ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေနဲ့ပတ်သက်ပြီး ပရိတ်သတ်ကြားချင်နေတဲ့ သတင်းကောင်းလေးကိုပြောပြလာတဲ့ ရှေ့နေများ
မဂ်လာပါ ချစ် ပရိတ်သတ်ကြီးရေအနုပညာရှင်တချို့ မကြာခင်ထပ်မံလွတ်မြောက်ဖို့ရှိတဲ့ အကြောင်းယုံကြည်ရတဲ့ ရှေ့နေအသိုင်
းအဝိုင်းပြောအမှု့ရင်ဆိုင်ဆဲ အချုပ်ကျခံနေရတဲ့ အနုပညာရှင်အချို့မကြာခင်အချိန်အတွင်း ထပ်မံလွတ်မြောက်ဖို့ ကြားနေရတယ်လို့
လက်ရှိ ၅၀၅ က နဲ့အမှုရင်ဆိုင်နေရ သူတွေကို လိုက်ပါကူညီပေးနေတဲ့ယုံကြည်ရတဲ့ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။
လတ်တေလာမှာ အနုပညာရှင်တွေ ခံဝန်ကတိတွေနဲ့ လက်မှတ်ထိုးငွေပေးပြီးပြန်ထွက်နိုင်တယ်ဆိုတဲ့ ဖြစ်ရပ်တွေကအနုပညာ
လောကမှာတကယ်ဖြစ်နေတာမျိုးမရှိဘူးလို့အနုပညာရှင်တွေရဲ့ အမှု့ တွေကိုလိုက်ပါ ကူညီနေတဲ့ ဥပဒေအကြံပေး တစ်ဦးက ပြောပါတယ်။
“ကျွန်တော့်တို့ ကူညီပေးနေတဲ့ အမူသည်တွေဖြစ်တဲ့ ပိုင်တံခွန် ရဲတိုက် ပိုပို လူမင်း အူဝဲ ပြေတီဦးနဲ့တခြား အနုပညာရှင်တွေပါလာမယ်
ကြားထားလို့ မျှော်လင့်မိပါတယ်။မျှော်လင့်လို့ ရတယ်ဆိုပင်မဲ့ အရမ်းတော့ မသေချာသေးပါဘူး။ဒါပေမယ့် အနုပညာရှင်
နှစ်ယောက်လောက် တော့ ပါပါမယ်။နောက်လာမယ့် လွှတ့်ငြိမ်းချမ်းသာ ခွင့်တွေမှာ ထပ်ပါလာမယ်လို့ကြားသိထားပါတယ်”
လို့ရှေ့နေအသိုင်းဝိုင်းကပြောပါတယ်။ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း နိုင်ငံတဝန်း တရားရင်ဆိုင်ဆဲ အကျဉ်းသား ၂ဝဝဝ လောက်ကို
ပြန်လွှတ်ပေးခဲ့တာရှိပေမယ့်နိုင်ငံကျော် အနုပညာရှင် အများစုပါမလာခဲ့ပါဘူး။ပြန်လွှတ်မြောက်လာတာ ဆိုလို့ ၂ ဦး ၃ ဦး လောက်ဘဲ
ရှိပါတယ် ။အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့နေရာမှာ ပထမအဆင့်အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရာမှာပါဝင်ပြီပုဒ်မ
၅ဝ၅ ကနဲ့တရားစွဲဆိုထားသူတွေကို လွှတ်ပေးတာဖြစ်ပါတယ်။ဒုတိယအဆင့်အနေနဲ့ နိုင်ငံကျော်အနုပညာရှင်တွေ ပါဝင်မှာဖြစ်ပြီ
းနောက်ပိုင်းမှာဝန်ထမ်းပိုင်းဆိုင်ရာတွေ ပါဝင်လာနိုင်တယ်လို့ အကျဉ်းဦးစီးဌာနဲ့ နီးစပ်သူတွေ အသိုင်းအဝိုင်းက သိရပါတယ်။
လက်ရှိအချိန်မှာမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သရုပ်ဆောင်အဆိုတော်နဲ့အနုပညာရှင် ၅ဝ ကျော်လောက်ကို
စကစ ကပုဒ်မ ၅ဝ၅ က နဲ့ဖမ်းဝရမ်းထုတ်ထားပြီးမကြာသေးခင်က အနုပညာရှင်တော်တော်များများ ကို ဝရမ်းရုပ်သိမ်းပေးခဲ့ပါတယ်။
လက်ရှိအကျဉ်းထောင်တွေ ထဲမှာဖမ်းဆီးထိန်း သိမ်းခံထားရတဲ့အနုပညာရှင် ၁ဝ ယောက်ထက် မနည်းရှိနေပါတယ် လို့ ပြောသွားပါသေးတယ်။
အခုလိုဝင်ရောက် ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ် ယောက်ချင်းစီတိုင်းကျန်းမာ ပျော်ရွှင် သော
နေ့ရက် များပိုင် ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
crd-original