ရွှေတြိဂံရောက်မြန်မာများဆန္ဒပြမှု- တောင်ခြေကွာရန်တင်းစင်တာက လူတစ်ထောင်နီးပါး ဈေးသစ်ကဆန္ဒပြသူတွေဆီ ပူးပေါင်း
မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံနယ်စပ် ရွှေတြိဂံဒေသက လာအိုအပိုင် ဘိုကျောက်ခရိုင်ထဲက ကွာရန်တင်းစင်တာတွေမှာ လနဲ့ချီ
အသွားအလာကန့်သတ်ခံထားရတဲ့ မြန်မာလုပ်သားတွေဟာ ဒီနေ့ သြဂုတ်လ ၆ ရက်နေ့လည်ပိုင်းက စလို့ ဆန္ဒပြနေကြပါတယ်။
တရုတ်ကုမ္ပဏီတစ်ခု လုပ်ပိုင်ခွင့်ရထားတဲ့ အဲဒီနယ်ထဲက ဈေးသစ်ဆိုတဲ့နေရာမှာဖွင့်ထားတဲ့ ၆ ထပ်အဆောင်အအုံ ကွာရန်တင်း
စင်တာက မြန်မာတွေဆီ မြန်မာ(ရခိုင်)ရွာကြီးရဲ့ မလှမ်းမကမ်း တောင်ခြေမှာဖွင့်ထားတဲ့ ကွာရန်တင်းစင်တာက နောက်ထပ်မြန်မာ
တစ်ထောင်နီးပါး သွားရောက် ပူးပေါင်းနေတယ်လို့ သိရပါတယ်။
လနဲ့ချီပြီး ကွာရန်တင်းနေရလို့ ဝင်ငွေမရှိဘဲ အစားအသောက်ချို့တဲ့နေတဲ့ ၆ ထပ် ကွာရန်တင်းစင်တာက ရာနဲ့ချီတဲ့မြန်မာတွေက
ဒီနေ့လည်ပိုင်းမှာ စင်တာကို ထမင်းပို့တာနောက်ကျလို့ ဆန္ဒထွက်ပြကြတာပါ။
အခုတော့ တောင်ခြေကွာရန်တင်းစင်တာက ကလေး၊ လူကြီး အကုန် လူတစ်ထောင်နီးပါးဟာ အထုပ်အပိုးတွေနဲ့အတူ ဈေးသစ်ဘက်ကို
သွားနေကြပါတယ်။ပိုးတွေ့တယ်ဆိုပြီး ကွာရန်တင်းစင်တာမှာ လနဲ့ချီနေထိုင်နေရတဲ့မြန်မာတွေဟာ အစားအသောက်ရဖို့ ခက်ခဲနေသလို
စင်တာမှာကျွေးတဲ့ ထမင်းဟင်းကလည်း ထမင်းဖြူနဲ့ ဂေါ်ဖီရေလုံပြုတ်ဟင်းသာ များတဲ့အပြင် နေရထိုင်ရ ခက်ခဲနေတယ်ဆိုပြီး ဘီဘီစီကို
ပြောပြထားပါတယ်။
အများစုက နေရပ်ပြန်လိုကြပေမဲ့ လနဲ့ချီကျူဝင်နေရလို့ ဝင်ငွေမရှိတဲ့အပြင် ပြန်ဖို့ ခက်ခဲနေကြတယ်လို့လည်း အဲဒီက
မြန်မာလုပ်သားတွေက ပြောကြပါတယ်။
Source; BBC Burma
Zawgyi
ေရႊႀတိဂံေရာက္ျမန္မာမ်ားဆႏၵျပမႈ- ေတာင္ေျခကြာရန္တင္းစင္တာက လူတစ္ေထာင္နီးပါး ေဈးသစ္ကဆႏၵျပသူေတြဆီ ပူးေပါင္းျမန္မာ၊ ထိုင္း၊ လာအို ၃ နိုင္ငံနယ္စပ္ ေရႊႀတိဂံေဒသက လာအိုအပိုင္ ဘိုေက်ာက္ခရိုင္ထဲက ကြာရန္တင္းစင္တာေတြမွာ လနဲ႔ခ်ီအသြားအလာကန႔္သတ္ခံထားရတဲ့ ျမန္မာလုပ္သားေတြဟာ ဒီေန႔ ၾသဂုတ္လ ၆ ရက္ေန႔လည္ပိုင္းက စလို႔ ဆႏၵျပေနၾကပါတယ္။
တ႐ုတ္ကုမၸဏီတစ္ခု လုပ္ပိုင္ခြင့္ရထားတဲ့ အဲဒီနယ္ထဲက ေဈးသစ္ဆိုတဲ့ေနရာမွာဖြင့္ထားတဲ့ ၆ ထပ္အေဆာင္အအုံ ကြာရန္တင္းစင္တာက ျမန္မာေတြဆီ ျမန္မာ(ရခိုင္)ရြာႀကီးရဲ့ မလွမ္းမကမ္း ေတာင္ေျခမွာဖြင့္ထားတဲ့ ကြာရန္တင္းစင္တာက ေနာက္ထပ္ျမန္မာတစ္ေထာင္နီးပါး သြားေရာက္ ပူးေပါင္းေနတယ္လို႔ သိရပါတယ္။
လနဲ႔ခ်ီၿပီး ကြာရန္တင္းေနရလို႔ ဝင္ေငြမရွိဘဲ အစားအေသာက္ခ်ိဳ႕တဲ့ေနတဲ့ ၆ ထပ္ ကြာရန္တင္းစင္တာက ရာနဲ႔ခ်ီတဲ့ျမန္မာေတြကဒီေန႔လည္ပိုင္းမွာ စင္တာကို ထမင္းပို႔တာေနာက္က်လို႔ ဆႏၵထြက္ျပၾကတာပါ။အခုေတာ့ ေတာင္ေျခကြာရန္တင္းစင္တာက ကေလး၊ လူႀကီး အကုန္ လူတစ္ေထာင္နီးပါးဟာ အထုပ္အပိုးေတြနဲ႔အတူ ေဈးသစ္ဘက္ကိုသြားေနၾကပါတယ္။ပိုးေတြ႕တယ္ဆိုၿပီး ကြာရန္တင္းစင္တာမွာ လနဲ႔ခ်ီေနထိုင္ေနရတဲ့ျမန္မာေတြဟာ အစားအေသာက္ရဖို႔ ခက္ခဲေနသလိုစင္တာမွာေကၽြးတဲ့ ထမင္းဟင္းကလည္း ထမင္းျဖဴနဲ႔ ေဂၚဖီေရလုံျပဳတ္ဟင္းသာ မ်ားတဲ့အျပင္ ေနရထိုင္ရ ခက္ခဲေနတယ္ဆိုၿပီး ဘီဘီစီကိုေျပာျပထားပါတယ္။
အမ်ားစုက ေနရပ္ျပန္လိုၾကေပမဲ့ လနဲ႔ခ်ီက်ဴဝင္ေနရလို႔ ဝင္ေငြမရွိတဲ့အျပင္ ျပန္ဖို႔ ခက္ခဲေနၾကတယ္လို႔လည္း အဲဒီကျမန္မာလုပ္သားေတြက ေျပာၾကပါတယ္။
Source; BBC Burma