ၾကားသိသမွ်

တပ်မတော်ထုတ် ရေငုပ်သင်္ဘောကို တပ်မတော်မှ အခမ်းအနားဖြင့်ရေချရာ ပြန်မပေါ်လာ

တပ်မတော်ထုတ် ရေငုပ်သင်္ဘောကို တပ်မတော်မှ အခမ်းအနားဖြင့်ရေချရာ ပြန်မပေါ်လာ

ရုရှားနည်းပညာဖြင့် သန်လျင်ရေတပ်သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့သော တပ်မတော်ထုတ် သူရရွှေမန်းရေငုပ်သင်္ဘောအား ယနေ့နေ့လည် ၃နာရီခန့်က ရန်ကုန်မြို့ အမှတ် (၃) ရေတပ်ဆိပ်ခံတံတားတွင် အခမ်းအနားဖြင့် ရေချခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်တို့ တက်ရောက်ခဲ့သည်။

သူရရွှေမန်းရေငုပ်သင်္ဘောသည် နံပါတ်စဉ် ၄၀၂ ဖြစ်ပြီး ‌ရုရှားနိုင်ငံထုတ် Oscar II အမျိုးအစား တိုက်ခိုက်ရေးရေငုပ်သင်္ဘောဖြစ်သည်။ သူရရွှေမန်းကို သန်လျင်ရေတပ်သင်္ဘောကျင်းဌာနချုပ်တွင် Oscar II Class Counterfeit Blueprint ကို အခြေ ခံပြီး တပ်မတော်ကိုယ်ပိုင်နည်းပညာဖြင့် တပ်ဆင်တည်ဆောက်ပြီးစီးခဲ့သည်။ နျူကလီးစွမ်းအင်သုံး ရေငုပ်သင်္ဘောဖြစ်ပြီး ( SSGN ) ရေငုပ်သင်္ဘောဖြစ်သည်။

သူရရွှေမန်းအား ရေချပြီး နာရီဝက်ခန့်အကြာထိ သင်္ဘောမှာ ရေပေါ်သို့ပြန်တက်မလာဘဲ သင်္ဘောကပ္ပတိန် ဒုတိယဗိုလ်မှူးကြီးခန့်သူစံ (ခေါ်) ဒန်‌‌ကေထံမှ မည်သည့်ဆက်သွယ်ရေးအချက်ပြမှုမျှ မရရှိတော့ကြောင်းသိရသည်။ ဒုတိယဗိုလ်မှူးကြီးဒန်‌ကေအပါအဝင် အခြား ရေငုပ်သင်္ဘောဝန်ထမ်း ၆ ဦးတို့ပါ လိုက်ပါသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရေတပ်အရာရှိများနှင့် ကယ်ဆယ်ရေးဝန်ထမ်းများ ပူးပေါင်းကာ ရေငုပ်သင်္ဘောနစ်မြှုပ်မှုတွင် ပါဝင်သွားသော ဒုတိယဗိုလ်မှူးကြီးခန့်သူစံ၊ ဗိုလ်မှူးတိုးတက်ထွန်း၊ ဗိုလ်ကြီးချမ်းမြေ့၊ ဗိုလ်ကြီးစစ်နိုင်၊ တပ်ကြပ်ကြီးဝေလင်း၊ တပ်ကြပ်မော်တာနှင့် တပ်ကြပ်နွေငြိမ်းဆက်တို့‌ကို ရေအောက် ကိုက် ၃၀၀ တွင် လိုက်လံရှာဖွေနေကြောင်း သိရသည်။

Zawgyi

တပ္မေတာ္ထုတ္ ေရငုပ္သေဘၤာကို တပ္မေတာ္မွ အခမ္းအနားျဖင့္ေရခ်ရာ ျပန္မေပၚလာ

႐ုရွားနည္းပညာျဖင့္ သန္လ်င္ေရတပ္သေဘၤာက်င္းတြင္ တည္ေဆာက္ခဲ့ေသာ တပ္မေတာ္ထုတ္ သူရေရႊမန္းေရငုပ္သေဘၤာအား ယေန႔ေန႔လည္ ၃နာရီခန႔္က ရန္ကုန္ၿမိဳ႕ အမွတ္ (၃) ေရတပ္ဆိပ္ခံတံတားတြင္ အခမ္းအနားျဖင့္ ေရခ်ခဲ့ေၾကာင္း သိရသည္။

အခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဒုတိယဗိုလ္ခ်ဳပ္ႀကီးမိုးေအာင္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္တို႔ တက္ေရာက္ခဲ့သည္။

သူရေရႊမန္းေရငုပ္သေဘၤာသည္ နံပါတ္စဥ္ ၄၀၂ ျဖစ္ၿပီး ‌႐ုရွားနိုင္ငံထုတ္ Oscar II အမ်ိဳးအစား တိုက္ခိုက္ေရးေရငုပ္သေဘၤာျဖစ္သည္။ သူရေရႊမန္းကို သန္လ်င္ေရတပ္သေဘၤာက်င္းဌာနခ်ဳပ္တြင္ Oscar II Class Counterfeit Blueprint ကို အေၿခ ခံၿပီး တပ္မေတာ္ကိုယ္ပိုင္နည္းပညာျဖင့္ တပ္ဆင္တည္ေဆာက္ၿပီးစီးခဲ့သည္။ န်ဴကလီးစြမ္းအင္သုံး ေရငုပ္သေဘၤာျဖစ္ၿပီး ( SSGN ) ေရငုပ္သေဘၤာျဖစ္သည္။

သူရေရႊမန္းအား ေရခ်ၿပီး နာရီဝက္ခန႔္အၾကာထိ သေဘၤာမွာ ေရေပၚသို႔ျပန္တက္မလာဘဲ သေဘၤာကပၸတိန္ ဒုတိယဗိုလ္မႉးႀကီးခန႔္သူစံ (ေခၚ) ဒန္‌‌ေကထံမွ မည္သည့္ဆက္သြယ္ေရးအခ်က္ျပမႈမၽွ မရရွိေတာ့ေၾကာင္းသိရသည္။ ဒုတိယဗိုလ္မႉးႀကီးဒန္‌ေကအပါအဝင္ အျခား ေရငုပ္သေဘၤာဝန္ထမ္း ၆ ဦးတို႔ပါ လိုက္ပါသြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ေရတပ္အရာရွိမ်ားႏွင့္ ကယ္ဆယ္ေရးဝန္ထမ္းမ်ား ပူးေပါင္းကာ ေရငုပ္သေဘၤာနစ္ျမႇုပ္မႈတြင္ ပါဝင္သြားေသာ ဒုတိယဗိုလ္မႉးႀကီးခန႔္သူစံ၊ ဗိုလ္မႉးတိုးတက္ထြန္း၊ ဗိုလ္ႀကီးခ်မ္းေျမ့၊ ဗိုလ္ႀကီးစစ္နိုင္၊ တပ္ၾကပ္ႀကီးေဝလင္း၊ တပ္ၾကပ္ေမာ္တာႏွင့္ တပ္ၾကပ္ေႏြၿငိမ္းဆက္တို႔‌ကို ေရေအာက္ ကိုက္ ၃၀၀ တြင္ လိုက္လံရွာေဖြေနေၾကာင္း သိရသည္။