ဧရာဝတီတိုင်း ဇလွန်မြို့က မြင့်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းဟာ အသင်းရဲ့ လူမှုကူညီရေးလုပ်ငန်းတွေအပေါ်
စစ်ကောင်စီရဲ့ ဖိအားပေးတာတွေ များလာတာကြောင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ပြီလို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ကိုဗစ်-၁၉ ကူညီကယ်ဆယ်ရေးတွေကို ကန့်သတ်တာ၊ လူနာနဲ့ အသေအပျောက်သတင်းတွေကို ထိန်ချန်ခိုင်းတာတွေ
လုပ်တာကြောင့် အခုလို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်တာလို့ အသင်းဝင်တစ်ဦးက ပြောပါတယ်။
“အသင်းလုပ်ငန်းတွေကို ဖိအားပေးတာတွေ များလာလို့ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေကို ဒီနေ့ကစပြီး အပြီးတိုင် ရက်အကန့်သတ်မရှိ ရပ်နားလိုက်တာပါ။
ရန်ကုန်က စေတနာ့ဝန်ထမ်း ကလေးတွေကိုလည်း ပြန်လွှတ်လိုက်ပါပြီ။ ဘယ်လိုမှသည်းမခံနိုင်တော့လို့ ရပ်နားလိုက်ရတာပါ။ ပြည်သူတွေအတွက်
ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်မလုပ်နိုင်တဲ့အတွက်လည်း အနူးအညွှတ်တောင်းပန်ပါတယ်”လို့ ပြောပါတယ်။
မြင့်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းဟာ လူငယ်တွေ လုပ်ကိုင်ကြတာဖြစ်ပြီး ယာဉ်မတော်တဆမှုတွေအပါအဝင် သဘာဝဘေးအန္တရာယ်နဲ့
ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်း တွေမှာ ဇလွန်မြို့မှာ အားထားရတဲ့ အသင်းအဖွဲ့တခုဖြစ်လို့ အခုလိုအသင်းလုပ်ငန်းတွေ ရပ်နားသွားတာဟာ
မြို့အတွက်ဆုံးရှုံးမှု တစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။အသင်းအဖွဲ့မှတ်ပုံတင်အမှတ် ၆/ဇလွန်/၀၀၇ နဲ့ ပြည်သူ့အကျိုးဆောင်ရွက်နေတဲ့
အသင်းရဲ့ လုပ်ငန်းတွေရပ်နားလိုက်လို့ အသင်းလိုင်စင်ဖျက်သိမ်းပါကလည်း ပြန်လည်အပ်နှံသွားမယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းက မြို့နယ်တွေမှာရှိတဲ့ တချို့ လူမှုကူညီရေးပရဟိအဖွဲ့ရုံးတွေကို စစ်ကောင်စီတပ်တွေက
ဝင်ရောက်စီးနင်းခံရတာတွေရှိသလို စစ်ကောင်စီရဲ့ဖိအားတွေကြောင့် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားလိုက်ရတဲ့
ပရဟိတအဖွဲ့တွေလည်းများစွာ ရှိနေပါတယ်။
Source; DVB
Zawgyi
ဧရာဝတီတိုင္း ဇလြန္ၿမိဳ႕က ျမင့္ျမတ္ေစတနာလူမႈကယ္ဆယ္ေရးအသင္းဟာ အသင္းရဲ့ လူမႈကူညီေရးလုပ္ငန္းေတြအေပၚ စစ္ေကာင္စီရဲ့ ဖိအားေပးတာေတြ မ်ားလာတာေၾကာင့္ လူမႈကယ္ဆယ္ေရးလုပ္ငန္းေတြကို ရက္အကန႔္အသတ္မရွိ ရပ္နားလိုက္ၿပီလို႔ သိရပါတယ္။အာဏာသိမ္းစစ္ေကာင္စီက ကိုဗစ္-၁၉ ကူညီကယ္ဆယ္ေရးေတြကို ကန႔္သတ္တာ၊ လူနာနဲ႔ အေသအေပ်ာက္သတင္းေတြကို ထိန္ခ်န္ခိုင္းတာေတြ လုပ္တာေၾကာင့္ အခုလို ရက္အကန႔္အသတ္မရွိ ရပ္နားလိုက္တာလို႔ အသင္းဝင္တစ္ဦးက ေျပာပါတယ္။
“အသင္းလုပ္ငန္းေတြကို ဖိအားေပးတာေတြ မ်ားလာလို႔ လူမႈကယ္ဆယ္ေရး လုပ္ငန္းေတြကို ဒီေန႔ကစၿပီး အၿပီးတိုင္ ရက္အကန႔္သတ္မရွိ ရပ္နားလိုက္တာပါ။ ရန္ကုန္က ေစတနာ့ဝန္ထမ္း ကေလးေတြကိုလည္း ျပန္လႊတ္လိုက္ပါၿပီ။ ဘယ္လိုမွသည္းမခံနိုင္ေတာ့လို႔ ရပ္နားလိုက္ရတာပါ။ ျပည္သူေတြအတြက္ ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြ ဆက္မလုပ္နိုင္တဲ့အတြက္လည္း အႏူးအညႊတ္ေတာင္းပန္ပါတယ္”လို႔ ေျပာပါတယ္။
ျမင့္ျမတ္ေစတနာလူမႈကယ္ဆယ္ေရးအသင္းဟာ လူငယ္ေတြ လုပ္ကိုင္ၾကတာျဖစ္ၿပီး ယာဥ္မေတာ္တဆမႈေတြအပါအဝင္ သဘာဝေဘးအႏၲရာယ္နဲ႔ ကိုဗစ္-၁၉ ကာကြယ္ေရးလုပ္ငန္း ေတြမွာ ဇလြန္ၿမိဳ႕မွာ အားထားရတဲ့ အသင္းအဖြဲ႕တခုျဖစ္လို႔ အခုလိုအသင္းလုပ္ငန္းေတြ ရပ္နားသြားတာဟာ ၿမိဳ႕အတြက္ဆုံးရႈံးမႈ တစ္ခုျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။အသင္းအဖြဲ႕မွတ္ပုံတင္အမွတ္ ၆/ဇလြန္/၀၀၇ နဲ႔ ျပည္သူ႔အက်ိဳးေဆာင္ရြက္ေနတဲ့ အသင္းရဲ့ လုပ္ငန္းေတြရပ္နားလိုက္လို႔ အသင္းလိုင္စင္ဖ်က္သိမ္းပါကလည္း ျပန္လည္အပ္ႏွံသြားမယ္လို႔ သိရပါတယ္။
စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း နိုင္ငံတဝန္းက ၿမိဳ႕နယ္ေတြမွာရွိတဲ့ တခ်ိဳ႕ လူမႈကူညီေရးပရဟိအဖြဲ႕႐ုံးေတြကို စစ္ေကာင္စီတပ္ေတြက ဝင္ေရာက္စီးနင္းခံရတာေတြရွိသလို စစ္ေကာင္စီရဲ့ဖိအားေတြေၾကာင့္ လူမႈကူညီကယ္ဆယ္ေရးလုပ္ငန္းေတြ ရပ္နားလိုက္ရတဲ့ ပရဟိတအဖြဲ႕ေတြလည္းမ်ားစြာ ရွိေနပါတယ္။
Source; DVB