တရားဝင္ ဝယ္ခြင့္ မရေသးသည့္ ခ်ာတိတ္တဦးက နိုင္ငံကိုယ္စားျပဳ သံအမတ္ႀကီးကို သတ္ျဖတ္ရန္ ႀကံစည္ခဲ့မႈ အတြက္လည္း လူေျပာမ်ားေနသည္။ကမၻာအလယ္တြင္ ၎တို႔အား တရားဝင္ ေထာက္ခံသည့္ နိုင္ငံဟူ၍ လက္ငါးေခ်ာင္း ျပည့္ေအာင္ပင္ ရည္တြက္၍ မရ ျဖစ္ေနခ်ိန္တြင္ ထိုသို႔ေသာ သတင္းမ်ိဳး ထြက္ေပၚလာသည့္ အတြက္ အာဏာသိမ္း အဖြဲ႕အဖို႔ အနိမ့္ဆုံး အဆင့္သို႔ ထပ္၍ ထိုးက်သြားရျခင္းပင္ ျဖစ္သည္။၎တို႔၏ ညဏ္ပညာ နည္းမႈေၾကာင့္ ဦးေက်ာ္မိုးထြန္းသည္ လာမည့္ႏွစ္အတြက္ ျမန္မာ သံအမတ္ႀကီး အျဖစ္ ဆက္လက္တည္ရွိေနရန္ ေသခ်ာသည္ထက္ ေသခ်ာသြားရၿပီ ျဖစ္သည္။မည္သို႔ပင္ ျဖစ္ေစ ညဏ္ပညာ နည္းသူမ်ားသည္ခန႔္မွန္းတြက္ဆရန္ ခက္ခဲလွသျဖင့္ အႏၲရာယ္ အရွိဆုံးလည္း ျဖစ္သည္။

(၂)
ကမၻာ စားနပ္ရိကၡာ အဖြဲ႕ႀကီးမွ လာမည့္ ၆ လ ကာလအတြင္း ျမန္မာျပည္သူမ်ားအား ကူညီ ေထာက္ပံ့ရန္လ်ာထားထားသည့္ ေဒၚလာ ၈၆ သန္း အနက္ ၃၀% သာ လက္ခံရရွိေသး၍ အခက္အခဲမ်ား ျဖစ္လာေနသည္ဟု ထုတ္ေဖၚ ေျပာဆိုလာခဲ့သည္။အာဏာသိမ္းခဲ့မႈေၾကာင့္ နိုင္ငံအတြင္း အလုပ္အကိုင္ ဆုံးရႈံးမႈမ်ား၊ အစားအေသာက္ ႏွင့္ ေလာင္စာဆီေဈးႏႈန္းမ်ား ႀကီးျမင့္လာေနမႈ၊ နိုင္ငံေရး မတည္ၿငိမ္မႈ၊ အၾကမ္းဖက္မႈမ်ားေၾကာင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ရမႉ မ်ားအျပင္ ကိုဗစ္-၁၉ အႀကီးအက်ယ္ ကူးစက္ပ်ံ႕ႏွံ့လာေနသည့္ အႏၲရာယ္ႀကီးႏွင့္ လည္း ထပ္မံၾကဳံေတြ႕လာၾကရသည္။ရန္ကုန္ ရွိ က်ဳးေက်ာ္ရပ္ကြက္မ်ားတြင္ ေနထိုင္သူ ၉၀% ခန႔္သည္ ဝမ္းေရး အတြက္ ပိုင္ဆိုင္သမၽွအား ေပါင္ႏွံ ေရာင္းခ်ကာ ေျဖရွင္းေနရသည္ဟု ကမၻာစားနပ္ရိကၡာအဖြဲ႕၏ ဌာေန ကိုယ္စားလွယ္ စတီဖင္ အန္ဒါဆန္က ဆိုသည္။

