ၾကားသိသမွ်

နေပြည်တော်တွင် လေကြောင်းရန် ကာကွယ်ရေးအတွက် နိုင်ငံခြားသားများဖြင့် လေကာစနစ်ရေဒါများ စမ်းသပ်

နေပြည်တော် လေကြောင်းရန်စနစ် လုံခြုံရေးအတွက် နိုင်ငံခြားသားများဖြင့် လေကာစနစ်ရေဒါများ စမ်းသပ်မှုများပြုလုပ်နေ

ဩဂုတ် ၆ရက်။

နေပြည်တော်နှင့်အနီးတဝိုက် လေကြောင်းရန်ကာကွယ်ရေးအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်သုံး ရေဒါများဖြင့်

စမ်းသပ်မှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။၎င်းစက်များသည် ဒုံးရော့ကတ်များနှင့် ယှဉ်တွဲအသုံးပြုသော ရေဒါများဖြစ်ကြောင်း သိ

ရသည်။”

ဒီစက်တွေက ပြင်ပလေကြောင်းကဝင်လာမယ့် ဂျက်ဖိုက်တာတို့၊ မောင်းသူမဲ့ဒရုန်းတို့ကို ထောက်လှမ်းတဲ့စက်တွေ။ သူတို့ထိုင်

ထားတဲ့ဘေးပတ်ချာလည် အပေါ်ကို မိုင် ၅ဝနီးပါးထိ ထောက်လှမ်းနိုင်တယ်။ သူ့ချည်းပဲတော့ပစ်ခတ်လို့ မရဘူး။ ပစ်တဲ့ယာဉ်နဲ့ချိတ်ပြီးမှ

ပစ်မှတ်ကိုထောက်လှမ်းပေးတဲ့ စက်မျိုးပေါ့။” ဟု မြန်မာစစ်တပ် စစ်အင်ဂျင်နီယာအရာရှိတဦးက MPA သို့ပြောသည်။

သြဂုတ်လဆန်းပိုင်းမှစတင်၍ နေပြည်တော်အနီးဝန်းကျင် အမြန်လမ်းမကြီးတစ်လျှောက် ရေဒါများတပ်ဆင်ထားသော ယန္တရားများဖြင့်

နိုင်ငံခြားသားများပါဝင်သောအဖွဲ့မှ စမ်းသပ်မှုများ ပြုလုပ်နေကြောင်းသိရသည်။

ယင်းရေဒါစနစ်ယန္တရားများမှာ ရုရှားနိုင်ငံနည်းပညာထုတ် ယန္တရားများဖြစ်ပြီး လေကြောင်းမှ ဝင်ရောက်လာမည့် တိုက်လေယာဉ်၊

ဒရုန်းယာဉ်များအား ထောက်လှမ်းနိုင်သည့်အပြင် တန်ပြန်ပစ်ခတ်နိုင်သည့်နည်းစနစ်ပါဝင်ကြောင်း သိရသည်။

ယင်းရေဒါစနစ်တင်ယာဉ်များမှာ ရုရှားနိုင်ငံမှ ၁၉၇၀ ခုနှစ်ဝန်းကျင်တွင် စတင်ထုတ်လုပ်ခဲ့သည့် ယန္တရားများဖြစ်ပြီး ယခုနှစ် မြန်မာစစ်တပ်

တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား၏ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ယာဉ်တန်းစစ်ကြောင်းများတွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိ

ရသည်။ယခုလအတွင်း ရုရှားနိုင်ငံမှ လေကြောင်းရန်ကာကွယ်ရေးစနစ်အသုံးပြုသည့်ပစ္စည်းများ ထပ်မံ ရောက်ရှိမည်ဟု MPAမှ သိရှိထား

သော်လည်းယခု စမ်းသပ်သောပစ္စည်းများအနေဖြင့် ထပ်မံရောက်ရှိလာမည့် ပစ္စည်းများ ဟုတ်မဟုတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

#Khampattimes #ခမ်းပါတ်တိုင်းမ်
Credit – MPA

Zawgyi

ေနျပည္ေတာ္ ေလေၾကာင္းရန္စနစ္ လုံျခဳံေရးအတြက္ နိုင္ငံျခားသားမ်ားျဖင့္ ေလကာစနစ္ေရဒါမ်ား စမ္းသပ္မႈမ်ားျပဳလုပ္ေန

