ၾကားသိသမွ်

မအလနှင့် ဖက်ဆစ်ခေါင်းဆောင်အချို့၏ ပြည်သူအပေါ်အမြင်

မအလနှင့် ဖက်ဆစ်ခေါင်းဆောင်အချို့၏ ပြည်သူအပေါ်အမြင်

ယခုရေးတာတွေဟာ မအလသင်တန်းတွေမှာပြောတာ သူ့ PSO တွေနဲ့ပြောတာ၊ သူ့လက်အောက်က လူအချို့ကို မေးတာတွေကနေ သူ့ရဲ့ မြန်မာပြည်သူတွေအမြင်ကို တင်ပြလိုက်ပါတယ်။ ဒါမှရန်သူကိုသိပြီး ကြိုပြင်နိုင်အောင်ပါ။

ပထမ မအလက မြန်မာပြည်သူတွေကို ကောက်ရိုးမီးလို့ ယူဆပါတယ်။ စိတ်ဆိုးခဏသာဖြစ်ပြီး ပွဲလမ်းသဘင် လုပ်ပေးလိုက်ရင် ကြာရင်မေ့သွားမယ်လို့ ယူဆထားပါတယ်။ ဒါ့ကြောင့်သူက အချိန်ဆွဲပြီး ပြည်သူတွေမေ့လောက်မှ ရွေးကောက်ပွဲကို လိမ်လုပ်ရင် သူနိုင်နိုင်တယ်လို့ တွက်ထားပါတယ်။ သူ့ရဲ့ အထောက်အထားက ၁၉၆၂ နဲ့ ၁၉၈၈ ၊ ၂၀၀၇ တွေပါ။

ဒုတိယက ပြည်သူတွေကို ငတ်အောင်ထားပြီး စားဝတ်နေရေးနဲ့ အလုပ်ရှုတ်နေရင် သူ့ကို မပုန်ကန်နိုင်ဘူးလို့ တွက်ထားပါတယ်။ ကိုဗစ်ရောဂါထချိန်မှာ အုပ်ကြီးသေတာ လျော့သွားတာကို ထောက်ပြလေ့ရှိပါတယ်။

တတိယက မြန်မာလူမျိုးက မေ့လွယ်ကြောင်း ခွင့်လွှတ်တတ်ကြောင်း အမိန့်အရလုပ်တာလို့ပြောရင် လက်စားချေလေ့မရှိကြောင်း သူကပြောလေ့ရှိပါတယ်။ နေဝင်းမြေး၊ ခင်ညွန့်၊ ဘရွှေတို့ကို အာဏာမဲ့ချိန်မှာ မည်သူကမှ လုပ်ကြံမှုမရှိတာကို သူကထောက်ပြလေ့ရှိပါတယ်။

စတုတ္ထအနေနဲ့ သူ့အောက်က ရေချုပ်သမီးကအစ အနောက်နိုင်ငံတွေမှာရှိပြီး အသက်အန္တရာယ်မရှိ လုံခြုံနေတာကိုလဲ ထောက်ပြလေ့ရှိပါတယ်။ စစ်ထောက်ချုပ်သမီး ဂျပန်မှာ ဘာမှအသက်အန္တရာယ်မရှိတာကိုလဲသူက သူတို့တွေက ဘာမှလုပ်မရပါ မပူပါနဲ့ ဂျပန်ကတရားဥပဒေစိုးမိုးပါတယ်ဆိုပြီး ပြောလေ့ရှိပါတယ်။

နောက်ဗျူဟာက ဒီမိုခေါင်းဆောင်တွေကြား သွေးကွဲအောင်လုပ်ဖို့နဲ့ ငွေကြေးကိစ္စနာမည်ဖျက်ဖို့ အချို့ကို ဘာသာခြားဆိုပြီး ခေါင်းစဉ်တပ်သွေးခွဲဖို့ ကြိုးစားဖို့ ညွှန်ကြားထားတာပါ။

ဒီမိုတွေအနေနဲ့ မအလအကြောင်းသိရင် ကြိုတင်ပြင်ဆင်ပြီး အောင်ပွဲဝင်နိုင်လိမ့်မယ်ထင်ပါတယ်။ ဒါ့ကြောင့်စာရေးသူက မအလကို စိန်ခေါ်ရင် ကွီးဖြိုးအသတ်ခံရရင် သူ့သားသမီးနဲ့ မြေးမတွေကို တရားဥပဒေနဲ့အညီ အရေးယူမယ်လို့ ပြောပြထားတာပါ။

မအလနား ကပ်ဖို့က မဖြသ်နိုင်ပေမယ့် သူအာဏာမဲ့ရင် သူးသမီး မြေးမတွေက ကပ်ရလွယ်မှာပါ။ အမိန့်အရဆိုသူများရဲ့ သားသမီးမြေးတွေကိုလဲ အမိန့်အရပေါ့။အချို့ကိစ္စတွေမှာ ရန်သူရဲ့ အားသာချက် အားနည်းချက်ကိုသိရင် တိုက်ပွဲက လွယ်နိုင်ပါတယ်။

Myat tun oo