ယခု အခ်ိန္ထိ နိုင္ငံတြင္းရွိ ၁.၂၅ သန္း ရွိ လူမ်ားသည္ ကမၻာစားနပ္ရိကၡာ အဖြဲ႕ႀကီးမွ ေထာက္ပံ့ေသာ စားနပ္ရိကၡာ၊ ေငြေၾကး ႏွင့္ အဟာရ မ်ားကို လက္ခံရရွိခဲ့ၿပီး ျဖစ္သည္ဟု သိရသည္။အိႏၵိယ အစိုးရ က ျမန္မာျပည္တြင္ စစ္တပ္ အာဏာသိမ္းၿပီး ေနာက္ပိုင္း ဝင္ေရာက္ ခိုလႉံလာသူေပါင္း ၈,၄၈၆ ဦးအား လက္ခံထားရၿပီ ျဖစ္သည္ဟု ပါလီမန္သို႔ တရားဝင္အသိေပးလိုက္ၿပီ ျဖစ္သည္၊ ယင္းသည္ မျဖစ္မေန ဒုကၡေရာက္ေနၾက၍ လက္သင့္ခံထားရျခင္း ျဖစ္ၿပီး ျပန္၍ ႏွင္လႊတ္ခဲ့ရသူ ၅,၇၉၆ ဦး ရွိခဲ့သည္ဟု ဆိုသည္။မင္းေအာင္လွိုင္ ႏွင့္ အဖြဲ႕က ျပည္တြင္း တြင္သာ မဟုတ္ အိမ္နီးခ်င္း နိုင္ငံမ်ားပါ ဒုကၡေပးလာေနၿပီျဖစ္သည္၊ ၎တို႔ေၾကာင့္ ထိုသို႔ ထြက္ေျပးခဲ့ရသူမ်ားကို သူပုန္မ်ား၏ မိသားစုမ်ားဟု လက္လြတ္စပယ္ေျပာဆိုခဲ့သည့္ အစဥ္အလာမ်ားကလည္း ရွိၿပီး ျဖစ္သည္။လာမည့္ ဩဂုတ္လကုန္ပိုင္းတြင္ ရခိုင္ျပည္နယ္ အတြင္း ရိုဟင္ဂ်ာ မ်ား အေပၚ သတ္ျဖတ္ ႏွင္ထုတ္ခဲ့သည့္ ေလးႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ႀကီးက စစ္အာဏာရွင္မ်ားကို ေျခာက္လွန႔္လာေတာ့မည္လည္း ျဖစ္သည္။

ဘိုင္ဒင္ အစိုးရ အဖြဲ႕အား ေနာက္ေနာင္ တြင္ အျခားနိုင္ငံမ်ားမွ ထိုကဲ့သို႔လက္လြတ္စပယ္ က်ဴးလြန္နိုင္ျခင္း မရွိေအာင္ ဟန႔္တားသည့္ အေနျဖင့္ ျမန္မာစစ္ေခါင္းေဆာင္မ်ား ကို ဂ်ီနိုဆိုက္ မႈ က်ဴးလြန္သည္ဟု ကင္ပြန္းတပ္ေပးရန္ ေတာင္းဆိုေနၾကၿပီ ျဖစ္သည္။၎တို႔ အား နိုင္ငံေတာ္ အတိုင္ပင္ခံ၏ မ်က္ႏွာေၾကာင့္ ယခင္ ကေလးလက္ေဝွအိတ္ကေလး kid gloves ျဖင့္ သာ ထိုးေနျခင္း ျဖစ္သည္ကို ေက်းဇူးတင္ရေကာင္းမွန္းမသိ၊ ယခုအခါ သံမဏိ လက္အိပ္ ျဖင့္ ထိုးႏွက္လာ‌‌ ေပေတာ့မည္၊ ကာကြယ္ဖို႔ကလည္း ဝ႑ေမာင္လြင္ လို လူမ်ိဳးကိုသာ အားကိုးရေတာ့မည္ ဟူေသာ အေတြးကလည္း ၎တို႔ အဖို႔ မည္သို႔မ် စိတ္သက္သာစရာ ရနိုင္ဖို႔ အေၾကာင္းမျမင္ေပ။တကယ္တမ္းတြင္ ထိုသို႔ လိမ္ညာဖုန္းကြယ္မႈမ်ား ေနာက္တြင္ ပုန္းလ်ိဳးေနသည့္ ဣသာ မစၧိယစိတ္ကို အတိုင္းသား ျမင္ေနရသည္၊ ထိုသို႔ စိတ္ထဲတြင္ တႏုံ႔ႏုံ႔ ျဖစ္လာေနမႈသည္ ထုႏွင့္ထည္ႏွင့္ ျဖစ္လာၿပီး မေကာင္းဆိုးဝါးႀကီး ျဖစ္ရန္ တာစူ လာသည္၊‌ ေနာက္ဆုံးတြင္ ထိုမေကာင္းဆိုးဝါးႀကီးက လူသားကို အနိုင္ယူ ဝါးၿမိဳသြားခဲ့ျခင္းပင္ ျဖစ္၍ သံေဝဂ ယူစရာ ေကာင္းလွေပသည္။

