“အာဆီယံကိုယ္စားလွယ္ ဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔လည္း ေတြ႕ဆုံခြင့္ရမွာ ျဖစ္တယ္လို႔ အင္ဒိုနီးရွားနိုင္ငံက သီးျခားထုတ္ျပန္”
ျမန္မာ့နိုင္ငံအေရးေျဖရွင္းဖို႔အတြက္ အာဆီယံအလွည့္ က် ဥကၠဌအျဖစ္ ေဆာင္ရြက္ေနတဲ့ ဘ႐ူနိုင္းနိုင္ငံ ဒုတိယ
နိုင္ငံျခားေရးဝန္ႀကီးကို ျမန္မာနိုင္ငံအထူးကိုယ္စားလွယ္အျဖစ္ ခန႔္အပ္ခဲ့တဲ့အေပၚ ျမန္မာစစ္ေကာင္စီဘက္က အတည္ျပဳလက္ခံလိုက္ပါတယ္။
စစ္ေကာင္စီက အာဏာသိမ္းၿပီး ၆ လေက်ာ္အခ်ိန္မွ ျမန္မာနိုင္ငံအထူး ကိုယ္စားလွယ္ကို လက္ခံလိုက္တာျဖစ္ပါတယ္။
အာဆီယံကခန႔္အပ္တဲ့ ျမန္မာနိုင္ငံအထူးကိုယ္စားလွယ္အေနနဲ႔ သူ႔တာဝန္ေတြကို မၾကာခင္မွာ စတင္ေတာ့မွာျဖစ္သလို
ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ အျခားဘက္ေပါင္းစုံက လူေတြနဲ႔ အျပည့္အ၀ ေတြ႕ဆုံခြင့္ရမွာ ျဖစ္တယ္လို႔ အင္ဒိုနီးရွားနိုင္ငံက
သီးျခားထုတ္ျပန္တဲ့ ေၾက ညာခ်က္မွာ ေဖာ္ျပထားပါတယ္။
စစ္ေကာင္စီဘက္ကေတာ့ ျမန္မာနိုင္ငံအထူးကိုယ္စား လွယ္ကို သေဘာတူ လက္ခံတယ္လို႔ သတင္းထုတ္ျပန္ထားေပမယ့္
ဖမ္းဆီးခံထားရတဲ့ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အျပင္ အျခားနိုင္ငံေရး ေခါင္းေဆာင္ေတြနဲ႔
ေတြ႕ခြင့္ျပဳမျပဳဆိုတာကိုေတာ့ သ တင္းထုတ္ျပန္ခ်က္ထဲမွာ မေဖာ္ျပထားပါဘူး။
Unicode
“အာဆီယံကိုယ်စားလှယ် ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့်ရမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံက သီးခြားထုတ်ပြန်”
မြန်မာ့နိုင်ငံအရေးဖြေရှင်းဖို့အတွက် အာဆီယံအလှည့် ကျ ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ဘရူနိုင်းနိုင်ငံ ဒုတိယ နိုင်ငံခြားရေး
ဝန်ကြီးကို မြန်မာနိုင်ငံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့တဲ့အပေါ် မြန်မာစစ်ကောင်စီဘက်က အတည်ပြုလက်ခံလိုက်ပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီး ၆ လကျော်အချိန်မှ မြန်မာနိုင်ငံအထူး ကိုယ်စားလှယ်ကို လက်ခံလိုက်တာဖြစ်ပါတယ်။
အာဆီယံကခန့်အပ်တဲ့ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်အနေနဲ့ သူ့တာဝန်တွေကို မကြာခင်မှာ စတင်တော့မှာဖြစ်သလို
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားဘက်ပေါင်းစုံက လူတွေနဲ့ အပြည့်အဝ တွေ့ဆုံခွင့်ရမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံက
သီးခြားထုတ်ပြန်တဲ့ ကြေ ညာချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကတော့ မြန်မာနိုင်ငံအထူးကိုယ်စား လှယ်ကို သဘောတူ လက်ခံတယ်လို့ သတင်းထုတ်ပြန်ထားပေမယ့်
ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် အခြားနိုင်ငံရေး ခေါင်းဆောင်တွေနဲ့
တွေ့ခွင့်ပြုမပြုဆိုတာကိုတော့ သ တင်းထုတ်ပြန်ချက်ထဲမှာ မဖော်ပြထားပါဘူး။