ၾကားသိသမွ်

ကန်ပိုင်တီနယ်စပ်တွင် မြန်မာဘက်သို့ အသိပေးခြင်းမရှိဘဲ တရုတ်နိုင်ငံက ခြံစည်းရိုးခတ်

ကန်ပိုင်တီနယ်စပ်တွင် မြန်မာဘက်သို့ အသိပေးခြင်းမရှိဘဲ တရုတ်နိုင်ငံက ခြံစည်းရိုးခတ်

ကန်ပိုက်တီ – ဩဂုတ် ၇၊ ၂၀၂၁။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့နယ် မြန်မာ-တရုတ်နယ်စပ်တွင် တရုတ်နိုင်ငံက မြန်မာအာဏာပိုင်များကို အသိပေးခြင်း

မရှိဘဲ ပေ(၂၀) ခန့်မြင့်မားသည့် နယ်စပ်ခြံစည်းရိုးခတ်လိုက်ကြောင်း သိရသည်။

ကန်ပိုင်တီပြည်သူ့စစ်အဖွဲ့မှ မြို့နယ်အုပ်ချုပ်ရေးမှူးကို အသိပေးမှုကြောင့် သွားရောက်စစ်ဆေးကြည့်ရာ ခြံစည်းရိုးခတ်ထားသည်ကို မြင်

တွေ့ခဲ့ရကြောင်း အမည်မဖော်လိုသော သတင်းအရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

“ဟိုတစ်နေ့တုန်းက မြို့နယ်အုပ်ချုပ်ရေးမှူးလည်းသွားကြည့်သေးတယ်။ လူသွားလို့ရတဲ့နေရာတွေအားလုံးကာထားတာ။ အုတ်တံတိုင်း

တစ်ဝက်နဲ့ သံပန်းသံတိုင်တွေနဲ့ စပယ်ရှယ် ခြံစည်းရိုး ခတ်ထားတာ ကိုယ်တိုင်တွေ့တယ်။ တော်တော်မြင့်တယ် တော်တော်ရှည်တယ်” ဟု

ပြောသည်။တရုတ်နိုင်ငံဘက်မှ ခတ်လိုက်သော ခြံစည်းရိုးသည် နယ်ခြားမှတ်တိုင် အမှတ်(၄)မှ အမှတ်(၃)ဘက်သို့ ပေ ၅၀၀ ခန့်ရှည့်လျား

ပြီး အမြင့်ပေ ၂၀ ခန့်ရှိသော ပလိပ်ဓါးအပါ သံဆူးကြိုးခွေပတ်ထားသည့် ခြံစည်းရိုးဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းပြင်းထန်လာသည့်အတွက် တရုတ်နိုင်ငံဘက်သို့ တရားမဝင် ခိုးဝင်သူမရှိစေရန်နှင့် ကိုဗစ် ၁၉ ရောဂါ

ကြိုတင်ကာကွယ်ရန်အတွက် ဇူလိုင်လ ၂၃ ရက်နေ့ကတည်းက စတင်ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံသို့ အသိပေးခြင်းမရှိဘဲ နယ်စပ်ခြံစည်းရိုး ဆောက်လုပ်ခဲ့မှုကို ဖျက်သိမ်းပေးရန် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ကန်

ပိုင်တီအုပ်ချုပ်ရေးမှုးရုံးစာအရ သိရသည်။

Zawgyi

ကန္ပိုင္တီနယ္စပ္တြင္ ျမန္မာဘက္သို႔ အသိေပးျခင္းမရွိဘဲ တ႐ုတ္နိုင္ငံက ၿခံစည္းရိုးခတ္
ကန္ပိုက္တီ – ဩဂုတ္ ၇၊ ၂၀၂၁။
ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ကန္ပိုက္တီၿမိဳ႕နယ္ ျမန္မာ-တ႐ုတ္နယ္စပ္တြင္ တ႐ုတ္နိုင္ငံက ျမန္မာအာဏာပိုင္မ်ားကို အသိေပးျခင္းမရွိဘဲ ေပ(၂၀) ခန႔္ျမင့္မားသည့္ နယ္စပ္ၿခံစည္းရိုးခတ္လိုက္ေၾကာင္း သိရသည္။ကန္ပိုင္တီျပည္သူ႔စစ္အဖြဲ႕မွ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကို အသိေပးမႈေၾကာင့္ သြားေရာက္စစ္ေဆးၾကည့္ရာ ၿခံစည္းရိုးခတ္ထားသည္ကို ျမင္ေတြ႕ခဲ့ရေၾကာင္း အမည္မေဖာ္လိုေသာ သတင္းအရင္းျမစ္တစ္ဦးက The 74 Media ကို ေျပာသည္။

“ဟိုတစ္ေန႔တုန္းက ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးလည္းသြားၾကည့္ေသးတယ္။ လူသြားလို႔ရတဲ့ေနရာေတြအားလုံးကာထားတာ။ အုတ္တံတိုင္းတစ္ဝက္နဲ႔ သံပန္းသံတိုင္ေတြနဲ႔ စပယ္ရွယ္ ၿခံစည္းရိုး ခတ္ထားတာ ကိုယ္တိုင္ေတြ႕တယ္။ ေတာ္ေတာ္ျမင့္တယ္ ေတာ္ေတာ္ရွည္တယ္” ဟု ေျပာသည္။

တ႐ုတ္နိုင္ငံဘက္မွ ခတ္လိုက္ေသာ ၿခံစည္းရိုးသည္ နယ္ျခားမွတ္တိုင္ အမွတ္(၄)မွ အမွတ္(၃)ဘက္သို႔ ေပ ၅၀၀ ခန႔္ရွည့္လ်ားၿပီး အျမင့္ေပ ၂၀ ခန႔္ရွိေသာ ပလိပ္ဓါးအပါ သံဆူးႀကိဳးေခြပတ္ထားသည့္ ၿခံစည္းရိုးျဖစ္ေၾကာင္းသိရသည္။
ျမန္မာနိုင္ငံတြင္ ကိုဗစ္တတိယလွိုင္းျပင္းထန္လာသည့္အတြက္ တ႐ုတ္နိုင္ငံဘက္သို႔ တရားမဝင္ ခိုးဝင္သူမရွိေစရန္ႏွင့္ ကိုဗစ္ ၁၉ ေရာဂါႀကိဳတင္ကာကြယ္ရန္အတြက္ ဇူလိုင္လ ၂၃ ရက္ေန႔ကတည္းက စတင္ေဆာက္လုပ္ခဲ့ေၾကာင္း သိရသည္။
ထိုကဲ့သို႔ ျမန္မာနိုင္ငံသို႔ အသိေပးျခင္းမရွိဘဲ နယ္စပ္ၿခံစည္းရိုး ေဆာက္လုပ္ခဲ့မႈကို ဖ်က္သိမ္းေပးရန္ ကန႔္ကြက္သြားမည္ျဖစ္ေၾကာင္း ကန္ပိုင္တီအုပ္ခ်ဳပ္ေရးမႈး႐ုံးစာအရ သိရသည္။