(၃)
အာဆီယံ အထူး သံတမန္မွ နိုင္ငံတြင္း ၎ေတြ႕သင့္သည့္ လူအားလုံး ကို ေတြ႕ဆုံခြင့္ ေပးရမည္ဟု တင္းတင္းမာမာ ေတာင္းဆိုလာေနခ်ိန္တြင္ အာဏာသိမ္းအဖြဲ႕မွ ၎တို႔၏ တရား႐ုံးတြင္ ဖမ္းဆီးခံထားရေသာနိုင္ငံေတာ္ အတိုင္ပင္ခံ အတြက္ ခုခံေလၽွာက္လွဲေပးေနသည့္ ဥပေဒ အက်ိဳးေဆာင္ ငါးဦးအား မီဒီယာမ်ားႏွင့္ ေတြ႕ဆုံ ေျပာဆိုျခင္း မျပဳရန္ လက္မွတ္ထိုးခိုင္းသည္ဟု သိရသည္။ဤသည္ကို ၾကည့္ျခင္းအားျဖင့္ အာဆီယံ ကိုယ္စားလွယ္၏ ေတာင္းဆိုခ်က္ကို လိုက္ေလ်ာမည့္ အလားအလာမ်ား မေတြ႕ရေပ၊ ျမန္မာအေရး ႏွင့္ ပတ္သက္၍ ေဝဖန္မႈမ်ားအျပင္းအထန္ ခံေနရေသာ အာဆီယံ အဖြဲ႕ႀကီးသည္ ပါးနပ္စြာျဖင့္ အာဏာသိမ္းအဖြဲ႕ကို လက္ညိဳးထိုးလိုက္ျခင္းပင္ ျဖစ္သည္။

(၄)
မႏၲေလး အိုးဘိုေထာင္ထဲတြင္ မိမိတို႔ ယုံၾကည္ခ်က္ေၾကာင့္ အက်ဥ္းခ်ထားျခင္း ခံေနရသည့္ လူ ၄၀ ခန႔္သည္ ရွစ္ေလးလုံး အေရးေတာ္ပုံႀကီး အထိမ္းအမွတ္ အျဖစ္ အသံနက္ႀကီးမ်ားျဖင့္ ေသြးသစၥာ သီခ်င္းကို က်ယ္ေလာင္စြာ သီဆိုေနၾကသံမ်ား ထြက္ေပၚလာခဲ့သည္ကို ၿမိဳ႕သူ ၿမိဳ႕သားမ်ား အတိုင္းသား ၾကားေနခဲ့ၾကရသည္ဟု ဆိုသည္။ကယား ႏွင့္ ကခ်င္ျပည္နယ္ မ်ားတြင္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ား ႏွင့္ တိုက္ပြဲမ်ား ဆက္တိုက္ဆိုသလို ျဖစ္ပြားလာခဲ့ရာ အာဏာသိမ္းတပ္မ်ားဖက္မွ အက်အဆုံး မ်ားလာသည္ႏွင့္ အမၽွ လက္စားေခ်သည့္ အေနျဖင့္ အရပ္ဖက္ ျပစ္မွတ္မ်ားကို လက္နက္ႀကီးမ်ားျဖင့္ တမင္တကာ ခ်ိန္ရြယ္ပစ္ခတ္လက္တုန႔္ျပန္လာေနၾကသည္။ စစ္ေကာင္စီသည္ ဂ်နီဗာ ကြန္ဗင္းရွင္းကို တစထက္ တစ ခ်ိဳးေဖာက္လာေနၿပီ ျဖစ္သည္။
အေရးေတာ္ပုံ ေအာင္ရမည္!!!
Hla Soewai