ၾကားသိသမွ်

မီးကျိုးမောင်းပျက် မအလတပ်ကို အပြတ်ဖြတ်ဖို့ တခုပဲစဉ်းစားပေးပါ…

အာစီယံအထူးကိုယ်စားလှယ်ခန့်ဖို့စာရင်းကို မင်းအောင်လှိုင်စီတင်ပြထားတယ်ဆိုထဲက အာစီယံကဖြေရှင်းပေမဲ့၅ချက်က တရုတ်အလိုကျ မအလအသက်ရှုချောင်အောင် အချိန်ဆွဲဗျူဟာတစ်ရပ်ထက် မပိုပါဘူး၊

ဒါကြောင့် NUGကလည်း အာစီယံကို သိပ်ဖီလင်မထားပဲ သူ့အလုပ်သူဆက်လုပ်နေတာ တွေ့နေရတယ်၊ မအလဟာ တဖက်က အာစီယံကို လှည့်စား အချိန်ဆွဲပြီး

တဖက်မှာ အရပ်ဝတ်ပြောင်းပြီး UNမှာ Legitimateရဖို့ လုပ်နေတာတွေ့ရတယ်၊ တဖက်မှာလည်း မြို့တွင်းတိုက်ပွဲတွေအတွက် ခံစစ်ကို ပြင်ထားတာတွေ့နေရသလို၊ ဆန္ဒပြလူငယ်တွေ၊ pdfတွေကိုလည်း တရစပ်နှိပ်ကွပ်နေတာတွေ့နေရတယ်။

ဒါပေမဲ့ မအလမှာလည်း ပြဿနာတွေအများကြီးရှိနေပါတယ်။ တပ်တွင်းစည်းလုံးမှု့၊စိတ်ဓာတ်ပျက်ပြားမှု့၊သေနတ်ပြောင်းပြန်လှည့်နိုင်မှု့တွေနဲ့အတူ သူ့တပ်သူပြန်ထိန်းဖို့ကြိုးစားနေတာ တွေ့နေရတယ်။

တပ်တွင်းကိုဗစ်ဖြစ်မှု့များလာခြင်း၊ရှေ့တန်းမထွက်ရအောင် အချင်းချင်းစိတ်ဝမ်းကွဲပြားခြင်းများဖြစ်နေပါတယ်။ဒီထက်ဆိုးတာက ကယား၊စစ်ကိုင်း၊မကွေးမှာ pdfတွေနဲ့ တိုက်နေရတဲ့ တပ်အချို့ ပန်းနေပြီး၊စိတ်ဓာတ်ကျနေကြပါတယ်၊

ကချင်ကို အပြတ်ဝုန်းမယ်ဆိုပြီး ရှိသမျှတပ်တွေအကုန်ပို့ထားတာကလည်း မတိုက်ရသေးဘူးရာသီဥတုဒဏ်နဲ့ ပျောက်ကျားတိုက်ခံနေရတာနဲ့ပဲ သွေးပျက်နေကြပါတယ်။

မအလ ကချင်ကို တိုက်စစ်ဖွင့်ဖို့ ဖိုက်တာတပ်တွေပို့ထားတာ ကျွံသွားပါပြီ။ တပ်ပြန်ချိန်းဖို့လည်း ချိန်းစရာတပ်မရှိတော့ပါ။ pdfသောင်းနဲ့ချီပြီး အင်အားဖြည့်ထားတဲ့ kiaနဲ့ တကယ်တိုက်ရင် တပ်အချို့cdmပါလိမ့်မယ်။

ဘယ်သူ့မှ မအလအတွက် အသက်အသေမခံပါဘူး။ဒီရက်ပိုင်းအတွင်း pdfတွေစီ အထောက်အပံ့တွေ တဖြေးဖြေးအားကောင်းလာပါပြီ။Pdfတွေရဲ့ တိုက်စစ်ဒီထက်ပိုမြှင့်လာဖို့ပဲရှိပါတယ်။

Pdfတွေ နေရာစုံက တိုက်စစ်မြငှ့်ရင် မအလတပ်တွေ မထိန်းနိုင်ပါဘူး။ဒီကြားထဲ NUGကလည်း Legitimate ရသွားရင် တိုက်စစ်ပိုမြန်လာပါမယ်။

မအလ မထူးဇာတ်ခင်းနေပေမဲ့ ရက်ကြာလာတာနဲ့အမျှ သူ့ဘက်က အင်အားလျော့ဖို့ပဲ ရှိပါတယ်။ပြည်သူဘက်ကတော့ မအလတို့ကို အဆုံးထိတော်လှန်ဖို့ အားလုံးသံဓိဌာန်ချထားကြပါပြီ။ဘဝတွေလည်း အများကြီး ရင်းခဲ့ပြီးပါပြီ။

ဒါကြောင့်ခုလောလောဆယ် လုပ်ရမှာက မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ pdfတွေကို လှူဖို့ပဲ စဉ်းစားပေးကြပါ။

အရေးတော်ပုံ ကျိန်းသေ အောင်မည်။