ၾကားသိသမွ်

NUG အစိုးရ၏ ကုလမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်မည့် မြန်မာ ၂ ဦးကို ဖမ်းမိ၊

NUG အစိုးရ၏ ကုလမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်မည့် မြန်မာ ၂ ဦးကို ဖမ်းမိ၊

ထိုင်းနိုင်ငံမှ လက်နက်ကုန်သည်ပါဝင်ပတ်သက်

ရန်ကုန်၊ ဩဂုတ် ၇

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို

လုပ်ကြံသတ်ဖြတ်ရန်အတွက် ကြိုးစားသည့် မြန်မာ ၂ ဦးဖြစ်သော ဖြိုးဟိန်းထွဋ်နှင့် ရဲဟိန်းဇော်တို့ကို

အမေရိကန်အာဏာပိုင်များက ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း အမေရိကန်ဘက်က တရားဝင်သတင်းထုတ်ပြန်သည်။

အဆိုပါလုပ်ကြံသတ်ဖြတ်ရန် ကြိုးစားသူ မြန်မာ ၂ ဦးကို ဖမ်းဆီးထားမိပြီး အမှုစတင် တရားစွဲဆိုမည်ဖြစ်ကြောင်း

အမေရိကန် တရားရေးဝန်ကြီးဌာန လက်အောက်ခံ နယူးယောက်မြို့ တောင်ပိုင်းခရိုင် ရှေ့နေချုပ်ရုံးက သြဂုတ်လ

၆ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်နေထိုင်သည့်

ဖြိုးဟိန်းထွဋ်နှင့် ရဲဟိန်းဇော်တို့ နှစ်ဦးသည် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံ တိုက်ခိုက်ရန် ဆွေးနွေးခဲ့ပြီး

ထိုင်းနိုင်ငံမှ လက်နက်မှောင်ခို တစ်ဦးကို ဖြိုးဟိန်းထွဋ် က ဆက်သွယ်ခဲ့ကြောင်း၊ ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန်

ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ရဲဟိန်းဇော်က ဖြိုးဟိန်းထွဋ်ကို စရန်ငွေအဖြစ် ဒေါ်လာ လေးထောင် လွှဲပေးခဲ့ပြီး

ဦးကျော်မိုးထွန်းကို သတ်ဖြတ်ပြီးလျှင် ကြေးစားလူမိုက်များကို ထပ်မံ၍ ဒေါ်လာတစ်ထောင် ပေးရန် သဘောတူညီခဲ့ကြောင်း

အမေရိကန်မှ လာသော သတင်းများတွင် ဖော်ပြထားသည်။ ရဲဟိန်းဇော်သည် ထိုင်းမှ လက်နက်ကုန်သည်၏

တောင်းဆိုချက်အရ အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည့် သူ ၂ ဦးအတွက် လေယာဉ်လက်မှတ် ဘိုကင်

ပြုလုပ်ခဲ့ပေးကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ ဖြိုးဟိန်းထွဋ်နှင့် ရဲဟိန်းဇော်တို့ကို

နယူးယောက်ပြည်နယ် White Plains မြို့၊ ခရိုင်တရားရုံးတွင် အမှုတင် တရားစွဲဆိုထားကြောင်း၊ ထောင်ဒဏ် ၅ နှစ်အထိ

ကျခံနိုင်မည့် ပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားသူ ၂ ဦးအနက်မှ ရဲဟိန်းဇော်။

 

Zawgyi

NUG အစိုးရ၏ ကုလျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံသတ္ျဖတ္မည့္ ျမန္မာ ၂ ဦးကို ဖမ္းမိ၊

ထိုင္းနိုင္ငံမွ လက္နက္ကုန္သည္ပါဝင္ပတ္သက္

ရန္ကုန္၊ ဩဂုတ္ ၇

အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ၏ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို
လုပ္ႀကံသတ္ျဖတ္ရန္အတြက္ ႀကိဳးစားသည့္ ျမန္မာ ၂ ဦးျဖစ္ေသာ ၿဖိဳးဟိန္းထြဋ္ႏွင့္ ရဲဟိန္းေဇာ္တို႔ကို
အေမရိကန္အာဏာပိုင္မ်ားက ဖမ္းဆီးရမိထားၿပီျဖစ္ေၾကာင္း အေမရိကန္ဘက္က တရားဝင္သတင္းထုတ္ျပန္သည္။
အဆိုပါလုပ္ႀကံသတ္ျဖတ္ရန္ ႀကိဳးစားသူ ျမန္မာ ၂ ဦးကို ဖမ္းဆီးထားမိၿပီး အမႈစတင္ တရားစြဲဆိုမည္ျဖစ္ေၾကာင္း
အေမရိကန္ တရားေရးဝန္ႀကီးဌာန လက္ေအာက္ခံ နယူးေယာက္ၿမိဳ႕ ေတာင္ပိုင္းခရိုင္ ေရွ႕ေနခ်ဳပ္႐ုံးက ၾသဂုတ္လ
၆ ရက္ေန႔စြဲျဖင့္ ေၾကညာခ်က္ ထုတ္ျပန္သည္။

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ၿမိဳ႕တြင္ေနထိုင္သည့္
ၿဖိဳးဟိန္းထြဋ္ႏွင့္ ရဲဟိန္းေဇာ္တို႔ ႏွစ္ဦးသည္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံ တိုက္ခိုက္ရန္ ေဆြးေႏြးခဲ့ၿပီး
ထိုင္းနိုင္ငံမွ လက္နက္ေမွာင္ခို တစ္ဦးကို ၿဖိဳးဟိန္းထြဋ္ က ဆက္သြယ္ခဲ့ေၾကာင္း၊ ဦးေက်ာ္မိုးထြန္းကို သတ္ျဖတ္ရန္
ေဆြးေႏြးခဲ့ၾကေၾကာင္း သိရွိရသည္။

ရဲဟိန္းေဇာ္က ၿဖိဳးဟိန္းထြဋ္ကို စရန္ေငြအျဖစ္ ေဒၚလာ ေလးေထာင္ လႊဲေပးခဲ့ၿပီးဦးေက်ာ္မိုးထြန္းကို သတ္ျဖတ္ၿပီးလၽွင္ ေၾကးစားလူမိုက္မ်ားကို ထပ္မံ၍ ေဒၚလာတစ္ေထာင္ ေပးရန္ သေဘာတူညီခဲ့ေၾကာင္းအေမရိကန္မွ လာေသာ သတင္းမ်ားတြင္ ေဖာ္ျပထားသည္။ ရဲဟိန္းေဇာ္သည္ ထိုင္းမွ လက္နက္ကုန္သည္၏
ေတာင္းဆိုခ်က္အရ အေမရိကန္ျပည္ေထာင္စုသို႔ လာေရာက္မည့္ သူ ၂ ဦးအတြက္ ေလယာဥ္လက္မွတ္ ဘိုကင္
ျပဳလုပ္ခဲ့ေပးေၾကာင္း သတင္းမ်ားတြင္ ေရးသားေဖာ္ျပထားသည္။ ၿဖိဳးဟိန္းထြဋ္ႏွင့္ ရဲဟိန္းေဇာ္တို႔ကို
နယူးေယာက္ျပည္နယ္ White Plains ၿမိဳ႕၊ ခရိုင္တရား႐ုံးတြင္ အမႈတင္ တရားစြဲဆိုထားေၾကာင္း၊ ေထာင္ဒဏ္ ၅ ႏွစ္အထိ
က်ခံနိုင္မည့္ ပုဒ္မမ်ားျဖင့္ တရားစြဲဆိုထားေၾကာင္း သိရွိရသည္။