ဩဂုတ္ ၆ရက္။
ေနျပည္ေတာ္ႏွင့္အနီးတဝိုက္ ေလေၾကာင္းရန္ကာကြယ္ေရးအတြက္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္သုံး ေရဒါမ်ားျဖင့္စမ္းသပ္မႈမ်ားျပဳလုပ္ေနေၾကာင္း သတင္းရရွိသည္။၎စက္မ်ားသည္ ဒုံးေရာ့ကတ္မ်ားႏွင့္ ယွဥ္တြဲအသုံးျပဳေသာ ေရဒါမ်ားျဖစ္ေၾကာင္း သိရသည္။” ဒီစက္ေတြက ျပင္ပေလေၾကာင္းကဝင္လာမယ့္ ဂ်က္ဖိုက္တာတို႔၊ ေမာင္းသူမဲ့ဒ႐ုန္းတို႔ကို ေထာက္လွမ္းတဲ့စက္ေတြ။ သူတို႔ထိုင္ထားတဲ့ေဘးပတ္ခ်ာလည္ အေပၚကို မိုင္ ၅ဝနီးပါးထိ ေထာက္လွမ္းနိုင္တယ္။ သူ႔ခ်ည္းပဲေတာ့ပစ္ခတ္လို႔ မရဘူး။ ပစ္တဲ့ယာဥ္နဲ႔ခ်ိတ္ၿပီးမွ

ပစ္မွတ္ကိုေထာက္လွမ္းေပးတဲ့ စက္မ်ိဳးေပါ့။” ဟု ျမန္မာစစ္တပ္ စစ္အင္ဂ်င္နီယာအရာရွိတဦးက MPA သို႔ေျပာသည္။ၾသဂုတ္လဆန္းပိုင္းမွစတင္၍ ေနျပည္ေတာ္အနီးဝန္းက်င္ အျမန္လမ္းမႀကီးတစ္ေလၽွာက္ ေရဒါမ်ားတပ္ဆင္ထားေသာ ယႏၲရားမ်ားျဖင့္နိုင္ငံျခားသားမ်ားပါဝင္ေသာအဖြဲ႕မွ စမ္းသပ္မႈမ်ား ျပဳလုပ္ေနေၾကာင္းသိရသည္။ယင္းေရဒါစနစ္ယႏၲရားမ်ားမွာ ႐ုရွားနိုင္ငံနည္းပညာထုတ္ ယႏၲရားမ်ားျဖစ္ၿပီး ေလေၾကာင္းမွ ဝင္ေရာက္လာမည့္ တိုက္ေလယာဥ္၊ဒ႐ုန္းယာဥ္မ်ားအား ေထာက္လွမ္းနိုင္သည့္အျပင္ တန္ျပန္ပစ္ခတ္နိုင္သည့္နည္းစနစ္ပါဝင္ေၾကာင္း သိရသည္။

ယင္းေရဒါစနစ္တင္ယာဥ္မ်ားမွာ ႐ုရွားနိုင္ငံမွ ၁၉၇၀ ခုႏွစ္ဝန္းက်င္တြင္ စတင္ထုတ္လုပ္ခဲ့သည့္ ယႏၲရားမ်ားျဖစ္ၿပီး ယခုႏွစ္ ျမန္မာစစ္တပ္တပ္မေတာ္ေန႔စစ္ေရးၿပ အခမ္းအနား၏ ေလေၾကာင္းရန္ကာကြယ္ေရးတပ္ဖြဲ႕ ယာဥ္တန္းစစ္ေၾကာင္းမ်ားတြင္ ထုတ္ေဖာ္ျပသခဲ့ေၾကာင္း သိရသည္။ယခုလအတြင္း ႐ုရွားနိုင္ငံမွ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္အသုံးျပဳသည့္ပစၥည္းမ်ား ထပ္မံ ေရာက္ရွိမည္ဟု MPAမွ သိရွိထားေသာ္လည္းယခု စမ္းသပ္ေသာပစၥည္းမ်ားအေနျဖင့္ ထပ္မံေရာက္ရွိလာမည့္ ပစၥည္းမ်ား ဟုတ္မဟုတ္ကို အတည္ျပဳနိုင္ျခင္း မရွိေသးေပ။

#Khampattimes #ခမ္းပါတ္တိုင္းမ္
Credit – MPA