ၾကားသိသမွ်
ယုတ်မာခြင်း၊ ကောက်ကျစ်ခြင်းတို့ဖြင့်ကမ္ဘာကြီးကို သူငယ်တန်းအသိနဲ့ လိမ်ဖို့အားထုတ်နေသော မအလ
ဦးကျော်မိုးထွန်းကို ကြေးစားငှား လုပ်ကြံဖို့ ကြိုးစားသတဲ့။ အော်၊ ဦးကိုနီတုန်းကလည်း ဒီကောင်တွေပါပဲ
ဒီ မအလတို့အုပ်စုကို အနိုင်ပေးလို့ မရဘူးဒီကောင်တွေနဲ့ပတ်သက်ပြီး အံ့အံ့ဩဩ ဖြစ်ရတာက ဘယ်လိုမှ စဉ်းစားမရနိုင်တဲ့ ယုတ်မာခြင်း၊
ကောက်ကျစ်ခြင်း၊ လူမဆန်ခြင်း၊ သိက္ခာမရှိခြင်း၊ အရှက်ကင်းမဲ့ခြင်း၊ စတာတွေမကုန်နိုင်အောင် ရှိနေတာပဲ။ CNN သတင်းထောက်ပြောခဲ့
တာ မှတ်မိလား၊ ဒီလို အသိဉာဏ်ကင်းမဲ့မှုမျိုး မတွေ့ရတာ ကြာပြီဆိုတာလေ။ အဲဒါ တကယ်ဗျ။ ကမ္ဘာကြီးကိုသူငယ်တန်းအသိနဲ့ လိမ်ဖို့
အားထုတ်နေတာမြသွဲ့သွဲ့ခိုင်ကို ချိန်ပစ်တာ လူတိုင်း မြင်လိုက်တာကို ခေါင်းထဲမှာ အမျိုးအမည်မသိ သတ္တုစ ရောက်နေသတဲ့။ သူ့ဘာသာ
သူ သွားနေတဲ့ဆိုင်ကယ်ကို လှမ်းပစ်တာ တကမ္ဘာလုံးမြင်တယ်၊ သူတို့တပ်က ဇော်မဲလုံး မသိဘူးတဲ့။ ယူနီဖောင်းတွေ ဖောင်းဒိုင်းခံရတော့
အရပ်ဝတ်ပြောင်း ယုတ်မာတာ၊ ညကင်းစောင့်တော့ အလကားနေရင်း မျက်နှာကို တေ့ပစ်တာ၊ညခေါ်ပြီး မနက် အလောင်းလာထုတ်ခိုင်း
တာ၊ ရောဂါနဲ့သေတာလို့ လက်မှတ်မထိုးရင် ထုတ်မပေးတာ၊ ပြန်လာကြပါတကြော်ကြော် မီဒီယာကအော်ပြီး တဖက်မှာ ဖမ်းဆီးမှုတွေ
တရကြမ်း လုပ်နေတာသူတို့ဟာ ရပ်တန့်မှာ မဟုတ်ဘူး။ ခင်ဗျားအခု အိမ်မှာ အေးဆေးနေနိုင်တာ ခင်ဗျားထက် အန္တရာယ်များတယ်လို့ သူ
တို့ ထင်တဲ့သူကို နှိပ်ကွပ် ဖမ်းဆီးနေရလို့ ဖြစ်တယ်။ မကြာခင် ခင်ဗျား အလှည့်လာမှာပါ။ မဖမ်းတောင် ခင်ဗျား ချွေးနည်းစာလေးကို
ညှစ်ယူမယ်။ ယူစရာ တခုမှမရှိရင် လုပ်အားပေးဆိုပြီး ပေါ်တာဆွဲမယ်။ဒီအဖွဲ့အစည်း ဒီမြေပေါ်မှာ အမြစ်အငုတ်မကျန် ပျောက်သွားမှကို ရ
မယ်။ မနက်ဖြန် ၈လေးလုံး တပတ်လည်ပြီ။ အခု phase သည် ၈၈ ကနှိပ်စက်သတ်ဖြတ်တဲ့အဆင့်ပါ။ ဒါကိုသူတို့နိုင်ရင် တရစ်ချင်း တ
မြေ့မြေ့ ပြည်သူကို ချုပ်ကိုင်သွေးစုတ်တဲ့အဆင့်။ အဲဒီအဆင့်က ဒိုင်းကနဲ ပစ်သတ်တာထက်ဆိုးခဲ့တယ်။ ကျွန်တော်ပြောရင် ယုံ
အဲဒီအဆင့်ကို အရောက်ခံပြီး သူတို့ကို အနိုင်ပေးလို့ မရဘူး။ ရှိသမျှ စိတ်အာရုံတွေစိုက်ပါ တော်လှန်ရေးကကို ကူဖို့ဘဲ ကြိုးစားပါ
#Crdသက္ကမိုးညို
Zawgyi
#Crdသက္ကမိုးညို